Monday, September 9, 2019
ဘွဲ့လွန် မဟာဝိဇ္ဇာတန်းကို လာတက်လျှင်
Unicode 
ဘွဲ့လွန် မဟာဝိဇ္ဇာတန်းကို လာတက်လျှင် 
ဒီစာကို မဟာဝိဇ္ဇာတန်းစာမေးပွဲဖြေပြီးကတည်းက ရေးဖို့စိတ်ကူးရှိခဲ့ပေမယ့် အခွင့်မသာခဲ့လို့ မရေးဖြစ်ခဲ့ ပါဘူး။ သိလို့တတ်လို့ရေးတာမဟုတ်လို့ အပြည့်အစုံကတော့ တင်ပြနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်မြင်တာ လေးဘဲ ရေးရတာဆိုပေမယ့်လည်း ဖတ်မိတဲ့သူတွေအတွက် အကျိုးရှိလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ သိပြီးသားသူတွေအတွက် သိပ်မထူးပေမယ့် မသိသေးသည့်သူနဲ့ သိချင်တဲ့သူတွေအတွက် လိုအပ်လိမ့်မယ်လို့ ယူဆပါတယ်။ သီရိလင်္ကာက မိမိရဲ့အတွေ့အကြုံကိုဘဲ အခြေခံပြီး ရေးသားပါတယ်။
မဟာဝိဇ္ဇာက ဘွဲ့လွန်အတန်းဖြစ်သည့်အတွက် လူတိုင်းဘွဲ့ရပြီးသူတွေဘဲဖြစ်ပါတယ်။ မဟာတန်းကို ဘာလို့လာတက်တာလဲ ဆိုတော့ ဒီဘွဲ့နဲ့အန်ဝင်ခွင်ကျဖြစ်မည့်အဖြေက ကိုယ်လေ့လာတဲ့ဘာသာရပ်မှာ ပိုပြီး အသေးစိတ်သိချင်လို့၊ ကိုယ့်နယ်ပယ်မှာ တစ်ဆင့်တိုး လေ့လာချင်လို့ လို့ဘဲဖြေရလိမ့်မယ်ထင်ပါ တယ်။ အခြေခံပညာရေးမှာ လူတိုင်း နိုင်ငံသားတိုင်း သိထားသင့်တဲ့ အခြေခံပညာတွေကို သင်ယူခဲ့ရပါ တယ်။ အခြေခံပညာရေးအဆင့် အောင်ပြီးတော့ တက္ကသိုလ်အဆင့်၊ ကောလိပ်အဆင့်မှာ ကိုယ်စိတ်ဝင်စား တဲ့ ဘာသာရပ်၊ ကိုယ့်အတွက်အသုံးဝင်မည့် ပညာရပ်ကို ရွေးချယ်ပြီး သင်ယူခဲ့ကြပါတယ်။ အဲဒီမှာ မေဂျာနဲ့မိုင်နာဆိုတာကို ရွေးရတာပေါ့။ အဓိကရွေးချယ်ထားတဲ့ စိတ်ကြိုက်ဘာသာရပ်ကို သင်ယူရသလို ဘေးကဘာသာရပ်တွေကိုလည်း ပါးပါးလေး လေ့လာရပါတယ်။ တက္ကသိုလ်အလိုက် သတ်မှတ်ချက်တွေ မတူညီပေမယ့် ကိုယ့်ဘာသာရပ်နဲ့ဆက်စပ်မည့် သို့မဟုတ် လိုအပ်မည့် အခြားဘာသာရပ်တွေကိုလည်း ၅ ခု ၆ ခုလောက် ရွေးချယ်ရပါတယ်။ တက္ကသိုလ်တွေကွဲရင်ကွဲသလို သတ်မှတ်ချက်တွေကွဲပါတယ်။ တစ်ချို့တက္ကသိုလ်ဆိုရင် ငါးခုခြောက်ခုတောင် မကပါဘူး။ သို့သော် ရွေးချယ်ခွင့်တွေပေးပါတယ်။ သင်ယူရမည့် ဘာသာက ခြောက်ခုဆိုရင် ပြဌာန်းထားတာက တစ်ဆယ်၊ တစ်ဆယ်ကျော် ဖြစ်ချင်ဖြစ်မယ်။ အဲဒီထဲ စိတ်ကြိုက်ခြောက်ခုရွေးဆိုတာမျိုး။ အဲဒါကိုအောင်မြင်သွားရင် ဘာသာရပ်အလိုက် သိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့၊ ဆေးကျောင်းစသည့် ဘွဲ့တွေ ရခဲ့ကြတာပေါ့။
ဘွဲ့ရပြီးရင် အလုပ်တွေဆက်လုပ်ကြပြီ၊ ကိုယ်လေ့လာထားသည့်ဘာသာရပ်နဲ့ လိုက်ဖက်တဲ့ အလုပ်တွေကို လုပ်ကြတဲ့အချိန်ပေါ့။ ကိုယ့်အဓိကသင်ယူထားတဲ့ဘာသာရပ်တွေ ရှိနေကြပြီပဲ။ ပညာလည်းသင်ပြီး ဘွဲ့လည်း ရပြီး ဖြစ်နေကြပြီလေ။ လက်တွေ့အသုံးချရမည့်အချိန်ပါပဲ။ မဟာဝိဇ္ဇာတန်းကို ဆက်မတက်ကြ တာများပါတယ်။ ဟုတ်ပါတယ်။ လူတိုင်းအတွက် လိုအပ်နေတာလည်း မဟုတ်တော့ဘူးလေ။ မဟာဝိဇ္ဇာတန်းက မသိမဖြစ် သိရမယ့်အရာ၊ မသင်မနေရ သင်ရမယ့်စာတွေမှ မဟုတ်တော့။ မလိုအပ်ဘဲနဲ့ ဘာလို့တက်နေမလဲ။ MA တို့ MSC တို့ဆိုတာက မရှိမဖြစ်လိုအပ်တဲ့အရာလား ဆိုတဲ့ မေးခွန်းကိုတော့ လူချင်းမတူရင် မတူသလို အဖြေတွေလည်း ကွဲသွားတာပေါ့။  
ဒါဆိုရင် မဟာတန်းကို ဘာလို့တက်နေကြတာလဲ။ ဒေါက်တာဘွဲ့ဆိုတာကကော ဘယ်အတွက်ဆက်လုပ် ကြတာလဲ ဆိုတဲ့မေးခွန်းတွေကတော့ မဟာတန်းရောက်သူတိုင်း အဖြေတွေသိကြလိမ့်မယ်ထင်ပါတယ်။ မဟာတန်းဆိုတာ သူတို့အတွက် အမှန်တကယ်လိုအပ်လို့ သင်ယူကြတာပါ။ ဒီနယ်ပယ်ကို အခြေအနေ အရ ကိုယ်ရွေးချယ်ရုံနဲ့မဟုတ်ဘဲ စိတ်ဝင်တစားအသေးစိတ်လေ့လာချင်လို့ပါဘဲ။ အခြေခံပညာရေးမှာ လည်း ဘယ်လိုနေရမယ်၊ ဘယ်လိုသိရမယ်ဆိုတာတွေသင်ယူခဲ့ပြီးပါပြီ။ တက္ကသိုလ် သို့မဟုတ် ကောလိပ်မှာ ဘဝအတွက်လိုအပ်တဲ့ပညာတွေလည်း သင်ယူခဲ့ပြီးပါပြီ။ မဟာဝိဇ္ဇာတန်းမှာက ဘာသာရပ်အ သစ်တွေ မဟုတ်ဘဲ ဘာသာရပ်အဟောင်းတွေထဲမှာဘဲ ယေဘုယျဆန်နေလို့ ပိုပြီးတိတိကျကျ သိချင်လို့ ထပ်လေ့လာ သင်ယူနေရတဲ့ သဘောပါဘဲ။ အဲဒါကြောင့် မဟာဝိဇ္ဇာတန်းပြဌာန်းစာတွေက ကျောင်းသားတွေအတွက် နက်နဲတာတွေရှိပေမယ့် ခက်ခဲနေတာမျိုး မရှိပါဘူး။ အသင်အပြမကောင်းလို့ ဆရာကိုငြီးငွေ့တာ ပို့ချချက်တွေကို ငြီးငွေ့တာတို့ ရှိပေမယ့် ဘာသာရပ်ကိုတော့ ငြီးငွေ့နေတာမျိုး မရှိပါဘူး။ ဒီဘာသာကို ကိုယ်တကယ်စိတ်ဝင်စားလို့၊ တကယ်လိုအပ်မယ်ထင်လို့ လေ့လာနေတာဖြစ်နေလို့ပါ။ ဆရာသင်တာစိတ်မဝင်စားဘဲနဲ့ ဘယ်လိုလေ့လာမလဲလို့မေးရင်ရင် အွန်လိုင်းပေါ်မှာ Google နဲ့ အဖော်လုပ်တတ်ရင် ဘယ်အရာမှ မခက်တော့သည့်ခေတ်။
မဟာဝိဇ္ဇာတန်းမှာတော့ ဆရာအသင်အပြကိုအားကိုးတာထက် ကိုယ်တိုင်ရှာဖွေဖတ်ရှုလေ့လာဖို့က ပိုအရေးကြီးပါတယ်။ ပို့ချချက်တွေက ကိုယ်ဘာသာရပ်နဲ့ ဘယ်လောက်အရေးပါသလဲ၊ ဘယ်လိုဆက်စပ်မှု ရှိသလဲ၊ ဘယ်လိုအသုံးဝင်မလဲ ဆိုတာမျိုးကို ဆည်းကပ်ရပါတယ်။ ကိုယ်လိုချင်တာတစ်ခြား၊ ဆရာပို့ချနေ တာတစ်ခြားဆိုရင် အဲဒီဆရာကို ဒီလိုဒီလိုတွေ ပို့ချပေးပါဆိုတာမျိုး ပြောလို့ရပါတယ်။ ကျောင်းသားမှာအဲဒီ အခွင့်အရေးတွေ ရှိပါတယ်။ ပြောလို့မရရင် ရုံးကို စာတင်ပြီး ဆရာပြောင်းခိုင်းလို့ ရပါတယ်။ ကျောင်းသား အများစု လက်မှတ်ထိုးကြရင် လျင်လျင်မြန်မြန် ပြောင်းပေးပါတယ်။ ဆရာသင်တဲ့စာတွေကိုဘဲ လိုက်မှတ် နေရတဲ့အတန်းမဟုတ်တော့ပါဘူး။ ကိုယ်လိုချင်တဲ့ပုံစံကို ဆရာရွေးရတဲ့အတန်းဖြစ်ပါတယ်။
နောက်တစ်ခုက ဆရာပြောတာကိုလိုက်မှတ်ပြီး အခြေခံပညာရေးအတန်းလို စာမေးပွဲဖြေနေရတဲ့အတန်း လည်း မဟုတ်တော့ပါဘူး။ ကိုယ့်အာဘော် ကိုယ့်ပုံစံ ကိုယ်ပိုင်လေ့လာမှု ကိုယ်တိုင်ရှာဖွေတွေ့ရှိတဲ့အရာ တွေကို တင်ပြရတဲ့အတန်းဘဲ ဖြစ်ပါတယ်။ မဟာတန်းတွေမှာ တက်တဲ့ကျောင်းသားတွေက နောက်ခံချင်း လည်း တူကြမှာ မဟုတ်ပါဘူး။ တင်ပြပုံတွေလည်း ကွဲပါတယ်။ ကိုယ့်အကြောင်းကိုယ်ပြောနေတာမျိုး မဟုတ်ပေမယ့် လက်တွေ့ဆန်အောင် အခုတက်နေတဲ့အတန်းကို ဥပမာထားပြီး ပြောချင်တယ်။ အခုလော လောဆယ် စာရေးသူ နာဂါနန္ဒတက္ကသိုလ်မှာ တက်နေပါတည်။ ဘွဲ့လွန် ဒီမလိုမာသင်တန်း။ လောလော ဆယ် အမြဲလိုလို ဝိုင်းဖွဲ့ပြီး စကားပြောဖြစ်နေတဲ့ စာရေးသူတို့အဖွဲ့ ၆ ဦးရှိပါတယ်။ စာရေးသူ မြန်မာနိုင်ငံ၊ နောက်ထပ် ကမ္ဘောဒီးယားက ဘုန်းကြီးတစ်ပါး။ သီရိလင်္ကာက လေးဦး။ တစ်ဦးက ပလက်စတစ်စက်ရုံက မန်နေဂျာ၊ တစ်ဦးက ခန္ဓာကိုယ်ချို့တဲ့တဲ့ ကလေးဆေးရုံက ဆရာမတစ်ဦး၊ တစ်ဦးက ဆရာဝန် (Psychiatrist), တစ်ဦးက ဘိန်းတောဆရာမ။ ခြောက်ဦးလုံးရဲ့ နောက်ခံက တစ်မျိုးစီ။ အမြင်တွေလည်း တစ်မျိုးစီ။ နောက်ဆုံး သစ်စစ်ခေါင်းစဉ်ရွေးတော့ ပိုတောင်သိသာသေးတယ်။ ဆည်းကပ်ပုံ စိတ်ဝင်စားမှု တင်ပြပုံတွေက တစ်မျိုးစီ။ အတန်းချင်းတူပေမယ့် သင်ယူပုံက တစ်မျိုးစီ။ ဒါပေမယ့် ဒီသင်တန်းမှာ ကိုယ်တိုင်လိုအပ်ချက်ကိုယ်စီ သင်ယူလို့ရကြတယ်။ အခု စာရေးသူတို့ တက်နေတဲ့အတန်းက Postgraduate Diploma of Buddhist and Ayurveda for Psychiatry and counselling ဖြစ်ပါတယ်။ စာရေးသူက Buddhist psychiatry နဲ့ counseling အကြောင်းကို လေ့လာချင်လို့ ဒီအတန်းကို ရွေးချယ်တယ်။ စာရေးသူက မြန်မာနိုင်ငံက ဘုန်းကြီးတစ်ပါး။ ဟိုဆရာမဆိုရင် Bsc နဲ့ကျောင်းပြီးထားတာ ဘီအေနဲ့မဟုတ်ဘူး။ Listening and speaking science လို့ပြောတာပဲ။ အဲဒါကြောင့် စကားမပြောနိုင်တဲ့ ကလေးကို စကားပြောအောင် လေ့ကျင့်ပေး၊ စကားပြောပေး၊ နားထောင်ပေး စတဲ့အလုပ်တွေ ဆေးရုံမှာ အလုပ်လုပ်နေတယ်။ ဘာလို့ဒီအတန်းကို ရွေးချယ်တာလဲဆိုတော့ psychiatry & counseling က သူ့အလုပ်နဲ့ အသုံးဝင်တယ်။ ဒီဘာသာရပ်ကို စိတ်လည်း ဝင်စားလို့ တက်တာဖြစ်တယ်။ Psychiatrist နဲ့ ဟိုဘိန်းတောဆရာမကတော့ ပြောစရာမလိုဘူး။ တိုက်ရိုက်ကို သက်ဆိုင်တယ်။ နောက်ပြီးတော့ ပလက်စတစ်စက်ရုံမန်နေဂျာကတော့ သိပ်မဆိုင်ဘူးလို့ ပြောလို့ရတယ်။ သူကတော့ အသက်ကြီးပြီး။ ငါးဆယ်ကျော်၊ သို့မဟုတ် ခြောက်ဆယ်လောက်တော့ရှိပြီ။ မေးကြည့်တော့ သူကပြောတယ်။ ကျန်းမာရေး လိုက်စားချင်လို့ နောက်ပြီးတော့ ဗုဒ္ဓဘာသာရဲ့အဆုံးအမနဲ့ ပိုနီးစပ်ချင်လို့ လေ့လာတယ်လို့ဆိုပါတယ်။ ကမ္ဘောဒီယားဘုန်းကြီးကတော့ ကျောင်းမှာ ခန္ဓာကိုယ်မသန်စွမ်းတဲ့ ကလေး သုံးလေးဆယ်ရှိတယ်။ စာသင်ပေးရတယ်။ counselor လည်း လိုအပ်နေတယ်လို့ဆိုပါတယ်။ အားလုံးက ကိုယ့်အကြောင်းနဲ့ကိုယ် ဒီအတန်းနဲ့ ဆက်စပ်တဲ့သူတွေချည်းပါပဲ။
ကျောင်းသားတွေကလည်း ကိုယ့်လိုအပ်ချက်နဲ့ကိုယ် လေ့လာကြတယ်။ လိုအပ်တာကို ပွင့်ပွင့်လင်းလင်း ပြောတယ်။ ဆရာတွေကလည်း နှုပ်တယ်။ ပေးတဲ့ Assignment တွေကအစ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုလည်းရှိအောင် အခြေအနေကြည့်ပြီး ပေးကြတယ်။ ဥပမာ- Healing practice for mental disease ဆိုတဲ့ခေါင်းစဉ်ကို မြန်မာကျောင်းသားတွေအတွက် Healing practice for mental disease in Myanmar, သီရိလင်္ကာနိုင်ငံသားတွေအတွက် in Sri Lanka, ကမ္ဘောဒီးယား ကျောင်းသားတွေအတွက် in Cambodia, ဗီယနမ်ကျောင်းသားတွေအတွက်လည်း in Vietnam။ အဲလိုလေးတွေ ပေးကြတယ်။ မဟာတန်းမှာ အောက်က ကိုယ်လေ့လာခဲ့တဲ့ ပညာရပ်တွေ လာသွန်ချတဲ့အတန်းလို့တောင် တစ်ချို့ကပြော ကြသေးတယ် မလား။ အဲဒါလည်း ဟုတ်တာပဲ။ ဘာသာရပ်အသစ်တွေမှ မဟုတ်တာ။ ကိုယ့်အသိပညာတွေ ကို ပညာရေးစံညွန်းနဲ့ လာပြီးတိုင်းခြင်းတစ်မျိုးပါပဲ။
