ဘွဲ့လွန် မဟာဝိဇ္ဇာတန်းကို လာတက်လျှင်
ဒီစာကို မဟာဝိဇ္ဇာတန်းစာမေးပွဲဖြေပြီးကတည်းက ရေးဖို့စိတ်ကူးရှိခဲ့ပေမယ့် အခွင့်မသာခဲ့လို့ မရေးဖြစ်ခဲ့ ပါဘူး။ သိလို့တတ်လို့ရေးတာမဟုတ်လို့ အပြည့်အစုံကတော့ တင်ပြနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်မြင်တာ လေးဘဲ ရေးရတာဆိုပေမယ့်လည်း ဖတ်မိတဲ့သူတွေအတွက် အကျိုးရှိလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ သိပြီးသားသူတွေအတွက် သိပ်မထူးပေမယ့် မသိသေးသည့်သူနဲ့ သိချင်တဲ့သူတွေအတွက် လိုအပ်လိမ့်မယ်လို့ ယူဆပါတယ်။ သီရိလင်္ကာက မိမိရဲ့အတွေ့အကြုံကိုဘဲ အခြေခံပြီး ရေးသားပါတယ်။
မဟာဝိဇ္ဇာက ဘွဲ့လွန်အတန်းဖြစ်သည့်အတွက် လူတိုင်းဘွဲ့ရပြီးသူတွေဘဲဖြစ်ပါတယ်။ မဟာတန်းကို ဘာလို့လာတက်တာလဲ ဆိုတော့ ဒီဘွဲ့နဲ့အန်ဝင်ခွင်ကျဖြစ်မည့်အဖြေက ကိုယ်လေ့လာတဲ့ဘာသာရပ်မှာ ပိုပြီး အသေးစိတ်သိချင်လို့၊ ကိုယ့်နယ်ပယ်မှာ တစ်ဆင့်တိုး လေ့လာချင်လို့ လို့ဘဲဖြေရလိမ့်မယ်ထင်ပါ တယ်။ အခြေခံပညာရေးမှာ လူတိုင်း နိုင်ငံသားတိုင်း သိထားသင့်တဲ့ အခြေခံပညာတွေကို သင်ယူခဲ့ရပါ တယ်။ အခြေခံပညာရေးအဆင့် အောင်ပြီးတော့ တက္ကသိုလ်အဆင့်၊ ကောလိပ်အဆင့်မှာ ကိုယ်စိတ်ဝင်စား တဲ့ ဘာသာရပ်၊ ကိုယ့်အတွက်အသုံးဝင်မည့် ပညာရပ်ကို ရွေးချယ်ပြီး သင်ယူခဲ့ကြပါတယ်။ အဲဒီမှာ မေဂျာနဲ့မိုင်နာဆိုတာကို ရွေးရတာပေါ့။ အဓိကရွေးချယ်ထားတဲ့ စိတ်ကြိုက်ဘာသာရပ်ကို သင်ယူရသလို ဘေးကဘာသာရပ်တွေကိုလည်း ပါးပါးလေး လေ့လာရပါတယ်။ တက္ကသိုလ်အလိုက် သတ်မှတ်ချက်တွေ မတူညီပေမယ့် ကိုယ့်ဘာသာရပ်နဲ့ဆက်စပ်မည့် သို့မဟုတ် လိုအပ်မည့် အခြားဘာသာရပ်တွေကိုလည်း ၅ ခု ၆ ခုလောက် ရွေးချယ်ရပါတယ်။ တက္ကသိုလ်တွေကွဲရင်ကွဲသလို သတ်မှတ်ချက်တွေကွဲပါတယ်။ တစ်ချို့တက္ကသိုလ်ဆိုရင် ငါးခုခြောက်ခုတောင် မကပါဘူး။ သို့သော် ရွေးချယ်ခွင့်တွေပေးပါတယ်။ သင်ယူရမည့် ဘာသာက ခြောက်ခုဆိုရင် ပြဌာန်းထားတာက တစ်ဆယ်၊ တစ်ဆယ်ကျော် ဖြစ်ချင်ဖြစ်မယ်။ အဲဒီထဲ စိတ်ကြိုက်ခြောက်ခုရွေးဆိုတာမျိုး။ အဲဒါကိုအောင်မြင်သွားရင် ဘာသာရပ်အလိုက် သိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့၊ ဆေးကျောင်းစသည့် ဘွဲ့တွေ ရခဲ့ကြတာပေါ့။
ဘွဲ့ရပြီးရင် အလုပ်တွေဆက်လုပ်ကြပြီ၊ ကိုယ်လေ့လာထားသည့်ဘာသာရပ်နဲ့ လိုက်ဖက်တဲ့ အလုပ်တွေကို လုပ်ကြတဲ့အချိန်ပေါ့။ ကိုယ့်အဓိကသင်ယူထားတဲ့ဘာသာရပ်တွေ ရှိနေကြပြီပဲ။ ပညာလည်းသင်ပြီး ဘွဲ့လည်း ရပြီး ဖြစ်နေကြပြီလေ။ လက်တွေ့အသုံးချရမည့်အချိန်ပါပဲ။ မဟာဝိဇ္ဇာတန်းကို ဆက်မတက်ကြ တာများပါတယ်။ ဟုတ်ပါတယ်။ လူတိုင်းအတွက် လိုအပ်နေတာလည်း မဟုတ်တော့ဘူးလေ။ မဟာဝိဇ္ဇာတန်းက မသိမဖြစ် သိရမယ့်အရာ၊ မသင်မနေရ သင်ရမယ့်စာတွေမှ မဟုတ်တော့။ မလိုအပ်ဘဲနဲ့ ဘာလို့တက်နေမလဲ။ MA တို့ MSC တို့ဆိုတာက မရှိမဖြစ်လိုအပ်တဲ့အရာလား ဆိုတဲ့ မေးခွန်းကိုတော့ လူချင်းမတူရင် မတူသလို အဖြေတွေလည်း ကွဲသွားတာပေါ့။
ဒါဆိုရင် မဟာတန်းကို ဘာလို့တက်နေကြတာလဲ။ ဒေါက်တာဘွဲ့ဆိုတာကကော ဘယ်အတွက်ဆက်လုပ် ကြတာလဲ ဆိုတဲ့မေးခွန်းတွေကတော့ မဟာတန်းရောက်သူတိုင်း အဖြေတွေသိကြလိမ့်မယ်ထင်ပါတယ်။ မဟာတန်းဆိုတာ သူတို့အတွက် အမှန်တကယ်လိုအပ်လို့ သင်ယူကြတာပါ။ ဒီနယ်ပယ်ကို အခြေအနေ အရ ကိုယ်ရွေးချယ်ရုံနဲ့မဟုတ်ဘဲ စိတ်ဝင်တစားအသေးစိတ်လေ့လာချင်လို့ပါဘဲ။ အခြေခံပညာရေးမှာ လည်း ဘယ်လိုနေရမယ်၊ ဘယ်လိုသိရမယ်ဆိုတာတွေသင်ယူခဲ့ပြီးပါပြီ။ တက္ကသိုလ် သို့မဟုတ် ကောလိပ်မှာ ဘဝအတွက်လိုအပ်တဲ့ပညာတွေလည်း သင်ယူခဲ့ပြီးပါပြီ။ မဟာဝိဇ္ဇာတန်းမှာက ဘာသာရပ်အ သစ်တွေ မဟုတ်ဘဲ ဘာသာရပ်အဟောင်းတွေထဲမှာဘဲ ယေဘုယျဆန်နေလို့ ပိုပြီးတိတိကျကျ သိချင်လို့ ထပ်လေ့လာ သင်ယူနေရတဲ့ သဘောပါဘဲ။ အဲဒါကြောင့် မဟာဝိဇ္ဇာတန်းပြဌာန်းစာတွေက ကျောင်းသားတွေအတွက် နက်နဲတာတွေရှိပေမယ့် ခက်ခဲနေတာမျိုး မရှိပါဘူး။ အသင်အပြမကောင်းလို့ ဆရာကိုငြီးငွေ့တာ ပို့ချချက်တွေကို ငြီးငွေ့တာတို့ ရှိပေမယ့် ဘာသာရပ်ကိုတော့ ငြီးငွေ့နေတာမျိုး မရှိပါဘူး။ ဒီဘာသာကို ကိုယ်တကယ်စိတ်ဝင်စားလို့၊ တကယ်လိုအပ်မယ်ထင်လို့ လေ့လာနေတာဖြစ်နေလို့ပါ။ ဆရာသင်တာစိတ်မဝင်စားဘဲနဲ့ ဘယ်လိုလေ့လာမလဲလို့မေးရင်ရင် အွန်လိုင်းပေါ်မှာ Google နဲ့ အဖော်လုပ်တတ်ရင် ဘယ်အရာမှ မခက်တော့သည့်ခေတ်။
