(၀၆.၀၈.၂၀၂၄ - ရက်နေ့၊ အမှာစာ ပြန်လည် ရေးသားခြင်း)
ဒီဆောင်းပါးဟာ ၂၀၁၉ ခုနှစ်ထုတ်မည့် လင်္ကာတမာန် မဂ္ဂဇင်းအတွက် ရေးထားတာဖြစ်ပြီး၊ ၂၀၁၉-ခုနှစ်မှာ လင်္ကာတမာန်မဂ္ဂဇင်း မထုတ်ဖြစ်သည့်အတွက် ဒီဆောင်းပါးလည်း မဂ္ဂဇင်းပေါ်မရောက်ခဲ့ရပါဘူး။ ၂၀၂၄-ခုနှစ်မှာ မကုဋာရာမကျောင်းတိုက်တည် နှစ်တစ်ရာပြည့် အထိမ်းအမှတ်အနေနဲ့ ဆယ်ကြိမ်မြောက် လင်္ကာတမာန်မဂ္ဂဇင်းပြန်လည် ထုတ်ဝေခဲ့ပါသည်။ မဂ္ဂဇင်းအယ်ဒီတာအဖွဲ့က မထုတ်ဖြစ်ခဲ့သည့် ၂၀၁၉-ခုနှစ်က ဆောင်းပါးများကိုလည်း ပြန်လည်ကြည့်ရှုစစ်ဆေးကြပြီး ကံကောင်းစွာဖြင့် ဒီဆောင်းပါးက လင်္ကာတမာန်မဂ္ဂဇင်းအတွက် ပြန်လည်ရွေးချယ်ခြင်းခံရပါသည်။ ထို့ကြောင့် ဤဆောင်းပါးသည် ၂၀၂၄-ခုနှစ်၊ ဆယ်ကြိမ်မြောက် လင်္ကာတမာန် မဂ္ဂဇင်းထဲက ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ (လင်္ကာတမာန်မဂ္ဂဇင်း စာမျက်နှာ-၁၃၄)။
၂၁-ရာစု မြန်မာရဟန်းတော်များအတွက် ပညာရေးစိန်ခေါ်မှု
“သုတေသနလုပ်ထားတဲ့ကျမ်းစာတွေက ဘယ်မှာအသုံးဝင်တာလဲ”
“သုတေသီတွေကကော ဘာတွေထူးလာတာလဲ”
မေးခွန်းလေးနှစ်ခုကို ဘယ်လိုဖြေကြမလဲ၊ ကိုယ့်အထင်နဲ့ကိုယ်ဘဲ ထင်မြင်ချက်ပေးပြီး ဖြေကြမလား၊ သက်သေ အထောက်အထား သာဓကတွေနဲ့ ဖြေကြမလား။ အဖြေကိုကော ဘယ်လိုသက်သေတွေနဲ့ ပြကြမလဲ။ ဒါတွေက ၂၁- ရာစုမှာ အဖြေထုတ်ရမည့် ပုစ္ဆာတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒေါက်တာဘွဲ့တွေ များပြားလာတဲ့ မြန်မာရဟန်းတော်တွေရဲ့ အသိုင်းအဝိုင်းတွေကြားမှာ မြန်မာရဟန်းတော်တွေရဲ့ ပညာရေးအခြေအနေက ဘယ်ကိုဦးတည်သွားကြမလဲ ဆိုတာကိုလည်း စိတ်ဝင်စားစရာကောင်းသည့် အကြောင်းအရာတစ်ခု။
“ဒေါက်တာဘွဲ့ရပြီး ဘာတွေလုပ်ကြမလဲဘုရား”။ ဒီမေးခွန်းကို ဘယ်လိုဖြေကြမလဲ ဆိုတာကို အမေးခံနေ ရတဲ့သူတွေကော၊ နားထောင်နေတဲ့သူတွေကော မြန်မာသံဃာတော်တွေရဲ့ အဝန်းအဝိုင်းမှာတော့ စိတ်ဝင်စားနေရာအကြောင်းအရာတစ်ခုပါဘဲ။ ဒါတွေကို ဘာလို့ အထူးတလည် ပြောနေရတာလဲ ဆိုတော့ ၂၁-ရာစုထဲမှာ မြန်မာ့ရဟန်းတော်တွေရဲ့အခန်းကဏ္ဍကို ပုံဖော်နေတဲ့အဖြေတစ်ခုလည်းဖြစ်သလို မြန်မာရဟန်းတော်တွေရဲ့ ပညာရေးအကျိုးသက်ရောက်မှုကိုလည်း ထင်ဟပ်ပြသနေတဲ့ အရိပ်အယောင်တစ်ခု သို့မဟုတ် စိန်ခေါ်မှုတစ်ခုလို့ ယူဆပါတယ်။
လက်ရှိအခြေအနေ
ခေတ်ကာလကလက်ခံထားတဲ့ပညာရေးနဲ့ အခြေအနေတွေရဲ့ တောင်းဆိုမှုတွေက သုတေသနအရင်းခံတဲ့ တက္ကသိုလ်ပညာရေးကို အားလုံးကသဘောတူ သင်ယူနေကြတယ်။ သုတေသနပါတဲ့အတွက် ဗုဒ္ဓဘာသာမှာ လက်ခံထားတဲ့ ဝိဘဇ္ဇဝါဒနဲ့ ပိုသင့်လျှော်တယ်လို့လည်း အားလုံးကလက်ခံထားကြတယ်။ မြန်မာဘုန်းတော်ကြီးရဲ့အခြေခံပညာရေးတွေက နိုင်ငံတကာကို ထိုးဖောက်ဖို့က မလွယ်၊ ခက်ခဲတယ် ဆိုတဲ့ အကြောင်း ပြချက်တွေနဲ့ ပြုပြင်ဖို့ အမျိုးမျိုးကြိုးစား ကြပေမယ့်၊ ပြုပြင်လို့ မလွယ်ကူတဲ့အခါ တက္ကသိုလ်ပညာရေးဘက်ကို ကူးပြောင်းပြီး သင်ယူ လိုက်ကြတယ်။ မြန်မာ့ပညာရေးကို နိုင်ငံတကာ လက်ခံထားတဲ့ပညာရေး စံချိန်စံနှုန်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် နောက်ကျနေတာကို မြင်နေရတာကြောင့် နိုင်ငံတကာမှာ ပညာတော်သင်ယူဖို့ ထွက်ခွာ သွားကြတာတွေ အများအပြားရှိ လာခဲ့လေပြီ။
မြန်မာရဟန်းတော်တွေရဲ့ အသိုင်းအဝိုင်းထဲမှာလည်း အခုဆိုရင် ဒေါက်တာရတဲ့သူတွေ မရေတွက်နိုင် လောက်အောင် များပြားလာခဲ့ပါပြီ။ ခရစ်နှစ်နှစ်ထောင်မတိုင်မီက ဒေါက်တာရသည့်ပုဂ္ဂိုလ်တွေနည်းပါးကြ ပေမယ့် ခရစ်နှစ် နှစ်ထောင်ရဲ့နောက်ပိုင်းမှာ အများအပြားပေါ်ပေါက်လာကြပါတယ်။ တစ်ချို့မြို့ကြီးတွေမှာ ဒေါက်တာရပြီး ကျောင်းပြန်ထောင်ကြတဲ့ရဟန်းတော်တွေများနေလို့ ဒေါက်တာသချိုင်္င်းလို့တောင် စနောက်ြ ပီး ခေါ်ကြတာလည်းရှိပါတယ်။ နိုင်ငံတကာက ပညာသင်ပြန်လာပြီး သာသနာပြုနေတဲ့ ပါချုပ်ဆရာတော်၊ အောက်စဖို့ဒ်စရာတော်၊ ငါးကျမ်းပြန်ဆရာတော်စတဲ့ ဆရာတော်များတို့ရဲ့ ဟောပြောချက်တွေ၊ အမြင်တွေ၊ ရှုထောင့်တွေက ဆန်းသစ်နေခြင်း၊ ခေတ်နဲ့အန်ဝင်ခွင်ကျချပြနိုင်ခြင်းကြောင့် ဒေါက်တာဘွဲ့ရရဟန်း တော်များအပေါ် ယုံကြည်မှု ပိုရှိလာကြတာ အမှန်ပင်။ နိုင်ငံတကာမှာပညာတော်သင်တဲ့ သံဃာတော်တွေ ဘာတွေလေ့လာနေကြတာလဲဆိုတာကိုလည်း စိတ်ဝင်တစားရှိလာကြတယ်။