စကားစပ်လို့ ဒီပလိုမာအတန်းကိုလည်း ပြောရဦးမယ်။ ဘီအေမတက်ခင်က ဒီပလိုမာအတန်းလည်း ရှိတယ်။ အဲဒီဒီပလိုမာက ဘီအေအတန်းအတွက် အထောက်အကူပြုတဲ့အတန်းတွေဖြစ်ပါတယ်။ အခုတက် နေတဲ့ ဘွဲ့လွန်ဒီမလိုမာ အတန်းကတော့ မဟာတန်းအတွက် အထောက်အကူပြုမည့်အတန်းဘဲ ဖြစ်ပါတ ယ်။ စာရေးသူက Buddhist study နဲ့တက်လာခဲ့သည့်သူဖြစ်သည့်အတွက် မဟာတန်းကို တိုက်ရိုက်ဝင်လို့ ရပါတယ်။ ဒီပညာရပ်ကို ကောင်းကောင်းလေးလေ့လာချင်လို့ ဒီပလိုမာက စတက်တာဖြစ်တယ်။ စောစော က ပြောတဲ့ သိပ္ပံဘွဲ့နဲ့ဆေးကျောင်းနဲ့ တက်လာတဲ့သူတွေက ဗုဒ္ဓဘာသာ ဘာသာရပ်ရဲ့ အသုံးအနှုန်းနဲ့ အခြားအခြေခံအသိပညာတွေလိုအပ်နေသည့်အတွက် မဟာတန်းကို တိုက်ရိုက်ချိတ်လို့မရဘဲ ဘွဲ့လွန်ဒီပ လိုမာအတန်း အရင်တက်ရပါတယ်။ ဒါကတော့ မဟာတန်းတက်နိုင်ဖို့ အတွက် ချိတ်ဆက်ပေးတဲ့ ဘွဲ့လွန် အတန်းတစ်ခုပါ။ ဘွဲ့ရပြီးသူတိုင်း ဘွဲ့လွန်အတန်းတွေတက်ခွင့်ရှိတယ်။ ဘီအေဒီပလိုမာကနေ ပြန်စစရာ မလိုဘူး။
တကယ်တော့ ဘွဲ့လွန်အတန်းတွေဆိုတာက လူသစ်တွေမဟုတ်ပါဘူး။ လူဟောင်းတွေဖြစ်ပါတယ်။ ဘွဲ့လွန် အတန်းမှာ ကိုယ်နားမလည်တဲ့ ဘာသာရပ်၊ ကိုယ်စိတ်မဝင်စားတဲ့ဘာသာရပ်တွေကိုလည်း မယူကြပါဘူး။ စာအတွက် ဟိုလူကိုအပူကပ်၊ ဒီလူကိုအပူကပ်တာမျိုးလည်း မရှိပါဘူး။ စူပါဗိုက်ဆာမျက်နှာကို ကြည့်နေရ တာက လွဲရင်ပေါ့။ စူပါဗိုက်ဆာလည်း ကိုယ့်နဲ့အဆင်မပြေရင် ရုံးကို စာသင်ပြီး ပြောင်းလို့ရပါတယ်။ မဟာတန်းဆိုတာ ပိုက်ဆံပေးပြီး သင်ရတာမို့ ကျောင်းသားမှာလည်း အခွင့်အရေးရှိတယ်။ အခြားနိုင်ငံမှာ တော့ မသိဘူး။ သီရိလင်္ကာမှာက ပညာရေးနဲ့ ကျန်းမာရေးက အခမဲ့။ သို့ပေမယ့် ပညာရေးက ဘွဲ့ရပြီးတဲ့အထိဘဲ အခမဲ့က။ ဘွဲ့လွန်သင်တန်းတွေမှာတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် တက်ရတယ်။ ကိုယ့်ပိုက်ဆံကို ကိုယ်တကယ်အလိုရှိတဲ့ ပညာရပ်မှာ အသုံးပြုကြတယ်။ ကိုယ့်ပညာရေးမှာ အဆင်မပြေရင် ဆရာလည်း ကိုယ်တိုင်ပြောင်းခွင့်ရှိတယ်။
ဘယ်သူ့ကိုမှ အပြစ်ချင်တာမျိုးမရှိပေမယ့် မဟာတန်းအတွက် ဘယ်လိုတွေပြင်ဆင်ရမလဲလို့ မေးတဲ့သူတွေ အတွက် ပြောပြချင်တာလေးတွေရှိပါတယ်။ သီရိလင်္ကာလာရင် ဘာလိုလဲ ငွေဘယ်လောက်ရှိရင် ရမလဲ လို့ တချို့က မေးကြတာပေါ့။ ငွေကအရေးမကြီးပေမယ့် ကိုယ်သင်ယူရမည့် အတန်းတွေကိုတော့ သိဖို့အရေး ကြီးတယ်။ ဘာတွေသင်မလဲ၊ ဘာတွေလေ့လာထားရမလဲ ဆိုတာမျိုးတော့ သိထားသင့်တယ်။ နောက်ကိုယ်ယူမည့် ဘာသာစကားကဘာလဲ။ ဥပမာ- သီရိလင်္ကာမှာ ဗုဒ္ဓဘာသာတက္ကသိုလ်တွေမှာ တက်မယ်ဆိုရင် အင်္ဂလိပ်၊ ဆင်ဟလာ၊ ပါဠိ သုံးဘာသာရှိတယ်။ မြန်မာနိုင်ငံက လာတက်တဲ့ရဟန်းတော် များကတော့ အင်္ဂလိပ်ဘာသာစကားနဲ့ လာလေ့လာတာဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားနဲ့ လေ့လာမှာ ဖြစ်သည့်အတွက် အင်္ဂလိပ်စကားတော့ တတ်ထားရပါမယ်။ ကြိုတင်ပြင်ဆင်ဖို့ကို ပြောရမယ်ဆိုလျှင် အင်္ဂလိပ်လိုဘာသာပြန်ထားတဲ့ ဗုဒ္ဓဘာသာစကားလုံး အသုံအနှုန်းတွေကိုလည်း သိထားဖို့လိုပါတယ်။ ကိုယ်တိုင်မည့်တက္ကသိုလ်နဲ့ ပြဌာန်းထားတဲ့ဘာသာရပ်၊ ကိုယ်ရွေးချယ်မည့် ဘာသာရပ်တွေကို သိထားရင် ပိုကောင်းတယ်။ ကြိုတင်လေ့လာလို့လည်းရပါတယ်။ မြန်မာကျောင်းသားတွေရေးထားတဲ့ အကျဉ်းချုပ် ပို့ချချက်တွေရှိပါတယ်။ အဲဒါတွေကို ကြိုတင်လေ့လာလို့ရပါတယ်။ ဖတ်ပြီးတော့ ကိုယ်ကြိုက်တာ၊ မကြိုက်တာ၊ ယူချင်တာ၊ မယူချင်တာ သိရတာပေါ့။ မဟာတန်းဆိုတာ အထက်ကပြောခဲ့သလို ကိုယ့်ဟာ ကိုယ်ရုန်းရမယ်ဖြစ်သည့်အတွက် သိသင့်သိထိုက်တာလေးကို သက်ဆိုင်သူတွေဆီ မေးမြန်းပြီးရင် ကိုယ်တိုင်ရှာဖွေရပါတယ်။ ဟိုလူကြောင့် ဒီလူကြောင့်၊ ဟိုလူမကူလို့၊ ဒီလူမအားလို့ဆိုတာမျိုးနဲ့ မဟာတန်းကျသွားတယ်ဆိုတာမျိုး အကြောင်းပြရမည့် အတန်းလည်း မဟုတ်ပါဘူး။ 
မြန်မာနိုင်ငံကလာသည့်ရဟန်းတော်များဆိုရင် တက္ကသိုလ်တစ်ခုခုက ဘီအေဘွဲ့ရပြီးသည့်သူ၊ သို့မဟုတ်၊ ဓမ္မာစရိယဘွဲ့ရပြီးသည့်သူတွေဖြစ်ကြပါတယ်။ တစ်ချို့က လူတက္ကသိုလ်တစ်ခုခုကနေရတဲ့ဘွဲ့နဲ့ လာချိတ်တာလည်း ရှိပါတယ်။ ဘွဲ့လွန်မဟာတန်းကို လာတက်ကြတယ်။ အခက်အခဲရှိတဲ့သူတွေရှိသလို အဆင်ပြေနေသည့်သူတွေလည်း ရှိပါတယ်။ ဒီမှာအကြံပြုချင်တာတစ်ခုက အကယ်၍ အချိန်ပေးနိုင်တယ် ဆိုရင် မနိုင်မနင်းဖြစ်နေတယ်ဆိုရင် ဘွဲ့လွန်ဒီပလိုအတန်းကို အရင်တက်စေချင်တယ်။ တစ်နှစ်ဘဲလေ၊ မကြာပါဘူး။ ဒီနယ်ပယ်မှာ သုံးတဲ့စကားလုံးတွေ လေ့လာမှုပုံစံတွေ အယူအဆတွေကအစ အသေးစိတ် လေ့လာလို့ရတယ်။ ဘွဲ့လွန်ဒီပလိုမာအတန်းက အမ်အေအတန်းအတွက် အထောက်အကူပြုတဲ့စာတွေဘဲ သင်ပါတယ်။ ဒီပလိုမာတန်းပြီးရင်တော့ မဟာတန်းမှာ လွယ်လွယ်ကူကူနဲ့ ကျော်ဖြတ်လို့ရတာပေါ့။
ဘယ်တက္ကသိုလ်မဆို၊ ကျောင်းသားနည်းရင်နည်းသလို ဆရာတွေက အခွင့်အရေးပိုပေးတယ်။ ဂရုပိုစိုက်တ ယ်။ ဒီပလိုမာဘဲဖြစ်ဖြစ်၊ အမ်အေဘဲဖြစ်ဖြစ် ဒီအတိုင်းဘဲ။ ကျောင်းသားနည်းတော့ Assignment ကို ကောင်းကောင်းစစ်ပေးတာ၊ လိုအပ်တာတွေ စိတ်ရှည်လက်ရှည်ပြောပြတာ။ ရေးမယ့် Thesis ကို Presentation တွေလုပ်ခိုင်းတာတွေ ရှိတယ်။ ကျောင်းသား ရာချီပြီးအခန်းပြည့်နေတဲ့စာသင်ခန်းတွေလည်း ရှိတယ်။ အဲလိုအခန်းတွေမှာ ကျောင်းသားတစ်ယောက်ချင်းဆီ စကားပြောဖို့မပြောနဲ့ လာတက်တဲ့ကျောင်း သားတွေကိုတောင် အကုန်မမှတ်မိဘူး။ အနီးကပ်နေတဲ့ ကျောင်းသားတစ်ချို့တစ်လေဘဲ မှတ်မိတယ်။ ကျောင်းသားနည်းလေ ဆရာနဲ့ပိုရင်းနှီးလေဘဲ။ စာသင်ချိန်မှာလည်း အပြန်အလှန် စကားပြောဖို့ အခွင့်အရေးပိုသာလေဘဲ။ ကိုယ်တကယ်စိတ်ဝင်စားသည့် ဘာသာရပ်တွေမှာ လေ့လာလို့ ပိုကောင်း လေဘဲ။
နောက်တစ်ခုက ကျောင်းသားတွေကလည်း အမျိုးအစားတွေများတယ်။ စာလုပ်တဲ့သူ၊ စာမလုပ်တဲ့သူ၊ အပျော်လိုက်သူ အပျင်းပြေကျောင်းလာတက်သူစသည်ကတော့ တက္ကသိုလ်တိုင်းမှာ ရှိမှာပါ။ အဲဒါကိုတော့ ဒီနေရာမှာမဆိုချင်ပါ။ စာလုပ်တဲ့သူတွေထဲကလည်း ကွဲသေးတယ်။ တစ်ချို့က University Ranking ကို ရှာတာ၊ တက္ကသိုလ်ကောင်းရင် သူလည်း လူတော်လို့ထင်နေတဲ့သူလည်း ရှိတယ်။ တစ်ချို့က ဆရာရှာတာ၊ ဆရာတော်ရင် သူလည်းလူတော်လို့ ထင်နေတာတွေလည်း ရှိတယ်။ တကယ်တော့ အဲဒီတက္ကသိုလ်တွေ ဆရာတွေက ကိုယ်နဲ့ ပုဂ္ဂလသပ္ပါယ၊ သေနာသနသပ္ပါယ ဖြစ်မှ အဆင်ပြေတာပါ။ အခုတက်နေတဲ့တက္ကသို လ်ဆိုရင် နာဂါနန္ဒတက္ကသိုလ်။ ဒီတက္ကသိုလ်က တည်ထောင်ထားတာ မကြာသေးဘူး။ သီရိလင်္ကာရဲ့ University Ranking တွေထဲမှာဆိုရင် အောက်ကနေ ကြည့်မှ တွေ့ရလိမ့်မယ်ထင်တယ်။ လာတက်တဲ့ အတန်းဖော်တွေက ဟိုဆရာမဆိုရင်၊ ကိုလံဘိုတက္ကသိုလ်ကနေလာတက်တာ။ ဟိုအဘိုးကြီးက ကေလနိယ၊ psychiatrist က ပေရာဒနိယက စသည်ပေါ့။ သူတို့ကျတော့ တက္ကသိုလ်ကိုရှာတာလည်း မဟုတ်ဘူး။ ဆရာကိုရှာနေတာလည်း မဟုတ်ဘူး။ Subject ကို ရှာတာ။ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ် မရှိတဲ့နေရာမှာ နာမည်ကြီးပေမယ့် လိုရင်းဘယ်ရောက်မလဲ။ တကယ်တော့ ဘွဲ့လွန်အတန်းတွေက ကိုယ်လုပ်မှ ကိုယ်ရတာပါ။ တက္ကသိုလ်တွေ ဆရာတွေ မလိုအပ်ဘူးလားဆိုတော့ လိုအပ်ပါတယ်။ တက္ကသိုလ်ရဲ့ဝန်ဆောင်မှုတွေ ကောင်းဖို့လိုတယ်။ ဆရာလည်း အရည်အချင်းပြည့်မီဖို့လိုတယ်။ တက္ကသိုလ်ဝန်ဆောင်မှုကောင်းရုံ၊ ဆရာအရည်အသွေးပြည့်ရုံနဲ့ ကိုယ်ပညာပိုတတ်သွားတာ မဟုတ်သေးဘူး။ ကိုယ်ကိုယ်တိုင်ကြိုးစားအားထုတ်မှုက ပိုပြီး အရေးကြီးပါတယ်။
ပြောပြချင်တာက သီရိလင်္ကာမှာ ဗုဒ္ဓဘာသာတက္ကသိုလ်တစ်ခုခုက မဟာတန်းလာတက်ရင် မိမိယူတဲ့ ဘာသာစကား အင်္ဂလိပ်ဆိုရင် အင်္ဂလိပ်ပေါ့၊ သင်ခဲ့ပါ။ နိုင်ငံတကာပညာရှင်တွေ ရေးထားတဲ့ ဗုဒ္ဓဘာသာစာအုပ်တွေ ဖတ်ထားပါ။ တက္ကသိုလ်ဖြစ်သည့်အတွက် သုတေသနအကြောင်း လေ့လာထားပါ။ ကိုယ့်ဟာကိုယ်ဖတ်ရတာပျင်းစရာဖြစ်နေရင် သိတဲ့သူတစ်ဦးဦးဆီ မေးမြန်းတာမျိုး။ ဆွေးနွေးတာမျိုး လုပ်ပါ။ အဲဒါတွေမပါလာဘဲ ဒီရောက်မှ လုပ်မယ်ဆိုရင် Assignment တွေပေးမှ ဘယ်လိုရေးရမှန်းမသိ၊ ခြေမကိုင်မိ၊ လက်မကိုင်မိတာမျိုး ဖြစ်တတ်ပါတယ်။ Thesis ခေါင်းစဉ် ရွေး၊ ဆရာနဲ့လာဆွေးနွေးဆိုမှ ဘာပြောရမှန်းမသိ ဖြစ်နေတာမျိုးလည်း ရှိပါတယ်။ နောက်ဆုံးတော့ ကြံရာမရ၊ ရေးထားတဲ့ ပို့ချချက်အကျဉ်းတွေ အလွတ်ကျက်ပြီး ဖြေရတာမျိုးတွေ ဖြစ်သွားတတ်တယ်။ စာမေးပွဲအောင်ဖို့က မခက်ပါဘူး။ အချင်းချင်း ကူညီပေးလို့ရတယ်။ စာတတ်ဖို့က အရေးကြီးတာလေ။ အခုကျက်၊ အခုဖြေ၊ အခုအောင်တာမျိုးက စာတတ်တာမှ မဟုတ်တာ။ အဲဒါကြောင့် အချိန်တွေမြုပ်နှံထားသင့်တယ်။ တစ်နှစ်၊ နှစ်နှစ်ဆိုတာ ဘာမှမကြာပါဘူး။ ဒီစားကျက်ထဲမှာ ကိုယ်ဘယ်လောက်လိုက်စားနိုင် သလဲ။ ကိုယ့်ရဲ့ရေရှည်ဘဝခရီးအတွက် ဘယ်လောက်ထိ အသုံးဝင်မလဲဆိုတာ ကိုယ့်ရဲ့လေ့လာမှုက ပိုအရေးကြီးတယ်မလား။ ပညာရေးခရီးမှာ အချိန်တွေပေးဆပ်နိုင်ပါစေ။ ပညာတတ်ကြီးတွေဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ အမှားပါရင်ခွင့်လွတ်ပါလို့ တောင်းပန်ပါကြောင်း ------------