မဟာဝိဇ္ဇာတန်းမှာတော့ ဆရာအသင်အပြကိုအားကိုးတာထက် ကိုယ်တိုင်ရှာဖွေဖတ်ရှုလေ့လာဖို့က ပိုအရေးကြီးပါတယ်။ ပို့ချချက်တွေက ကိုယ်ဘာသာရပ်နဲ့ ဘယ်လောက်အရေးပါသလဲ၊ ဘယ်လိုဆက်စပ်မှု ရှိသလဲ၊ ဘယ်လိုအသုံးဝင်မလဲ ဆိုတာမျိုးကို ဆည်းကပ်ရပါတယ်။ ကိုယ်လိုချင်တာတစ်ခြား၊ ဆရာပို့ချနေ တာတစ်ခြားဆိုရင် အဲဒီဆရာကို ဒီလိုဒီလိုတွေ ပို့ချပေးပါဆိုတာမျိုး ပြောလို့ရပါတယ်။ ကျောင်းသားမှာအဲဒီ အခွင့်အရေးတွေ ရှိပါတယ်။ ပြောလို့မရရင် ရုံးကို စာတင်ပြီး ဆရာပြောင်းခိုင်းလို့ ရပါတယ်။ ကျောင်းသား အများစု လက်မှတ်ထိုးကြရင် လျင်လျင်မြန်မြန် ပြောင်းပေးပါတယ်။ ဆရာသင်တဲ့စာတွေကိုဘဲ လိုက်မှတ် နေရတဲ့အတန်းမဟုတ်တော့ပါဘူး။ ကိုယ်လိုချင်တဲ့ပုံစံကို ဆရာရွေးရတဲ့အတန်းဖြစ်ပါတယ်။
နောက်တစ်ခုက ဆရာပြောတာကိုလိုက်မှတ်ပြီး အခြေခံပညာရေးအတန်းလို စာမေးပွဲဖြေနေရတဲ့အတန်း လည်း မဟုတ်တော့ပါဘူး။ ကိုယ့်အာဘော် ကိုယ့်ပုံစံ ကိုယ်ပိုင်လေ့လာမှု ကိုယ်တိုင်ရှာဖွေတွေ့ရှိတဲ့အရာ တွေကို တင်ပြရတဲ့အတန်းဘဲ ဖြစ်ပါတယ်။ မဟာတန်းတွေမှာ တက်တဲ့ကျောင်းသားတွေက နောက်ခံချင်း လည်း တူကြမှာ မဟုတ်ပါဘူး။ တင်ပြပုံတွေလည်း ကွဲပါတယ်။ ကိုယ့်အကြောင်းကိုယ်ပြောနေတာမျိုး မဟုတ်ပေမယ့် လက်တွေ့ဆန်အောင် အခုတက်နေတဲ့အတန်းကို ဥပမာထားပြီး ပြောချင်တယ်။ အခုလော လောဆယ် စာရေးသူ နာဂါနန္ဒတက္ကသိုလ်မှာ တက်နေပါတည်။ ဘွဲ့လွန် ဒီမလိုမာသင်တန်း။ လောလော ဆယ် အမြဲလိုလို ဝိုင်းဖွဲ့ပြီး စကားပြောဖြစ်နေတဲ့ စာရေးသူတို့အဖွဲ့ ၆ ဦးရှိပါတယ်။ စာရေးသူ မြန်မာနိုင်ငံ၊ နောက်ထပ် ကမ္ဘောဒီးယားက ဘုန်းကြီးတစ်ပါး။ သီရိလင်္ကာက လေးဦး။ တစ်ဦးက ပလက်စတစ်စက်ရုံက မန်နေဂျာ၊ တစ်ဦးက ခန္ဓာကိုယ်ချို့တဲ့တဲ့ ကလေးဆေးရုံက ဆရာမတစ်ဦး၊ တစ်ဦးက ဆရာဝန် (Psychiatrist), တစ်ဦးက ဘိန်းတောဆရာမ။ ခြောက်ဦးလုံးရဲ့ နောက်ခံက တစ်မျိုးစီ။ အမြင်တွေလည်း တစ်မျိုးစီ။ နောက်ဆုံး သစ်စစ်ခေါင်းစဉ်ရွေးတော့ ပိုတောင်သိသာသေးတယ်။ ဆည်းကပ်ပုံ စိတ်ဝင်စားမှု တင်ပြပုံတွေက တစ်မျိုးစီ။ အတန်းချင်းတူပေမယ့် သင်ယူပုံက တစ်မျိုးစီ။ ဒါပေမယ့် ဒီသင်တန်းမှာ ကိုယ်တိုင်လိုအပ်ချက်ကိုယ်စီ သင်ယူလို့ရကြတယ်။ အခု စာရေးသူတို့ တက်နေတဲ့အတန်းက Postgraduate Diploma of Buddhist and Ayurveda for Psychiatry and counselling ဖြစ်ပါတယ်။ စာရေးသူက Buddhist psychiatry နဲ့ counseling အကြောင်းကို လေ့လာချင်လို့ ဒီအတန်းကို ရွေးချယ်တယ်။ စာရေးသူက မြန်မာနိုင်ငံက ဘုန်းကြီးတစ်ပါး။ ဟိုဆရာမဆိုရင် Bsc နဲ့ကျောင်းပြီးထားတာ ဘီအေနဲ့မဟုတ်ဘူး။ Listening and speaking science လို့ပြောတာပဲ။ အဲဒါကြောင့် စကားမပြောနိုင်တဲ့ ကလေးကို စကားပြောအောင် လေ့ကျင့်ပေး၊ စကားပြောပေး၊ နားထောင်ပေး စတဲ့အလုပ်တွေ ဆေးရုံမှာ အလုပ်လုပ်နေတယ်။ ဘာလို့ဒီအတန်းကို ရွေးချယ်တာလဲဆိုတော့ psychiatry & counseling က သူ့အလုပ်နဲ့ အသုံးဝင်တယ်။ ဒီဘာသာရပ်ကို စိတ်လည်း ဝင်စားလို့ တက်တာဖြစ်တယ်။ Psychiatrist နဲ့ ဟိုဘိန်းတောဆရာမကတော့ ပြောစရာမလိုဘူး။ တိုက်ရိုက်ကို သက်ဆိုင်တယ်။ နောက်ပြီးတော့ ပလက်စတစ်စက်ရုံမန်နေဂျာကတော့ သိပ်မဆိုင်ဘူးလို့ ပြောလို့ရတယ်။ သူကတော့ အသက်ကြီးပြီး။ ငါးဆယ်ကျော်၊ သို့မဟုတ် ခြောက်ဆယ်လောက်တော့ရှိပြီ။ မေးကြည့်တော့ သူကပြောတယ်။ ကျန်းမာရေး လိုက်စားချင်လို့ နောက်ပြီးတော့ ဗုဒ္ဓဘာသာရဲ့အဆုံးအမနဲ့ ပိုနီးစပ်ချင်လို့ လေ့လာတယ်လို့ဆိုပါတယ်။ ကမ္ဘောဒီယားဘုန်းကြီးကတော့ ကျောင်းမှာ ခန္ဓာကိုယ်မသန်စွမ်းတဲ့ ကလေး သုံးလေးဆယ်ရှိတယ်။ စာသင်ပေးရတယ်။ counselor လည်း လိုအပ်နေတယ်လို့ဆိုပါတယ်။ အားလုံးက ကိုယ့်အကြောင်းနဲ့ကိုယ် ဒီအတန်းနဲ့ ဆက်စပ်တဲ့သူတွေချည်းပါပဲ။
ကျောင်းသားတွေကလည်း ကိုယ့်လိုအပ်ချက်နဲ့ကိုယ် လေ့လာကြတယ်။ လိုအပ်တာကို ပွင့်ပွင့်လင်းလင်း ပြောတယ်။ ဆရာတွေကလည်း နှုပ်တယ်။ ပေးတဲ့ Assignment တွေကအစ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုလည်းရှိအောင် အခြေအနေကြည့်ပြီး ပေးကြတယ်။ ဥပမာ- Healing practice for mental disease ဆိုတဲ့ခေါင်းစဉ်ကို မြန်မာကျောင်းသားတွေအတွက် Healing practice for mental disease in Myanmar, သီရိလင်္ကာနိုင်ငံသားတွေအတွက် in Sri Lanka, ကမ္ဘောဒီးယား ကျောင်းသားတွေအတွက် in Cambodia, ဗီယနမ်ကျောင်းသားတွေအတွက်လည်း in Vietnam။ အဲလိုလေးတွေ ပေးကြတယ်။ မဟာတန်းမှာ အောက်က ကိုယ်လေ့လာခဲ့တဲ့ ပညာရပ်တွေ လာသွန်ချတဲ့အတန်းလို့တောင် တစ်ချို့ကပြော ကြသေးတယ် မလား။ အဲဒါလည်း ဟုတ်တာပဲ။ ဘာသာရပ်အသစ်တွေမှ မဟုတ်တာ။ ကိုယ့်အသိပညာတွေ ကို ပညာရေးစံညွန်းနဲ့ လာပြီးတိုင်းခြင်းတစ်မျိုးပါပဲ။
