ရေရှည်တည်တံ့သော သာသနာပြုခြင်း လုပ်ငန်း
“မိမိဒေသမှာရှိသည့် ရဟန်းသံဃာတွေရဲ့ သာသနာပြုနည်းစနစ်တွေကို အားရကျေနပ်မှုရှိကြပါရဲ့လား” “သာသနာပြုလုပ်ငန်းမှာကော ဘယ်လိုပါဝင်ခဲ့ကြဖူးသလဲ” “သာသနာပြုလုပ်ငန်းမှာ ရေရှည်တည်တံ့သည့် သာသနာပြုလုပ်ငန်းဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ” စသည်ဖြင့် သာသနာရေးအတွက် အရေးပါသည့် မေးခွန်းများ များစွာရှိပါသည်။ ထိုမေးခွန်းများကို သာသနာတော်ကို ချစ်မြတ်နိုးကြသည့် မည်သူမဆို စိတ်ဝင်စားကြလိမ့်မည်ဟု ယူဆပါသည်။ ဤဆောင်းပါးသည် ထိုမေးခွန်းများကို ဖြေဆိုသည့်ဆောင်းပါး မျိုးတော့ မဟုတ်ပါ၊ သို့သော် ထိုမေးခွန်းတွေကို ဖြေဆိုဖို့အတွက် အထောက်အပံ့ဖြစ်လိမ့်မည်ဟု ယုံကြည်ပါသည်။ ရေရှည်တည်တံ့သော သာသနာပြုနည်းများကို မိမိအထင် မိမိအမြင်လေးနှင့် တင်ပြချင်ပါသည်။
လုပ်ငန်းတစ်ခုကို အချိန်ကာလကြာမြင့်စွာအကျိုးသက်ရောက်မှုရှိဖို့အတွက် လေ့လာကြည့်သည့်အခါမှာ မြတ်စွာဘုရားရှင်ရဲ့ နည်းနာနိဿယများကိုလည်း မေ့ထားလို့ မရပါ။ ဗုဒ္ဓသာသနာတော်ကို နှစ်ပေါင်း ထောင်ချီကြာမြင့်လောက်အောင် တောင့်ထားနိုင်ခဲ့တဲ့ နည်းဗျူဟာသည် သာမာန်နည်းစနစ်လေးတော့ မဟုတ်ပါ။ နက်ရှိုင်းကျယ်ဝန်းသည့် နည်းဗျူဟာများဖြစ်ပါသည်။ အခြားသော လူပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့ များရဲ့ နည်းဗျူဟာများသည်လည်း လေ့လာစရာကောင်းလောက်အောင် အတွေးအခေါ်တွေဆန်းသစ်ေ နပြီး နည်းလမ်းတွေက ခေတ်နဲ့ အန်ဝင်ခွင်ကျဖြစ်နေတာတွေကိုလည်း အများအပြားတွေ့ရပါသည်။ ရေရှည်တည်တံ့သည့် အလုပ်တစ်ခုကို လုပ်မည်ဆိုလျှင် လက်ရှိလူမှုအခြေအနေနဲ့ သင့်လျှော်မှု ဆက်စပ်မှု ရှိသည့်အလုပ် ဖြစ်ဖို့လိုပါသည်။ တကယ်လက်ရှိ ဘဝနှင့် အလှမ်းဝေးနေသည့် အလုပ်တွေဆိုလျှင် လူတွေနဲ့ တစ်သားတည်းမကျဘဲ သီးသန့်ဖြစ်သွားကာ ဘေးရောက်သွားတတ်ပါသည်။ သာသနာပြုလုပ်င န်းမှာ ခေတ်အခြေအနေကို မြတ်စွာဘုရားလည်း မလွန်ဆန်ပါ။ ဝိနည်းပိဋကတ်၊ သုတ္တန်ပိဋကတ်စာပေ တွကို လေ့လာကြည့်လျှင် ခေတ်အခြေအနေ၊ ပတ်ဝန်းကျင်အနေအထားများနှင့် လိုက်လျှောညီထွေသည် သာသနာပြုနည်းများကို မြတ်စွာဘုရားခွင့်ပြုခဲ့မှာ အထောက်အထားများ အထင်အရှား ရှိပါသည်။