ဒေါက်တာရပြီးတဲ့ရဟန်းတော်များအတွက် အစဉ်အလာပညာရေးကနေ ခွဲထွက်ပြီး ပိုကောင်းတယ်ထင်တဲ့ အသွင်ပြောင်းပညာရေးမျိုးနဲ့ လေ့လာသင်ယူကြတာကြောင့် သာမာန်ထက်ပိုထူးတဲ့ အသိအမြင်တွေတော့ ရှိလာမယ်လို့လည်း ယုံကြည်မှုတွေ ရထားကြတယ်။ နောက်တစ်ခုက ပြင်လို့မလွယ်တော့လောက်အောင် ခေါက်ရိုးကျိုးနေနဲ့ အမူအကျင့်နဲ့ အတွေးအခေါ်တစ်ချို့တွေကို ပြောင်းလဲပေးဖို့လည်း အားကိုးချင်ကြတာ လည်း ပါတာပေါ့။ သုတေသနမပါဘဲ လက်လွတ်စံပယ်ပြောကြ၊ ဟောကြတဲ့ စင်ပေါ်ကအသံတွေကိုလည်း ပပျောက်စေချင်တဲ့ သူတွေရှိတယ်။ လူမှုရေးကွန်ယပ်ပေါ်က ဗုဒ္ဓဘာသာ ပုံရိပ်တွေ ပိုကောင်းလာဖို့က သုတေသနပြုထားတဲ့အရှင်မြတ်များရဲ့ အခန်းကဏ္ဍကလည်း အရေးပါကြတယ် မဟုတ်လား။ လက်ရှိအခြေအနေမှာတော့ ဒေါက်တာဘွဲ့ရ ရဟန်းတော်များ ၂၁- ရာစုမှာ ဘာတွေလုပ်ပြမလဲ ဆိုတာ အရေးပါတဲ့ လှုပ်ရှားမှုတစ်ခု။ ။
အစဉ်အလာပညာရေး
အရင်တုန်းက ဓမ္မာရိယ အောင်စာရင်းထွက်ရင် တစ်နှစ်ကို လေးရာ၊ ငါးရာ အောင်ကြတယ်လေ။ အောင်ကြ တော့ အဲဒီဓမ္မာစရိယစာမေးပွဲအောင်တဲ့အထဲက တစ်ပါးကို ရွာတစ်ရွာမှာ ကောင်းကောင်းလေး သာသနာ ပြုနိုင်ရင်တော့ မြန်မာနိုင်ငံမှာနေရာတိုင်း ဗုဒ္ဓတရားတော်တွေထွန်းကားပြီး ငြိမ်းချမ်းနေကြမှာဘဲ လို့ မျှော်လင့်ကြတာပေါ့။ နှစ်တိုင်းအဲလိုအရေအတွက်တွေအောင်တော့ ပိုပြီးအားတက်ကြတာပေါ့။ အခုဆိုရင်ပိုတောင်များသေး။ ထောင်ချီပြီးအောင်ကြတာ။ မှန်းချက်နဲ့ နှမ်းထွက်က ဘယ်လိုဖြစ်ကြတာလဲ။ တကယ်တော့ ဓမ္မာစရိယတန်းက စာတွေက ကျောင်းထိုင်ဖို့လား။ မဟုတ်ဘူးရယ်။ ပိဋကတ်ကျမ်းဂန်ဆ က်လက် လေ့လာဖို့ပါ။ ဆရာလွတ် ဆက်လေ့လာနိုင်ဖို့လောက်ပါဘဲ။
ဓမ္မာစရိယကျမ်းစာကို ဘယ်လိုလေ့လာခဲ့ကြတာလဲ။ အနက်ပေး၊ ကျမ်းတက်ကျမ်းထွက်၊ နည်းဥပစာ၊ အာဘောဂနဲ့ သံဝဏ္ဏနာ၊ ဉာသ်ကောက်၊ စတုက္ကထုတ်၊ လက္ခဏာဒိစတုက္က၊ ပစ္စည်းပြိုင်၊ ပါဠိစီ၊ ဂါထာစီ၊ ဆန်းစစ်၊ နေတ္တိ စသည် စသည်။ ဒါတွေက ပိဋကတ်ကျမ်းကို လေ့လာဖို့ ရှုထောင့်အမျိုးမျိုးနဲ့ လေ့ကျင့်ပေး တာ။ ဓမ္မာစရိယပြီးသွားရင် ဆရာလွတ် ပိဋကတ်သုံးပုံဖောက်နိုင်အောင်လို့ နည်းစနစ်တွေပေးနေတာ။ ဓမ္မာစရိယပြီးရင် ပိဋကတ်သုံးပုံကို ဆက်လေ့လာရပါမယ်။ အဲဒါမှ ဓမ္မာစရိယက နည်းစနစ်တွေ လက်တွေ့ ကျကျ အသုံးပြုနိုင်မှာပေါ့။ အဲဒါကို ဓမ္မာစရိယပြီးနေပြီဘဲ၊ ကျောင်းထိုင်တော့၊ ကလေးတွေကို စာသင်ပေး တော့၊ ရပ်ရွာမှာတရားဟောပေးတော့နဲ့ ပြောကြတယ်မလား။ တကယ်တော့ ခုတ်ရာတစ်ခြား ထစ်ရာတစ် ခြားကြီး။
ဓမ္မာစရိယပြဌာန်းစာ သင်ရိုးထဲမှာ ကျောင်းထိုင်ဖို့အတွက် ရပ်ရွာလူထုစည်းရုံးရေးအကြောင်း၊ အလုပ်ကို စီမံခန့်ခွဲမှုအကြောင်းတွေ အဓိကလေ့လာ နေရတာလည်းမဟုတ်၊ တပည့်တွေကို အုပ်ချုပ်ပုံအမျိုးမျိုး၊ စီမံခန့်ခွဲပုံအဆင့်ဆင့်ကို သင်ယူနေတာလည်း မဟုတ်။ စာပြန်သင်ဖို့အတွက်လည်း သင်ကြားရေးနည်း စနစ်ကို လေ့ကျင့်နေတာလည်းမဟုတ်၊ ဟောရေးပြောရေးလုပ်ရလောက်အောင်လည်း အများရှေ့ထွက်ပြီး တရားဟောပြ၊ ကိုယ်ဟောတဲ့တရားကို ဟောပြပြီး ဆရာကစစ်ပေး၊ အကြံပေးနေရတဲ့ အစီအစဉ်ကလည်း မပါ။ တရားစခန်းဖွင့်ရလောက်အောင်လည်း ကိုယ်တိုင်တရားအားထုတ်၊ တရားလျှောက်၊ တရားအစစ်ခံ စတဲ့အစီအစဉ်ကမပါ။ ဓမ္မာစရိယအတန်းထဲမပါတဲ့အတွက် ဒါတွေလုပ်ချင်ရင် သီးသန့်ထပ်လေ့လာ ရပါလိမ့်မည်။
ဒဿနိကဗေဒ၊ စိတ်ပညာ၊ လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူ့အခွင့်အရေး၊ ဥပဒေစတဲ့ အမြင်တွေပါအောင်ထည့်ပေးလို့ရပေမယ့် အဲဒါတွေကို ဇောင်းပေးပြီးသင်နေတာလည်း မဟုတ်ပါဘူး။ ဓမ္မာစရိယအောင်လို့ ဒါတွေသိတယ်မထင်နဲ့။ စာမေးပွဲအောင်ဖို့ သင်ယူမှုဖြစ်စဉ်တွေထဲမှာ ဒါတွေကို ဇောင်းပေးပြီး လမ်းမညွန်ပါ။ ဘယ်လိုပုစ္ဆာမေးတတ်လို့ ဘယ်လိုဖြေစတဲ့ ပွိုင့်ဖမ်းပေးတဲ့ပုံစံ၊ မှတ်စုထားရတဲ့ အစဉ်အလာ၊ အမှတ်ကောင်းဖို့ ဘယ်လိုဖြေစတဲ့ စာမေးပွဲအောင်စနစ်ကိုဘဲ အဓိကထား သင်ယူနေရပါတယ်။ ဒါတွေကို သိပါရဲ့သားနဲ့ ဓမ္မာစရိယပြီးရင် ကျောင်းထိုင်ခြင်းစတဲ့ သာသနာပြုလုပ်ငန်း ကို မျှော်လင့်တကြီးမျှော်လင့်နေတာကတော့ ဘယ်လိုအတွေးခေါ်မျိုးနဲ့ ဆည်းကပ်နေမှန်း မသိတော့ပါ။