စကားစပ်လို့ ဒီပလိုမာအတန်းကိုလည်း ပြောရဦးမယ်။ ဘီအေမတက်ခင်က ဒီပလိုမာအတန်းလည်း ရှိတယ်။ အဲဒီဒီပလိုမာက ဘီအေအတန်းအတွက် အထောက်အကူပြုတဲ့အတန်းတွေဖြစ်ပါတယ်။ အခုတက် နေတဲ့ ဘွဲ့လွန်ဒီမလိုမာ အတန်းကတော့ မဟာတန်းအတွက် အထောက်အကူပြုမည့်အတန်းဘဲ ဖြစ်ပါတ ယ်။ စာရေးသူက Buddhist study နဲ့တက်လာခဲ့သည့်သူဖြစ်သည့်အတွက် မဟာတန်းကို တိုက်ရိုက်ဝင်လို့ ရပါတယ်။ ဒီပညာရပ်ကို ကောင်းကောင်းလေးလေ့လာချင်လို့ ဒီပလိုမာက စတက်တာဖြစ်တယ်။ စောစော က ပြောတဲ့ သိပ္ပံဘွဲ့နဲ့ဆေးကျောင်းနဲ့ တက်လာတဲ့သူတွေက ဗုဒ္ဓဘာသာ ဘာသာရပ်ရဲ့ အသုံးအနှုန်းနဲ့ အခြားအခြေခံအသိပညာတွေလိုအပ်နေသည့်အတွက် မဟာတန်းကို တိုက်ရိုက်ချိတ်လို့မရဘဲ ဘွဲ့လွန်ဒီပ လိုမာအတန်း အရင်တက်ရပါတယ်။ ဒါကတော့ မဟာတန်းတက်နိုင်ဖို့ အတွက် ချိတ်ဆက်ပေးတဲ့ ဘွဲ့လွန် အတန်းတစ်ခုပါ။ ဘွဲ့ရပြီးသူတိုင်း ဘွဲ့လွန်အတန်းတွေတက်ခွင့်ရှိတယ်။ ဘီအေဒီပလိုမာကနေ ပြန်စစရာ မလိုဘူး။
တကယ်တော့ ဘွဲ့လွန်အတန်းတွေဆိုတာက လူသစ်တွေမဟုတ်ပါဘူး။ လူဟောင်းတွေဖြစ်ပါတယ်။ ဘွဲ့လွန် အတန်းမှာ ကိုယ်နားမလည်တဲ့ ဘာသာရပ်၊ ကိုယ်စိတ်မဝင်စားတဲ့ဘာသာရပ်တွေကိုလည်း မယူကြပါဘူး။ စာအတွက် ဟိုလူကိုအပူကပ်၊ ဒီလူကိုအပူကပ်တာမျိုးလည်း မရှိပါဘူး။ စူပါဗိုက်ဆာမျက်နှာကို ကြည့်နေရ တာက လွဲရင်ပေါ့။ စူပါဗိုက်ဆာလည်း ကိုယ့်နဲ့အဆင်မပြေရင် ရုံးကို စာသင်ပြီး ပြောင်းလို့ရပါတယ်။ မဟာတန်းဆိုတာ ပိုက်ဆံပေးပြီး သင်ရတာမို့ ကျောင်းသားမှာလည်း အခွင့်အရေးရှိတယ်။ အခြားနိုင်ငံမှာ တော့ မသိဘူး။ သီရိလင်္ကာမှာက ပညာရေးနဲ့ ကျန်းမာရေးက အခမဲ့။ သို့ပေမယ့် ပညာရေးက ဘွဲ့ရပြီးတဲ့အထိဘဲ အခမဲ့က။ ဘွဲ့လွန်သင်တန်းတွေမှာတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် တက်ရတယ်။ ကိုယ့်ပိုက်ဆံကို ကိုယ်တကယ်အလိုရှိတဲ့ ပညာရပ်မှာ အသုံးပြုကြတယ်။ ကိုယ့်ပညာရေးမှာ အဆင်မပြေရင် ဆရာလည်း ကိုယ်တိုင်ပြောင်းခွင့်ရှိတယ်။
ဘယ်သူ့ကိုမှ အပြစ်ချင်တာမျိုးမရှိပေမယ့် မဟာတန်းအတွက် ဘယ်လိုတွေပြင်ဆင်ရမလဲလို့ မေးတဲ့သူတွေ အတွက် ပြောပြချင်တာလေးတွေရှိပါတယ်။ သီရိလင်္ကာလာရင် ဘာလိုလဲ ငွေဘယ်လောက်ရှိရင် ရမလဲ လို့ တချို့က မေးကြတာပေါ့။ ငွေကအရေးမကြီးပေမယ့် ကိုယ်သင်ယူရမည့် အတန်းတွေကိုတော့ သိဖို့အရေး ကြီးတယ်။ ဘာတွေသင်မလဲ၊ ဘာတွေလေ့လာထားရမလဲ ဆိုတာမျိုးတော့ သိထားသင့်တယ်။ နောက်ကိုယ်ယူမည့် ဘာသာစကားကဘာလဲ။ ဥပမာ- သီရိလင်္ကာမှာ ဗုဒ္ဓဘာသာတက္ကသိုလ်တွေမှာ တက်မယ်ဆိုရင် အင်္ဂလိပ်၊ ဆင်ဟလာ၊ ပါဠိ သုံးဘာသာရှိတယ်။ မြန်မာနိုင်ငံက လာတက်တဲ့ရဟန်းတော် များကတော့ အင်္ဂလိပ်ဘာသာစကားနဲ့ လာလေ့လာတာဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားနဲ့ လေ့လာမှာ ဖြစ်သည့်အတွက် အင်္ဂလိပ်စကားတော့ တတ်ထားရပါမယ်။ ကြိုတင်ပြင်ဆင်ဖို့ကို ပြောရမယ်ဆိုလျှင် အင်္ဂလိပ်လိုဘာသာပြန်ထားတဲ့ ဗုဒ္ဓဘာသာစကားလုံး အသုံအနှုန်းတွေကိုလည်း သိထားဖို့လိုပါတယ်။ ကိုယ်တိုင်မည့်တက္ကသိုလ်နဲ့ ပြဌာန်းထားတဲ့ဘာသာရပ်၊ ကိုယ်ရွေးချယ်မည့် ဘာသာရပ်တွေကို သိထားရင် ပိုကောင်းတယ်။ ကြိုတင်လေ့လာလို့လည်းရပါတယ်။ မြန်မာကျောင်းသားတွေရေးထားတဲ့ အကျဉ်းချုပ် ပို့ချချက်တွေရှိပါတယ်။ အဲဒါတွေကို ကြိုတင်လေ့လာလို့ရပါတယ်။ ဖတ်ပြီးတော့ ကိုယ်ကြိုက်တာ၊ မကြိုက်တာ၊ ယူချင်တာ၊ မယူချင်တာ သိရတာပေါ့။ မဟာတန်းဆိုတာ အထက်ကပြောခဲ့သလို ကိုယ့်ဟာ ကိုယ်ရုန်းရမယ်ဖြစ်သည့်အတွက် သိသင့်သိထိုက်တာလေးကို သက်ဆိုင်သူတွေဆီ မေးမြန်းပြီးရင် ကိုယ်တိုင်ရှာဖွေရပါတယ်။ ဟိုလူကြောင့် ဒီလူကြောင့်၊ ဟိုလူမကူလို့၊ ဒီလူမအားလို့ဆိုတာမျိုးနဲ့ မဟာတန်းကျသွားတယ်ဆိုတာမျိုး အကြောင်းပြရမည့် အတန်းလည်း မဟုတ်ပါဘူး။
မြန်မာနိုင်ငံကလာသည့်ရဟန်းတော်များဆိုရင် တက္ကသိုလ်တစ်ခုခုက ဘီအေဘွဲ့ရပြီးသည့်သူ၊ သို့မဟုတ်၊ ဓမ္မာစရိယဘွဲ့ရပြီးသည့်သူတွေဖြစ်ကြပါတယ်။ တစ်ချို့က လူတက္ကသိုလ်တစ်ခုခုကနေရတဲ့ဘွဲ့နဲ့ လာချိတ်တာလည်း ရှိပါတယ်။ ဘွဲ့လွန်မဟာတန်းကို လာတက်ကြတယ်။ အခက်အခဲရှိတဲ့သူတွေရှိသလို အဆင်ပြေနေသည့်သူတွေလည်း ရှိပါတယ်။ ဒီမှာအကြံပြုချင်တာတစ်ခုက အကယ်၍ အချိန်ပေးနိုင်တယ် ဆိုရင် မနိုင်မနင်းဖြစ်နေတယ်ဆိုရင် ဘွဲ့လွန်ဒီပလိုအတန်းကို အရင်တက်စေချင်တယ်။ တစ်နှစ်ဘဲလေ၊ မကြာပါဘူး။ ဒီနယ်ပယ်မှာ သုံးတဲ့စကားလုံးတွေ လေ့လာမှုပုံစံတွေ အယူအဆတွေကအစ အသေးစိတ် လေ့လာလို့ရတယ်။ ဘွဲ့လွန်ဒီပလိုမာအတန်းက အမ်အေအတန်းအတွက် အထောက်အကူပြုတဲ့စာတွေဘဲ သင်ပါတယ်။ ဒီပလိုမာတန်းပြီးရင်တော့ မဟာတန်းမှာ လွယ်လွယ်ကူကူနဲ့ ကျော်ဖြတ်လို့ရတာပေါ့။