သာသနာပြုသည့်နေရာမှာလည်း ရေတိုကာလအတွက် သာသနာပြုနည်း၊ ရေရှည်ကာလအတွက် သာသနာပြုနည်းဟု နှစ်မျိုးရှိပါလိမ့်မည်။ ရေတိုကာလအတွက် သာသနာပြုနည်း ဆိုလျှင် လက်ရှိကာလ သူတို့ရဲ့လိုအပ်ချက်ကို ဖြည့်ပေးနိုင်ဖို့လိုပါသည်။ ရေရှည်ကာလအတွက်ဆိုလျှင် သူတို့ရဲ့ယဉ်ကျေးမှု၊ ဓလေ့၊ ရိုးရာနဲ့ ပတ်ဝန်းကျင်ကို အရင်လေ့လာထားရပါမည်။ သူတို့နဲ့ အတူနေပြီး သာသနာပြုနိုင်အော င်ကြိုးစားရပါမည်။ လက်ရှိကမ္ဘာမှာ Sustainable ဆိုပြီးတော့ ရေရှည်တည်တ့့ံ့သည့်စီမံကိန်းတွေ အမျိုးမျိုးလုပ်နေကြတာ လည်း ရှိပါသည်။ လက်ရှိအခြေအနေတွေနဲ့ ပိုပြီးသင့်လျှော်တဲ့ အမြော်အမြင်တွေ အစီအစဉ်တွေလို့ ယူဆပါသည်။ ဥပမာ- Sustainable Development (ရေရှည်တည်တံ့သောဖွံ့ဖြိုးရေး) လုပ်တဲ့နေရာမှာ ဆိုရင်
Go to the people, Live with them, learn from them, do together with them and help them till they think they do themselves (ပြည်သူထံသွားပါ၊ သူတို့နဲ့ အတူနေပါ၊ သူတို့ဆီမှာ သင်ယူပါ၊ သူတို့နှင့် အတူ လုပ်ပါ၊ သူတို့ကိုကူညီနေမှန်းမသိဘဲ သူတို့ကိုယ်တိုင်လုပ်တယ်လို့ မှတ်ယူလာတဲ့အထိ ကူညီပါ)။ ပြီးရင်ဘာလုပ်မလဲ၊ Leave from them (အဲဒီကနေ စွန့်ခွာပါ)။ နောက်ဆုံးတော့ သူတို့ကိုစွန့်ခွာရပါသည်။ သူတို့ကို ငြိတွယ်ဖို့မဟုတ်ပါ၊ သူတို့တစ်သက်လုံးကိုးကွယ်ခံတာမျိုးလည်း မဟုတ်ပါ။ ကူညီရုံသက်သက်ပင်။
ကိုယ်က သူတို့ရဲ့ကျေးဇူးရှင်အဖြစ်အမြဲရပ်တည်ချင်တဲ့စိတ်တွေကို ဖျောက်ပစ်ရပါမည်။ အချိန်တန်ရင် စွန့်ခွာနိုင်တဲ့ စွမ်းအားတွေရှိရပါမည်။ ကူညီပေး၊ ပံ့ပိုးပေးတဲ့အချိန်မှာလည်း “ငါကူညီသည်၊ ငါပြောလို့သာ သူတို့သိကြသည်” ဆိုတာမျိုးထက် “သူတို့ကိုယ်တိုင်လုပ်ကြသည်၊ စုပေါင်းကြသည်၊ စည်းလုံးကြသည်၊ အတူတူစည်းလုံးမှုကြောင့်သာ အတူတူအောင်မြင်မှုကို ရယူကြသည် စသည်ဖြင့် ဤအောင်မြင်မှုသည် သူတို့၏ အောင်မြင်မှုသာဖြစ်သည်” ဆိုတာမျိုး ဖြစ်အောင် ကူညီပေးရပါသည်။ ကူညီလို့ကူညီမှန်း မသိအောင် ကူညီပေးရပါသည်။ သင်ပေးလို့သင်ပေးမှန်း မသိတဲ့နည်းမျိုးနဲ့ သင်ပေးရပါသည်။ ဒါမှသာ အမှန်တကယ်ထိရောက်သည့် ကူညီမှု၊ သင်ကြားမှုမျိုးဖြစ်လာမည်။ သူတို့ကိုယ်တိုင် သူတို့စွမ်းရည်ကို သူတို့ယုံကြည်ပြီး ရေရည်မှာ လွတ်လပ်စွာ သူတို့ရပ်တည်လာနိုင်မည်။