သို့သော်လည်း ခေတ်နဲ့အတူ ဗုဒ္ဓတရားတော်တွေ ပြန့်ပွားနိုင်ဖို့ သာသနာပြုနိုင်ကြဖို့ မျှော်လင့်ချက်ကတော့ ဗုဒ္ဓသာသနာတော်ကို ချစ်မြတ်နိုးသူတိုင်း မျှော်လင့်နေဆဲပါဘဲ။ ဒီမျှော်လင့်ချက်တွေကို ၂၁-ရာစုမှာတော့ ဒေါက်တာဘွဲ့ရ ရဟန်းတော်တေတွထံ ပြောင်းလဲလာပြီထင်တာပဲ။
သုတေသန ပညာရေးဆီက
ဒေါက်တာဘွဲ့ရတွေ များလာတဲ့ နောက်ပိုင်းမှာ Academic field ထဲမှာ Research တွေကောင်းကောင်း ကော လုပ်ခဲ့ကြလားဆိုတဲ့ မေးခွန်းတစ်ခု ဖြစ်ပေါ်လာပါတော့တယ်။ ဒေါက်တာဘွဲ့ရဟန်းတော်များ လေးဆယ် ငါးဆယ်လောက် ရှိပါရဲ့သားနဲ့ ပြောင်းလဲမှုတစ်ခုခုမလုပ်နိုင်၊ သို့မဟုတ် ထူးခြားတဲ့ဟောပြော ချက်တွေ မချပြနိုင်ရင် ပြောစရာတွေဖြစ်လာပါလိမ့်မယ်။ ဘယ်ဘာသာရပ်နဲ့ဘွဲ့ရတာလဲ၊ အဲဒီဘာသာရပ်နဲ့ ပတ်သက်ပြီး ဘာဆက်လုပ်ဖြစ်တာလဲ ဆိုတာမျိုး။ ကျမ်းတင်ပြီးရင် ပြီးပြီ။ ကြာရင်မေ့သွားမယ်ဆို တာမျိုးဆိုရင် စဉ်းစားစရာဖြစ်လာပါလိမ့်မယ်။ အနည်းဆုံးသုံးနှစ်၊ တစ်ချို့က လေးနှစ်၊ တစ်ချို့က ငါးနှစ် လောက်အချိန်ပေးပြီး ပြုစုခဲ့တဲ့ကျမ်းက လက်တွေ့ အပြင်လောကအထိ ပါမလာရင် ပြောစရာတွေ ဖြစ်လာပါလိမ့်မယ်။
ကမ္ဘာကိုခဏထားပါ၊ မြန်မာ့လူမှုရေးလောကကို ဘယ်လိုအကျိုးပြုသလဲကြည့်ရလိမ့်မယ်၊ ဗုဒ္ဓဘာသာ စိတ်ပညာနဲ့ ဘွဲ့ရထားတဲ့ သူတွေအများကြီးပါဘဲ။ စိတ်ဖိစီးမှုတွေများနေတဲ့ ခေတ်ထဲမှာ ဘယ်လိုအဖြေမျိုး ရှာပေးနိုင်တာလဲ။ ကိုယ်တိုင်ကော ဘယ်လိုကျင့်သုံးကြတာလဲ။ ဗုဒ္ဓဘာသာ ဒဿနိကဗေဒနဲ့ ဘွဲ့ရလာခဲ့ တာပဲ၊ လက်ရှိပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ အတွေးအခေါ်မျိုး ချပြပေးနိုင်ရဲ့လား။ Suicide တွေကို ဘယ်လိုလျော့ချမလဲ၊ အကြမ်းဖက်မှုတွေကို ဘယ်လိုဖြေရှင်းမလဲစတဲ့ အဖြေတွေ၊ နည်းလမ်းတွေ မပေးနိုင်ရင် စဉ်းစာစရာဖြစ်လာပြီ။ ပညာသင်တာ ရောဟုတ်ရဲ့လား၊ စာသွားသင်တာများဖြစ်နေမလား။ ဟိုက ဆရာတွေပေးတဲ့ ပို့ချချက်တွေကို ယူလာပြီး တပည့်တွေကို ပြန်မျှဝေရုံလေး၊ ဘွဲ့ရဖို့၊ စာမေးပွဲဖြေဖို့ အထောက်အကူဖြစ်အောင် ပြန်လမ်းညွန် နိုင်ရုံလေးလောက်ဘဲ လမ်းဆုံးသွားမယ်ဆိုရင် မြန်မာ့ရဟန်း တော်များရဲ့ ပညာရေးခရီးက အပေါ်ယံဘဲ ပြောင်းလဲပြနိုင်ပြီး အနှစ်သာရပိုင်းမှာက အရင်အတိုင်းဘဲ ဆက်ရှိ နေဦးမှာပဲ။ ပညာတော်သင်တာ စာမေးပွဲအောင်ဖို့လား၊ ပညာတတ်ဖို့လားဆိုတာ ၂၁- ရာစုမှာ မြန်မာရဟန်း တော်များအတွက် ပညာရေးစိန်ခေါ်မှုတစ်ခုပဲ။
သုတေသီိတွေရဲ့ နောက်ဆက်တွဲ စိန်ခေါ်မှု
သုတေသနနယ်ပယ်က ပြန်လာတဲ့သူတွေများလာတာတော့ မြန်မာရဟန်းတော်တွေရဲ့ အဝန်းအဝိုင်းမှာ ဂုဏ်ယူစရာအရာတစ်ခုလို့ ပြောလို့ရပါတယ်။ ဘွဲ့ရသုတေသီတွေ ဘာတွေဆက်လုပ်ကြတာလဲ။ ရောက်ရာအရပ်မှာ သုတေသနတွေဆက်လုပ်ကြသေးလား။ မြန်မာ့ဘုန်းတော်ကြီးပညာရေးကို အထောက်အကူပြစေမယ့် သုတေသနမျိုးကော ချပြပေးနိုင်လား။ ဥပမာ - ပထမငယ်၊ လတ်၊ ကြီး၊ ဓမ္မာစရိယတန်းအောင်တဲ့ သံဃာတွေ ဘယ်နှစ်ပါးရှိတယ်၊ ဘယ်နှစ်ရာခိုင်နှုန်း အောင်တယ်၊ တတ်မြောက် မှုက ဘယ်နှစ်ရာခိုင်နှုံးရှိတယ်။ အသိပညာဘယ်လောက်ရတယ်၊ ကျွမ်းကျင်မှု ဘယ်လောက်ရှိတယ်၊ တန်ဖိုး ထားမှု ဘယ်လိုရှိတယ်။ အဲဒီအတန်းတွေရဲ့ နောက်ဆက်တွဲအလုပ်ဘာတွေ လုပ်နိုင်တယ်။ အတန်းတိုင်းမှာ အဆင့်အတန်းက ဘယ်လောက်ရှိတယ်။ ဘယ်ပညာရေးအဆင့်အတန်းနဲ့ ညီမျှတယ်စတဲ့ သုတေသနတွေ ထွက်လာပြီလား။ စာသင်သားနဲ့ စာချဘုန်းကြီးတို့ရဲ့ အားသာချက်၊ အားနည်းချက်၊ နီးစပ်မှု၊ ကွာဟမှုတွေက ဘာလဲ၊ ဆက်သွယ်ဆက်ဆံရေးအနေအထားက ဘယ်လိုရှိလဲ စတဲ့စတဲ့ ဘုန်းတော်ကြီး ပညာရေးပိုင်းက သုတေသနတွေလုပ်ကြရဲ့လား။
ဘုန်းကြီးဦးရေ၊ ကျောင်းထိုင်၊ အခန်းနေရဟန်း၊ မြို့ပေါ်၊ ရွာထဲ၊ သူတို့ရဲ့ နေ့စဉ်ဘဝ၊ စိတ်ခံစားမှု၊ တန်ဖိုး ထားမှု၊ အတွေးအခေါ်၊ လိုအပ်ချက်၊ သံဃာတော်တွေအချင်းချင်း လက်တွေ့ဘဝ ဆက်ဆံရေး၊ လူတွေနဲ့ ဆက်သွယ်ဆက်ဆံရေးအပိုင်း စတဲ့ သုတေသနတွေကော တွေ့ရပါရဲ့လား။ အကြမ်းဖက်ခံရတဲ့သူတွေရှိ လား၊ လမ်းလွဲနေတဲ့သူဘယ်လောက်ရှိလဲ၊ ရဟန်းဘဝအပေါ်ပျော်ရွှင်မှုရှိ၊ မရှိ။ မပျော်ရင် ထွက်ပေါက်တွေ ဘယ်လိုရှာတယ် စတဲ့သုတေသနတွေကတော့ အခုထိကောင်းကောင်းမရှိသေးတာကတော့ အမှန်ပါဘဲ။