အရှင်နန္ဒိယ (ဖယ်ခုံ)
09.09.2019  02:40:00 PM 
Zawgyi
အရှင်နန္ဒိယ (ဖယ်ခုံ)
09.09.2019  02:40:00 PM 
https://web.facebook.com/permalink.php?story_fbid=947532662246956&id=493802540953306&comment_id=947534575580098&notif_id=1568022669628826&notif_t=feed_comment 
https://web.facebook.com/permalink.php?story_fbid=947532662246956&id=493802540953306&comment_id=947534575580098&notif_id=1568022669628826&notif_t=feed_comment 
Friday, August 23, 2019
နောက်ကျခြင်း အနုပညာ
တစိမ့်စိမ့်တွေးတယ်
တစ်သိမ့်သိမ့်ဆွေးတယ်
အိပ်ရာဝင် နောက်ကျတယ်
ညင်ညင်သာသာအနားယူတယ်
ကြင်ကြင်နာနာအိပ်မက်မက်တယ်
အိပ်ရာထနောက်ကျတယ်
အခွင့်ရှိရင်ခရီးသွားချင်တယ်
လမ်းသင့်ရင်ဝင်လည်ချင်တယ်
အိမ်ပြန်ချိန်လည်း နောက်ကျတတ်တယ်
ဖြစ်ချင်စိတ်လည်းများတယ်
မိတ်ဆွေတွေကတော့ပါးတယ်
ထမင်းစားချိန်တောင် နောက်ကျတယ်
မနေ့ကလေ့လာရေးခရီးထွက်တယ်
ဒီနေ့ကတော့ခဏနားတယ်
မှတ်တမ်းတင်ဖို့ နောက်ကျဦးမယ်
မနက်ဖြန် ဆက်သွားမယ်
ဒီနေ့လည်း အလုပ်များတယ်
ကြိုတင်ပြင်ဆင်မထားလို့ နောက်ကျဦးမယ်
နောက်ကျခြင်းနဲ့ နေသားကျနေပြီ
နောက်ကျဖို့ရာ အကြောင်းများစွာဖန်လာပြီ
နောက်ကျခြင်းဟာ ငါ့ရဲ့အနုပညာဖြစ်လာပြီ။
Nandiya Bhikkhu
23.8.2018
တစိမ့်စိမ့်တွေးတယ်
အိပ်ရာဝင် နောက်ကျတယ်
ညင်ညင်သာသာအနားယူတယ်
အိပ်ရာထနောက်ကျတယ်
ဒီနေ့ကတော့ခဏနားတယ်
မနက်ဖြန် ဆက်သွားမယ်
Nandiya Bhikkhu
23.8.2018
Monday, August 12, 2019
ရာသီစာ စားသုံးခြင်း
မိုးသည်းတဲ့အခါ မိုးစဲဖို့စောင့်နေခဲ့ရတာရှိသလို 
မိုးနည်းတဲ့အခါ မိုးဖွဲလေးတွေကိုအားမရတာလည်းရှိခဲ့ဖူးတယ်။ 
ဒါပေမယ့် မိုးကိုတော့ ကိုယ်အပြစ်မတင်ခဲ့ဖူးပါဘူး။ 
အအေးဓာတ်လွန်ကဲရင် မနေရဲလောက်အောင်ချမ်းခဲ့ဖူးသလို
အအေးဓာတ်ပေါ့ခဲ့ရင် အဓိပ္ပါယ်မဲ့သည့်ဆောင်းလို့ပြောခဲ့ဖူးတယ်။
ဒါပေမယ့် ဆောင်းကိုတော့ ကိုယ်အပြစ်မတင်ခဲ့ဖူးပါဘူး။
အရမ်းပူတဲ့နေ့တွေမှာ အရိပ်မှာဘဲအချိန်ကုန်ခဲ့ပြီး
အပူပေါ့တဲ့နေ့တွေမှာ နေရိပ်မှာလမ်းလျှောက်ခဲ့တယ်။
ဒါပေမယ့် နွေကိုတော့ ကိုယ်အပြစ်မတင်ခဲ့ဖူးပါဘူး။
မိုးရာသီမှာ မိုးလုံတဲ့နေရာ
ဆောင်းရာသီမှာ လေလုံတဲ့အဆောင်
နွေရာသီမှာ အရိပ်ရသည့်သစ်တစ်ပင်လောက်တော့ လိုချင်တယ်။
မိုးမလုံတဲ့နေရာ
လေမလုံတဲ့အဆောင်
အရိပ်မရသည့်သစ်ပင်အောက်မှာဆိုရင်
ဒီရာသီသုံးပါးကို ကိုယ်မဖြတ်ကျော်ချင်တာတော့အမှန်ဘဲ။ 
အရှင်နန္ဒိယ (ဖယ်ခုံ) 
12.08.2019
မိုးမလုံတဲ့နေရာ
လေမလုံတဲ့အဆောင်
အရှင်နန္ဒိယ (ဖယ်ခုံ) 
12.08.2019 
Photo credit to Nang Rocy Hning 
Saturday, August 10, 2019
သက်ဆိုင်သူသို့ ---------
မီးမပျက်တဲ့ညတွေမှာ 
ကိုယ်ဟာအိပ်ရေးပျက်တတ်သူတစ်ဦးပါ။
အတွေးနက်နေတဲ့နံနက်ခင်းတိုင်းမှာ 
နံနက်စာစားဖို့မေ့တတ်သူတစ်ဦးပါ။
ဆူညံနေတဲ့နေ့ရက်တွေတိုင်းမှာ 
ကိုယ်ဟာပတ်ဝန်းကျင်ကိုမေ့တတ်သူတစ်ဦးပါ။
တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာ 
အတွေးများနဲ့နောက်ကျတတ်သူတစ်ဦးပါ။
ဆည်းဆာအရောင်သန်းနေတဲ့ညနေခင်းကိုမြင်လျှင် 
ဖုန်းဆက်ဖို့ချိန်းထားခဲ့ရင်တောင် မေ့တတ်သူတစ်ဦးပါ။
ကိုယ့်ရဲ့မှားယွင်းမှုတွေအားလုံးဟာ 
အကြောင်းပြချက်မလိုဘဲ ပြည့်စုံနေလျက်ပါ။
အရှင်နန္ဒိယ (ဖယ်ခုံ) 
08.08.2017
မီးမပ်က္တဲ့ညေတြမွာ 
အရှင်နန္ဒိယ (ဖယ်ခုံ) 
08.08.2017 
Photo credit to Pyae Phyo (Loi Kaw) 
Wednesday, August 7, 2019
၂၀၁၇ ထဲက အမှတ်တရများ
တသသဖြစ်ရလောက်အောင် မေ့မရနိုင်သည့်အမှတ်တရတွေရော၊ အကြောင်းတိုက်ဆိုင်မှုရှိရင် သတိရမည့် အမှတ်တရတွေရော ၂၀၁၇ မှာ ကျန်ရစ်ခဲ့ပါတယ်။ အဲဒီအမှတ်တရတွေကို ရင်မဖွင့်လို့ မရလောက်အောင် ရင်ထဲမှာ ပြည့်ကြပ်လို့နေတာကြာရောပေါ့။
ဒီလိုစကားပလ္လင်လေးခံပြီးရင် ရေးချင်တာရေးဖို့ ကိုယ့်ကိုယ်ကိုဘဲ တိုက်တွန်းလိုက်ရတာပေါ့။ အရင်တုန်းကအမှတ်တရလို့ပြောရင်တမင်တကာလိုက်ရှာနေရလိုဘဲ၊ အခုတော့ ပတ်ဝန်းကျင်မှာ အမှတ်တရတွေပြည့်နှက်နေပါလားလို့စဉ်းစားမိတယ်။ ၂၀၁၇-မှတ်တမ်းတွေကိုပြည့်ကြည့်တဲ့အခါ ပြောလို့မကုန်နိုင်အောင်ဘဲအမှတ်တရတွေကအများကြီးရှိခဲ့တယ်။
သွားဖူးခဲ့သည့်ခရီး၊ ရောက်ဖြစ်ခဲ့သည့်နေရာ၊ တက်ခဲ့ရသည့်သင်တန်း၊ ပါဝင်ခဲ့ဖူးသည့်ဆွေးနွေးပွဲ၊ ကူညီပေးလိုက်သည့်သင်တန်း၊ ရေးခဲ့မိသည့်စာ၊ တွေ့ဆုံခဲ့သည့်လူ၊ သင်ယူလိုက်ရသည့်အရာ၊ ရခဲ့သည့်သင်္ခန်းစာများ တန်းဖိုးမဖြတ်နိုင်သည့် အမှတ်တရတွေ အများကြီးရှိခဲ့တယ်။
January
ရွာမှာရှိနေတဲ့အချိန်။ ထေရဝါဒကုန်းဆုံလူငယ်တွေထဲက ဒီနှစ်အတွင်း အဓိကလှုပ်ရှားနေတဲ့ ခွန်ထွန်းအောင် နဲ့ ခွန်အောင်ဗို နှစ်ယောက်တို့နဲ့ ရပ်ရွာရဲ့လက်ရှိအခြေအနေတွေကို ဆွေးနွေးတိုင်ပင်ကြတာ တစ်ညပြီးတစ်ည ညပေါင်းကလည်း မနည်း။ မပြီးနိုင်မဆုံးနိုင်ဖြစ်ခဲ့တယ်။ ထွက်လာသည့်အကြောင်းအရာတွေက စိတ်ဝင်စားစရာတွေ အရမ်းကောင်းခဲ့တာကိုး။ လူတန်းစားအလိုက်ခွဲပြီး ဆွေးနွေးတော့ အသက်ခြောက်ဆယ်ကျော်ဘိုးဘွားတွေ အထီးကျန်နေကြတာတွေတွေ့တယ်။ သူတို့အတွက် ဘိုးဘွားများပူဇော်ပွဲလုပ်ဖို့၊ ပူဇော်ပွဲတင်မကဘူး၊ ဆွေးနွေးပွဲလည်းလုပ်ပေးဖို့။ နောက်လူငယ်တွေမသိလိုက်၊ မမှီလိုက်သည့်ရှေးကအကြောင်းတွေနဲ့ ဘာသာရေး၊ လူမှုရေးတို့အကြောင်းကို ဆွေးနွေးကြဖို့။ အသက်ကြီးသွားပေမယ့် ရပ်ရွာမှာ အရေးပါနေသေးသည့်စိတ်တွေ ပြန်လည်ရှင်သန်စေဖို့ လုပ်နိုင်ရင်သိပ်ကောင်းမယ်လို့ အဖြေထုတ်ခဲ့ကြတယ်။
နောက်တစ်ခုက လူလတ်ပိုင်းတွေ ရွာကဆိုရင် အိမ်ထောက်ကျပြီးသူတွေ။ မိသားစုရဲ့စားဝတ်နေရေးတွေကို ရုန်းကန်နေရသူတွေလည်းဖြစ်တယ်၊ စိုက်ပျိုးရေးသမားများလည်းဖြစ်တယ်။ စိုက်ပျိုးရေးအသိပညာ၊ နည်းပညာအသစ်တွေ ပေးသင့်တယ်။ လယ်မြေတွေအသိမ်းခံလိုက်ရပေမယ့် ဘာမှမလုပ်တတ်သည့်သူတွေလည်း များတယ်။ လယ်ယာမြေဥပဒေနဲ့အတူ ဒေသခံတိုင်းရင်းသားအခွင့်အရေးနဲ့ တောင်သူရဲ့အခန်းကဏ္ဍကို သိသင့်သည့်သူတွေလည်းဖြစ်တယ်။ ဆိုတော့ သူတို့ကို ပညာပေးရမယ်။ ကျန်တစ်ဘက်မှာ လိုအပ်ရင် ပံ့ပိုးမှုတွေလည်း ပေးသင့်တယ်။ ရေတွင်းတူးပေးတာတို့၊ ဓာတ်တိုင်ထောင်ပေးတာတို့ပေါ့။
လူငယ်အပိုင်းတွေကျတော့ ဒေသရဲ့အခြေအနေအရ စိတ်လေလွယ်သည့်အရွယ်၊ ပျက်စီးလွယ်သည့်အရွယ်လို့မြင်မိတော့ ရွာမှာလူငယ်အတွက် အားကစားကွင်းကောင်းကောင်းမရှိ၊ နောက်နိုင်ငံခြားထွက်အလုပ်လုပ်ချင်သူကများ၊ ရွာမှာလည်း အလုပ်အကိုင်ကောင်းကောင်းမရှာတတ်။ ဒါတွေတွေ့လာတယ်။ သင်တန်းလုပ်ပေးချင်ကြတယ်။ စိုက်ပျိုးရေးဘဲလုပ်သည့်တောင်သူရွာမို့ စိုက်ပျိုးရေးသင်တန်းပေးပြီး အလုပ်ကိုရှာဖွေပြချင်တယ်လို့ ဆုံးဖြတ်ကြတယ်။
ကလေးတွေအတွက်ကိုတော့ မြို့နဲ့နီးပေမယ့် ကျောင်းမတက်နိုင်သည့်ကလေးတွေ အများကြီးတွေ့နေရတော့ ကျောင်းမတက်နိုင်သည့်ကလေးတွေကို ထောက်ပံ့ဖို့နဲ့ ကျောင်းတက်နေပေမယ့် စားဝတ်နေရေးအခက်အခဲတွေရှိနေသည့်ကလေးတွေကို ထောက်ပံ့ဖို့ ရန်ပုံငွေတော့ ရှာရမည်လို့ ဆွေးနွေးကြပါတယ်။
ဆွေးနွေးပြီးတော့ လုပ်စရာတွေကများလာတယ်၊ လုပ်နိုင်တာလည်းမရှိသေးဘူး။ ဖြစ်ချင်တာပဲရှိတယ်။ ဖြစ်နိုင်တာတွေသိပ်မတွေ့ရ၊ နောက်တော့ လုပ်နိုင်တာလေးတွေ တဖြေးဖြေးပြန်ရှာရတယ်။ ဆွေနွေးပြီးမကြာဘူး၊ ထောက်ပံ့သည့်အဖွဲ့ရှိတယ်ဆိုတာနဲ့ အဆိုပြုလွှာစာတွေတင်လိုက်ကြသေးတယ်လို့ နောက်တော့ကြားရတယ်။ မရပါဘူးလို့လည်း သိရတယ်။ ရတာ၊ မရတာက အဓိကမကျပါဘူး။ ဆွေးနွေးဖြစ်ပြီး ရပ်ရွာရဲ့တကယ့်လိုအပ်ချက်တွေကို ညပေါင်းများစွာအဖြေထုတ်ခဲ့တာကိုဘဲ အမှတ်တရဖြစ်နေတာပါ။ အဲဒီဆွေးနွေးချက်တွေက ရပ်ရွာအခြေအနေ၊ အနေအထားတွေကိုကောင်းကောင်းသိခဲ့ရပြီး ကိုယ်ဘာတွေလုပ်သင့်တာလဲ၊ ဘာတွေလုပ်နိုင်တာလဲ ဆိုတာကို ပိုပြီးမြင်လာခဲ့ရပါတယ်။
အဲဒီအမှတ်တရရဲ့ပြိုင်ပြီး ဝမ်းသာစရာတစ်ခု ရွာထဲကိုကျရောက်လာပါသေးတယ်။ အဲဒါက စာမတတ်သူပပျောက်ရေး၊ ရက်ပေါင်း(၄၀) စီမံကိန်းနဲ့ အစိုးရကလုပ်တာပါ။ ရပ်ရွာထဲက စာမတတ်သည် မိဘတွေ၊ ဘိုးဘွားတွေ စိတ်ပါလက်ပါစာသင်နေကြတာကို မြင်ရလို့ဝမ်းသာလို့မဆုံး ဖြစ်ခဲ့ရတယ်။ ကိုယ့်အမေဆိုရင် အစောကြီးရောက်လာပြီး တက်တက်ကြွကြွသင်နေတာကိုမြင်တော့ ဝမ်းသာလွန်းလို့ ဘာလုပ်ရမှန်းမသိတာနဲ့ အင်းလေးမုန့်ကြွပ်တွေဝယ်ပြီး စာသင်ပေးတဲ့ဆရာမများနဲ့စာသင်နေသောမိဘဘိုးဘွားများစားဖို့ဆိုပြီး ဝယ်ပေးလိုက်လို့ ဆရာမတစ်ယောက်က ညစာမစားရတဲ့သူက ညစာစားရတဲ့သူကို ညစာကြွေးနေတယ်လို့ စတာကို ခံလိုက်ရသေးတယ်။