ဘယ်တက္ကသိုလ်မဆို၊ ကျောင်းသားနည်းရင်နည်းသလို ဆရာတွေက အခွင့်အရေးပိုပေးတယ်။ ဂရုပိုစိုက်တ ယ်။ ဒီပလိုမာဘဲဖြစ်ဖြစ်၊ အမ်အေဘဲဖြစ်ဖြစ် ဒီအတိုင်းဘဲ။ ကျောင်းသားနည်းတော့ Assignment ကို ကောင်းကောင်းစစ်ပေးတာ၊ လိုအပ်တာတွေ စိတ်ရှည်လက်ရှည်ပြောပြတာ။ ရေးမယ့် Thesis ကို Presentation တွေလုပ်ခိုင်းတာတွေ ရှိတယ်။ ကျောင်းသား ရာချီပြီးအခန်းပြည့်နေတဲ့စာသင်ခန်းတွေလည်း ရှိတယ်။ အဲလိုအခန်းတွေမှာ ကျောင်းသားတစ်ယောက်ချင်းဆီ စကားပြောဖို့မပြောနဲ့ လာတက်တဲ့ကျောင်း သားတွေကိုတောင် အကုန်မမှတ်မိဘူး။ အနီးကပ်နေတဲ့ ကျောင်းသားတစ်ချို့တစ်လေဘဲ မှတ်မိတယ်။ ကျောင်းသားနည်းလေ ဆရာနဲ့ပိုရင်းနှီးလေဘဲ။ စာသင်ချိန်မှာလည်း အပြန်အလှန် စကားပြောဖို့ အခွင့်အရေးပိုသာလေဘဲ။ ကိုယ်တကယ်စိတ်ဝင်စားသည့် ဘာသာရပ်တွေမှာ လေ့လာလို့ ပိုကောင်း လေဘဲ။
နောက်တစ်ခုက ကျောင်းသားတွေကလည်း အမျိုးအစားတွေများတယ်။ စာလုပ်တဲ့သူ၊ စာမလုပ်တဲ့သူ၊ အပျော်လိုက်သူ အပျင်းပြေကျောင်းလာတက်သူစသည်ကတော့ တက္ကသိုလ်တိုင်းမှာ ရှိမှာပါ။ အဲဒါကိုတော့ ဒီနေရာမှာမဆိုချင်ပါ။ စာလုပ်တဲ့သူတွေထဲကလည်း ကွဲသေးတယ်။ တစ်ချို့က University Ranking ကို ရှာတာ၊ တက္ကသိုလ်ကောင်းရင် သူလည်း လူတော်လို့ထင်နေတဲ့သူလည်း ရှိတယ်။ တစ်ချို့က ဆရာရှာတာ၊ ဆရာတော်ရင် သူလည်းလူတော်လို့ ထင်နေတာတွေလည်း ရှိတယ်။ တကယ်တော့ အဲဒီတက္ကသိုလ်တွေ ဆရာတွေက ကိုယ်နဲ့ ပုဂ္ဂလသပ္ပါယ၊ သေနာသနသပ္ပါယ ဖြစ်မှ အဆင်ပြေတာပါ။ အခုတက်နေတဲ့တက္ကသို လ်ဆိုရင် နာဂါနန္ဒတက္ကသိုလ်။ ဒီတက္ကသိုလ်က တည်ထောင်ထားတာ မကြာသေးဘူး။ သီရိလင်္ကာရဲ့ University Ranking တွေထဲမှာဆိုရင် အောက်ကနေ ကြည့်မှ တွေ့ရလိမ့်မယ်ထင်တယ်။ လာတက်တဲ့ အတန်းဖော်တွေက ဟိုဆရာမဆိုရင်၊ ကိုလံဘိုတက္ကသိုလ်ကနေလာတက်တာ။ ဟိုအဘိုးကြီးက ကေလနိယ၊ psychiatrist က ပေရာဒနိယက စသည်ပေါ့။ သူတို့ကျတော့ တက္ကသိုလ်ကိုရှာတာလည်း မဟုတ်ဘူး။ ဆရာကိုရှာနေတာလည်း မဟုတ်ဘူး။ Subject ကို ရှာတာ။ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ် မရှိတဲ့နေရာမှာ နာမည်ကြီးပေမယ့် လိုရင်းဘယ်ရောက်မလဲ။ တကယ်တော့ ဘွဲ့လွန်အတန်းတွေက ကိုယ်လုပ်မှ ကိုယ်ရတာပါ။ တက္ကသိုလ်တွေ ဆရာတွေ မလိုအပ်ဘူးလားဆိုတော့ လိုအပ်ပါတယ်။ တက္ကသိုလ်ရဲ့ဝန်ဆောင်မှုတွေ ကောင်းဖို့လိုတယ်။ ဆရာလည်း အရည်အချင်းပြည့်မီဖို့လိုတယ်။ တက္ကသိုလ်ဝန်ဆောင်မှုကောင်းရုံ၊ ဆရာအရည်အသွေးပြည့်ရုံနဲ့ ကိုယ်ပညာပိုတတ်သွားတာ မဟုတ်သေးဘူး။ ကိုယ်ကိုယ်တိုင်ကြိုးစားအားထုတ်မှုက ပိုပြီး အရေးကြီးပါတယ်။
ပြောပြချင်တာက သီရိလင်္ကာမှာ ဗုဒ္ဓဘာသာတက္ကသိုလ်တစ်ခုခုက မဟာတန်းလာတက်ရင် မိမိယူတဲ့ ဘာသာစကား အင်္ဂလိပ်ဆိုရင် အင်္ဂလိပ်ပေါ့၊ သင်ခဲ့ပါ။ နိုင်ငံတကာပညာရှင်တွေ ရေးထားတဲ့ ဗုဒ္ဓဘာသာစာအုပ်တွေ ဖတ်ထားပါ။ တက္ကသိုလ်ဖြစ်သည့်အတွက် သုတေသနအကြောင်း လေ့လာထားပါ။ ကိုယ့်ဟာကိုယ်ဖတ်ရတာပျင်းစရာဖြစ်နေရင် သိတဲ့သူတစ်ဦးဦးဆီ မေးမြန်းတာမျိုး။ ဆွေးနွေးတာမျိုး လုပ်ပါ။ အဲဒါတွေမပါလာဘဲ ဒီရောက်မှ လုပ်မယ်ဆိုရင် Assignment တွေပေးမှ ဘယ်လိုရေးရမှန်းမသိ၊ ခြေမကိုင်မိ၊ လက်မကိုင်မိတာမျိုး ဖြစ်တတ်ပါတယ်။ Thesis ခေါင်းစဉ် ရွေး၊ ဆရာနဲ့လာဆွေးနွေးဆိုမှ ဘာပြောရမှန်းမသိ ဖြစ်နေတာမျိုးလည်း ရှိပါတယ်။ နောက်ဆုံးတော့ ကြံရာမရ၊ ရေးထားတဲ့ ပို့ချချက်အကျဉ်းတွေ အလွတ်ကျက်ပြီး ဖြေရတာမျိုးတွေ ဖြစ်သွားတတ်တယ်။ စာမေးပွဲအောင်ဖို့က မခက်ပါဘူး။ အချင်းချင်း ကူညီပေးလို့ရတယ်။ စာတတ်ဖို့က အရေးကြီးတာလေ။ အခုကျက်၊ အခုဖြေ၊ အခုအောင်တာမျိုးက စာတတ်တာမှ မဟုတ်တာ။ အဲဒါကြောင့် အချိန်တွေမြုပ်နှံထားသင့်တယ်။ တစ်နှစ်၊ နှစ်နှစ်ဆိုတာ ဘာမှမကြာပါဘူး။ ဒီစားကျက်ထဲမှာ ကိုယ်ဘယ်လောက်လိုက်စားနိုင် သလဲ။ ကိုယ့်ရဲ့ရေရှည်ဘဝခရီးအတွက် ဘယ်လောက်ထိ အသုံးဝင်မလဲဆိုတာ ကိုယ့်ရဲ့လေ့လာမှုက ပိုအရေးကြီးတယ်မလား။ ပညာရေးခရီးမှာ အချိန်တွေပေးဆပ်နိုင်ပါစေ။ ပညာတတ်ကြီးတွေဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ အမှားပါရင်ခွင့်လွတ်ပါလို့ တောင်းပန်ပါကြောင်း ------------
အရှင်နန္ဒိယ (ဖယ်ခုံ)
09.09.2019 02:40:00 PM
Zawgyi
ဘှဲ့လှနျ မဟာဝိဇ်ဇာတနျးကို လာတကျလြှငျ
ဒီစာကို မဟာဝိဇၨာတန္းစာေမးပြဲေျဖၿပီးကတည္းက ေရးဖို႔စိတ္ကူးရွိခဲ့ေပမယ့္
အခြင့္မသာခဲ့လို႔ မေရးျဖစ္ခဲ့ ပါဘူး။ သိလို႔တတ္လို႔ေရးတာမဟုတ္လို႔ အျပည့္အစုံကေတာ့