ဒီလိုသုတေသနတွေမပါဘဲ မြန်မာ့သံဃာတော်တွေရဲ့ အဖွဲ့အစည်းကို ဘယ်လိုပြုပြင်ကြမလဲ။ ဒေါက်တာ ဘွဲ့ရတွေ တစ်ပါးပြီးတစ်ပါး ပေါ်လာတဲ့ခေတ်ထဲမှာ ဘာအကျိုးပြုလုပ်ငန်း၊ ဘယ်လိုပြောင်းလဲခြင်းတွေနဲ့ သက်သေပြနိုင်မလဲ၊ အခုလက်ရှိဦးဆောင် နေတဲ့ ဆရာတော်တွေကိုဘဲ လက်ညိုးထိုးကြမလား။ ဒါတွေကို ဘယ်လိုအဖြေရှာမလဲဆိုတာ ဘွဲ့ရသုတေသီတွေရဲ့ ရှေ့ဆက်လုပ်ဆောင်ချက်တွေက အရေးပါမယ်ထ င်မယ်။ သုတေသီတွေရဲ့ အရည်အသွေးတွေကိုလည်း ဒီပေတံတွေနဲ့ လူမှုအသိုက်အဝန်းက ဆုံးဖြတ်ကြလိမ့်မယ်ထင်တယ်။
အရည်အသွေး
ပညာရေးလို့ပြောရင် တက္ကသိုလ်ပညာရေးတစ်ခုတည်းပြောတာမဟုတ်ပါဘူး။ လက်ရှိရိုးရာပညာရေး ကို လည်း ပါပါတယ်။ ပညာတတ်အောင်ကောသင်ကြရဲ့လား။ စာမေးပွဲအောင်ရုံဘဲလား။ စာချတန်းပြီးပြီ၊ ပါဠိစာပေကို ဆရာလွတ် တကယ်လေ့လာနိုင်ပြီလား။ ပါဠိဝါကျလေးတစ်ကြောင်းစီဖို့တောင် အလူးအလဲ လုပ်နေရရင်တော့ စဉ်းစားပေတော့။ ပါဌ်မှား၊ ပါဌ်မှန်တွေ၊ ပါဠိဂတိတွေ နားလည်ဖို့က ပိုဝေးသွားမယ်။ မာစတာတန်းတော့ ပြီးနေပြီ၊ အက်ဆေးလေးတစ်ပုဒ်ရေးဖို့ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေရင် ပြောစရာတော့ဖြစ်လာတော့မှာဘဲ။ အဲဒါကြောင့် ပညာသင်တယ်ဆိုတာ တကယ်ပညာတတ်ဖို့လိုတာ။ ဒီနေရာမှာ စာခက်တာကိုဘဲ ဂုဏ်ယူနေမှာလား၊ လက်တွေ့နယ်ပယ်မှာ အသုံးချဖို့ လေ့ကျင့်ကြ မလားဆိုတာကိုလည်း စဉ်းစားဖို့လိုနေပြီ။ ကိုယ်သင်တဲ့စာကို ဘယ်နေရာမှာအသုံးပြုရမယ် ဆိုတာမပြောဘဲ ဟိုဘက်ကဘွဲ့က ဒီဘွဲ့လောက်မခက်ဘူးလို့ပြောပြီး ဂုဏ်ယူချင်နေရင်တော့ ရတဲ့ဘွဲ့နဲ့ဘဲ ကျေနပ်တော့ပေါ့။
စာမေးပွဲတွေနဲ့သတ်မှတ်နေတဲ့ ခေတ်ကြီးထဲမှာ ပညာရေးလည်း အသတ်ခံရတာပဲ။ သင်ကြားချက်ကို လက်ဆင့်ကမ်းလိုက်ရုံနဲ့ ပညာသင်တယ်ထင်နေကြတာတွေအများကြီးဘဲ။ သတ်မှတ်ထားတဲ့ ကာလ အတွင်း သတ်မှတ်ထားတဲ့စာလေး ရေးနိုင်လိုက်ရုံနဲ့ ပညာရေးမှာ အောင်မြင်မှုရပြီထင်နေကြတာလည်း များသားရယ်။ လေ့လာသင်ယူမှုတွေက စာမေးပွဲနဲ့ပဲ ဘောင်ခတ်ထားရင် အမြော်အမြင်တွေက ကျဉ်းမြောင်း လွန်းပါတယ်။ အထူးသဖြင့်် သုတေသနလိုပညာရပ်တွေမှာ အပြင်လောက လက်တွေ့ဘဝအထိ ပါလာသင့် တယ်။ ကျောင်းစာသင်ခန်းထဲမှာဘဲ ထားခဲ့ရမည့်အရာတွေမဟုတ်ပါ။ ဘွဲ့ဒီဂရီတွေများလာတဲ့ ခေတ်ထဲမှာ ပညာရေးကို အတုအယောင်မက်လုံးတွေ ဖုံးသွားတတ်တာကိုလည်း သတိထားရပါမယ်။
အခုလောလောဆယ် ပညာရေးနယ်ပယ်မှာ ဟော့နေတဲ့သတင်းတစ်ခုက ဒေါက်တာအတုအယောင်တွေ ကိစ္စပါဘဲ။ အဲဒီအတုအယောင်တွေက ရဟန်းတော်တွေရဲ့ ပညာရေးဖြစ်စဉ်ထဲမှာ မပါဖို့ အရေးကြီးပါတယ်။ စင်ပေါ်မှာထိုင်ပြီး ဓမ္မဓိဋ္ဌာန် နဲ့ ပုဂ္ဂလဓိဋ္ဌာန်မကွဲတဲ့ ယူဆချက်တွေ၊ ဟောပြောချက်တွေကြောင့် အထင်သေးစရာ ဖြစ်နေတာတွေကို မသိတာတွေကြောင့် သံဃာပုံရိပ်တွေကိုပါ ထိခိုက်နေတာမျိုးတွေ များစွာရှိတယ်မလား။ ဒါတွေကို ပညာရေးနဲ့ပြုပြင်ပြောင်းလဲနိုင်ရင် မြန်မာရဟန်း တော်များရဲ့ ပုံရိပ်တွေက အကောင်းဘက်ဆီ ရောက်သွားဖို့ အလားအလာတွေ ရှိပါတယ်။ အဲဒီလိုဖြစ်ဖို့ အရေအတွက်ထက် အရည်အသွေးတွေကို ဦးစားပေး ရွေးချယ်ဖို့၊ ပံ့ပိုးဖို့၊ ဝိုင်းပြီးကူညီကြဖို့ အချိန်ကျရောက်နေပါပြီ။ အရည်အသွေးပြည့်မီတဲ့ ခေါင်းဆောင်မှုနဲ့ ဦးဆောင်မှသာ အစစ်အမှန်ပညာရေးတွေ ရရှိနိုင်မယ်၊ ဖွံ့ဖြိုးပြီး ငြိမ်းချမ်းသာယာတဲ့ လူမှုအသိုက်အမြုံတစ်ခု ဖန်တီးနိုင်မယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် အရည်အသွေးပြည့်မီတဲ့ စာသင်သားတွေကို မွေးထုတ်ပေးနိုင်ဖို့က ၂၁-ရာစုမှာ အရေးကြီးတဲ့ အရာတစ်ခုလို့ မြင်မိပါတယ်။
နိဂုံး
၂၁-ရာစုထဲ မြန်မာ့ဘုန်းတော်ကြီးပညာရေးကတော့ မူရင်းပညာရေးပါဠိစာပေပညာရေးက သာသနာတော် အတွက် အခြေခံကျ တယ်ဆိုတဲ့ယုံကြည်ချက်တွေနဲ့ဆက်လက်သင်ယူကြသလို ခေတ်မီတဲ့ပညာရေးတစ်ခု ဆိုတဲ့ ယုံကြည်မှုနဲ့ တက္ကသိုလ်ပညာရေးကိုလည်း ဆက်လက်သင်ယူသွားကြဦးမှာပါဘဲ။ ဒီပညာရေးက အရည်အသွေးပြည့်မီစွာ သင်ယူနိုင်ခဲ့ရင်တော့ မြန်မာရဟန်းတော်အသိုင်းအဝိုင်းက တစ်မျိုးတစ်ဖုံပြန်လည် ပြောင်းလဲသွားနိုင်တဲ့အလားအလာတွေ ရှိပါတယ်။ အားနည်းချက်တွေ ပြန်လည်ပြုပြင်လာဖို့၊ အားသာချက်တွေကို ကျယ်ပြန့်စွာဖြန့်ထားနိုင်ဖို့ အလားအလာများစွာရှိပါတယ်။ အရည်အသွေးမမီတဲ့ ပညာရေးတွေသာဖြစ်လာခဲ့ရင်တော့ အထင်သေးစရာတွေ ဖြစ်လာဖို့အလားအလာ တွေ များစွာရှိပါတယ်။ အပြောအဆို၊ အနေအထိုင်၊ အတွေးအခေါ်စတဲ့ ပညာရေးအခြေခံထားတဲ့ အမူအကျင့် အသိအမြင်တွေ အားနည်းနေရင် ၂၁-ရာစုမှာ အထင်သေးစရာ အလားအလာ၊ အရိပ်အယောင်တွေ ရှိပါတယ်။ အဲဒါကြောင့် မြန်မာရဟန်းတော်တွေရဲ့အခန်းကဏ္ဍက ၂၁-ရာစုမှာ အကောင်းဘက်မှာလည်း ဦးတည်လာနိုင်သလို အဆိုးဘက်မှာလည်း ဦးတည်လာနိုင်တယ်။ အကောင်းဘက်ကို ဦးတည်လာဖို့ အားလုံးဝိုင်းဝန်းပံ့ပိုး ကူညီကြပါစို့။