ဇန်နဝါရီလက အမှတ်တရတွေက ကိုယ်ကရုပ်ပစ္စည်းတစ်ခုခုရလို့၊ ပိုင်ဆိုင်လို့ မဟုတ်ဘဲ သူတစ်ပါးအလုပ်လုပ်တာကို သဘောကျလေးစားလို့ ဝမ်းသာစရာတွေဖြစ်၊ တစ်စိမ့်စိမ့်တွေးပြီး တစ်သိမ့်သိမ့်ကြည်နူးရုံသက်သက်အမှတ်တရတွေပါဘဲ။
February
၂၀၁၆-(၁၃၇၇)-ခုနှစ်မှာ ကျမ်းပြီးလို့ ၂၀၁၇၊ ဖေဖော်ဝါရီ ၁၄၊ (၁၃၇၈၊ တပို့တွဲလပြည့်ကျော် ၃- ရက်၊ အင်္ဂါနေ့) မှာ ဓမ္မာစရိယဆုပေးပွဲရှိတော့ ဘွဲ့ယူဖို့သွားရင်း မိဘတွေ၊ ဆွေမျိုးတွေနဲ့ ဘုရားဖူးအတူသွားခဲ့ရသေးတာပေါ့။ မိဘတွေကိုဘုရားဖူးလိုက်ပို့ဖူးတာဆိုလို့ မန္တလေးမှာနေတုန်းက ရှမ်းပြည်ကနေရောက်လာလို့ မယ်တော်တစ်ကြိမ်၊ ခမည်းတော်တစ်ကြိမ် လိုက်ပို့ဖူးတာပဲရှိခဲ့ဖူးတယ်။ မိဘနဲ့အတူ သီးသန့်စီစဉ်ပြီးသွားရတဲ့ခရီးဆိုလို့ အဲဒီတစ်ကြိမ်လောက်ဘဲရှိခဲ့ဖူးတယ်။ သူတို့တွေ ပင်ပင်ပန်းပန်းနဲ့ အလုပ်တွေလုပ်နေရတော့ တစ်ခါတစ်လေ ဒီလိုခရီးလေး ဘာလေးလည်းသွားသင့်တာပေါ့။ သူတို့တွေတကယ်ပျော်နေကြတာကို တွေ့ခဲ့ရပါတယ်။ ကိုယ်သာခရီးအကြိမ်ကြိမ်ထွက်ခဲ့ပေမယ့် မိဘနဲ့တွဲပြီးထွက်ခဲ့ဖူးတာ မဟုတ်ဘူး။ ရန်ကုန်ကို ရောက်ဖူးပြီးသားလူတွေဖြစ်နေလို့ ရန်ကုန်ကိုအဓိကမသွားတော့ဘဲ တည်းရုံဘဲတည်းခဲ့ကြတယ်။ ရွှေတိဂုံဘုရားဖူးပြီးတာနဲ့ အေးအေးဆေးဆေးနားလိုက်ကြတယ်။
 ဖေဖော်ဝါရီ ၁၂ ရက်နေ့က အသွား၊ ၁၃ရက် အပြန်ပေါ့။ မော်လမြိုင်ဘက်ကိုသွားခဲ့ကြတယ်။ ကျိုက္ခမီ၊ စက်ဆဲ၊ သေမင်းတမန်၊ စစ်သင်္ချ ိုင်း (သံဖြူဇရပ်)၊ သွားပြီး အပြန်မှာ ဖားအောက်တောရကို မိဘတွေရောက်ဖူးအောင် သွားလေ့လာဖို့ပို့လိုက်သေးတယ်။ အပြန်မှာ မော်လမြိုင်ကိုလည်း ဝင်ခဲ့တာပေါ့။ အသွားနေ့တုန်းက ဖေဖော်ဝါရီ (၁၂)နေ့မှာ တပို့တွဲလပြည့်ကျော် (၁)ရက်နေ့ဖြစ်လို့ မွန်အမျိုးသားနေ့ဖြစ်နေသည့်အတွက် အသွားလမ်းတစ်လျှောက်မှာ မွန်တွေ အဖြူ၊ အနီဝတ်စုံတွေဝတ်ဆင်ကြပြီး အပြင်ထွက်ကြတာကို တစ်လမ်းလုံးမြင်ခဲ့ရတယ်။ ဆုယူပြီးနောက်တစ်နေ့ ပုဂံသွားပြီး ဖေဖော်ဝါရီ ၁၆- ရက်နေ့မှာတော့ တစ်နေ့လုံးပုဂံဘုရားများကို ဖူးခဲ့ရတယ်။ အပြန်မှာ မန္တလေးကနေ ပြန်ကြလို့ မန္တလေးကဆွမ်းတကာမကိုလည်း မိဘတွေနဲ့ မိတ်ဆက်ပေးခဲ့သေးတယ်။ ဒီခရီးမှာ မိဘများကိုအသွားတုန်းက ရန်ကုန်မှာ ရဟန်းတကာအိမ်မှာတည်းခိုင်းတယ်။ အပြန်မှာ မန္တလေးက ဆွမ်းတကာတွေနဲ့တွေ့ပေးတော့ ဝမ်းသာနေသည့်မိဘမျက်နှာကို အခုထိတောင်မြင်ယောင်မိသေးတယ်။ ကိုယ့်ဒကာအချင်းချင်း ရင်းနှီးသွားကြတာ အမှတ်တရပါဘဲ။
ဖေဖော်ဝါရီ (၁၄)ရက်တုန်းက မဟာပါသာဏလှိုင်ဂူထဲမှာ ဆုပေးတော့ စာအောင်သံဃာ ထောင်ကျော်ရှိတာမို့ လှိုင်ဂူလည်းပြည့်ကြပ်နေသွားတယ်။ စာအောင်သံဃာတစ်ပါးကို တကာနှစ်ယောက်စာဘဲဝင်လို့ရတယ်။ ဒါတောင်လှိုင်ဂူကမဆန့်ချင်။ ဆရာလေးဒေါ်ယုသဂီ င်္ရဲ့ကျေးဇူးတွေကြောင့် အခြားဝင်ခွင့်လက်မှတ်တစ်ခုကိုရတာရယ်၊ နိကာယ်အထူးအောင်ဦးဇာနေယျာလင်္ကာရထံက နှစ်ခုရယ် လက်မှတ်အပို သုံးခုနဲ့ ဒကာငါးဦးဝင်ခွင့်ရတယ်။ ရွာကပါလာတဲ့သူကများတာနဲ့ ရဟန်းဒကာက ကျွန်တော်တို့မြင်သလိုအပြင်ကလူတွေလည်းမြင်ချင်မှာဘဲဆိုပြီး အပြင်ထွက်၊ အပြင်လူတွေကိုလက်မှတ်ပေး၊ ဝင်ကြည့်ခိုင်း။ လက်မှတ်ရှိပေမယ့် လူတွေပြည့်ကြပ်နေသည့်လှိုင်ဂူထဲ ဝင်လိုက်ထွက်လိုက်လုပ်နေကြတာ တကယ်ကိုမလွယ်တဲ့ကိစ္စ။ အပေါက်သေးသေးလေးထဲ ဝင်လိုက်ထွက်လိုက်အလုပ်ရှုပ်နေတဲ့ ပုရွက်ဆိတ်ကလေးတွေလားလို့ အောက်မေ့ရတယ်။ ကိုယ့်နံပါတ်က ၆၅၁၊ သံဃာက တစ်ထောင်ကျော်။ သက်ဆိုင်ရာဆရာတော်ကြီးတွေ၊ လူကြီးတွေ၊ ပရိသတ်တွေ အားလုံးပေါင်းလိုက်ရင် ငါးထောင်ကျော်သွားမယ်ထင်တာဘဲ။ စာမေးပွဲအောင်လို့ဘွဲ့ယူတာဘာမှအထူးတလည်ပြောစရာမရှိပေမယ့် မထင်မှတ်သည့်ရှုခင်းတွေ၊ မြင်ကွင်းတွေကြောင့်အမှတ်ရစရာဖြစ်နေတော့တာပေါ့။
ဆုပေးပွဲအပြီး ၁၉ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ စိတ်ဒဏ်ရာကုစားခြင်းသင်တန်းကို ပြင်ဦးလွင်မှာ ၁၀ ရက်တက်ရောက်ခဲ့သေးတယ်။ ဘာသင်တန်းလဲမေးတော့ စိတ်ဒဏ်ရာကုစားခြင်းသင်တန်း လို့ပြောလိုက်ကာမှ ဦးဇင်းကမလွယ်တော့ဘူးနော် လို့ တချို့တကာမတွေ စကြတာကိုလည်း ခံခဲ့ရတယ်။ သင်တန်းမှာတစ်ချို့ဆရာသမားဟောင်းတွေပြန်တွေ့ရသလို၊ ဝေးတာကြာပြီးဖြစ်တဲ့ သီးတင်းသုံးဖော်တစ်ချို့နဲ့လည်း ပြန်လည်ဆုံဆည်းခွင့်ရခဲ့တယ်။ အများကြီး ပြောကြဆိုကြဆွေးနွေးဖြစ်ခဲ့ကြတယ်။ အမှတ်ရစရာလို့ပြောလိုက်ရင် အဲဒီသင်တန်းအပြီးမှာဘဲ ကိုဥက္ကာရဲ့ကျေးဇူးကြောင့် နောက်ပိုင်းမတောက်တစ်ခေါက်ဦးနှောက်သေးသေးလေးနဲ့ စာတွေတော်တော်ရေးဖြစ်ခဲ့ရတယ်။
ဖေဖော်ဝါရီလမှာက အသိအကျွမ်းဟောင်း၊ မိတ်ဆွေဟောင်း၊ မိဘဆွေမျိုးတကာတကာမများ၊ ဆရာဆရာမများတို့နဲ့ပြန်လည်တွေ့ဆုံခဲ့ရသောလလို့တောင်ပြောလို့ရမယ်ထင်တယ်။ အသိအကျွမ်းဟောင်းတွေနဲ့ ပြန်လည်ဆုံဆည်းရတဲ့ကာလက ဝမ်းမြောက်စရာစကားများ၊ အဖြစ်အပျက်ဟောင်းကပုံရိပ်များ၊ လက်တွေ့ဘဝထဲကအခြေအနေများကို စိတ်ဝင်တစား နှလုံးသားတံခါး ဖွင့်ပြီးနားထောင်ခဲ့၊ ဖြေသိမ့်ခဲ့၊ အားပေးခဲ့ကြတာတွေလည်း တကယ်အမှတ်တရတွေပါဘဲ။
March
ပြင်ဦးလွင်သင်တန်းအပြီးတစ်ဆက်တည်း မတ်ခ်ျလ ၃၊၄၊၅ သုံးရက်၊ ဖော်တော်ဦးကျောင်းမှာလုပ်သည့် ဘကညီလာခံအတွက် ကူညီပံ့ပိုးမှုဆိုင်ရာသင်တန်းတက်ခဲ့ရတယ်။ ဦးဝိဇ္ဇာနန္ဒ၊ ဦးဓမ္မောဒယတို့နဲ့ပေါ့။ ဆရာမ နမ့်အေးမြတ်မွန်တို့ကပို့ချတာ။ Facilitation သင်တန်းတက်ခဲ့ဖူးတယ်ဆိုပေမယ့် ကိုယ်မသိသေးတာတွေလည်း အများကြီးပါလာလို့ အများကြီးသင်ယူခဲ့ရပါတယ်။ ဖောင်တော်ဦးရဲ့အင်္ဂလိပ်စာသင်ခန်းနဲ့ စာကြည့်တိုက်တွေကိုလည်းလေ့လာခဲ့ရပါတယ်။ နောက်တစ်နေ့မှာ မဲဖလန်ကျောင်းစာကြည့်တိုက်ကိုလည်း သွားကြည့်ခဲ့ရသေးတယ်။
မန္တရောက်တိုင်းအမြဲရှိနေတဲ့အမှတ်တရတစ်ခုကတော့ ဘုန်းကြီးဦးအဂ္ဂဓမ္မနဲ့ဦးကောမလတို့ တွေ့ကရာ ထွေရာလေးပါး စကားဝိုင်းပါဘဲ။ သူတို့ဖတ်တဲ့စာတွေ၊ အမြင်တွေ၊ ရှုထောင့်တွေက တကယ်ကိုကျယ်ပြန့်ပြီး နက်နဲကြတယ်။ စကားသိပ်များတတ်တဲ့ကိုယ်တောင် သူတို့နဲ့တွေ့မှ နားထောင်တတ်သူဖြစ်လာတော့တာပဲ။ ကိုယ့်ဆရာတော်တွေမအားတဲ့အချိန်တွေဆိုရင် ဝိဇ္ဇာမင်းသွားပြီး အားတဲ့သူခေါ်စကားပြောခဲ့သည်မှာ မန္တလေးရောက်ရင် အလိုလိုလုပ်ဖြစ်ခဲ့သည့်အကျင့်တစ်ခု။ ဆွေးနွေးဖလှယ်တဲ့အရသာကို တကယ့်ပွဲကြီးတွေမှာထက် လက်ဖက်ရည်ဆိုင်က ပိုရရှိခဲ့တယ်လို့တောင် ထင်ရတယ်။
တပေါင်းလပြည့်နေ့ (မတ်ခ်ျလ ၁၂ ရက်နေ့)မှာ ပအိုဝ်းအမျိုးသားနေ့ပွဲမှာ စာအောင်သံဃာဆုပေးပွဲလည်း ပါတာမို့ မန္တလေး၊ တရုတ်ဘုံကျောင်းမှာ ဆုသွားယူခဲ့ရတယ်။ ဆုယူတာကထူးလို့ကြွားစရာမရှိပေမယ့် သူတို့ရဲ့အသိအမှတ်ပြုမှုတွေကိုတော့ တကယ်ဝမ်းသာခဲ့ရတယ်။ မန္တလေးက ပအိုဝ်းမျိုးသားနေ့မှာထုတ်သည့် ခမ်းရတနာ မဂ္ဂဇင်းမှာလည်း နှင်းဆီပန်းပန်သည့်ကောင်မလေး ဆိုသည့်ဝတ္ထုလည်း ပါလာတော့ ထပ်ဆင့် ဝမ်းသာစရာဖြစ်ပါလေရော။
နောက်တစ်နေ့တော့ရန်ကုန်သွားလိုက်တယ်။ မဟာဝံသကျောင်းကနေပြီး တစ်ခါမှမရောက်ဖူးသည့် ငါးကျမ်းပြန်ကျောင်း ဦးသုန္ဒရတို့ဆီသွားခဲ့တယ်။ မေတ္တာနန္ဒစာကြည့်တိုက်ကိုလည်း လေ့လာခဲ့ရတယ်။ စာအုပ်တွေစုံစုံလင်လင်ရှိတယ်။ စာကြည့်တိုက်မှုးတွေကောရှိတယ်။ မေတ္တာနန္ဒကောလိပ်လည်းဖွင့်ထားတော့ ဒီလိုကောလိပ်ဘေးမှာဒီလိုစာကြည့်တိုက်ရှိတာ အရမ်းကောင်းတယ်လို့ ကောက်ချက်ချမိသေးတယ်။ ကျောင်းကထွက်ပြီးကတည်းက တစ်ခါမှပြန်မရောက်ရသေးသည့် ဝိသုဒ္ဓါရုံကိုလည်းပြန်ရောက်ခဲ့တယ်။ ၆-နှစ်အကြာမှပြန်ရောက်တာပေါ့။ သီတင်းသုံးဖော်ဟောင်းတစ်ချို့နဲ့ ဘုန်းကြီးဦးဣန္ဒက၊ ဘုန်းကြီးဦးပညာဓိကတိုိ့ဆီကိုရောက်ခဲ့တယ်။ ဝမ်းသာစရာတစ်ခုက နိဿယမရှိသေးသည့် အဋ္ဌကထာ၊ ဋီကာတစ်ချို့ကို ဘုန်းကြီးဦးပညာဓိကက နိဿယကျမ်းပြုစုနေတယ်လို့ ကြားသိခဲ့ရတယ်။ ရောက်တုန်းရောက်ခိုက်လေး ယောဆရာတော်ကိုလည်းသွားဖူးလိုက်တယ်။ ပြောစရာစကားမရှိတာနဲ့ တပည့်တော်ကိုသီးသန့်သြဝါဒလေး ပေးသနားတော်မူပါဘုရားလို့ စကားကြီးစကားကျယ်လုပ်ပြီး လျှောက်လိုက်တော့ ဆရာတော်က ပေးစရာမလိုပါဘူး၊ ကိုယ့်ကိုယ့်ကိုလည်း ကောင်းကောင်းနေတဲ့သူတွေဘဲ လို့မိန့်ပြီး၊ ဓမ္မလက်ဆောင်စာအုပ်လေးနှစ်အုပ်ပေးလိုက်တယ်။ တကယ်တော့ ခပ်ဆိုးဆိုးထဲကပါလို့ မလျှောက်ရဲလို့ ငြိမ်နေရတာ။
ရန်ကုန်ကနေပြီး ယင်းမာကြယ်ဆရာတော်ဦးဓမ္မာနန္ဒရဲ့ကျေးဇူးတွေနဲ့ အောင်လံကိုရောက်သွားခဲ့ပါတယ်။ အဲဒီကနေပဲ ဦးဓမ္မာနန္ဒရဲ့တပည့်ဆရာ၊ ဆရာမတွေကို တီတွဒ်ကျောင်းမှာ Play for peace program ဆိုပြီး လေးရက် သင်တန်းပေးခဲ့ရသေးတယ်။  အဲဒီဆရာမတွေဆိုရင် အခုအချိန်ထိ အဆက်အသွယ်တွေရှိနေတုန်းဘဲ။ အောင်လံဆိုသည့်မြို့ကရောက်ဖို့ဘယ်လိုမှ မမျှော်မှန်းထားမိရာကနေ အမှတ်တမဲ့ရောက်ခဲ့ရတယ်။ မြို့တွေ၊ ရွာတွေ၊ လူတွေရဲ့ အခြေအနေတွေကိုလည်းသိခဲ့ရတယ်။ လူတွေများကိုလည်း စကားပြောခဲ့ရတယ်။ တောင်ပေါ်နဲ့ရန်ကုန်၊ မန္တလေးမှာဘဲ ကျင်လည်ခဲ့ရာကနေ မကွေးတိုင်းဘက်ကအတွေ့အကြုံလေးရရှိခဲ့တယ်။ အမှတ်ရစရာတွေများဖြစ်လာခဲ့တယ်။