တင္ျပႏိုင္မွာ မဟုတ္ပါဘူး။ ကိုယ္ျမင္တာ ေလးဘဲ ေရးရတာဆိုေပမယ့္လည္း ဖတ္မိတဲ့သူေတြအတြက္
အက်ိဳးရွိလိမ့္မယ္လို႔လည္း ယုံၾကည္ပါတယ္။ သိၿပီးသားသူေတြအတြက္ သိပ္မထူးေပမယ့္ မသိေသးသည့္သူနဲ႔
သိခ်င္တဲ့သူေတြအတြက္ လိုအပ္လိမ့္မယ္လို႔ ယူဆပါတယ္။ သီရိလကၤာက မိမိရဲ႕အေတြ႔အႀကဳံကိုဘဲ
အေျခခံၿပီး ေရးသားပါတယ္။
မဟာဝိဇၨာက ဘြဲ႔လြန္အတန္းျဖစ္သည့္အတြက္ လူတိုင္းဘြဲ႕ရၿပီးသူေတြဘဲျဖစ္ပါတယ္။
မဟာတန္းကို ဘာလို႔လာတက္တာလဲ ဆိုေတာ့ ဒီဘြဲ႔နဲ႔အန္ဝင္ခြင္က်ျဖစ္မည့္အေျဖက ကိုယ္ေလ့လာတဲ့ဘာသာရပ္မွာ
ပိုၿပီး အေသးစိတ္သိခ်င္လို႔၊ ကိုယ့္နယ္ပယ္မွာ တစ္ဆင့္တိုး ေလ့လာခ်င္လို႔ လို႔ဘဲေျဖရလိမ့္မယ္ထင္ပါ
တယ္။ အေျခခံပညာေရးမွာ လူတိုင္း ႏိုင္ငံသားတိုင္း သိထားသင့္တဲ့ အေျခခံပညာေတြကိုု သင္ယူခဲ့ရပါ
တယ္။ အေျခခံပညာေရးအဆင့္ ေအာင္ၿပီးေတာ့ တကၠသိုလ္အဆင့္၊ ေကာလိပ္အဆင့္မွာ ကိုယ္စိတ္ဝင္စား
တဲ့ ဘာသာရပ္၊ ကိုယ့္အတြက္အသုံးဝင္မည့္ ပညာရပ္ကို ေရြးခ်ယ္ၿပီး သင္ယူခဲ့ၾကပါတယ္။ အဲဒီမွာ
ေမဂ်ာနဲ႔မိုင္နာဆိုတာကို ေရြးရတာေပါ့။ အဓိကေရြးခ်ယ္ထားတဲ့ စိတ္ႀကိဳက္ဘာသာရပ္ကို သင္ယူရသလို
ေဘးကဘာသာရပ္ေတြကိုလည္း ပါးပါးေလး ေလ့လာရပါတယ္။ တကၠသိုလ္အလိုက္ သတ္မွတ္ခ်က္ေတြ မတူညီေပမယ့္
ကိုယ့္ဘာသာရပ္နဲ႔ဆက္စပ္မည့္ သို႔မဟုတ္ လိုအပ္မည့္ အျခားဘာသာရပ္ေတြကိုလည္း ၅ ခု ၆ ခုေလာက္
ေရြးခ်ယ္ရပါတယ္။ တကၠသိုလ္ေတြကြဲရင္ကြဲသလို သတ္မွတ္ခ်က္ေတြကြဲပါတယ္။ တစ္ခ်ိဳ႕တကၠသိုလ္ဆိုရင္
ငါးခုေျခာက္ခုေတာင္ မကပါဘူး။ သို႔ေသာ္ ေရြးခ်ယ္ခြင့္ေတြေပးပါတယ္။ သင္ယူရမည့္ ဘာသာက
ေျခာက္ခုဆိုရင္ ျပဌာန္းထားတာက တစ္ဆယ္၊ တစ္ဆယ္ေက်ာ္ ျဖစ္ခ်င္ျဖစ္မယ္။ အဲဒီထဲ စိတ္ႀကိဳက္ေျခာက္ခုေရြးဆိုတာမ်ိဳး။
အဲဒါကိုေအာင္ျမင္သြားရင္ ဘာသာရပ္အလိုက္ သိပၸံဘြဲ႔၊ ဝိဇၨာဘြဲ႔၊ ေဆးေက်ာင္းစသည့္ ဘြဲ႔ေတြ
ရခဲ့ၾကတာေပါ့။
ဘြဲ႔ရၿပီးရင္ အလုပ္ေတြဆက္လုပ္ၾကၿပီ၊ ကိုယ္ေလ့လာထားသည့္ဘာသာရပ္နဲ႔
လိုက္ဖက္တဲ့ အလုပ္ေတြကို လုပ္ၾကတဲ့အခ်ိန္ေပါ့။ ကိုယ့္အဓိကသင္ယူထားတဲ့ဘာသာရပ္ေတြ ရွိေနၾကၿပီပဲ။
ပညာလည္းသင္ၿပီး ဘြဲ႔လည္း ရၿပီး ျဖစ္ေနၾကၿပီေလ။ လက္ေတြ႔အသုံးခ်ရမည့္အခ်ိန္ပါပဲ။ မဟာဝိဇၨာတန္းကို
ဆက္မတက္ၾက တာမ်ားပါတယ္။ ဟုတ္ပါတယ္။ လူတိုင္းအတြက္ လိုအပ္ေနတာလည္း မဟုတ္ေတာ့ဘူးေလ။ မဟာဝိဇၨာတန္းက
မသိမျဖစ္ သိရမယ့္အရာ၊ မသင္မေနရ သင္ရမယ့္စာေတြမွ မဟုတ္ေတာ့။ မလိုအပ္ဘဲနဲ႔ ဘာလို႔တက္ေနမလဲ။
MA တို႔ MSC တို႔ဆိုတာက မရွိမျဖစ္လိုအပ္တဲ့အရာလား ဆိုတဲ့ ေမးခြန္းကိုေတာ့ လူခ်င္းမတူရင္
မတူသလို အေျဖေတြလည္း ကြဲသြားတာေပါ့။
ဒါဆိုရင္ မဟာတန္းကို ဘာလို႔တက္ေနၾကတာလဲ။ ေဒါက္တာဘြဲ႔ဆိုတာကေကာ
ဘယ္အတြက္ဆက္လုပ္ ၾကတာလဲ ဆိုတဲ့ေမးခြန္းေတြကေတာ့ မဟာတန္းေရာက္သူတိုင္း အေျဖေတြသိၾကလိမ့္မယ္ထင္ပါတယ္။
မဟာတန္းဆိုတာ သူတို႔အတြက္ အမွန္တကယ္လိုအပ္လို႔ သင္ယူၾကတာပါ။ ဒီနယ္ပယ္ကို အေျခအေန အရ
ကိုယ္ေရြးခ်ယ္ရုံနဲ႔မဟုတ္ဘဲ စိတ္ဝင္တစားအေသးစိတ္ေလ့လာခ်င္လို႔ပါဘဲ။ အေျခခံပညာေရးမွာ
လည္း ဘယ္လိုေနရမယ္၊ ဘယ္လိုသိရမယ္ဆိုတာေတြသင္ယူခဲ့ၿပီးပါၿပီ။ တကၠသိုိလ္ သို႔မဟုတ္ ေကာလိပ္မွာ
ဘဝအတြက္လိုအပ္တဲ့ပညာေတြလည္း သင္ယူခဲ့ၿပီးပါၿပီ။ မဟာဝိဇၨာတန္းမွာက ဘာသာရပ္အ သစ္ေတြ မဟုတ္ဘဲ
ဘာသာရပ္အေဟာင္းေတြထဲမွာဘဲ ေယဘုယ်ဆန္ေနလို႔ ပိုၿပီးတိတိက်က် သိခ်င္လို႔ ထပ္ေလ့လာ သင္ယူေနရတဲ့
သေဘာပါဘဲ။ အဲဒါေၾကာင့္ မဟာဝိဇၨာတန္းျပဌာန္းစာေတြက ေက်ာင္းသားေတြအတြက္ နက္နဲတာေတြရွိေပမယ့္
ခက္ခဲေနတာမ်ိဳး မရွိပါဘူး။ အသင္အျပမေကာင္းလို႔ ဆရာကိုၿငီးေငြ႔တာ ပို႔ခ်ခ်က္ေတြကို ၿငီးေငြ႔တာတို႔
ရွိေပမယ့္ ဘာသာရပ္ကိုေတာ့ ၿငီးေငြ႔ေနတာမ်ိဳး မရွိပါဘူး။ ဒီဘာသာကို ကိုယ္တကယ္စိတ္ဝင္စားလို႔၊
တကယ္လိုအပ္မယ္ထင္လို႔ ေလ့လာေနတာျဖစ္ေနလို႔ပါ။ ဆရာသင္တာစိတ္မဝင္စားဘဲနဲ႔ ဘယ္လိုေလ့လာမလဲလို႔ေမးရင္ရင္
အြန္လိုင္းေပၚမွာ Google နဲ႔ အေဖာ္လုပ္တတ္ရင္ ဘယ္အရာမွ မခက္ေတာ့သည့္ေခတ္။
မဟာဝိဇၨာတန္းမွာေတာ့ ဆရာအသင္အျပကိုအားကိုးတာထက္ ကိုယ္တိုင္ရွာေဖြဖတ္ရႈေလ့လာဖို႔က
ပိုအေရးႀကီးပါတယ္။ ပို႔ခ်ခ်က္ေတြက ကိုယ္ဘာသာရပ္နဲ႔ ဘယ္ေလာက္အေရးပါသလဲ၊ ဘယ္လိုဆက္စပ္မႈ
ရွိသလဲ၊ ဘယ္လိုအသုံးဝင္မလဲ ဆိုတာမ်ိဳးကို ဆည္းကပ္ရပါတယ္။ ကိုယ္လိုခ်င္တာတစ္ျခား၊ ဆရာပို႔ခ်ေန
တာတစ္ျခားဆိုရင္ အဲဒီဆရာကို ဒီလိုဒီလိုေတြ ပို႔ခ်ေပးပါဆိုတာမ်ိဳး ေျပာလို႔ရပါတယ္။ ေက်ာင္းသားမွာအဲဒီ
အခြင့္အေရးေတြ ရွိပါတယ္။ ေျပာလို႔မရရင္ ရုံးကို စာတင္ၿပီး ဆရာေျပာင္းခိုင္းလို႔ ရပါတယ္။