အရှင်နန္ဒိယ (ဖယ်ခုံ) 01.07.2019 04:00:00 PM
၂၁-ရာစု ျမန္မာရဟန္းေတာ္မ်ားအတြက္ ပညာေရးစိန္ေခၚမႈ
“သုေတသနလုပ္ထားတဲ့က်မ္းစာေတြက
ဘယ္မွာအသုံးဝင္တာလဲ”
“သုေတသီေတြကေကာ
ဘာေတြထူးလာတာလဲ”
ေမးခြန္းေလးႏွစ္ခုကို
ဘယ္လိုေျဖၾကမလဲ၊ ကိုယ့္အထင္နဲ႔ကိုယ္ဘဲ ထင္ျမင္ခ်က္ေပးၿပီး ေျဖၾကမလား၊ သက္ေသ အေထာက္အထား
သာဓကေတြနဲ႔ ေျဖၾကမလား။ အေျဖကိုေကာ ဘယ္လိုသက္ေသေတြနဲ႔ ျပၾကမလဲ။ ဒါေတြက ၂၁- ရာစုမွာ အေျဖထုတ္ရမည့္
ပုစၦာတစ္ခု ျဖစ္လာပါလိမ့္မယ္။ ေဒါက္တာဘြဲ႕ေတြ မ်ားျပားလာတဲ့ ျမန္မာရဟန္းေတာ္ေတြရဲ႕
အသိုင္းအဝိုင္းေတြၾကားမွာ ျမန္မာရဟန္းေတာ္ေတြရဲ႕ ပညာေရးအေျခအေနက ဘယ္ကိုဦးတည္သြားၾကမလဲ
ဆိုတာကိုလည္း စိတ္ဝင္စားစရာေကာင္းသည့္ အေၾကာင္းအရာတစ္ခု။
“ေဒါက္တာဘြဲ႕ရၿပီး ဘာေတြလုပ္ၾကမလဲဘုရား”။ ဒီေမးခြန္းကို
ဘယ္လိုေျဖၾကမလဲ ဆိုတာကို အေမးခံေန ရတဲ့သူေတြေကာ၊ နားေထာင္ေနတဲ့သူေတြေကာ ျမန္မာသံဃာေတာ္ေတြရဲ႕
အဝန္းအဝိုင္းမွာေတာ့ စိတ္ဝင္စားေနရာအေၾကာင္းအရာတစ္ခုပါဘဲ။
ဒါေတြကို ဘာလို႔ အထူးတလည္ ေျပာေနရတာလဲ ဆိုေတာ့ ၂၁-ရာစုထဲမွာ ျမန္မာ့ရဟန္းေတာ္ေတြရဲ႕အခန္းက႑ကို
ပုံေဖာ္ေနတဲ့အေျဖတစ္ခုလည္းျဖစ္သလို ျမန္မာရဟန္းေတာ္ေတြရဲ႕ ပညာေရးအက်ိဳးသက္ေရာက္မႈကိုလည္း
ထင္ဟပ္ျပသေနတဲ့ အရိပ္အေယာင္တစ္ခု သို႔မဟုတ္ စိန္ေခၚမႈတစ္ခုလို႔ ယူဆပါတယ္။
လက္ရွိအေျခအေန
ေခတ္ကာလကလက္ခံထားတဲ့ပညာေရးနဲ႔
အေျခအေနေတြရဲ႕ ေတာင္းဆိုမႈေတြက သုေတသနအရင္းခံတဲ့ တကၠသိုလ္ပညာေရးကို အားလုံးကသေဘာတူ
သင္ယူေနၾကတယ္။ သုေတသနပါတဲ့အတြက္ ဗုဒၶဘာသာမွာ လက္ခံထားတဲ့ ဝိဘဇၨဝါဒနဲ႔ ပိုသင့္ေလွ်ာ္တယ္လို႔လည္း
အားလုံးကလက္ခံထားၾကတယ္။ ျမန္မာဘုန္းေတာ္ႀကီးရဲ႕အေျခခံပညာေရးေတြက ႏိုင္ငံတကာကို ထိုးေဖာက္ဖို႔က
မလြယ္၊ ခက္ခဲတယ္ ဆိုတဲ့ အေၾကာင္း ျပခ်က္ေတြနဲ႔ ျပဳျပင္ဖို႔ အမ်ိဳးမ်ိဳးႀကိဳးစား ၾကေပမယ့္၊
ျပဳျပင္လို႔ မလြယ္ကူတဲ့အခါ တကၠသိုလ္ပညာေရးဘက္ကို ကူးေျပာင္းၿပီး သင္ယူ လိုက္ၾကတယ္။
ျမန္မာ့ပညာေရးကို နိုင္ငံတကာ လက္ခံထားတဲ့ပညာေရး စံခ်ိန္စံႏႈန္းေတြနဲ႔ ႏႈိင္းယွဥ္ၾကည့္ရင္
ေနာက္က်ေနတာကို ျမင္ေနရတာေၾကာင့္ ႏိုင္ငံတကာမွာ ပညာေတာ္သင္ယူဖို႔ ထြက္ခြာ သြားၾကတာေတြ
အမ်ားအျပားရွိ လာခဲ့ေလၿပီ။
ျမန္မာရဟန္းေတာ္ေတြရဲ႕
အသိုင္းအဝိုင္းထဲမွာလည္း အခုဆိုရင္ ေဒါက္တာရတဲ့သူေတြ မေရတြက္ႏိုင္ ေလာက္ေအာင္ မ်ားျပားလာခဲ့ပါၿပီ။
ခရစ္ႏွစ္နွစ္ေထာင္မတိုင္မီက ေဒါက္တာရသည့္ပုဂၢိဳလ္ေတြနည္းပါးၾက ေပမယ့္ ခရစ္ႏွစ္ ႏွစ္ေထာင္ရဲ႕ေနာက္ပိုင္းမွာ
အမ်ားအျပားေပၚေပါက္လာၾကပါတယ္။ တစ္ခ်ိဳ႕ၿမိဳ႕ႀကီးေတြမွာ ေဒါက္တာရၿပီး ေက်ာင္းျပန္ေထာင္ၾကတဲ့ရဟန္းေတာ္ေတြမ်ားေနလို႔
ေဒါက္တာသခ်ိဳၤင္းလို႔ေတာင္ စေနာက္ၿ ပီး ေခၚၾကတာလည္းရွိပါတယ္။ ႏိုင္ငံတကာက ပညာသင္ျပန္လာၿပီး
သာသနာျပဳေနတဲ့ ပါခ်ဳပ္ဆရာေတာ္၊ ေအာက္စဖို႔ဒ္စရာေတာ္၊ ငါးက်မ္းျပန္ဆရာေတာ္စတဲ့ ဆရာေတာ္မ်ားတို႔ရဲ႕
ေဟာေျပာခ်က္ေတြ၊ အျမင္ေတြ၊ ရႈေထာင့္ေတြက ဆန္းသစ္ေနျခင္း၊ ေခတ္နဲ႔အန္ဝင္ခြင္က်ခ်ျပႏိုင္ျခင္းေၾကာင့္
ေဒါက္တာဘြဲ႕ရရဟန္း ေတာ္မ်ားအေပၚ ယုံၾကည္မႈ ပိုရွိလာၾကတာ အမွန္ပင္။ ႏိုင္ငံတကာမွာပညာေတာ္သင္တဲ့
သံဃာေတာ္ေတြ ဘာေတြေလ့လာေနၾကတာလဲဆိုတာကိုလည္း စိတ္ဝင္တစားရွိလာၾကတယ္။
ေဒါက္တာရၿပီးတဲ့ရဟန္းေတာ္မ်ားအတြက္
အစဥ္အလာပညာေရးကေန ခြဲထြက္ၿပီး ပိုေကာင္းတယ္ထင္တဲ့ အသြင္ေျပာင္းပညာေရးမ်ိဳးနဲ႔ ေလ့လာသင္ယူၾကတာေၾကာင့္
သာမာန္ထက္ပိုထူးတဲ့ အသိအျမင္ေတြေတာ့ ရွိလာမယ္လို႔လည္း ယုံၾကည္မႈေတြ ရထားၾကတယ္။ ေနာက္တစ္ခုက
ျပင္လို႔မလြယ္ေတာ့ေလာက္ေအာင္ ေခါက္ရုိးက်ိဳးေနနဲ႔ အမူအက်င့္နဲ႔ အေတြးအေခၚတစ္ခ်ိဳ႕ေတြကို္
ေျပာင္းလဲေပးဖို႔လည္း အားကုိ္းခ်င္ၾကတာ လည္း ပါတာေပါ့။ သုေတသနမပါဘဲ လက္လြတ္စံပယ္ေျပာၾက၊