ဒီလိုမဟုတ်ဘဲ ”ငါလုပ်ပေးလို့၊ ငါကူညီလို့၊ ငါသင်ပေးလို့” စသည့် တစ်စုံတစ်ဦး သို့မဟုတ် အဖွဲ့တစ်ဖွဲ့ဖွဲ့ကို ကိုယ်စားပြုလွန်းအားကြီးရင် ကိုယ်ကိုယ်တိုင်ရုန်းဖို့ မေ့နေတတ်ပြီး အားကိုးတတ်တဲ့စိတ်တွေဘဲ မွေးပေးနေ သလို ဖြစ်သွားတတ်သည်။ သူတစ်ပါးကိုဘဲ အားကိုးလွန်းရင် အရေးကြုံလာသည့်အခါ ကိုယ်ကိုယ်တိုင်ရုန်း ဖို့ မေ့နေတတ်ပြီး၊ ကိုယ်စွမ်းကိုယ်စကို မယုံတတ်သည့်သူတွေဖြစ်လာတတ်ပါသည်။ ကူညီသည်ဆိုသည့် စကားလုံးအောက်က အဓိပ္ပါုယ်တွေ၊ ဖွင့်ဆိုချက်တွေ အမျိုးမျိုးကွဲပြားကြလိမ့်မည်။ မေးခွန်းထုတ်စရာလည်း များစွာရှိပါသည်။ သူတို့ကိုယ်တိုင် အမှီအခိုကင်းကင်း ရပ်တည်နိုင်အောင် ကူညီပေးမလား။ ကိုယ့်ကို အမြဲမှီခိုတတ်လာအောင် သင်ပေးမလား။ ဤမေးခွန်း၏အဖြေများသည် ကိုယ်ကိုယ်တိုင်ဘဲ ရွေးချယ်ရပါလိ မ့်မည်။
တစ်ချို့လူတွေကကပိုက်ဆံရှိလို့ ပိုက်ဆံနဲ့ပစ်ပေါက်ပြီး တစ်ခုခုသွားလုပ်ပေးတာမျိုး၊ သွားကူညီပေး လိုက်တာမျိုးတွေလည်း ရှိပါသည်။ အဲဒါတွေက ရေတိုစီမံကိန်း၊ အထူးသဖြင့် အရေးပေါ်ကာလ၊ ရေဘေး၊ မီးဘေး၊ မုန်တိုင်းဒဏ်၊ စစ်ဒဏ်စတဲ့ ဘေးသင့်တဲ့နေရာတွေမှာ ပိုပြီးလိုအပ်ပါသည်။ သို့သော် ရေရှည်တည် တံ့တဲ့ အလုပ်မျိုး ဖြစ်အောင် စီမံကိန်းချတဲ့အခါတွေမှာတော့ ပိုက်ဆံကိုင်ပြီး သွားကူညီရုံနဲ့ မလုံလောက်ပါ။ စည်းရုံးရပါသည်၊ အများဆန္ဒကို ယူရပါသည်။ ယုံကြည်မှုတွေ တည်ဆောက်ရပါသည်။ သူတို့နှင့် တသား တည်းဖြစ်အောင် သူတို့ရိုးရာ၊ ယဉ်ကျေးမှုတွေနဲ့ သင့်လျှော်တဲ့ နည်းစနစ်တွေ အပြောင်းအလဲတွေ လုပ်သင့် ရင်လည်း လုပ်ရပါသည်။ ဒေသခံနှင့် တစ်သားတည်းဖြစ်အောင် ကြိုးစားရပါသည်။ အချိန်တွေ အများကြီး ပေးဆပ်သင့်ရင်လည်း ပေးဆပ်ရပါသည်။ ဤတွင် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်း အတွက် အတွေးအခေါ်များ အယူအဆများ ဖြစ်ပါသည်။ အခြားအခြားသော ရေရှည်တည်တံ့သည့် စီမံကိန်းများ၏ အတွေးအခေါ်များလည်း အတုယူစရာ များစွာရှိပါသည်။
ဗုဒ္ဓဘာသာရဟန်းတော်များ၏ သာသနာပြုလုပ်ငန်းများ၏အခြေအနေသည် မည်ကဲ့သို့ရှိမည်နည်း။ လေ့လာစေချင်သည်။ အခြားသောအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များ နည်းဗျူဟာများကိုလည်း လေ့လာစေချင်သည်။ မည်ကဲ့သို့ ရှိပါသနည်း။ အခြားအခြားသော အသင်းအဖွဲ့များ၏ နည်းဗျူဟာများကို လည်း သာသနာပြုလုပ်ငန်းတွင် အသုံးပြုလို့ရသည့် အချက်တွေ များစွာရှိပါသည်။