ေက်ာင္းသား အမ်ားစု လက္မွတ္ထိုးၾကရင္ လ်င္လ်င္ျမန္ျမန္ ေျပာင္းေပးပါတယ္။ ဆရာသင္တဲ့စာေတြကိုဘဲ
လိုက္မွတ္ ေနရတဲ့အတန္းမဟုတ္ေတာ့ပါဘူး။ ကိုယ္လိုခ်င္တဲ့ပုံစံကို ဆရာေရြးရတဲ့အတန္းျဖစ္ပါတယ္။
ေနာက္တစ္ခုက ဆရာေျပာတာကိုလိုက္မွတ္ၿပီး အေျခခံပညာေရးအတန္းလို
စာေမးပြဲေျဖေနရတဲ့အတန္း လည္း မဟုတ္ေတာ့ပါဘူး။ ကိုယ့္အာေဘာ္ ကိုယ့္ပုံစံ ကိုယ္ပိုင္ေလ့လာမႈ
ကိုယ္တိုင္ရွာေဖြေတြ႔ရွိတဲ့အရာ ေတြကို တင္ျပရတဲ့အတန္းဘဲ ျဖစ္ပါတယ္။ မဟာတန္းေတြမွာ တက္တဲ့ေက်ာင္းသားေတြက
ေနာက္ခံခ်င္း လည္း တူၾကမွာ မဟုတ္ပါဘူး။ တင္ျပပုံေတြလည္း ကြဲပါတယ္။ ကိုယ့္အေၾကာင္းကိုယ္ေျပာေနတာမ်ိဳး
မဟုတ္ေပမယ့္ လက္ေတြ႔ဆန္ေအာင္ အခုတက္ေနတဲ့အတန္းကို ဥပမာထားၿပီး ေျပာခ်င္တယ္။ အခုေလာ
ေလာဆယ္ စာေရးသူ နာဂါနႏၵတကၠသိုလ္မွာ တက္ေနပါတည္။ ဘြဲ႔လြန္ ဒီမလိုမာသင္တန္း။ ေလာေလာ ဆယ္
အၿမဲလိုလို ဝိုင္းဖြဲ႔ၿပီး စကားေျပာျဖစ္ေနတဲ့ စာေရးသူတို႔အဖြဲ႔ ၆ ဦးရွိပါတယ္။ စာေရးသူ
ျမန္မာႏိုင္ငံ၊ ေနာက္ထပ္ ကေမၻာဒီးယားက ဘုန္းႀကီးတစ္ပါး။ သီရိလကၤာက ေလးဦး။ တစ္ဦးက
ပလက္စတစ္စက္ရုံက မန္ေနဂ်ာ၊ တစ္ဦးက ခႏၶာကိုယ္ခ်ိဳ႕တဲ့တဲ့ ကေလးေဆးရုံက ဆရာမတစ္ဦး၊ တစ္ဦးက
ဆရာဝန္ (Psychiatrist), တစ္ဦးက ဘိန္းေတာဆရာမ။ ေျခာက္ဦးလုံးရဲ႕ ေနာက္ခံက တစ္မ်ိဳးစီ။
အျမင္ေတြလည္း တစ္မ်ိဳးစီ။ ေနာက္ဆုံး သစ္စစ္ေခါင္းစဥ္ေရြးေတာ့ ပိုေတာင္သိသာေသးတယ္။ ဆည္းကပ္ပုံ
စိတ္ဝင္စားမႈ တင္ျပပုံေတြက တစ္မ်ိဳးစီ။ အတန္းခ်င္းတူေပမယ့္ သင္ယူပုံက တစ္မ်ိဳးစီ။ ဒါေပမယ့္
ဒီသင္တန္းမွာ ကိုယ္တိုင္လိုအပ္ခ်က္ကိုယ္စီ သင္ယူလို႔ရၾကတယ္။ အခု စာေရးသူတို႔ တက္ေနတဲ့အတန္းက
Postgraduate Diploma of Buddhist and Ayurveda for Psychiatry and counselling ျဖစ္ပါတယ္။
စာေရးသူက Buddhist psychiatry နဲ႔ counseling အေၾကာင္းကို ေလ့လာခ်င္လို႔ ဒီအတန္းကို
ေရြးခ်ယ္တယ္။ စာေရးသူက ျမန္မာႏိုင္ငံက ဘုန္းႀကီးတစ္ပါး။ ဟုိဆရာမဆိုရင္ Bsc နဲ႔ေက်ာင္းၿပီးထားတာ
ဘီေအနဲ႔မဟုတ္ဘူး။ Listening and speaking science လို႔ေျပာတာပဲ။ အဲဒါေၾကာင့္ စကားမေျပာႏို္င္တဲ့
ကေလးကို စကားေျပာေအာင္ ေလ့က်င့္ေပး၊ စကားေျပာေပး၊ နားေထာင္ေပး စတဲ့အလုပ္ေတြ ေဆးရုံမွာ
အလုပ္လုပ္ေနတယ္။ ဘာလို႔ဒီအတန္းကို ေရြးခ်ယ္တာလဲဆိုေတာ့ psychiatry &
counseling က သူူ႔အလုပ္နဲ႔ အသုံးဝင္တယ္။ ဒီဘာသာရပ္ကို စိတ္လည္း ဝင္စားလို႔ တက္တာျဖစ္တယ္။
Psychiatrist နဲ႔ ဟိုဘိန္းေတာဆရာမကေတာ့ ေျပာစရာမလိုဘူး။ တိုက္ရုိက္ကို သက္ဆိုင္တယ္။
ေနာက္ၿပီးေတာ့ ပလက္စတစ္စက္ရုံမန္ေနဂ်ာကေတာ့ သိပ္မဆိုင္ဘူးလို႔ ေျပာလို႔ရတယ္။ သူကေတာ့
အသက္ႀကီးၿပီး။ ငါးဆယ္ေက်ာ္၊ သို႔မဟုတ္ ေျခာက္ဆယ္ေလာက္ေတာ့ရွိၿပီ။ ေမးၾကည့္ေတာ့ သူကေျပာတယ္။
က်န္းမာေရး လိုက္စားခ်င္လို႔ ေနာက္ၿပီးေတာ့ ဗုဒၶဘာသာရဲ႕အဆုံးအမနဲ႔ ပိုနီးစပ္ခ်င္လို႔
ေလ့လာတယ္လို႔ဆိုပါတယ္။ ကေမၻာဒီယားဘုန္းႀကီးကေတာ့ ေက်ာင္းမွာ ခႏၶာကိုယ္မသန္စြမ္းတဲ့
ကေလး သုံးေလးဆယ္ရွိတယ္။ စာသင္ေပးရတယ္။ counselor လည္း လိုအပ္ေနတယ္လို႔ဆိုပါတယ္။ အားလုံးက
ကိုယ့္အေၾကာင္းနဲ႔ကိုယ္ ဒီအတန္းနဲ႔ ဆက္စပ္တဲ့သူေတြခ်ည္းပါပဲ။
ေက်ာင္းသားေတြကလည္း ကိုယ့္လိုအပ္ခ်က္နဲ႔ကိုယ္ ေလ့လာၾကတယ္။
လုိအပ္တာကို ပြင့္ပြင့္လင္းလင္း ေျပာတယ္။ ဆရာေတြကလည္း ႏႈပ္တယ္။ ေပးတဲ့ Assignment ေတြကအစ
ေက်ာင္းသားေတြရဲ႕ စိတ္ဝင္စားမႈလည္းရွိေအာင္ အေျခအေနၾကည့္ၿပီး ေပးၾကတယ္။ ဥပမာ-
Healing practice for mental disease ဆိုတဲ့ေခါင္းစဥ္ကို ျမန္မာေက်ာင္းသားေတြအတြက္
Healing practice for mental disease in Myanmar, သီရိလကၤာႏိုင္ငံသားေတြအတြက္ in
Sri Lanka, ကေမၻာဒီးယား ေက်ာင္းသားေတြအတြက္ in Cambodia, ဗီယနမ္ေက်ာင္းသားေတြအတြက္လည္း
in Vietnam။ အဲလုိေလးေတြ ေပးၾကတယ္။ မဟာတန္းမွာ ေအာက္က ကိုယ္ေလ့လာခဲ့တဲ့ ပညာရပ္ေတြ လာသြန္ခ်တဲ့အတန္းလို႔ေတာင္
တစ္ခ်ိဳ႕ကေျပာ ၾကေသးတယ္ မလား။ အဲဒါလည္း ဟုတ္တာပဲ။ ဘာသာရပ္အသစ္ေတြမွ မဟုတ္တာ။ ကိုယ့္အသိပညာေတြ
ကို ပညာေရးစံညြန္းနဲ႔ လာၿပီးတိုင္းျခင္းတစ္မ်ိဳးပါပဲ။
စကားစပ္လို႔ ဒီပလိုမာအတန္းကိုလည္း ေျပာရဦးမယ္။ ဘီေအမတက္ခင္က
ဒီပလိုမာအတန္းလည္း ရွိတယ္။ အဲဒီဒီပလိုမာက ဘီေအအတန္းအတြက္ အေထာက္အကူျပဳတဲ့အတန္းေတြျဖစ္ပါတယ္။
အခုတက္ ေနတဲ့ ဘြဲ႕လြန္ဒီမလိုမာ အတန္းကေတာ့ မဟာတန္းအတြက္ အေထာက္အကူျပဳမည့္အတန္းဘဲ ျဖစ္ပါတ
ယ္။ စာေရးသူက Buddhist study နဲ႔တက္လာခဲ့သည့္သူျဖစ္သည့္အတြက္ မဟာတန္းကို တိုက္ရုိက္ဝင္လို႔