ေဟာၾကတဲ့ စင္ေပၚကအသံေတြကိုလည္း ပေပ်ာက္ေစခ်င္တဲ့ သူေတြရွိတယ္။ လူမႈေရးကြန္ယပ္ေပၚက ဗုဒၶဘာသာ
ပုံရိပ္ေတြ ပိုေကာင္းလာဖို႔က သုေတသနျပဳထားတဲ့အရွင္ျမတ္မ်ားရဲ႕ အခန္းက႑ကလည္း အေရးပါၾကတယ္
မဟုတ္လား။ လက္ရွိအေျခအေနမွာေတာ့ ေဒါက္တာဘြဲ႕ရ ရဟန္းေတာ္မ်ား ၂၁- ရာစုမွာ ဘာေတြလုပ္ျပမလဲ
ဆိုတာ အေရးပါတဲ့ လႈပ္ရွားမႈတစ္ခု။ ။
အစဥ္အလာပညာေရး
အရင္တုန္းက
ဓမၼာရိယ ေအာင္စာရင္းထြက္ရင္ တစ္နွစ္ကို ေလးရာ၊ ငါးရာ ေအာင္ၾကတယ္ေလ။ ေအာင္ၾက ေတာ့ အဲဒီဓမၼာစရိယစာေမးပြဲေအာင္တဲ့အထဲက
တစ္ပါးကို ရြာတစ္ရြာမွာ ေကာင္းေကာင္းေလး သာသနာ ျပဳႏိုင္ရင္ေတာ့ ျမန္မာႏိုင္ငံမွာေနရာတိုင္း
ဗုဒၶတရားေတာ္ေတြထြန္းကားၿပီး ၿငိမ္းခ်မ္းေနၾကမွာဘဲ လို႔ ေမွ်ာ္လင့္ၾကတာေပါ့။ ႏွစ္တိုင္းအဲလိုအေရအတြက္ေတြေအာင္ေတာ့
ပိုၿပီးအားတက္ၾကတာေပါ့။ အခုဆိုရင္ပိုေတာင္မ်ားေသး။ ေထာင္ခ်ီၿပီးေအာင္ၾကတာ။ မွန္းခ်က္နဲ႔
ႏွမ္းထြက္က ဘယ္လိုျဖစ္ၾကတာလဲ။ တကယ္ေတာ့ ဓမၼာစရိယတန္းက စာေတြက ေက်ာင္းထိုင္ဖို႔လား။
မဟုတ္ဘူးရယ္။ ပိဋကတ္က်မ္းဂန္ဆ က္လက္ ေလ့လာဖို႔ပါ။ ဆရာလြတ္ ဆက္ေလ့လာႏိုင္ဖို႔ေလာက္ပါဘဲ။
ဓမၼာစရိယက်မ္းစာကို
ဘယ္လိုေလ့လာခဲ့ၾကတာလဲ။ အနက္ေပး၊ က်မ္းတက္က်မ္းထြက္၊ နည္းဥပစာ၊ အာေဘာဂနဲ႔ သံဝဏၰနာ၊ ဉာသ္ေကာက္၊
စတုကၠထုတ္၊ လကၡဏာဒိစတုကၠ၊ ပစၥည္းၿပိဳင္၊ ပါဠိစီ၊ ဂါထာစီ၊ ဆန္းစစ္၊ ေနတၱိ စသည္ စသည္။
ဒါေတြက ပိဋကတ္က်မ္းကို ေလ့လာဖို႔ ရႈေထာင့္အမ်ိဳးမ်ိဳးနဲ႔ ေလ့က်င့္ေပး တာ။ ဓမၼာစရိယၿပီးသြားရင္
ဆရာလြတ္ ပိဋကတ္သုံးပုံေဖာက္ႏိုင္ေအာင္လို႔ နည္းစနစ္ေတြေပးေနတာ။ ဓမၼာစရိယၿပီးရင္ ပိဋကတ္သုံးပုံကို
ဆက္ေလ့လာရပါမယ္။ အဲဒါမွ ဓမၼာစရိယက နည္းစနစ္ေတြ လက္ေတြ႕ က်က် အသုံးျပဳႏိုင္မွာေပါ့။
အဲဒါကို ဓမၼာစရိယၿပီးေနၿပီဘဲ၊ ေက်ာင္းထိုင္ေတာ့၊ ကေလးေတြကို စာသင္ေပး ေတာ့၊ ရပ္ရြာမွာတရားေဟာေပးေတာ့နဲ႔
ေျပာၾကတယ္မလား။ တကယ္ေတာ့ ခုတ္ရာတစ္ျခား ထစ္ရာတစ္ ျခားႀကီး။
ဓမၼာစရိယျပဌာန္းစာ
သင္ရုိးထဲမွာ ေက်ာင္းထိုင္ဖို႔အတြက္ ရပ္ရြာလူထုစည္းရုံးေရးအေၾကာင္း၊ အလုပ္ကို စီမံခန္႔ခြဲမႈအေၾကာင္းေတြ
အဓိကေလ့လာ ေနရတာလည္းမဟုတ္၊ တပည့္ေတြကို အုပ္ခ်ဳပ္ပုံအမ်ိဳးမ်ိဳး၊ စီမံခန္႔ခြဲပုံအဆင့္ဆင့္ကို
သင္ယူေနတာလည္း မဟုတ္။ စာျပန္သင္ဖို႔အတြက္လည္း သင္ၾကားေရးနည္း စနစ္ကို ေလ့က်င့္ေနတာလည္းမဟုတ္၊
ေဟာေရးေျပာေရးလုပ္ရေလာက္ေအာင္လည္း အမ်ားေရွ႕ထြက္ၿပီး တရားေဟာျပ၊ ကိုယ္ေဟာတဲ့တရားကို
ေဟာျပၿပီး ဆရာကစစ္ေပး၊ အႀကံေပးေနရတဲ့ အစီအစဥ္ကလည္း မပါ။ တရားစခန္းဖြင့္ရေလာက္ေအာင္လည္း
ကုိယ္တိုင္တရားအားထုတ္၊ တရားေလွ်ာက္၊ တရားအစစ္ခံ စတဲ့အစီအစဥ္ကမပါ။ ဓမၼာစရိယအတန္းထဲမပါတဲ့အတြက္
ဒါေတြလုပ္ခ်င္ရင္ သီးသန႔္ထပ္ေလ့လာ ရပါလိမ့္မည္။
ဒႆနိကေဗဒ၊
စိတ္ပညာ၊ လူမႈေရး၊ စီးပြားေရး၊ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး၊ လူ႔အခြင့္အေရး၊ ဥပေဒစတဲ့
အျမင္ေတြပါေအာင္ထည့္ေပးလို႔ရေပမယ့္ အဲဒါေတြကို ေဇာင္းေပးၿပီးသင္ေနတာလည္း မဟုတ္ပါဘူး။
ဓမၼာစရိယေအာင္လို႔ ဒါေတြသိတယ္မထင္နဲ႔။ စာေမးပြဲေအာင္ဖို႔ သင္ယူမႈျဖစ္စဥ္ေတြထဲမွာ ဒါေတြကို
ေဇာင္းေပးၿပီး လမ္းမညြန္ပါ။ ဘယ္လိုပုစၦာေမးတတ္လို႔ ဘယ္လိုေျဖစတဲ့ ပြိဳင့္ဖမ္းေပးတဲ့ပုံစံ၊
မွတ္စုထားရတဲ့ အစဥ္အလာ၊ အမွတ္ေကာင္းဖို႔ ဘယ္လိုေျဖစတဲ့ စာေမးပြဲေအာင္စနစ္ကိုဘဲ အဓိကထား
သင္ယူေနရပါတယ္။ ဒါေတြကို သိပါရဲ႕သားနဲ႔ ဓမၼာစရိယၿပီးရင္ ေက်ာင္းထိုင္ျခင္းစတဲ့ သာသနာျပဳလုပ္ငန္း
ကို ေမွ်ာ္လင့္တႀကီးေမွ်ာ္လင့္ေနတာကေတာ့ ဘယ္လိုအေတြးေခၚမ်ိဳးနဲ႔ ဆည္းကပ္ေနမွန္း မသိေတာ့ပါ။
သို႔ေသာ္လည္း
ေခတ္နဲ႔အတူ ဗုဒၶတရားေတာ္ေတြ ျပန္႔ပြားႏိုင္ဖို႔ သာသနာျပဳႏိုင္ၾကဖို႔ ေမွ်ာ္လင့္ခ်က္ကေတာ့
ဗုဒၶသာသနာေတာ္ကို ခ်စ္ျမတ္ႏိုးသူတိုင္း ေမွ်ာ္လင့္ေနဆဲပါဘဲ။ ဒီေမွ်ာ္လင့္ခ်က္ေတြကို
၂၁-ရာစုမွာေတာ့ ေဒါက္တာဘြဲ႕ရ ရဟန္းေတာ္ေတတြထံ ေျပာင္းလဲလာၿပီထင္တာပဲ။
သုေတသန
ပညာေရးဆီက
ေဒါက္တာဘြဲ႕ရေတြ
မ်ားလာတဲ့ ေနာက္ပို္င္းမွာ Academic field ထဲမွာ Research ေတြေကာင္းေကာင္း ေကာ လုပ္ခဲ့ၾကလားဆိုတဲ့
ေမးခြန္းတစ္ခု ျဖစ္ေပၚလာပါေတာ့တယ္။ ေဒါက္တာဘြဲ႔ရဟန္းေတာ္မ်ား ေလးဆယ္ ငါးဆယ္ေလာက္ ရွိပါရဲ႕သားနဲ႔