ဇန်နဝါရီတုန်းက ဆွေးနွေးခဲ့သည့်စကားအရ အခွင့်သာတာနဲ့ ရွာထဲကသက်ကြီးပိုင်းတွေကို စကားဝိုင်းဖန်တီးခဲ့ရတယ်။ သက်ကြီးစကားဝိုင်းတွေလုပ်ဖို့ လူငယ်တွေကို အနည်းငယ်လေ့ကျင့်ပေးခဲ့ရတာပေါ့။ ဘယ်လိုရှိတယ်။ ဘယ်လိုလုပ်ရမယ်ပေါ့။ လူငယ်တွေကြားမှာလည်း ရင်းနှီးမှုတွေ အရင်တည်ဆောက်ခဲ့ရတာ။ ပျော်စရာလည်းကောင်းသလို အကျိုးလည်းရှိတာမို့ အမှတ်တရဖြစ်လာခဲ့တာပါဘဲ။ အဲတုန်းကပေးချက်ဖူးသည့်ထင်မြင်ချက်တစ်ခုကတော့ လူငယ်တွေစကားမပြောရဲကြတာက ပြောခွင့်တွေမရခဲ့လို့။ တစ်ချိန်တည်းမှာဘဲ ဖယ်ခုံမြို့နယ်လုံးဆိုင်ရာကျင်းပသည့် ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲရဲ့ ၂၅နှစ်မြောက်၊ ငွေရတုမဂ္ဂဇင်းမှာ ဘီလူးချောင်းပြောသောနေ့တစ်နေ့ဆိုသည့် ဝတ္ထုလေးပါလာလို့ ဒီလတော့ ကံတော်တော်ကောင်းတာဘဲ လို့တောင် ပြောမိသေးတယ်။
မတ်ခ်ျလမှာ တကယ်တော့ သီတင်းသုံးဖော်တွေ၊ မိတ်ဆွေဟောင်းတွေရဲ့ မေတ္တာရိပ်အောက်မှာခိုလှုံခဲ့တဲ့လလို့ ပြောရမယ်။ သွားခဲ့တဲ့နေရာ၊ လုပ်ခဲ့တဲ့အလုပ်တွေက ကိုယ်တိုင်တမင်စီစဉ်ထားတာတွေမရှိဘဲ မထင်မှတ်ဘဲဖိတ်ခေါ်ရာကနေ သွားဖြစ်ခဲ့၊ လုပ်ဖြစ်ခဲ့ကြတာချည်းပါဘဲ။ အမှတ်တမဲ့မှအမှတ်တရသို့ ဆိုတာကို မတ်ခ်ျလမှာ တော်တော်များများရရှိခဲ့တာပဲ။
April
ဦးဓမ္မောဒယရဲ့အစီအစဉ်အရ ရွာငံ-ဗြဟ္မဂူကျောင်းမှာ လူငယ်စွမ်းရည်ဖြင့်အစီအစဉ် ၈-ရက်သွားလုပ်ခဲ့တယ်။  ပါဝင်သည့်သင်တန်းသားတွေအားလုံးဟာ တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားတွေချည်း။ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေချည်းပါဝင်ခဲ့သည့်သင်တန်းမှာပေးရတာ အဲဒီအကြိမ်က ပထမဆုံးအကြိမ်။ ကိုယ်ကသင်တန်းဆရာတော့မဟုတ်၊ သင်တန်းညှိနှိုင်းပေးသည့်နေရာမှာ ဝင်ကူပေးရုံသာ။ သင်တန်းဆရာဦးဇောတယ၊ ဦးဝိဇ္ဇာနန္ဒ၊ ဆရာဘိုဘိုလွင်တို့ရဲ့ဦးဆောင်မှုတွေနဲ့ သင်တန်းတစ်လျှောက်လုံး အသက်ဝင်မှုကလည်း တကယ်ကို အံ့သြဖွယ်။ သင်တန်းဆရာတွေရဲ့ဦးဆောင်မှုက ဆွဲဆောင်မှုရှိရုံတင်မကဘဲ သင်တန်းသားတို့ရဲ့ ပါဝင်မှုတွေကလည်း သင်တန်းဆရာတွေအတွက် ပြန်ပြီး အသည်းခိုက်စရာလို့ပြောရလောက်အောင်ကိုပင် သင်တန်းသားတွေရဲ့တက်ကြွမှုတွေက သင်တန်းဆရာတွေအတွက် အားရစရာ အမှတ်တရတွေဖြစ်ခဲ့တယ်။ တက်ရောက်လာသည့်သင်တန်းသားတွေကလည်း ရွာမှာတကယ်အရေးပါသည့်လူငယ်တွေဖြစ်တာမို့ အားမရစရာဆိုလို့ ဘာမှကိုမရှိတာ။ အကြံရတာနဲ့ သင်တန်းတွင်းမှာဘဲ သင်တန်းတာဝန်ခံစီစဉ်သူ၊ သင်တန်းဆရာ၊ သင်တန်းသားများအားလုံး အချင်းချင်းအားပေးစကားတွေနဲ့ လက်ကမ်းစာအုပ်ကလေးလုပ်ပြီး ပြီးတဲ့နေ့မှာ မျှဝေခဲ့တယ်။ ရမည်းသင်းရောက်တော့ စာလေးရေးမိခဲ့တာလေးကို ပြန်ကြည့်လိုက်တော့
ရွာငံက အမှတ်တရ
စိတ်ပြေလက်ပျောက် မတောက်တစ်ခေါက် လုပ်တတ်သည့်သူ။
စာတွေကဗျာတွေအကြောင်း ကောင်းကောင်းနားမလည်ပေမယ့် မြတ်နိုးတတ်သူ။
တစ်ခဏတာတွေ့ဆုံမှုမှ နောက်တစ်ခါအမှတ်တရရှိဖို့စိတ်ကူးတတ်သူ။
ဒီတစ်ချိန်သာဒီလိုစလိုက်လျှင် နောင်တစ်ခါဒီထက်ပိုကောင်းမည်ဟု ကြံကြံဖန်ဖန်တွေးတတ်သူ။
မကျွမ်းကျင်ပေမယ့် သမိုင်းဝင်ချင်နေတာကတော့ မိုက်ရှုးရဲတယ်လို့ဘဲ ဆိုရလေမလား။
သို့သော်လည်း အမှတ်တရတစ်ခုက ဘဝတစ်ခုခုအတွက် အထောက်အကူဖြစ်တတ်တာပဲမဟုတ်လား။
မထင်မှတ်တဲ့အမှတ်တရစကားတွေနဲ့ အတူတူစုပေါင်းထားတာဆိုတော့ မထင်မှတ်တဲ့တစ်စုံတစ်ဦးသောသူအတွက် အားဆေးလေးတစ်ခွက်လောက် ဖြစ်နိုင်လေမလားလို့ မျှော်လင့်ခဲ့ပါတယ်။
ဒီလိုနဲ့ဘဲ တို့တစ်တွေက ရင်တွင်းဖြစ်အမှတ်တရစကားများနဲ့ လမ်းခွဲခဲ့ကြပါတယ်။
Nandiya Bhikkhu 14.4.217
ဦးဉေယျဓမ္မရဲ့အစီအစဉ်နဲ့ ဗြဟ္မဂူသင်တန်းပြီးတော့ ရမည်းသင်းကိုသွားတယ်။ သင်္ကြန်တွင်းက ပျားစည်ရွာမှာ။ ရွှေညာမြေက ကျေးလက်ရဲ့ရိုးရာယဉ်ကျေးမှုတွေကို အချိန်ကြာကြာနေပြီး လေ့လာခွင့်ရခဲ့တဲ့ ပထမဆုံးအကြိမ်ပေါ့။ သင်္ကြန်ပြီးတော့ ပျားစည်ကလူငယ်တွေကို ၁၆-ရက်သင်တန်းပေးခဲ့တယ်။ သင်တန်းဆရာက ကိုယ်တစ်ဦး တည်း။ ပေးနေကျသင်တန်းတွေက စာရွက်အပြည့်အစုံ၊ လိုအပ်တဲ့စာအုပ်အပြည့်အစုံ၊ ရောင်စုံအမျိုးမျိုး၊ သင်တန်းခန်းမတွေလည်းကျကျနန။ ဟိုရောက်တော့အားလုံးကပြောင်းပြန်။ ဘာမှ မရှိသေး။ Facilitation သင်တန်းလည်း တက်ထားပြီးပြီမို့ ဘာမှမရှိလို့ဘာမှမလုပ်တတ်ရင် ကိုယ်ကညံ့တာပဲလို့ နှလုံးသွင်းပြီး သင်ထောက်ကူတွေ ပုံစံပြောင်းသင်ရတာ အတွေ့အကြုံသစ်တွေအများကြီးရခဲ့တယ်။ ဟိုကဒေသခံဦးဇင်းတွေက လိုတာရှိရင်ပြော၊ အားမနာနဲ့လို့မိန့်ပါသည်။ မရှိတာကို ရအောင်သင်ဖူးချင်တဲ့စိတ်တွေကြောင့် ဘာမှမလိုပါဘူးလို့ ပြန်လျှောက်ခဲ့တယ်။ သင်တန်းရက်ကြလေလေ ပျော်လာလေလေဖြစ်လာတယ်။ လူငယ်တွေလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေပိုပိုရှိလာတာကိုလည်း တွေ့ရတယ်။
သင်ရင်းနဲ့ဝမ်းသာလွန်းလို့ရေးမိရေးရာ ရေးခဲ့မိတဲ့ စာလေးရှိသေးတယ်။
ပျားစည်က အတွေ့အကြုံ
Flipchart မရှိ
Colour paper မပါ
Softpin မရ
သင်တန်းခန်းမအတွက် အခက်တွေ့
အစကစဉ်းစားမရ သင်နေကျပုံစံမဟုတ်လို့ သင်ယူမှုပုံစံတွေအားလုံး ပြောင်းပြန်လှန်ခဲ့ရသည်။
A4 စာရွက်တစ်ထုပ်နဲ့ ဇာတ်ခင်းထားလိုက်သည်။
ရွာဦးကျောင်းရှိနေရာများ
ရပ်ရွာဝန်းကျင်ရှိနေရာများ
ရပ်ရွာ၏ဘုရားကုန်းများ
တောကျောင်း
သုဿာန်
ဒါတွေအားလုံးသင်တန်းခန်းမအဖြစ် ခွင့်ပြုထားသည်။
ခန်းမပြင်ပသင်ယူမှုများ ဖန်တီးခွင့်ရခဲ့သည်။
ကိုယ့်အတွက်အတွေ့အကြုံသစ်ကို ပျားစည်ကပေးခဲ့လေသည်။
ဒါတွေအားလုံးအတွက် ကျေးဇူးတင်လို့မဆုံးတော့ပြီ။
မျှော်လင့်ချက်ပျိုးပင်များကိုလည်း ရေလောင်းပေးပါမည်။
မျှော်လင့်ချက်သစ်ပင်များ ရှင်သန်စေရမည်။
အရာရာအားလုံးအတွက်ကျေးဇူးပါ ပျားစည်ရေ။
Nandiya Bhikkhu 24.4.2017
ဧပရယ်လကအမှတ်တရက ရွာငံနဲ့ပျားစည်က ဦးဓမ္မောဒယနဲ့ဦးဉေယျဓမ္မတို့ရဲ့ ကလေးလို့ပြောရမယ့်လူငယ်တွေနဲ့ ဖြတ်သန်းခဲ့သည့်အမှတ်တရတွေဘဲဖြစ်ပါတယ်။
May
ကိုကျော်ထွန်းလင်းရဲ့ပင့်ဖိတ်မှုကနေ တစ်ခါမှမရောက်ဖူးတဲ့ ကချင်ပြည်နယ်ကိုရောက်ခဲ့ရတယ်။ 9th AAA အတွက် မြန်မာနိုင်ငံရဲ့အကြီးဆုံးအင်းတော်ကြီးဆီရောက်ခဲ့ရတယ်။ AAA ကို ၆၊၇၊၈၊၉ ကြိမ်မြောက်အထိ ၄ ကြိမ်ဆက်တိုက် လေ့လာခွင့်ရခဲ့တယ်။ တွေ့ဆုံပွဲကဆွေးနွေးဝိုင်းတွေရော၊ အင်းတော်ကြီးဘေးက သက်ရှိဇီဝမျိုးကွဲတွေကို လေ့လာခဲ့တာတွေရော အမှတ်ရစရာတွေအများကြီးပါဘဲ။
အဲတုန်းကရေးမိခဲ့တာလေးကတော့
9th AAA က ဆန်းတယ်
ဆွေးနွေးဝိုင်းကများတော့ လန်းတယ်
အင်းတော်ကြီးရဲ့ဘေးမှာမို့ ချမ်းတယ်
နေရာကသိပ်ဝေးနေတော့ ပန်းတယ်
ခရီးပန်းတော့ တစ်ချို့က နွမ်းတယ်
ဒါတွေကိုဘဲ သူတို့ လွမ်းကြတယ်။
ဘာဘဲဖြစ်ဖြစ်
အေသုံးလုံးအတွက်ကိုတော့ အားလုံးကလန်းတယ်
BYတွေက ဒါတွေကိုဘဲ ငမ်းကြတယ်
ဒီလိုမြင်ရတော့လည်း ကျေနပ်တယ်။
အေသုံးလုံးပြီးတော့ ကချင်ရောက်မှတော့ မေခနဲ့မလိခကိုလည်းကြည့်ဖြစ်အောင်သွားကြည့်မယ်ဆိုပြီး ဖယ်ခုံအဖွဲ့နဲ့မင်းလှအဖွဲ့တို့နဲ့အတူမြစ်ကြီးနားမှာတည်းပြီး မြစ်ဆုံကိုပါရောက်ခဲ့ရတယ်။ ဟိုကိုရောက်ပြီးမှဘဲ မြစ်ဆုံကိုပိုပြီးသံယောဇဉ်တွယ်မိသွားတယ်။ အရင်တုန်းကလို တစ်ဆင့်စကားကြားဖူးရုံလေးနဲ့ မဟုတ်တော့ပါ။ ဒီအတိုင်းဘဲ ဆက်လက်စီးဆင်းပါစေ လို့ ဆုတောင်းလိုက်သေးတယ်။
နောက်တစ်ခုက ၂၂-ရက်ကနေ ၂၆-ရက်နေ့အထိ ငါးရက်သင်တန်း၊ ရွှေဘိုက မဟာအောင်မြေဟိတဓရကျောင်းမှာပေါ့။ အရွယ်စုံ၊ နောက်ခံမတူသည့်သင်တန်းသားတွေကြားပေးခဲ့သည့် သင်တန်း။ တကယ်ရခဲတဲ့အတွေ့အကြုံ၊ ဦးဝိသေဋ္ဌနဲ့ကိုဥက္ကာကို တကယ်ကျေးဇူတင်တယ်။ ရွှေဘိုမြို့ပေါ်ကဘုရားစေတီများရော၊ ရွှေဘိုနန်းတော်ထဲကရောရောက်ခဲ့ရတယ်။ ဟန်လင်းမှာရှိသည့် ပျူမြို့ဟောင်းကိုလည်း သွားလေ့လာခဲ့ရတယ်။ ရွာငံသင်တန်းတုန်းကလိုဘဲ ရင်တွင်းဖြစ်စကားများနဲ့ လမ်းခွဲခဲ့ရတယ်။
မေလရဲ့ခရီးတစ်ထောင့်မှာတော့ ကချင်ပြည်နယ်နဲ့ ရွှေဘိုမှာပေါ့။ ခရီးကဖြတ်သွားဖြတ်လာရုံသက်သက်မဟုတ်ခဲ့ပါဘူး။ အမှတ်တရတွေကျန်ခဲ့တယ်။ ခေတ်မီနေသည့်ခေတ်ကြီးမို့ အခုထိအဆက်အသွယ်ကို မပြတ်သေးဘူး။
June
၂၀၁၇ မှာခရီးအသွားဆုံးဖြစ်သောလလို့ပြောရင် ဇွန်လဘဲဖြစ်မယ်ထင်တယ်။ မန္တလေးကနေ ရန်ကုန်၊ ရန်ကုန်ကနေ မှော်ဘီ၊ မှော်ဘီကနေ နေပြည်တော်၊ နေပြည်တော်ကနေ အောင်လံ၊ အောင်လံကနေ ပြည်၊ အောင်လံကနေ မန္တလေး၊ မန္တလေးကနေ ရွာငံ၊ ရွာငံကနေ ပင်လောင်း၊ ပင်လောင်းကနေ ဖယ်ခုံ၊ ဖယ်ခုံကနေ ရန်ကုန်၊ ရန်ကုန်ကနေ မော်လမြိုင်ဖားအောက်ကိုခဏသွားလိုက်သေးတယ်။
မန္တလေးမှာကတော့ တွေ့နေကျလူတွေနဲ့ဘဲတွေ့ပြီးစကားပြောကြတာပေါ့။ ဒါပေမယ့် ဇွန်လမှာတော့ တွံတေးဆရာတော်ဦးကောဝိဒ၊ မိုးကုတ်ဆရာတော် ဦးသုနန္ဒတို့နဲ့ စကားတွေအများကြီးပြောခဲ့ရတယ်။ ရန်ကုန်ကိုလည်းအတူတူသွားခဲ့တယ်။ ဟန်တွေမာန်တွေမရှိတော့ လွတ်လွတ်လပ်လပ်ရှိတာပေါ့။ ဆရာတော်တို့ရဲ့ပွင့်လင်းရိုးသားမှုနဲ့ လွတ်လပ်ပေါ့ပါးမှုစတဲ့စိတ်ချမ်းသာစရာအကွက်တွေကို လေးစားကြည်ညိုခဲ့ရတယ်။