ရပါတယ္။ ဒီပညာရပ္ကို ေကာင္းေကာင္းေလးေလ့လာခ်င္လို႔ ဒီပလိုမာက စတက္တာျဖစ္တယ္။ ေစာေစာ
က ေျပာတဲ့ သိပၸံဘြဲ႔နဲ႔ေဆးေက်ာင္းနဲ႔ တက္လာတဲ့သူေတြက ဗုဒၶဘာသာ ဘာသာရပ္ရဲ႕ အသုံးအႏႈန္းနဲ႔
အျခားအေျခခံအသိပညာေတြလိုအပ္ေနသည့္အတြက္ မဟာတန္းကို တိုက္ရုိက္ခ်ိတ္လို႔မရဘဲ ဘြဲ႔လြန္ဒီပ
လိုမာအတန္း အရင္တက္ရပါတယ္။ ဒါကေတာ့ မဟာတန္းတက္ႏိုင္ဖို႔ အတြက္ ခ်ိတ္ဆက္ေပးတဲ့ ဘြဲ႕လြန္
အတန္းတစ္ခုပါ။ ဘြဲ႕ရၿပီးသူတိုင္း ဘြဲ႔လြန္အတန္းေတြတက္ခြင့္ရွိတယ္။ ဘီေအဒီပလိုမာကေန
ျပန္စစရာ မလိုဘူး။
တကယ္ေတာ့ ဘြဲ႔လြန္အတန္းေတြဆိုတာက လူသစ္ေတြမဟုတ္ပါဘူး။ လူေဟာင္းေတြျဖစ္ပါတယ္။
ဘြဲ႔လြန္ အတန္းမွာ ကိုယ္နားမလည္တဲ့ ဘာသာရပ္၊ ကိုယ္စိတ္မဝင္စားတဲ့ဘာသာရပ္ေတြကိုလည္း
မယူၾကပါဘူး။ စာအတြက္ ဟိုလူကိုအပူကပ္၊ ဒီလူကိုအပူကပ္တာမ်ိဳးလည္း မရွိပါဘူး။ စူပါဗိုက္ဆာမ်က္ႏွာကို
ၾကည့္ေနရ တာက လြဲရင္ေပါ့။ စူပါဗိုက္ဆာလည္း ကိုယ့္နဲ႔အဆင္မေျပရင္ ရုံးကို စာသင္ၿပီး
ေျပာင္းလို႔ရပါတယ္။ မဟာတန္းဆိုတာ ပိုက္ဆံေပးၿပီး သင္ရတာမို႔ ေက်ာင္းသားမွာလည္း အခြင့္အေရးရွိတယ္။
အျခားႏိုင္ငံမွာ ေတာ့ မသိဘူး။ သီရိလကၤာမွာက ပညာေရးနဲ႔ က်န္းမာေရးက အခမဲ့။ သို႔ေပမယ့္
ပညာေရးက ဘြဲ႔ရၿပီးတဲ့အထိဘဲ အခမဲ့က။ ဘြဲ႕လြန္သင္တန္းေတြမွာေတာ့ ကိုယ့္ပိုက္ဆံနဲ႔ကိုယ္
တက္ရတယ္။ ကိုယ့္ပိုက္ဆံကို ကိုယ္တကယ္အလိုရွိတဲ့ ပညာရပ္မွာ အသုံးျပဳၾကတယ္။ ကို္ယ့္ပညာေရးမွာ
အဆင္မေျပရင္ ဆရာလည္း ကိုယ္တုိင္ေျပာင္းခြင့္ရွိတယ္။
ဘယ္သူ႔ကိုမွ အျပစ္ခ်င္တာမ်ိဳးမရွိေပမယ့္ မဟာတန္းအတြက္ ဘယ္လိုေတြျပင္ဆင္ရမလဲလို႔
ေမးတဲ့သူေတြ အတြက္ ေျပာျပခ်င္တာေလးေတြရွိပါတယ္။ သီရိလကၤာလာရင္ ဘာလိုလဲ ေငြဘယ္ေလာက္ရွိရင္
ရမလဲ လို႔ တခ်ိဳ႕က ေမးၾကတာေပါ့။ ေငြကအေရးမႀကီးေပမယ့္ ကိုယ္သင္ယူရမည့္ အတန္းေတြကိုေတာ့
သိဖို႔အေရး ႀကီးတယ္။ ဘာေတြသင္မလဲ၊ ဘာေတြေလ့လာထားရမလဲ ဆိုတာမ်ိဳးေတာ့ သိထားသင့္တယ္။
ေနာက္ကိုယ္ယူမည့္ ဘာသာစကားကဘာလဲ။ ဥပမာ- သီရိလကၤာမွာ ဗုဒၶဘာသာတကၠသိုလ္ေတြမွာ တက္မယ္ဆိုရင္
အဂၤလိပ္၊ ဆင္ဟလာ၊ ပါဠိ သုံးဘာသာရွိတယ္။ ျမန္မာႏိုင္ငံက လာတက္တဲ့ရဟန္းေတာ္ မ်ားကေတာ့
အဂၤလိပ္ဘာသာစကားနဲ႔ လာေလ့လာတာျဖစ္ပါတယ္။ အဂၤလိပ္ဘာသာစကားနဲ႔ ေလ့လာမွာ ျဖစ္သည့္အတြက္
အဂၤလိပ္စကားေတာ့ တတ္ထားရပါမယ္။ ႀကိဳတင္ျပင္ဆင္ဖို႔ကို ေျပာရမယ္ဆိုလွ်င္ အဂၤလိပ္လိုဘာသာျပန္ထားတဲ့
ဗုဒၶဘာသာစကားလုံး အသုံအႏႈန္းေတြကိုလည္း သိထားဖို႔လိုပါတယ္။ ကိုယ္တိုင္မည့္တကၠသိုလ္နဲ႔
ျပဌာန္းထားတဲ့ဘာသာရပ္၊ ကိုယ္ေရြးခ်ယ္မည့္ ဘာသာရပ္ေတြကို သိထားရင္ ပိုေကာင္းတယ္။ ႀကိဳတင္ေလ့လာလို႔လည္းရပါတယ္။
ျမန္မာေက်ာင္းသားေတြေရးထားတဲ့ အက်ဥ္းခ်ဳပ္ ပို႔ခ်ခ်က္ေတြရွိပါတယ္။ အဲဒါေတြကို ႀကိဳတင္ေလ့လာလို႔ရပါတယ္။
ဖတ္ၿပီးေတာ့ ကိုယ္ႀကိဳက္တာ၊ မႀကိဳက္တာ၊ ယူခ်င္တာ၊ မယူခ်င္တာ သိရတာေပါ့။ မဟာတန္းဆိုတာ
အထက္ကေျပာခဲ့သလို ကိုယ့္ဟာ ကိုယ္ရုန္းရမယ္ျဖစ္သည့္အတြက္ သိသင့္သိထိုက္တာေလးကို သက္ဆိုင္သူေတြဆီ
ေမးျမန္းၿပီးရင္ ကိုယ္တိုင္ရွာေဖြရပါတယ္။ ဟိုလူေၾကာင့္ ဒီလူေၾကာင့္၊ ဟိုလူမကူလို႔၊
ဒီလူမအားလို႔ဆိုတာမ်ိဳးနဲ႔ မဟာတန္းက်သြားတယ္ဆုိတာမ်ိဳး အေၾကာင္းျပရမည့္ အတန္းလည္း မဟုတ္ပါဘူး။
ျမန္မာႏိုင္ငံကလာသည့္ရဟန္းေတာ္မ်ားဆိုရင္ တကၠသိုလ္တစ္ခုခုက
ဘီေအဘြဲ႔ရၿပီးသည့္သူ၊ သို႔မဟုတ္၊ ဓမၼာစရိယဘြဲ႔ရၿပီးသည့္သူေတြျဖစ္ၾကပါတယ္။ တစ္ခ်ိဳ႕က
လူတကၠသိုလ္တစ္ခုခုကေနရတဲ့ဘြဲ႕နဲ႔ လာခ်ိတ္တာလည္း ရွိပါတယ္။ ဘြဲ႔လြန္မဟာတန္းကို လာတက္ၾကတယ္။
အခက္အခဲရွိတဲ့သူေတြရွိသလို အဆင္ေျပေနသည့္သူေတြလည္း ရွိပါတယ္။ ဒီမွာအႀကံျပဳခ်င္တာတစ္ခုက
အကယ္၍ အခ်ိန္ေပးႏိုင္တယ္ ဆိုရင္ မႏိုင္မနင္းျဖစ္ေနတယ္ဆိုရင္ ဘြဲ႔လြန္ဒီပလိုအတန္းကို
အရင္တက္ေစခ်င္တယ္။ တစ္ႏွစ္ဘဲေလ၊ မၾကာပါဘူး။ ဒီနယ္ပယ္မွာ သုံးတဲ့စကားလုံးေတြ ေလ့လာမႈပုံစံေတြ
အယူအဆေတြကအစ အေသးစိတ္ ေလ့လာလို႔ရတယ္။ ဘြဲ႕လြန္ဒီပလိုမာအတန္းက အမ္ေအအတန္းအတြက္ အေထာက္အကူျပဳတဲ့စာေတြဘဲ
သင္ပါတယ္။ ဒီပလိုမာတန္းၿပီးရင္ေတာ့ မဟာတန္းမွာ လြယ္လြယ္ကူကူနဲ႔ ေက်ာ္ျဖတ္လိုိ႔ရတာေပါ့။
ဘယ္တကၠသိုလ္မဆို၊ ေက်ာင္းသားနည္းရင္နည္းသလို ဆရာေတြက အခြင့္အေရးပိုေပးတယ္။
ဂရုပိုစိုက္တ ယ္။ ဒီပလိုမာဘဲျဖစ္ျဖစ္၊ အမ္ေအဘဲျဖစ္ျဖစ္ ဒီအတိုင္းဘဲ။ ေက်ာင္းသားနည္းေတာ့
Assignment ကို ေကာင္းေကာင္းစစ္ေပးတာ၊ လိုအပ္တာေတြ စိတ္ရွည္လက္ရွည္ေျပာျပတာ။ ေရးမယ့္
Thesis ကို Presentation ေတြလုပ္ခိုင္းတာေတြ ရွိတယ္။ ေက်ာင္းသား ရာခ်ီၿပီးအခန္းျပည့္ေနတဲ့စာသင္ခန္းေတြလည္း