ေျပာင္းလဲမႈတစ္ခုခုမလုပ္ႏုိင္၊ သို႔မဟုတ္ ထူးျခားတဲ့ေဟာေျပာ ခ်က္ေတြ မခ်ျပႏိုင္ရင္
ေျပာစရာေတြျဖစ္လာပါလိမ့္မယ္။ ဘယ္ဘာသာရပ္နဲ႔ဘြဲ႕ရတာလဲ၊ အဲဒီဘာသာရပ္နဲ႔ ပတ္သက္ၿပီး ဘာဆက္လုပ္ျဖစ္တာလဲ
ဆိုတာမ်ိဳး။ က်မ္းတင္ၿပီးရင္ ၿပီးၿပီ။ ၾကာရင္ေမ့သြားမယ္ဆို တာမ်ိဳးဆိုရင္ စဥ္းစားစရာျဖစ္လာပါလိမ့္မယ္။
အနည္းဆုံးသုံးႏွစ္၊ တစ္ခ်ိဳ႕က ေလးႏွစ္၊ တစ္ခ်ိိဳ႕က ငါးႏွစ္ ေလာက္အခ်ိန္ေပးၿပီး ျပဳစုခဲ့တဲ့က်မ္းက
လက္ေတြ႔ အျပင္ေလာကအထိ ပါမလာရင္ ေျပာစရာေတြ ျဖစ္လာပါလိမ့္မယ္။
ကမၻာကိုခဏထားပါ၊
ျမန္မာ့လူမႈေရးေလာကကို ဘယ္လိုအက်ိဳးျပဳသလဲၾကည့္ရလိမ့္မယ္၊ ဗုဒၶဘာသာ စိတ္ပညာနဲ႔ ဘြဲ႕ရထားတဲ့
သူေတြအမ်ားႀကီးပါဘဲ။ စိတ္ဖိစီးမႈေတြမ်ားေနတဲ့ ေခတ္ထဲမွာ ဘယ္လိုအေျဖမ်ိဳး ရွာေပးႏိုင္တာလဲ။
ကိုယ္တိုင္ေကာ ဘယ္လိုက်င့္သုံးၾကတာလဲ။ ဗုဒၶဘာသာ ဒႆနိကေဗဒနဲ႔ ဘြဲ႕ရလာခဲ့ တာပဲ၊ လက္ရွိျပႆနာေတြကို
ေျဖရွင္းေပးႏုိုင္တဲ့ အေတြးအေခၚမ်ိဳး ခ်ျပေပးႏိုင္ရဲ႕လား။ Suicide ေတြကို ဘယ္လိုေလ်ာ့ခ်မလဲ၊
အၾကမ္းဖက္မႈေတြကို ဘယ္လိုေျဖရွင္းမလဲစတဲ့ အေျဖေတြ၊ နည္းလမ္းေတြ မေပးႏိုင္ရင္ စဥ္းစာစရာျဖစ္လာၿပီ။
ပညာသင္တာ ေရာဟုတ္ရဲ႕လား၊ စာသြားသင္တာမ်ားျဖစ္ေနမလား။ ဟိုက ဆရာေတြေပးတဲ့ ပို႔ခ်ခ်က္ေတြကို
ယူလာၿပီး တပည့္ေတြကို ျပန္မွ်ေဝရုံေလး၊ ဘြဲ႕ရဖို႔၊ စာေမးပြဲေျဖဖို႔ အေထာက္အကူျဖစ္ေအာင္
ျပန္လမ္းညြန္ ႏုိင္ရုံေလးေလာက္ဘဲ လမ္းဆုံးသြားမယ္ဆိုရင္ ျမန္မာ့ရဟန္း ေတာ္မ်ားရဲ႕ ပညာေရးခရီးက
အေပၚယံဘဲ ေျပာင္းလဲျပႏုိင္ၿပီး အႏွစ္သာရပိုင္းမွာက အရင္အတိုင္းဘဲ ဆက္ရွိ ေနဦးမွာပဲ။
ပညာေတာ္သင္တာ စာေမးပြဲေအာင္္ဖို႔လား၊ ပညာတတ္ဖို႔လားဆိုတာ
၂၁- ရာစုမွာ ျမန္မာရဟန္း ေတာ္မ်ားအတြက္ ပညာေရးစိန္ေခၚမႈတစ္ခုပဲ။
သုေတသီိေတြရဲ႕
ေနာက္ဆက္တြဲ စိန္ေခၚမႈ
သုေတသနနယ္ပယ္က
ျပန္လာတဲ့သူေတြမ်ားလာတာေတာ့ ျမန္မာရဟန္းေတာ္ေတြရဲ႕ အဝန္းအဝို္င္းမွာ ဂုဏ္ယူစရာအရာတစ္ခုလို႔
ေျပာလို႔ရပါတယ္။ ဘြဲ႔ရသုေတသီေတြ ဘာေတြဆက္လုပ္ၾကတာလဲ။ ေရာက္ရာအရပ္မွာ သုေတသနေတြဆက္လုပ္ၾကေသးလား။
ျမန္မာ့ဘုန္းေတာ္ႀကီးပညာေရးကို အေထာက္အကူျပေစမယ့္ သုေတသနမ်ိဳးေကာ ခ်ျပေပးႏိုင္လား။
ဥပမာ - ပထမငယ္၊ လတ္၊ ႀကီး၊ ဓမၼာစရိယတန္းေအာင္တဲ့ သံဃာေတြ ဘယ္ႏွစ္ပါးရွိတယ္၊ ဘယ္ႏွစ္ရာခိုင္ႏႈန္း
ေအာင္တယ္၊ တတ္ေျမာက္ မႈက ဘယ္ႏွစ္ရာခိုင္ႏႈံးရွိတယ္။ အသိပညာဘယ္ေလာက္ရတယ္၊ ကၽြမ္းက်င္မႈ
ဘယ္ေလာက္ရွိတယ္၊ တန္ဖိုး ထားမႈ ဘယ္လိုရွိတယ္။ အဲဒီအတန္းေတြရဲ႕ ေနာက္ဆက္တြဲအလုပ္ဘာေတြ
လုပ္ႏိုင္တယ္။ အတန္းတိုင္းမွာ အဆင့္အတန္းက ဘယ္ေလာက္ရွိတယ္။ ဘယ္ပညာေရးအဆင့္အတန္းနဲ႔
ညီမွ်တယ္စတဲ့ သုေတသနေတြ ထြက္လာၿပီလား။ စာသင္သားနဲ႔ စာခ်ဘုန္းႀကီးတို႔ရဲ႕ အားသာခ်က္၊
အားနည္းခ်က္၊ နီးစပ္မႈ၊ ကြာဟမႈေတြက ဘာလဲ၊ ဆက္သြယ္ဆက္ဆံေရးအေနအထားက ဘယ္လိုရွိလဲ စတဲ့စတဲ့
ဘုန္းေတာ္ႀကီး ပညာေရးပိုင္းက သုေတသနေတြလုပ္ၾကရဲ႕လား။
ဘုန္းႀကီးဦးေရ၊
ေက်ာင္းထိုင္၊ အခန္းေနရဟန္း၊ ၿမိဳ႕ေပၚ၊ ရြာထဲ၊ သူတို႔ရဲ႕ ေန႔စဥ္ဘဝ၊ စိတ္ခံစားမႈ၊ တန္ဖိုး
ထားမႈ၊ အေတြးအေခၚ၊ လိုအပ္ခ်က္၊ သံဃာေတာ္ေတြအခ်င္းခ်င္း လက္ေတြ႔ဘဝ ဆက္ဆံေရး၊ လူေတြနဲ႔
ဆက္သြယ္ဆက္ဆံေရးအပိုင္း စတဲ့ သုေတသနေတြေကာ ေတြ႔ရပါရဲ႕လား။ အၾကမ္းဖက္ခံရတဲ့သူေတြရွိ
လား၊ လမ္းလြဲေနတဲ့သူဘယ္ေလာက္ရွိလဲ၊ ရဟန္းဘဝအေပၚေပ်ာ္ရႊင္မႈရွိ၊ မရွိ။ မေပ်ာ္ရင္ ထြက္ေပါက္ေတြ
ဘယ္လိုရွာတယ္ စတဲ့သုေတသနေတြကေတာ့ အခုထိေကာင္းေကာင္းမရွိေသးတာကေတာ့ အမွန္ပါဘဲ။
ဒီလိုသုေတသနေတြမပါဘဲ
ျမန္မာ့သံဃာေတာ္ေတြရဲ႕ အဖြဲ႕အစည္းကို ဘယ္လိုျပဳျပင္ၾကမလဲ။ ေဒါက္တာ ဘြဲ႕ရေတြ တစ္ပါးၿပီးတစ္ပါး
ေပၚလာတဲ့ေခတ္ထဲမွာ ဘာအက်ိဳးျပဳလုပ္ငန္း၊ ဘယ္လိုေျပာင္းလဲျခင္းေတြနဲ႔ သက္ေသျပႏုိင္မလဲ၊
အခုလက္ရွိဦးေဆာင္ ေနတဲ့ ဆရာေတာ္ေတြကိုဘဲ လက္ညိဳးထိုးၾကမလား။ ဒါေတြကို ဘယ္လိုအေျဖရွာမလဲဆိုတာ
ဘြဲ႕ရသုေတသီေတြရဲ႕ ေရွ႕ဆက္လုပ္ေဆာင္ခ်က္ေတြက အေရးပါမယ္ထ င္မယ္။ သုေတသီေတြရဲ႕ အရည္အေသြးေတြကိုလည္း
ဒီေပတံေတြနဲ႔ လူမႈအသိုက္အဝန္းက ဆုံးျဖတ္ၾကလိမ့္မယ္ထင္တယ္။
အရည္အေသြး
ပညာေရးလို႔ေျပာရင္