မှော်ဘီရဲ့သံဃာတွေ့ဆုံပွဲမှာ ဘယ်တုန်းကမှမလုပ်ဖူးသေးသည့် Penalist လုပ်လိုက်ရတယ်။ လူငယ်ဖွံ့ဖြိုးရေးကနေ ပြောလိုက်ရတယ်။ ပထမဆုံးအတွေ့အကြုံပါဘဲ။ အမှတ်တရလို့ပြောရရင်တော့ ကိုယ်ပြောတဲ့စကားကိုကိုယ်ပြန်နားမထောင်ရဲတာကိုဘဲ ပြောရမလား။ အခြားလူတော့မပြောတတ်ဘူး၊ ကိုယ့်စကားကိုယ်ပြန်နားထောင်တော့ ကိုယ်ကိုယ်တိုင် ဟာသဖြစ်နေလို့ ရှက်လွန်းလို့ ဆုံးအောင်ပြန်နားမထောင်နိုင်ဘူး။ သို့သော်အနယ်နယ်အရပ်ရပ်ကသံဃာပေါင်းစုံဖူးမြင်ရတော့ ဝမ်းသာကြည်နူးမိတယ်။
ဦးဓမ္မာနန္ဒနဲ့ ဒေါ်အေးအေးစုတို့ရဲ့ ကျေးဇူးတွေကြောင့် အောင်လံကို တစ်ခါပြန်ရောက်သွားပြီး ကျော်စွာဆရာမတွေနဲ့ သရေခေတ္တရာပျူမြို့ဟောင်းကိုလည်း လေ့လာခဲ့ရတယ်။ တီတွဒ်ကဆရာမတွေနဲ့လည်း ပြည်ကဘုရားတွေကိုဖူးခဲ့ရသေးတယ်။ ဆင်စခန်းကိုလည်း ရောက်ခဲ့သေးတယ်။ တီတွဒ်ဆရာတော်ရဲ့အရိပ်အောက်မှာ ပြန်လည်တည်းခိုခဲ့ရတာပေါ့။ မတ်ခ်ျလမှာတုန်းက သင်တန်းခန်းမထဲကဘဲ တွေ့ခဲ့ရတယ်။ ဇွန်လရောက်မှ ခရီးတိုတစ်ခုစီစဉ်ပြီးသွားခဲ့ကြတယ်။ စကားတွေလည်း အများကြီးပြောခဲ့ကြတယ်။ သူတို့နဲ့ပြောခဲ့စကားတွေက မှတ်တမ်းထဲမှာအများကြီးပဲ။
ရွာငံမှာလည်းအဲလိုပါဘဲ၊ ဧပရယ်တုန်းကသင်တန်းခန်းမထဲမှာဘဲတွေ့ခဲပြီး ဘယ်မှမသွားရသေးတာနဲ့ စုမြတ်မွန်နဲ့စုပုံချစ်တို့ လမ်းပြပေးလို့ လင်းဝေးဂူရောက်ခဲ့တယ်။ ၂၀၁၅၊ ပါယ်ကင်းက အမြင်ဖွင့်သင်တန်းဆင်းတွေလည်း လင်းဝေးရွာမှာရှိတော့ သင်တန်းဆင်း အေးအေးခိုင်တို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုကနေ လင်းဝေးဂူခရီးက ချောချောမွေ့မွေ့ အဆင်ပြေခဲ့တယ်။ နောက်တစ်နေ့မှာ ကိုဇင်လင်းထက်နဲ့ ဗြဟ္မဂူကဦးဇင်းနှစ်ပါးတို့ရဲ့ကျေးဇူးတွေကြောင့် အလည်ချောင်ရေတံခွန်နဲ့ မိန်းမရဲသခင်မတောင်ရောက်ခဲ့တယ်။ လမ်းကြုံတာနဲ့မြေရှားရွာကိုလည်းလမ်းကြုံဝင်လိုက်တာပေါ့။ အေးအေးမူတို့အိမ်ရောက်ခဲ့ပြီး သူတို့မိသားစုတွေနဲ့စကားတွေအကြာကြီးထိုင်ပြောကြတာပေါ့။ အလုပ်ကျိုးစားနေတဲ့ အေးအေးသက် နဲ့ ကျောင်းဆရာမျိုးသိန်းတို့နဲ့တော့ မတွေ့ခဲ့ရဘူး။
လမ်းသင့်တာနဲ့ လှိုင်မင်းထွန်းလိုက်ပို့လို့ ပင်လောင်းကသစ်ပင်ကြီးရွာမှာ ဦးစန္ဒသိရီဆီဝင်လည်ခဲ့တယ်။ တိုက်ဆိုက်မှုတစ်ခုက မီးလုံးပွဲအချိန်နဲ့တိုက်တော့ မီးလုံးပွဲကိုပါကြည့်လိုက်ရသေးတယ်။ ရန်ကုန်၊ မန္တလေးမှာဘဲ အနေများနေတော့ မီးလုံးပွဲမတွေ့ခဲ့တဲ့နှစ်တွေကလည်း မနည်းတော့ဘဲကိုး။ အသစ်အဆန်းမဟုတ်ပေမယ့် အထူးအဆန်းတော့ နည်းနည်းပါးပါးဖြစ်သွားသလိုလို။ ၂၉၊ ၃၀ ရက်နေ့မှာတော့ မော်လမြိုင်ဖားအောက်က ဦးကောဏ္ဍညဆီသွားပြီး ကိစ္စ၊ ဝိစ္စအနည်းအကျဉ်း ဆွေးနွေးပြောဆိုခဲ့သေးတယ်။
နေ့ကိုအံတုပြီး မိုးကကြွားဝါနေသည်။
ညကိုအံတုပြီး လျှပ်စစ်မီးလည်း ပျက်သည်။
ဖုန်းကိုအံတုပြီး ကွန်ပျူတာက ဟန်းသည်။
ဒီကြားထဲ
ဆိုင်ကယ်ကိုအံတုပြီး ကားဘီးလည်း ပေါက်သေးသည်။
ခရီးကိုအံတုလို့ ငါဘဲ ခြေလျင်လျှောက်ရမည်။
Nandiya Bhikkhu 25.6.2017
ဇွန်လမှာက ခရီတိုတွေသိပ်များလွန်းသောလတစ်လ။ သို့ပေမယ့် ရောက်တဲ့အရပ်တွေအားလုံးက ဒေသခံတွေရဲ့ မေတ္တာတွေကြောင့် အစစအရာရာ အဆင်ပြေခဲ့တယ်။
July
မဟာဝံသကျောင်းမှာနေပြီး မတ်ခ်ျလတုန်းကတစ်ခန်းရေးပြီးရပ်ထားလိုက်တဲ့ လူမှုလောကနဲ့ရဟန်းဘဝတို့ရဲ့အခြေအနေ ဆိုသည့်စောင်းပါးလေးတွေ တစ်ခန်းပြီးတစ်ခန်းဆက်ရေးခဲ့တယ်။ မဟာဝံသကျောင်းရောက်ရင် စာတွေတော်တော်ရေးဖြစ်တယ်။ ကောင်းတာ၊ မကောင်းတာတော့ရှိမှာပေါ့။ ရေးတာတော့ရေးဖြစ်တယ်။ ဆရာသမားတွေရဲ့ကျေးဇူးကြောင့် နေရာကလည်းကောင်းတာကိုး။
 မြောင်းတကာရွာမှာ ဝါဆိုပြီး SELT သင်တန်းတက်ခဲ့တယ်။ တစ်ပါးနေအဆောင်နဲ့နေကြရပြီး မလေးရှားပိတောက်ပင်တွေဝိုင်းရံနေတဲ့ အဆောင်တွေကြားမှာနေခဲ့ရတယ်။ သစ်ပင်တွေပေါများသည့်နေရာနေမှာနေရသည်မို့ အေးအေးချမ်းချမ်လည်းရှိတာပေါ့။ စာကြည့်ခုံတွေ၊ အနားယူစရာနေရာတွေ၊ လျှောက်လမ်းဘေးတွေမှာလည်း ပန်းပင်တွေအမျိုးမျိုးစိုက်ထားကြတယ်။ စာသင်ခန်းမဘေးကဆိုရင် အာစီယံသပြေစိုက်ခင်းကြီးရှိတယ်။ လျှောက်လမ်းဘေးတွေမှာဆိုရင် စွယ်တော်ပွင့်တို့ နှင်းဆီတို့နဲ့ နာမည်မသိတဲ့ပန်းပွင့်သေးသေးလေးတွေက အပင်လိုက်၊ အရုံလိုက် အလုအယပ်ပွင့်နေတာတယ်။ အရောင်တွေလည်းစုံတယ်။ အနီရောင်အနီရောင်၊ အဖြူရောင်ဆိုအဖြူရောင်၊ အဝါရောင်ဆိုအဝါရောင် တစ်ပင်လုံး နီရဲနေတာ၊ ဖြူဆွတ်နေတာ၊ ဝါထိန်နေတာတွေမြင်ရတယ်။ မိုးတွင်းမို့လားမသိဘူး ပန်းတွေကလည်းပွင့်လိုက်ကြတာ၊ လမ်းတွေက ပန်းခင်းလမ်းမဟုတ်ရုံတစ်မယ်ဘဲ ပန်းမျိုးစုံဝိုင်းရံထားသည့်လမ်းတွေဖြစ်နေတော့တာပဲ။
စာသင်နားချိန်မှာ အပျင်းပြေရေးခဲ့မိတာလေးက
သူပါဘဲ
သူပါဘဲ အရွယ်ငယ်ငယ် သူ့ဟန်စွယ်နဲ့ တင့်တယ်နေတာ ပင်ထက်မှာပေါ့
သူပါဘဲ ပွင့်ချပ်ငယ်ငယ် သူ့အရွယ်နဲ့ ပင်ငယ်ထက်မှာ လှနေတာပေါ့
သူပါဘဲ အပင်ငယ်ငယ် လှသွေးကြွယ်၍ ခွန်အားကြွယ်ဝ ကြည့်မဝခဲ့
အပင်လည်းငယ် လှသွေးလည်းကြွယ် ပွင့်ချပ်ငယ်ဖြင့် တင့်တယ်နေတာ ငါတို့သင်တန်း ခန်းမဘေးက (ပန်းပွင့်ငယ်လေး) သူပါဘဲ သူပါဘဲ
11.7.2017
၁၅-ရက်မှာ ရွာထဲလေ့လာရေးဆင်း၊ ၂၃-ရက်နေ့မှာ အလင်းအိမ်ခြံကိုလေ့လာရေးသွား၊ ၃၀-ရက်နေ့မှာတော့ ရန်ကုန်အမျိုးသားပြတိုက်မှာ လေ့လာ။ 
ရွာထဲလေ့လာတော့ ရပ်ရွာရဲ့အခြေအနေ၊ သမိုင်းကြောင်း၊ စီးပွားရေး၊ လူမှုရေးစသည်များကို အင်္ဂလိပ်လိုလေ့ကျင့်ပြီး ပြန်လည်တင်ပြကြတာပေါ့။ အလင်းအိမ်ခြံမှာက ဆရာနော်အောင်နဲ့အကြာကြီးစကားပြောဖြစ်တယ်။ ဘာလို့ အဲလိုနေရာတွေမှာနေတယ်။ သူတို့ရဲ့ရည်ရွယ်ချက်တွေ၊ တန်ဖိုးထားမှုတွေ၊ ခံယူချက်တွေ သိခွင့်ရခဲ့တယ်။ ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းချင်သည့် သူတို့ရဲ့စိတ်တွေကိုလည်း လေးစားခဲ့ရပါတယ်။ ဆရာသက်နိုင်ဆီလည်းရောက်တယ်။ လောင်စာဆီကအစ၊ အဝီစိတွင်းထဲကရေထုတ်တာကအဆုံး ဘာစက်မှမသုံးဘဲ၊ ဘယ်ရေနံဆီ၊ ဘယ်ဒီဇယ်မှမသုံးဘဲ သဘာဝအတိုင်းရေသန့်တွေလုပ်တာ မြင်ခဲ့ရတယ်။ ဧည့်လမ်းညွန် ဆရာအောင်မျိုးဝင်းရဲ့လမ်းပြမှုနဲ့ ရန်ကုန်အမျိုးသားပြတိုက်ထဲမှာ သိချင်တာတွေ၊ သိစရာတွေကို သိခဲ့ရတယ်။ မြန်မာနိုင်ငံက ခေတ်အဆက်ဆက်ကစာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ သမိုင်းအကြောင်းအရာ၊ တိုင်းရင်းသားအကြောင်းအမျိုးမျိုး၊ ခေတ်အဆက်ဆက်ကအသုံးအဆောင် စသည်များစွာသိခဲ့ရတယ်။ ဆရာအောင်မျိုးဝင်းက စိတ်ရှည်လက်ရှည်ရှင်းပြခဲ့တယ်။
ဒေသမတူတဲ့သံဃာတော်တွေနဲ့အတူနေခဲ့ရတယ်။ မတူညီမှုအပေါ်အများကြီးသင်ယူခွင့်ရခဲ့တယ်။ ညတိုင်းလိုလိုစကားတွေပြောဖြစ်တယ်။ ခေါင်းစဉ်မပါ၊ တွေ့ကရာပြောတဲ့စကားဝိုင်းများက သင်ယူစရာတွေ အများကြီးရခဲ့တယ်။
ဇူလိုင်လမှာတော့ ပုညကာရီမှာဘဲ ပျော်ရွှင်စွာသင်ယူလေ့လာခွင့်တွေအများကြီးရရှိခဲ့တယ်။
August
မြောင်းတကာဓမ္မစကူးလ်ဖွင့်ပွဲတက်ရောက်ခဲ့ရတယ်။ မြောင်းတကာကဆရာတော်များ ဓမ္မစကူးလ်အတွက် တက်တက်ကြွကြွလုပ်ဆောင်ကြတာကို တွေ့ရှိခဲ့ရပါသည်။ ဝါတွင်းမှာမြောင်းတကာရွာရှိ ဆရာတော် သံဃာတော်များလည်း ညီညွတ်စွာနေထိုင်ကြသည်ကို တွေ့ရှိခဲ့ရပါတယ်။ ဆရာမကေသီမင်းဒင်ရဲ့ပင့်လျှောက်ချက်အရ ၈-ရက်နေ့မှာ MCC ထဲလေ့လာခွင့်ရခဲ့တယ်။ သင်တန်းသားများနဲ့လည်း တွေ့ဆုံခဲ့ရသလို စာကြည့်တိုက်ကိုလည်း လေ့လာခွင့်ရရှိခဲ့ပါတယ်။ လူတွေနဲ့များများတွေ့တော့ လူတွေအကြောင်းကိုပိုသိလာရတာပေါ့။ မတူကွဲပြားမှုတွေကြားက လူမှုဘဝတို့ရဲ့ အခြေအနေတွေ သိခဲ့ရတယ်။
နိုင်ငံခြားသားတွေနဲ့လည်း အများဆုံးတွေ့ခဲ့ရသည့်လလည်းဖြစ်တယ်။ မိုးလည်းအရမ်းရွာတယ်။ နေလည်း သာတယ်။ ပြည်တွင်းကသင်တန်းနည်းပြအမျိုးမျိုးရဲ့သင်ကြားမှုအောက်မှာ တက်ရောက်ခွင့်ရခဲ့သလို နိုင်ငံခြားကလာသည့် သင်တန်းနည်းပြများရဲ့သင်ကြားမှုများကိုလည်း လေ့လာခွင့်အများကြီးရခဲ့တယ်။ သင်ကြားမှုစတိုင်အမျိုးမျိုး၊ အကြောင်းအရာအမျိုးမျိုးတွေ မသင်ခဲ့ဖူးတာတွေ သင်ခဲ့ရတယ်။
ဥပမာ- ပြည်တွင်းနည်းပြတွေထဲက ဆရာစိုင်းဆမ်ခမ်းဆိုရင် စာပေသမား။ ကဗျာကိုတော်တော်နှစ်သက်တဲ့သူ။ အနုအရွအလှအပတွေ တော်တော်ကျွမ်းကျင်တဲ့သူ။ သူကကဗျာတွေသင်တယ်။ မြန်မာကဗျာကို အင်္ဂလိပ်လိုပြန်တယ်။ အင်္ဂလိပ်ကဗျာကဘယ်လိုရှိတယ်။ ကဗျာတွေရဲ့နောက်ခံသမိုင်းကိုရှင်းပြတယ်၊ ကဗျာဆရာတွေရဲ့ဆိုလိုချက်ကဘယ်လိုရှိတယ် စသည်ပေါ့။ အခြားအခြားဆရာတွေလည်း မတူတဲ့ကိုယ်ပိုင်သင်ကြားမှု၊ နောက် Message လေးတွေပေးသွားကြတာ အရမ်းကိုစိတ်ဝင်စားဖို့ကောင်းတယ်။