ရွိတယ္။ အဲလိုအခန္းေတြမွာ ေက်ာင္းသားတစ္ေယာက္ခ်င္းဆီ စကားေျပာဖို႔မေျပာနဲ႔ လာတက္တဲ့ေက်ာင္း
သားေတြကိုေတာင္ အကုန္မမွတ္မိဘူး။ အနီးကပ္ေနတဲ့ ေက်ာင္းသားတစ္ခ်ိဳ႕တစ္ေလဘဲ မွတ္မိတယ္။
ေက်ာင္းသားနည္းေလ ဆရာနဲ႔ပိုရင္းႏွီးေလဘဲ။ စာသင္ခ်ိန္မွာလည္း အျပန္အလွန္ စကားေျပာဖို႔
အခြင့္အေရးပိုသာေလဘဲ။ ကိုယ္တကယ္စိတ္ဝင္စားသည့္ ဘာသာရပ္ေတြမွာ ေလ့လာလို႔ ပိုေကာင္း ေလဘဲ။
ေနာက္တစ္ခုက ေက်ာင္းသားေတြကလည္း အမ်ိဳးအစားေတြမ်ားတယ္။ စာလုပ္တဲ့သူ၊
စာမလုပ္တဲ့သူ၊ အေပ်ာ္လိုက္သူ အပ်င္းေျပေက်ာင္းလာတက္သူစသည္ကေတာ့ တကၠသိုလ္တိုင္းမွာ ရွိမွာပါ။
အဲဒါကိုေတာ့ ဒီေနရာမွာမဆိုခ်င္ပါ။ စာလုပ္တဲ့သူေတြထဲကလည္း ကြဲေသးတယ္။ တစ္ခ်ိဳ႕က
University Ranking ကို ရွာတာ၊ တကၠသိုလ္ေကာင္းရင္ သူလည္း လူေတာ္လို႔ထင္ေနတဲ့သူလည္း
ရွိတယ္။ တစ္ခ်ိဳ႕က ဆရာရွာတာ၊ ဆရာေတာ္ရင္ သူလည္းလူေတာ္လို႔ ထင္ေနတာေတြလည္း ရွိတယ္။ တကယ္ေတာ့
အဲဒီတကၠသိုလ္ေတြ ဆရာေတြက ကိုယ္နဲ႔ ပုဂၢလသပၸါယ၊ ေသနာသနသပၸါယ ျဖစ္မွ အဆင္ေျပတာပါ။ အခုတက္ေနတဲ့တကၠသို
လ္ဆိုရင္ နာဂါနႏၵတကၠသိုလ္။ ဒီတကၠသိုလ္က တည္ေထာင္ထားတာ မၾကာေသးဘူး။ သီရိလကၤာရဲ႕
University Ranking ေတြထဲမွာဆိုရင္ ေအာက္ကေန ၾကည့္မွ ေတြ႔ရလိမ့္မယ္ထင္တယ္။ လာတက္တဲ့
အတန္းေဖာ္ေတြက ဟိုဆရာမဆိုရင္၊ ကိုလံဘိုတကၠသိုလ္ကေနလာတက္တာ။ ဟိုအဘိုးႀကီးက ေကလနိယ၊
psychiatrist က ေပရာဒနိယက စသည္ေပါ့။ သူတို႔က်ေတာ့ တကၠသိုလ္ကိုရွာတာလည္း မဟုတ္ဘူး။ ဆရာကိုရွာေနတာလည္း
မဟုတ္ဘူး။ Subject ကို ရွာတာ။ ကို္ယ္စိတ္ဝင္စားတဲ့ ဘာသာရပ္ မရွိတဲ့ေနရာမွာ နာမည္ႀကီးေပမယ့္
လိုရင္းဘယ္ေရာက္မလဲ။ တကယ္ေတာ့ ဘြဲ႕လြန္အတန္းေတြက ကို္ယ္လုပ္မွ ကိုယ္ရတာပါ။ တကၠသိုလ္ေတြ
ဆရာေတြ မလိုအပ္ဘူးလားဆိုေတာ့ လိုအပ္ပါတယ္။ တကၠသိုလ္ရဲ႕ဝန္ေဆာင္မႈေတြ ေကာင္းဖို႔လိုတယ္။
ဆရာလည္း အရည္အခ်င္းျပည့္မီဖို႔လိုတယ္။ တကၠသိုလ္ဝန္ေဆာင္မႈေကာင္းရုံ၊ ဆရာအရည္အေသြးျပည့္ရုံနဲ႔
ကို္ယ္ပညာပိုတတ္သြားတာ မဟုတ္ေသးဘူး။ ကိုယ္ကိုယ္တိုင္ႀကိဳးစားအားထုတ္မႈက ပိုၿပီး အေရးႀကီးပါတယ္။
ေျပာျပခ်င္တာက သီရိလကၤာမွာ ဗုဒၶဘာသာတကၠသို္လ္တစ္ခုခုက မဟာတန္းလာတက္ရင္
မိမိယူတဲ့ ဘာသာစကား အဂၤလိပ္ဆိုရင္ အဂၤလိပ္ေပါ့၊ သင္ခဲ့ပါ။ ႏိုင္ငံတကာပညာရွင္ေတြ ေရးထားတဲ့
ဗုဒၶဘာသာစာအုပ္ေတြ ဖတ္ထားပါ။ တကၠသိုလ္ျဖစ္သည့္အတြက္ သုေတသနအေၾကာင္း ေလ့လာထားပါ။ ကိုယ့္ဟာကိုယ္ဖတ္ရတာပ်င္းစရာျဖစ္ေနရင္
သိတဲ့သူတစ္ဦးဦးဆီ ေမးျမန္းတာမ်ိဳး။ ေဆြးေႏြးတာမ်ိဳး လုပ္ပါ။ အဲဒါေတြမပါလာဘဲ ဒီေရာက္မွ
လုပ္မယ္ဆိုရင္ Assignment ေတြေပးမွ ဘယ္လိုေရးရမွန္းမသိ၊ ေျခမကိုင္မိ၊ လက္မကိုင္မိတာမ်ိဳး
ျဖစ္တတ္ပါတယ္။ Thesis ေခါင္းစဥ္ ေရြး၊ ဆရာနဲ႔လာေဆြးေႏြးဆိုမွ ဘာေျပာရမွန္းမသိ ျဖစ္ေနတာမ်ိဳးလည္း
ရွိပါတယ္။ ေနာက္ဆုံးေတာ့ ႀကံရာမရ၊ ေရးထားတဲ့ ပို႔ခ်ခ်က္အက်ဥ္းေတြ အလြတ္က်က္ၿပီး ေျဖရတာမ်ိဳးေတြ
ျဖစ္သြားတတ္တယ္။ စာေမးပြဲေအာင္ဖို႔က မခက္ပါဘူး။ အခ်င္းခ်င္း ကူညီေပးလို႔ရတယ္။ စာတတ္ဖို႔က
အေရးႀကီးတာေလ။ အခုက်က္၊ အခုေျဖ၊ အခုေအာင္တာမ်ိဳးက စာတတ္တာမွ မဟုတ္တာ။ အဲဒါေၾကာင့္ အခ်ိန္ေတြျမဳပ္ႏွံထားသင့္တယ္။
တစ္ႏွစ္၊ ႏွစ္ႏွစ္ဆိုတာ ဘာမွမၾကာပါဘူး။ ဒီစားက်က္ထဲမွာ ကိုယ္ဘယ္ေလာက္လိုက္စားႏိုင္
သလဲ။ ကိုယ့္ရဲ႕ေရရွည္ဘဝခရီးအတြက္ ဘယ္ေလာက္ထိ အသုံးဝင္မလဲဆိုတာ ကိုယ့္ရဲ႕ေလ့လာမႈက ပိုအေရးႀကီးတယ္မလား။
ပညာေရးခရီးမွာ အခ်ိန္ေတြေပးဆပ္ႏိုင္ပါေစ။ ပညာတတ္ႀကီးေတြျဖစ္ၾကပါေစလို႔ ဆုေတာင္းလိုက္ပါတယ္။
အမွားပါရင္ခြင့္လြတ္ပါလို႔ ေတာင္းပန္ပါေၾကာင္း ------------
အရွင္နႏၵိယ (ဖယ္ခုံ)
09.09.2019
02:40:00 PM
https://web.facebook.com/permalink.php?story_fbid=947532662246956&id=493802540953306&comment_id=947534575580098¬if_id=1568022669628826¬if_t=feed_comment
https://web.facebook.com/permalink.php?story_fbid=947532662246956&id=493802540953306&comment_id=947534575580098¬if_id=1568022669628826¬if_t=feed_comment
https://web.facebook.com/permalink.php?story_fbid=947532662246956&id=493802540953306&comment_id=947534575580098¬if_id=1568022669628826¬if_t=feed_comment
https://web.facebook.com/permalink.php?story_fbid=947532662246956&id=493802540953306&comment_id=947534575580098¬if_id=1568022669628826¬if_t=feed_comment