တကၠသိုလ္ပညာေရးတစ္ခုတည္းေျပာတာမဟုတ္ပါဘူး။ လက္ရွိရုိးရာပညာေရး ကို လည္း ပါပါတယ္။ ပညာတတ္ေအာင္ေကာသင္ၾကရဲ႕လား။
စာေမးပြဲေအာင္ရုံဘဲလား။ စာခ်တန္းၿပီးၿပီ၊ ပါဠိစာေပကို ဆရာလြတ္ တကယ္ေလ့လာႏိုင္ၿပီလား။
ပါဠိဝါက်ေလးတစ္ေၾကာင္းစီဖို႔ေတာင္ အလူးအလဲ လုပ္ေနရရင္ေတာ့ စဥ္းစားေပေတာ့။ ပါဌ္မွား၊
ပါဌ္မွန္ေတြ၊ ပါဠိဂတိေတြ နားလည္ဖို႔က ပိုေဝးသြားမယ္။ မာစတာတန္းေတာ့ ၿပီးေနၿပီ၊ အက္ေဆးေလးတစ္ပုဒ္ေရးဖို႔
ေျခမကိုင္မိ၊ လက္မကိုင္မိျဖစ္ေနရင္ ေျပာစရာေတာ့ျဖစ္လာေတာ့မွာဘဲ။ အဲဒါေၾကာင့္ ပညာသင္တယ္ဆိုတာ
တကယ္ပညာတတ္ဖို႔လိုတာ။ ဒီေနရာမွာ စာခက္တာကိုဘဲ ဂုဏ္ယူေနမွာလား၊ လက္ေတြ႔နယ္ပယ္မွာ အသုံးခ်ဖို႔
ေလ့က်င့္ၾက မလားဆိုတာကိုလည္း စဥ္းစားဖို႔လိုေနၿပီ။ ကိုယ္သင္တဲ့စာကို ဘယ္ေနရာမွာအသုံးျပဳရမယ္
ဆိုတာမေျပာဘဲ ဟုိဘက္ကဘြဲ႔က ဒီဘြဲ႕ေလာက္မခက္ဘူးလို႔ေျပာၿပီး ဂုဏ္ယူခ်င္ေနရင္ေတာ့ ရတဲ့ဘြဲ႕နဲ႔ဘဲ
ေက်နပ္ေတာ့ေပါ့။
စာေမးပြဲေတြနဲ႔သတ္မွတ္ေနတဲ့
ေခတ္ႀကီးထဲမွာ ပညာေရးလည္း အသတ္ခံရတာပဲ။ သင္ၾကားခ်က္ကို လက္ဆင့္ကမ္းလိုက္ရုံနဲ႔ ပညာသင္တယ္ထင္ေနၾကတာေတြအမ်ားႀကီးဘဲ။
သတ္မွတ္ထားတဲ့ ကာလ အတြင္း သတ္မွတ္ထားတဲ့စာေလး ေရးႏိုင္လိုက္ရုံနဲ႔ ပညာေရးမွာ ေအာင္ျမင္မႈရၿပီထင္ေနၾကတာလည္း
မ်ားသားရယ္။ ေလ့လာသင္ယူမႈေတြက စာေမးပြဲနဲ႔ပဲ ေဘာင္ခတ္ထားရင္ အေျမာ္အျမင္ေတြက က်ဥ္းေျမာင္း
လြန္းပါတယ္။ အထူးသျဖင့္္ သုေတသနလိုပညာရပ္ေတြမွာ အျပင္ေလာက လက္ေတြ႔ဘဝအထိ ပါလာသင့္ တယ္။
ေက်ာင္းစာသင္ခန္းထဲမွာဘဲ ထားခဲ့ရမည့္အရာေတြမဟုတ္ပါ။ ဘြဲ႕ဒီဂရီေတြမ်ားလာတဲ့ ေခတ္ထဲမွာ
ပညာေရးကို အတုအေယာင္မက္လုံးေတြ ဖုံးသြားတတ္တာကိုလည္း သတိထားရပါမယ္။
အခုေလာေလာဆယ္
ပညာေရးနယ္ပယ္မွာ ေဟာ့ေနတဲ့သတင္းတစ္ခုက ေဒါက္တာအတုအေယာင္ေတြ ကိစၥပါဘဲ။ အဲဒီအတုအေယာင္ေတြက
ရဟန္းေတာ္ေတြရဲ႕ ပညာေရးျဖစ္စဥ္ထဲမွာ မပါဖို႔ အေရးႀကီးပါတယ္။ စင္ေပၚမွာထိုင္ၿပီး ဓမၼဓိ႒ာန္
နဲ႔ ပုဂၢလဓိ႒ာန္မကြဲတဲ့ ယူဆခ်က္ေတြ၊ ေဟာေျပာခ်က္ေတြေၾကာင့္ အထင္ေသးစရာ ျဖစ္ေနတာေတြကိုု
မသိတာေတြေၾကာင့္ သံဃာပုံရိပ္ေတြကိုပါ ထိခိုက္ေနတာမ်ိဳးေတြ မ်ားစြာရွိတယ္မလား။ ဒါေတြကို
ပညာေရးနဲ႔ျပဳျပင္ေျပာင္းလဲႏိုင္ရင္ ျမန္မာရဟန္း ေတာ္မ်ားရဲ႔ ပုံရိပ္ေတြက အေကာင္းဘက္ဆီ
ေရာက္သြားဖို႔ အလားအလာေတြ ရွိပါတယ္။ အဲဒီလိုျဖစ္ဖို႔ အေရအတြက္ထက္ အရည္အေသြးေတြကို ဦးစားေပး
ေရြးခ်ယ္ဖို႔၊ ပံ့ပိုးဖို႔၊ ဝိုင္းၿပီးကူညီၾကဖို႔ အခ်ိန္က်ေရာက္ေနပါၿပီ။ အရည္အေသြးျပည့္မီတဲ့
ေခါင္းေဆာင္မႈနဲ႔ ဦးေဆာင္မွသာ အစစ္အမွန္ပညာေရးေတြ ရရွိႏိုင္မယ္၊ ဖြံ႕ၿဖိဳးၿပီး ၿငိမ္းခ်မ္းသာယာတဲ့
လူမႈအသိုက္အၿမဳံတစ္ခု ဖန္တီးႏိုင္မယ္လို႔ ယူဆပါတယ္။ အဲဒါေၾကာင့္ အရည္အေသြးျပည့္မီတဲ့
စာသင္သားေတြကို ေမြးထုတ္ေပးႏိုင္ဖို႔က ၂၁-ရာစုမွာ အေရးႀကီးတဲ့ အရာတစ္ခုလို႔ ျမင္မိပါတယ္။
နိဂုံး
၂၁-ရာစုထဲ
ျမန္မာ့ဘုန္းေတာ္ႀကီးပညာေရးကေတာ့ မူရင္းပညာေရးပါဠိစာေပပညာေရးက သာသနာေတာ္ အတြက္ အေျခခံက်
တယ္ဆိုတဲ့ယုံၾကည္ခ်က္ေတြနဲ႔ဆက္လက္သင္ယူၾကသလို ေခတ္မီတဲ့ပညာေရးတစ္ခု ဆိုတဲ့ ယုံၾကည္မႈနဲ႔
တကၠသိုလ္ပညာေရးကိုလည္း ဆက္လက္သင္ယူသြားၾကဦးမွာပါဘဲ။ ဒီပညာေရးက အရည္အေသြးျပည့္မီစြာ
သင္ယူႏုိင္ခဲ့ရင္ေတာ့ ျမန္မာရဟန္းေတာ္အသိုင္းအဝိုင္းက တစ္မ်ိဳးတစ္ဖုံျပန္လည္ ေျပာင္းလဲသြားႏိုင္တဲ့အလားအလာေတြ
ရွိပါတယ္။ အားနည္းခ်က္ေတြ ျပန္လည္ျပဳျပင္လာဖို႔၊ အားသာခ်က္ေတြကို က်ယ္ျပန္႔စြာျဖန္႔ထားႏိုင္ဖို႔
အလားအလာမ်ားစြာရွိပါတယ္။ အရည္အေသြးမမီတဲ့ ပညာေရးေတြသာျဖစ္လာခဲ့ရင္ေတာ့ အထင္ေသးစရာေတြ
ျဖစ္လာဖို႔အလားအလာ ေတြ မ်ားစြာရွိပါတယ္။ အေျပာအဆို၊ အေနအထိုင္၊ အေတြးအေခၚစတဲ့ ပညာေရးအေျခခံထားတဲ့
အမူအက်င့္ အသိအျမင္ေတြ အားနည္းေနရင္ ၂၁-ရာစုမွာ အထင္ေသးစရာ အလားအလာ၊ အရိပ္အေယာင္ေတြ
ရွိပါတယ္။ အဲဒါေၾကာင့္ ျမန္မာရဟန္းေတာ္ေတြရဲ႕အခန္းက႑က ၂၁-ရာစုမွာ အေကာင္းဘက္မွာလည္း
ဦးတည္လာႏိုင္သလို အဆိုးဘက္မွာလည္း ဦးတည္လာႏုိင္တယ္။ အေကာင္းဘက္ကို ဦးတည္လာဖို႔ အားလုံးဝိုင္းဝန္းပံ့ပိုး
ကူညီၾကပါစို႔။
အရွင္နႏၵိယ
(ဖယ္ခုံ) 01.07.2019 04:00:00 PM
(ဤစာမူသည္
ကိုယ္ပိုင္စာမူျဖစ္ၿပီး၊ မည့္သည့္ဂ်ာနယ္ဇင္းတြင္ ေဖာ္ျပျခင္းမရွိေသးေၾကာင္း ဝန္ခံပါသည္)။