ပြည်ပဆရာတွေထဲကဆိုရင် Julian ဆိုရင်ကမ္ဘာကြီးအကြောင်း၊ ဂြိုဟ်တွေအကြောင်းတွေသင်ပြီး James ဆိုရင်  နိုင်ငံရေးအကြောင်းတွေသင်တယ်။ သူကမြန်မာနိုင်ငံရဲ့နိုင်ငံရေးအကြောင်းကိုလေ့လာပြီး ဒေါက်တာဘွဲ့ယူမည့်သူလည်း ဖြစ်တယ်လေ။ သူတို့ကျင်လည်ကျက်စားနေတဲ့အကြောင်းအရာတွေသင်ပေးတော့ စိတ်ဝင်စားစရာပိုကောင်းတာပေါ့။ သူတို့နဲ့ပြောခဲ့ဆိုခဲ့၊ တွေ့ကြုံခဲ့ရစဉ်ကအမှတ်တရများကို မှတ်တမ်းထဲမှာတော့ အများကြီးပါဘဲ။ စာသင်ချိန်ထဲကမဟုတ်တဲ့ သီးသန့်နားချိန်၊ အထူးသဖြင့် နေ့လည်စာစားပြီးချိန်ဆိုရင် သူတို့တွေအနားယူလေ့မရှိကြတော့ စကားတွေအမျိုးမျိုးပြောဖြစ်ခဲ့တယ်။ သူတို့နိုင်ငံတွေအကြောင်း၊ သာရေးနာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး အမြင်များကိုလေ့လာခွင့်ရရှိခဲ့တယ်။
အောဂတ်စ်လကရေးခဲ့တဲ့စာတွေထဲကတစ်ချို့ကို ဖော်ပြရရင်
သက်ဆိုင်သူသို့
မီးမပျက်တဲ့ညတွေမှာ ကိုယ်ဟာ အိပ်ရေးပျက်တတ်သူတစ်ဦးပါ။
အတွေးနက်နေတဲ့နံနက်ခင်းတိုင်းမှာ နံနက်စာစားဖို့မေ့တတ်သူတစ်ဦးပါ။
ဆူညံနေတဲ့နေ့ရက်တွေတိုင်းမှာ ကိုယ်ဟာပတ်ဝန်းကျင်ကို မေ့တတ်သူတစ်ဦးပါ။
တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာ အတွေးများနဲ့နောက်ကျတတ်သူတစ်ဦးပါ။
ဆည်းဆာအရောင်သန်းနေတဲ့ညနေခင်းကိုမြင်လျှင် ဖုန်းဆက်ဖို့ချိန်းထားခဲ့ရင်တောင် မေ့တတ်သူတစ်ဦးပါ။
ကိုယ့်ရဲ့မှားယွင်းမှုတွေအားလုံးဟာ အကြောင်းပြချက်မလိုဘဲ ပြည့်စုံနေလျက်ပါ။
Nandiya Bhikkhu 8.8.2017
ရာသီစာ စားသုံးခြင်း
မိုးသည်းတဲ့အခါ မိုးစဲဖို့စောင့်နေခဲ့ရတာရှိသလို မိုးနည်းတဲ့အခါ မိုးဖွဲလေးတွေကို အားမရတာလည်း ရှိခဲ့ဖူးတယ်။ ဒါပေမယ့် မိုးကိုတော့ ကိုယ်အပြစ်မတင်ခဲ့ဖူးပါဘူး။
အအေးဓာတ်လွန်ကဲရင် မနေရဲလောက်အောင် ချမ်းခဲ့ဖူးသလို အအေးဓာတ်ပေါ့ခဲ့ရင် အဓိပ္ပါယ်မဲ့သည့်ဆောင်းလို့ ပြောခဲ့ဖူးတယ်။ ဒါပေမယ့် ဆောင်းကိုတော့ ကိုယ်အပြစ်မတင်ခဲ့ဖူးပါဘူး။
အရမ်းပူတဲ့နေ့တွေမှာ အရိပ်ထဲမှာဘဲအချိန်ကုန်ခဲ့ပြီး အပူပေါ့တဲ့နေ့တွေမှာ နေရိပ်မှာလမ်းလျှောက်ခဲ့တယ်။ ဒါပေမယ့် နွေကိုတော့ ကိုယ်အပြစ်မတင်ခဲ့ဖူးပါဘူး။
မိုးရာသီမှာ မိုးလုံတဲ့နေရာ
ဆောင်းရာသီမှာ လေလုံတဲ့အဆောင်
နွေရာသီမှာ အရိပ်ရသည့်သစ်တစ်ပင်လောက်တော့ လိုချင်တယ်။
မိုးမလုံတဲ့နေရာ လေမလုံတဲ့အဆောင် အရိပ်မရသည့်သစ်ပင်အောက်မှာဆိုရင်
ဒီရာသီသုံးပါးကို ကိုယ်မဖြတ်ကျော်ချင်တာတော့ အမှန်ဘဲ။
12.8.2017
ကဗျာ
ခံစားချက်ရဲ့ကိုယ်စား စကားလုံးများကို လိုက်ရှာရင်း တစ်ချို့ပန်းတွေ ညိုးနွမ်းသွားကြတယ်။
ခံစားချက်ရဲ့ကိုယ်စား စကားလုံးများကို ထုတ်ဖော်ရင်း တစ်ချို့ပန်းတွေ နင်းချေခံရတယ်။
ခံစားချက်ရဲ့ကိုယ်စား စကားလုံးများကို ကစားရင်း တစ်ချို့ပန်းတွေ စွန့်ပစ်ခံရတယ်။
ခံစားချက်ရဲ့ကိုယ်စား နှလုံးသားကို ခုတုံးလုပ်ပြီး စကားလုံးတွေနဲ့ သိပ်မကြွားမိစေနဲ့နော်။
21.8.2017
စာပြန်ဖတ်ပြီးလက်ပြန်ကြည့်ပြီး လက်ကအသမာတွေနဲ့ပါ မနုပါဘူးလို့ပြောမိသွားတယ်။ အောဂတ်လမှာ ဆွေးနွေးပြောဆိုရာကတစ်ဆင့် အမြင်သစ်၊ ရှုထောင့်ဆန်းဆန်းလေးတွေကိုလည်း သိခဲ့ရသလို စာလည်းကောင်းကောင်းဖတ်ခဲ့ရပါတယ်။
September
အရင်လလိုဘဲ လာသည့်လူတွေရော၊ အမာခံဆရာဘိုနဲ့ ဒေါ့ဖ်ဖင်စ် နဲ့ရော သီတင်းသုံးဖော်အချင်းချင်းရော ပြောကြဆိုကြဆွေးနွေးကြတာ ပြောစရာတွေက တစ်ရက်ပြီးတစ်ရက် မကုန်နိုင်၊ မခမ်းနိုင်ဖြစ်ခဲ့တယ်။ အကြောင်းအရာတွေလည်းမထပ်၊ စိတ်ဝင်စားစရာအသစ်တွေလည်း ပေါ်လာတယ်။ တစ်ခါတစ်လေ မအိပ်ဘဲ တစ်ညလုံးထိုင်ပြောချင်စိတ်ပေါက်သွားတဲ့အထိဘဲ။ စကားပြောလွန်းလို့ ခင်တဲ့တစ်ချို့ ဦးဇင်းတွေက နားလိုက်ပါဦးလို့ ခနဲ့တာကိုခံလိုက်ရသေးသည်။
ဆရာဘိုဆိုရင် မေးတာများလွန်းလို့ အားတောင်နာရတယ်။ အခြားဆရာတွေလည်း အဲလိုဘဲ။ ကစ်ကစ်က ပညာရေးပရောဂျက်ကိုင်နေတော့ ကိုယ်မသိတဲ့ပညာရေးအကြောင်းမေး၊ သဇင်အောင်ကလည်း အခြေခံလူထုဖွံ့ဖြိုးရေးအလုပ်လုပ်နေတော့ ကိုယ်မသိတဲ့ဖွံ့ဖြိုးရေးအကြောင်းကိုမေး စသည်စသည်။ လေ့လာစရာတွေက လေ့လာလေမကုန်လေဆိုတာကိုလည်း ပိုသိလာတယ်။ Channa Pak ကို ကမ္ဘောဒီးယားကအကြောင်း၊ Sarah ကိုအိန္ဒိယအကြောင်း နဲ့သူတို့ရဲ့ လူမှုဘဝအကြောင်းတွေကို ပြည်တွင်းပြည်ပက နည်းပြတွေဆီမှာ လေ့လာခွင့်တွေအများကြီးရခဲ့တယ်။
ပဲခူးမှာ ၂၂ ကနေ ၂၄အထိ လုပ်တဲ့ Sangha Peace Fellowship workshop ကိုလည်းတက်ခဲ့သေးတယ်။ စိတ်ဒဏ်ရာကုစားခြင်းသင်တန်းကဆင်းတဲ့သံဃာတွေပြန်တွေ့သည့်ပွဲလည်းဖြစ်တယ်။ မတွေ့့တာကြာပြီဖြစ်တဲ့ ပိဋကတ်တော်မြန်မာပြန်စာအုပ်နဲ့ပြန်တွေ့လိုက်ရတယ်။
စက်တင်ဘာလကရေးခဲ့တဲ့စာလေးတစ်ချို့က
ရောဂါ
ရင်ဘတ်နာကျင်တဲ့အထိ မောက်ပြီးအကြံထုတ်ခဲ့ပေမယ့်
ခြေမျက်စိပွန်းသည့်အထိ ထိုင်ပြီးအကြံထုတ်ခဲ့ပေမယ့်
ခြေထောက်ညောင်းလာသည့်အထိ လမ်းလျှောက်ပြီးအကြံထုတ်ခဲ့ပေမယ့်
အတွေးတိမ်သွာတဲ့နေ့ရက်များမှာဆိုရင် ကိုယ်ဟာဘာမှအရာမဝင်ပါဘူး။ ဟိုဟာဟုတ်နိုးနိုး ဒီဟာမှန်နိုးနိုးနဲ့ လက်လွတ်စပါယ်တွေးလေ့ရှိသူ။
(လက်လွတ်စပါယ်ပြောမိတဲ့စကားများဟာ- မင်းအတွက်အထိနာသွားရင် ခွင့်လွတ်ပါလို့ အဝေးရောက်နေချိန် တောင်းပန်ချင်ပါသည်လို့ နာမည်မသိသူကို လက်လွတ်စပါယ်တောင်းပန်တတ်သလိုမျိုး)။
သွေးဆူနေတဲ့နေ့ရက်တွေမှာတောင် လေပြေလေညှင်းတွေချော့တိတ်ရင်တော့ ပြန်လန်းဆန်းတတ်တဲ့သူမျိုးပေါ့။
13.9.2017
ဆု
ကောင်းကင်တစ်ပြင်လုံးမှာရှိတဲ့ ကြယ်တွေအကုန်ကြွေလို့ မင်းရဲ့ခြေရင်းမှာ စုပုံပြီးကျရောက်လာသည့်အခါ
မင်းရှုရှိုက်နေတဲ့လေတွေညစ်ညမ်းနေလို့ မနက်လင်းရောင်ခြဉ်တွေက တိုက်ခတ်ဖယ်ရှားပေးပြီး ကမ္ဘာပေါ်မှာရှိတဲ့ အောက်ဆီဂျင်တွေ မင်းရှိရာဆီ စုပုံပြီးရောက်လာသည့်အခါ
ကမ္ဘာပေါ်မှာဖြစ်နေတဲ့စစ်ပွဲ၊ လူသားတွေကြောက်နေကြတဲ့ နျူကလီးယားလက်နက်တွေကို မင်းခြေမကလေးနဲ့ လှုပ်ခါလိုက်ရုံနဲ့ အကုန်ပျောက်သွားတဲ့အခါ
အရာရာတိုင်းဟာမင်းကြောင့်ပြည့်စုံရတယ်လို့ လူတွေထင်မြင်ယူဆကြတဲ့အခါ
ညီလေး အစ်ကို ယုံပါတယ်၊ မင်းဟာမာန်တက်မည့်သူမဟုတ်ပါဘူး။ ကျရှုံးခဲ့ရင်လည်း မင်းကဖြုံမယ့်ကောင် မဟုတ်ပါဘူး။ ဒါကြောင့် မင်းကို ယောင်္ကျားပီသတယ်လို့ ပြောတာပေါ့။
15.9.2017
အိပ်မောသံ
တဆစ်ဆစ်ကိုက်နေတဲ့အရိုးထဲက မြည်ဟီးသံ
ရှုရှိုက်နေတဲ့ဝင်သက်ထွက်သက်တို့ရဲ့ ငိုကြွေးသံ
တဆက်ဆက်တုန်နေတဲ့ကိုယ်ခန္ဓာနဲ့ အဝတ်အစားတိုရဲ့ ပွတ်တိုက်နေသည့်အသံ
တစ်လောကလုံးကြားအောင် အသံအကျယ်ဆုံးအော်ဟစ်နေတဲ့ မျက်နှာပေါ်က ခြင်တစ်ကောင်ရဲ့ ရစ်ဝဲသံ
လှုပ်မရသည့်ခန္ဓာကိုယ်ပေါ်က ခေါင်မိုးကိုထိုးဖောက်ပြီး ကျရောက်လာသည့် အအေးဆုံးမိုးစက်များ
ဘာမှန်းမသိဘဲ ရောထွေးနေသည့် မမြင်ရသည့်အပြင်ဘက်ကအသံများ
အိပ်မက်ဆန်ဆန် ကောင်းကင်ပေါ်မှာ ပျံသန်းလာသည့် သားရဲရုပ်ပုံများ
နှစ်ခါပြန်မရသော အံ့သြဖွယ်ပုံရိပ်တွေကိုငေးကြည့်ရင်း တစ်ခုခုကိုလုပ်ဖို့ တွန့်ဆုတ်တွန့်ဆုတ်နဲ့ တွေဝေစွာ ပုံရိပ်ပေါ် ငါရစ်ဝဲနေသည်။
28.9.2017
စက်တင်ဘာမှာရေးတဲ့စာတွေက အော်ဂတ်စ်လနဲ့မတူတာတွေတွေ့ရတယ်။ သိပ်မနုတော့ဘဲ ခပ်စွာစွာဖြစ်နေသလားထင်ရတယ်။ အကောင်းကြီးမဟုတ်တာတော့ သိတယ်၊ ဒါပေမယ့် ပြန်ရေးပါလို့ဆိုရင် ပြန်ရေးတတ်မှာ မဟုတ်ဘူး။
October
အောက်တိုဘာမှာ သုံးလတာသင်တန်းပြီးတော့ ၂-ရက်နေ့မှာ နှုတ်ဆက်ပွဲလုပ်တယ်။ သင်တန်းနဲ့ပတ်သက်ပြီး ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ကြောင်း အင်္ဂလိပ်လို မတောက်တစ်ခေါက်ရေးခဲ့သေးတယ်။ အဲဒီစာထဲက ကျေးဇူးတင်ခံသရသည့်သူများကိုပြန်ကြည့်တော့  စီစဉ်ပေးသည့် ကလျာဏမိတ္တဖောင်ဒေးရှင်းနဲ့လက်ခံပေးကူညီပံ့ပိုးပေးသည့် မြောင်းတကာဆရာတော်နဲ့ ပုညကာရီဆရာတော်တို့လည်းအပါအဝင်ပေါ့၊ ပြည်တွင်းသင်တန်းနည်းပြတွေက ကလျာဏမိတ္တဒါရိုတ်တာ ဆရာဘိုဘိုလွင်၊ မေတ္တာဖောင်ဒေရှင်းဒါရိုက်တာ ဆရာစိုင်းဆမ်ခမ်း၊ ဒါနရှေ့ဆောင်မြန်မာရဲ့မရောဂျက်ဒါရိုက်တာ ဆရာမသဇင်အောင်၊ ယူနီစကိုကဒါရိုက်တာ ပုံ့ပုံ့ (အင်မီလီ)၊ ဧည့်လမ်းညွန် ဆရာအောင်မျိုးဝင်း၊ ဖောင်တော်ဦးက ဆရာမတင်မမထက်၊ ဆရာ ကိုထွန်းလင်းခိုင်၊ ဆရာမနမ့်အေးမြတ်မွန်၊ ဆရာမကစ်ကစ်(အိအိဖြိုးလွင်)၊ နန်းညိုခမ်း၊ ဆရာမကေသီမင်းဒင် နဲ့အမာခံဆရာဟန်ဇော်ထွန်းတို့ဖြစ်ပါတယ်။ ပြည်ပနည်းပြများကတော့ Ted,Joe and Emmy from USA, Walah from Tailand, Julian from Colambea, James from Austalia, Vereonica(နေခြဉ်) from France, Jana from England, Anna Lena from Germaney, Chanda Pak from Combodia and Sarah Maydee from Indea တို့ဖြစ်ပါတယ်။ လာကူညီပေးခဲ့သည့်စေတနာဝန်ထမ်းများကတော့ အိမ်သူခင်၊ ကိုဆန်းမြင့်အောင်၊ ကိုရဲ၊ ဟိန်းရာဇာ၊ ကိုဥက္ကာဖြိုး နဲ့သားသားစသည့် သူများဖြစ်ပါတယ်။
မန္တလေးမှာနေတုန်းကဆိုရင် အားရင်ဘုရားကြီးကိုအတူသွားတတ်သည့် မတွေ့တာလည်းကြာပြီဖြစ်တဲ့ ဦးဇာဂရနဲ့အတူ သူလည်းရန်ကုန်မှာဆိုတော့ သီိတင်းကျွတ်လဆန်း(၁၄)ရက်က ရွှေတိဂုံဘုရားကို အတူသွားဖူးခဲ့တယ်။ မန္တလေးမှာလိုမဟုတ်ပေမယ့် လမ်းလျှောက်ရင်းတွေ့တုန်းဆုံတုန်း ဘာသာရေး၊ သာသနာရေးအကြောင်း အားမလို့အားမရဖြစ်တာတွေလည်း ပြောလို့မဆုံးနိုင်သေး။ ရဲဘော်ရဲဘက်တွေမို့ တွေ့တုန်းဆုံတုန်း အားရပါးရပြောကြတာပေါ့။
၂၀ ရက်နေ့မှာက Kayah Resort ဟိုတယ်မှာ ကျားမအခြေပြုအကြမ်းဖက်မှုပပျောက်ရေးဆွေးနွေးပွဲ၊ ဗုဒ္ဓဘာသာဘက်က Penalist လုပ်လိုက်ရသေးတယ်။ အမှတ်တရလို့ပြောလို့ရသည့်အရာကတော့ ဖယ်ခုံမှာတကယ်လှုပ်ရှားနေသည့်လူငယ်တစ်ချို့ကို သိခဲ့ရတယ်၊ နောက်ပြီးတော့ နာမည်သာကြီးပြီး လူပျောက်နေတဲ့ ဖယ်ခုံသူ မေရီခိုင်ကို အဲဒီပွဲမှာဘဲ သိခဲ့ရတယ်။ Care အဖွဲ့အကြောင်းကိုလည်း သိခဲ့ရတယ်။
ဖယ်ခုံရဲ့ရေလယ်ကျွန်းဖြစ်လာသည့်လွယ်ပန်းစုံကိုလည်း ဦးကိတ္တိသာရရဲ့အကူအညီနဲ့ရောက်ဖြစ်ခဲ့တယ်။ လွယ်ပန်းစုံမှာနေ့ချင်းပြန်ဖို့သွားရာကနေ လေးရက်ကြာသွားတယ်။ ဆရာတော်ဦးသီလာစာရတို့နဲ့လည်း ခင်မင်ခွင့် ရင်းနှီးခွင့်ရခဲ့တယ်။ တိတ်ဆိတ်တဲ့နေရာကိုနှစ်သက်တဲ့သူမို့လားမသိဘူး၊ ဟိုတယ်ဇုန်လာတော့မယ် ဆိုတဲ့သတင်းလည်း ကြားဖြစ်အောင် ကြားလိုက်သေးတယ်။ ဟိုမှာတိတ်ဆိတ်တာနဲ့ စာတွေဘာတွေဖတ်၊ အပြန်မှာ ဦးသီလာစာရရဲ့အချိတ်အဆက်နဲ့ စာအုပ်ဆိုင်မှာစာအုပ်တွေဝင်ငှားလိုက်သေးတယ်။
၂၉၊၃၀ မှာတော့ ထွန်းလွင်တို့လုပ်တဲ့ ဖယ်ခုံလူငယ် အလုပ်ရုံဆွေးနွေးပွဲကို လေ့လာခဲ့ရတယ်။ ကလျာဏမိတ္တရုံးကနေ ဆရာဘို၊ ဆရာသိန်းစိုး၊ မမြင့်မြင့်ထွန်းတို့လည်း ရောက်လာတယ်။ ဖယ်ခုံအတွက် အိပ်မက်ကလေးဆက်မက်ချင်ကြတာကိုလည်း သိရပါတယ်။
November
မန္တလေးကိုနှစ်ရက်၊သုံးရက်လောက်သွားရာကနေ တစ်ပတ်ကြာသွားတယ်။ မန္တလေးကနေ ရန်ကုန်ကို လေးရက်၊ ငါးရက်လောက်သွားရာကနေ နှစ်ပတ်ကြာသွားတယ်။ ဘယ်သူမှမသိတဲ့ လျို့ဝှက်ချက် အမှတ်တရတစ်ခုက အဲဒီနှစ်ပတ်သုံးပတ်အတွင်းမှာ သင်္ကန်းတစ်စုံတည်းပါတာမို့ အဲဒီတစ်စုံတည်းနဲ့ဘဲ ပေါ့ပေါ့ပါးပါးနေခဲ့ရတယ်။ သီရိလင်္ကာသွားဖို့ ဘုန်းကြီးဦးအဂ္ဂဓမ္မကို အကြံဉာဏ်လေးတောင်းရာကနေ၊ ဘုန်းကြီးဦးအဂ္ဂဓမ္မနဲ့ဆက်စပ်တဲ့ ဦးသစ္စန၊ ဦးသစ္စနနဲ့ဆက်စပ်တဲ့ ဦးဇောတိကတို့နဲ့ရင်းနှီးခွင့်ရခဲ့တယ်။ အကြံကောင်း၊ ဉာဏ်ကောင်းတွေပေးခဲ့ကြတယ်။ ဖားအောက်မှာခင်ခဲ့ရတဲ့ဦးသုန္ဒရ ရှိရာ မစိုးရိမ်ကိုလည်း ရောက်ခဲ့တယ်။ မစိုးရိမ်ရဲ့စာသင်သားလေးတွေကိုမြင်တော့ စားသင်သားဘဝထဲကို တစ်ခါလောက်ပြန်ခုန်ဆင်းချင်သည့်စိတ်တွေတောင်ပေါက်သွားတာပဲ။
ဆရာမကေသီမင်းဒင်ရဲ့ကျေးဇူးတွေနဲ့ ၂၄ ရက်နေ့မှာ ပြုလုပ်တဲ့ ဘာသာပေါင်းစုံမိတ်သဟာယအစီအစဉ်ပွဲကို ကူညီခွင့်ရခဲ့တယ်။ ဆရာဆရာမတွေကိုတွေ့ဆုံဆွေးနွေးခွင့်ရသည့်အခွင့်အရေးကို ရရှိခဲ့ပါတယ်။ ပွဲစီစဉ်သူရဲ့ ရည်ရွယ်ချက်ကိုလည်း သိခွင့်ရခဲ့ပါတယ်။ အားလည်းပေးခဲ့ပါတယ်။ မေတ္တာမဏ္ဍိုင်ကျောင်းဆရာတော်ရဲ့လုပ်ဆောင်ချက်များကိုလည်း သိခွင့်ရခဲ့တယ်။
တစ်ဆက်တည်းမှာဘဲ ၂၅၊ ၂၆ ရက်နေ့၊ နေပြည်တော်မှာပြုလုပ်တဲ့ Green Youth Assembly 2017 ပွဲကိုလည်း တက်ရောက်လေ့လာခွင့်ရခဲ့တယ်။ စိမ်းလန်းမြေနဲ့ကလျာဏမိတ္တတို့ရဲ့ပူးပေါင်းလုပ်ဆောင်မှုတွေက အင်မတန်မှထိရောက်ပါတယ်။ ကလျာဏမိတ္တဖောင်ဒေးရှင်းရဲ့သင်တန်းဆင်းတွေဖြစ်တဲ့ အခြေခံလက်လုပ်လက်စား တောင်သူတွေကိုယ်တိုင် ပါဝင်နေတာကိုတွေ့ရတယ်။ ဟိုတယ်မှာကျင်းပနေတဲ့ပွဲတွေတော်တော်များများက တကယ့်အခြေခံလူတန်းစားတွေပါဝင်ဖို့က မြင်ရခဲပါတယ်။ တက်လာတဲ့ပညာရှင်တွေကို တောင်သူလူငယ်တွေကိုယ်တိုင်မေးမြန်းပြောဆိုခွင့်ရှိခဲ့တယ်။ အားရစရာလည်း ကောင်းလှပါတယ်။
အဲဒီနေပြည်တော်ပွဲကအပြန် လက်ကျန်နိုဝင်ဘာရက်တွေမှာ ရန်ကုန်မှာစာအုပ်တွေလိုက်အလှူခံခဲ့တယ်။ နေပြည်တော်ဆွေးနွေးပွဲမှာ တွေ့ခဲ့ရသည့် Lawla ရဲ့အချိတ်အဆက်နဲ့ Point ကစာအုပ်တွေအများကြီး ရရှိခဲ့တယ်။ အော်တိုဘာ၊ နိုဝင်ဘာလတွေမှာ ရွာကကလေးတွေကိုစာဖတ်ဖို့စာအုပ်မရှိလို့ ပန်းချီဘဲဆွဲခိုင်းနေရတော့ ရန်ကုန်ရောက်တုန်း ကလေးတွေ၊ လူငယ်တွေအတွက်သင့်တော်မည့့်စာအုပ်တွေကို ရှာခဲ့သည်။ ဟိန်းရာဇာရဲ့ အကူအညီတွေနဲ့ COM, KMF, Spectrum နဲ့ပေါင်းကူးရုံးအထိရောက်ခဲ့တယ်။
နိုဝင်ဘာလမှာတော့ ဖယ်ခုံကနေ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်တို့မှာ မြို့ကြီးသားလုပ်ခဲ့ရတယ်။
December
ပထမဆုံးတစ်ရက်မှာတော့ ငါးကျမ်းပြန်ကနေ ရန်ကုန်တက္ကသိုလ်မှာပြုလုပ်တဲ့ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲကိုသွားခဲ့တယ်၊ စုံစုံလင်လင် ပါဝင်တာတွေ့ရတယ်။ စာအုပ်အရောင်းဌာနကို အဓိကသွားကြည့်ဖြစ်တယ်။
နောက်ရက်တွေမှာတော့ မဟာဝံသမှာနေပြီး မတူညီတာတွေကို နားလည်ကြစို့ ၁၊၂၊၃၊၄ ရေးဖြစ်ခဲ့တယ်။
ဖယ်ခုံပြန်လာပြီး တိုးချဲ့ဆရာတော်၊ မြို့ကုန်းဆရာတော်၊ ဦးကျော်သန်းတို့နဲ့ သာသနာရေးဌာနကဆရာတွေနဲ့ တွေ့ဆုံမေးမြန်းဆွေးနွေးခွင့်ရခဲ့တယ်။ ဖယ်ခုံအကြောင်းတစ်စေ့တစ်စောင်း သိခွင့်ရခဲ့တယ်။ အကြောင်းအရာတစ်ခုခုလေ့လာရင် ကိန်းဂဏန်းအချက်အလက်နဲ့ ခုနှစ်သက္ကရာဇ်၊ ရက်စွဲအတိအကျ ရဖို့ခက်ခဲနေတာကိုနေ့ရပါတယ်။ မှတ်တမ်းမှတ်ရာတွေသိပ်ဂရုမစိုက်ကြတာကိုသိရတယ်။ ဥပမာ- နှစ်အလိုက် ဖယ်ခုံဝါဆိုသံဃာစာရင်းကိုရှာလျှင် နှစ်အလိုက်ကိုအချုပ်မှတ်တမ်းတင်ထားတာမျိုး၊ မှတ်ထားတာမျိုးမရှိဘဲ မူရင်းစာအုပ်ကို ပြန်ရှာရတယ်။ စာအုပ်မတွေ့ရင်တော့ မသိတော့ဘူး။ အင်တာနက်တွေသုံးတယ်။ ကွန်ပျူတာတွေကိုင်တယ်။ စာရင်းဇယားတွေလည်း ပြုစုတတ်တယ်။ ဒါပေမယ့် မှတ်တမ်းတင်တတ်တဲ့အလေ့အကျင့်တွေသိပ်မရှိကြတာတွေ့ရတယ်။ လိုအပ်လို့လိုက်ရှာရင် အစကနေပြန်ရှာနေရတယ်။
ဒီဇင်ဘာ (၁၀)ရက်ညမှာတော့ ထေရဝါဒကုန်းဆုံလူငယ်အဖွဲ့ရဲ့ အစိမ်းရောင်ပျိုးခြံ အဖွဲ့ဝင်များ ပျိုးခြံအတွက်အစီအစဉ်ရေးဆွဲကြတယ်။ ပထမအကြိမ်ကို လွန်ခဲ့သည့် နှစ်လပိုင်းကစလုပ်ကြတယ်။ အခုဒုတိယအကြိမ် အဖွဲ့ဝင် (၁၀)ဦးပါဝင်လာတယ်။ စိုက်ပျိုးရေးသင်တန်းဆင်းတွေ ဝိုင်းလုပ်ကတဲ့အစီအစဉ်တွေဖြစ်တယ်။ ဒီလိုပူးပေါင်းလုပ်တတ်တဲ့လူငယ်တွေများများပေါ်လာအောင် အားပေးသင့်တယ်လို့လည်းခံယူပါတယ်။
ဒီဇင်ဘာ(၁၃)ရက်၊ မွေးနေ့ရောက်တော့ ငယ်သူငယ်ချင်းဆိုလို့ သာသနာတော်မှာ တစ်ပါးသာကျန်တော့တဲ့ မွေတော်ဆရာတော် ဦးကေလာသကို ဆွမ်းကပ်ခဲ့ပါတယ်။ သူငယ်ချင်းတစ်ပါးရဲ့ရည်ရွယ်ချက်တွေ၊ လုပ်ဆောင်ချက်တွေကလည်း တစ်နှစ်ထက်တစ်နှစ်ပိုအားရလာတာကိုတွေ့ရတယ်။ လူမှုရေးသင်တန်းလည်း တက်ထားတော့ အရင်ထက်ပိုပြီးတက်ကြွလာတာကို တွေ့ရတော့ ဝမ်းသာခဲ့ရပါတယ်။ နောက်ပိုင်း မွေတော်ကျောင်း ကိုရင်တွေကိုလည်း သင်ကြားမှုပုံစံတွေပြောင်းလာလိမ့်မယ်လို့မျှော်လင့်ပါတယ်။  မတူတာတွေကိုနားလည်ကြစို့ ၅၊၆ ဆက်ရေးဖြစ်ခဲ့တယ်။
၂၀-ရက်နေ့မှာ ကုန်းဆုံ၊ စက်တော်၊ ပူချယ်က ဖွံ့ဖြိုးရေးသင်တန်းဆင်းလူငယ်တွေ့နဲ့တွေ့ဆုံခဲ့ပါတယ်။ ၂၀၁၅၊ ၅-လပိုင်းတုန်းကတစ်ခါလုပ်ခဲ့ဖူးတယ်။ အဲဒီနောက်ပိုင်းမှာတစ်ခါမှ မလုပ်ဖြစ်၊ အချင်းချင်းလည်းမတွေ့ဖြစ်။ သင်တန်းဆင်းချင်းတူပေမယ့်၊ နေရာချင်းမတူ၊ အလုပ်ချင်းမတူကြတော့ မတွေ့ဖြစ်ခဲ့ကြ။ အခုတော့ အစစအရာရာအဆင်ပြေစွာ တွေ့ဖြစ်ခဲ့တယ်။ ထေရဝါဒကုန်းဆုံလူငယ်အဖွဲ့ရဲ့ သုံးနှစ်ကျော်ကာလအတွင်းမှာ ဒုတိယအကြိမ် သုံးရွာပေါင်းတွေ့ဆုံခြင်းဘဲဖြစ်တယ်။ မိမိဒေသရဲ့အခြေအနေတွေကို ဖော်ထုတ်ပြီး မိတ်သယာဖွဲ့တဲ့ အစီအစဉ်ကို ပိုပြီးလုပ်ဖြစ်သွားခဲ့တယ်။ လူငယ်တွေအချင်းချင်းရဲ့ရင်းနှီးမှုတွေကို ပိုပြီးတည်ဆောက်နိုင်ခဲ့တယ်။
၂၁-ရက်ညမှာတော့ ရပ်ရွာအတွင်းမူးယစ်ဆေးဝါးကင်းစင်ရေး သက်ဆိုင်ရာရွာသူကြီးများနဲ့ရပ်မိရပ်ဖများ ၃၉-ဦး တက်ရောက်ဆွေးနွေးကြတယ်။ ၂၅-ရက်နေ့မှာတစ်ရွာလုံးအတည်ပြုကြတယ်။ ဝမ်းမြှောက်စရာသတင်းတွေကြားခဲ့ရလို့ ဝမ်းသာမှုက တစ်ဆင့်ပြီးတစ်ဆင့်။
ဒီလိုဒီလိုဝမ်သာရတဲ့ကာလတွေက သိပ်များနေတော့ ဖော်ပြဖို့ကသိပ်ခက်သွားလေရော။ ၂၀၁၇-ခုနှစ်ကာလရဲ့ ရှင်သန်မှုဟာအရမ်းကိုအဓိပ္ပါယ်ရှိလှပါတယ်လို့ ယုံကြည်တယ်။ ပတ်သက်၊ ယှက်နွယ်၊ ဆက်စပ်မှုရှိသောသူများအားလုံး ကိုယ့်ရဲ့ကျေးဇူးရှင်တွေလို့ခံယူပါတယ်။ အတွေ့အကြုံအသစ်၊ အသိပညာအသစ်တွေပေးခဲ့ကြတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါတယ်။
အားလုံးဘဲ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် လိုရာဆန္ဒပြည့်ဝကြပါစေ။
အရှင်နန္ဒိယ (ဖယ်ခုံ)
27.12.2017  10:45:00
၂၀၁၇ ထဲက အမှတ်တရများ 
January
February
March
April
ရွာငံက အမှတ်တရ
ပျားစည်က အတွေ့အကြုံ
Flipchart မရှိ
Colour paper မပါ
Softpin မရ
တောကျောင်း
သုဿာန်
May
9th AAA က ဆန်းတယ်
ဘာဘဲဖြစ်ဖြစ်
June
ဒီကြားထဲ
July
သူပါဘဲ
11.7.2017
August
သက်ဆိုင်သူသို့
ရာသီစာ စားသုံးခြင်း
12.8.2017
ကဗျာ
21.8.2017
September
ရောဂါ
13.9.2017
ဆု
15.9.2017
အိပ်မောသံ
28.9.2017
October
November
December
အရှင်နန္ဒိယ (ဖယ်ခုံ)
27.12.2017  10:45:00
https://www.facebook.com/search/top/?q=၂၀၁၇%20ထဲက%20အမှတ်တရများ&epa=SEARCH_BOX
Image may contain: 1 person, outdoor