တချို့သော လုပ်ဆောင်ချက်များသည် ရည်ရွယ်ချက်တွေ ကောင်းသော်လည်း နည်းစနစ်တွေ လွဲနေတာ တွေလည်း ရှိတယ်။ ရေရှည်လုပ်ရမည့်အလုပ်ကို ရေတိုဆန်တဲ့ စီမံကိန်းမျိုးနဲ့ ဝင်တာမျိုး၊ ရေတိုကာလ လုပ်ရမယ့်အလုပ်ကို ရေရှည်ဆန်းလွန်းတဲ့ ဟောပြောချက်မျိုး၊ လုပ်ရပ်မျိုးနှင့် ဝင်လုပ်တာမျိုးတွေက လုပ်သာလုပ်နေရတာ အရာမရောက်တာမျိုးလည်း ဖြစ်နေတတ်ပါသည်။ ဥပမာ- ဝေးလံခေါင်ဖျားတဲ့ အရပ်မှာ ကျောင်းဘုန်းကြီးတွေမရှိလို့ နွေရာသီရက်လေးတွေမှာ ယဉ်ကျေးလိမ္မာ သွားသင်ပေးလိုက်တာ မျိုး။ သင်ပေးပြီးရင်ပြန်လာ။ ခဏလေးအတွင်းဘဲ သင်ပေး၊ ပြောပြပေးနိုင်တာမို့ သူတို့နဲ့တစ်သက်လုံး အသားကျဖို့၊ ကျင့်သုံးနိုင်ဖို့က မလွယ်ပါ။ ဘုန်းကြီးလိုအပ်တဲ့နေရာမှာ ဘုန်းကြီးကမရှိတာမျိုးရှိသလို ဘုန်းကြီးရှိသော်လည်း ရပ်ရွာနဲ့ဘုန်းကြီးအကြား ရေရည်လက်တွဲလို့ရတဲ့အသိအမြင်မျိုးမပေးနိုင်ခဲ့ရင်လည်း ရေရှည်တည်တံ့ဖို့က မလွယ်ပြန်။ လုပ်ပေးမည့်သူမရှိတဲ့အရပ်မှာ လုပ်ပေးနိုင်တာကိုတော့ သာဓုခေါ်ပေမယ့် ရပ်ရွာနဲ့ တစ်သားတည်း မဖြစ်တဲ့ နည်းစနစ်တွေဖြစ်သွားမှာတော့ စိုးရိမ်မိသည်။ အားနည်းမှု၊ အားသာမှုများဟာ နေရာတိုင်းမှာ ရှိပါသည်။ ဖော်ပြရုံသာဖြစ်ပါသည်။ ဤစာကို အပြစ်မြင်သည့်စာဟုလည်း မမြင်စေချင်ပါ။
မြန်မာနိုင်ငံမှာ သာသနာပြုကြသည့် ရဟန်းသံဃာတော်နှင့်လူပုဂ္ဂိုလ်တို့၏ သာသနာပြုနည်းများကို လိုက်ကြည့်လိုက်ရင် တရားစခန်း၊ စာသင်တိုက်၊ ရွာကျောင်းထိုင်၊ တရားဟော ဓမ္မကထိက၊ ပရဟိတ အစရှိသည့် အလုပ်တွေဘဲ ဖြစ်ပါလိမ့်မည်။ ဒီလုပ်ငန်းများကို ရေရှည်တည်တံ့စေချင်လျှင် ခေတ်အခြေအေ နနှင့် သင့်လျှော်သည့် နည်းဗျူဟာတွေ ရှိဖို့လိုပါသည်။ လုပ်ခဲ့တဲ့အလုပ်တွေ လုပ်ပြီး ပြီးသွားတာမျိုးမဟု တ်ဘဲ ပြန်လည်သုံးသပ်သင့်ပါသည်။ အားသာချက်အားနည်းချက်များ ပြန်ဖော်ထုတ်သင့်ပါသည်။ Follow up လိုက်သင့်လျှင် လိုက်ရပါမည်။ သုတေသနဆန်ဆန် ရှာဖွေသင့်၊ စိစစ်သင့်၊ ဖော်ထုတ်သင့်သည့် အရာတွေလည်း ရှိပါမည်။ ကွာဟချက်များ၊ လိုအပ်ချက်များကိုလည်း ရှာဖွေရပါလိမ့်မည်။
တရားစခန်းတွေမှာဆိုလျှင် ရက်ရှည်တရားစခန်းဝင်ချင်သူတွေအတွက် ရက်ရှည်တရားစခန်းရှိပါသလား။ ရက်ရှည်တရားစခန်းမဝင်နိုင်တဲ့သူတွေအတွက် ရက်တိုတရားစခန်းကောရှိပါသလား။ အချိန်ပိုင်းဘဲ အားတဲ့သူတွေအတွက် အချိန်ပိုင်းတရားစခန်းတွေကော ဘယ်လိုစီစဉ်ကြမလဲ။ နောက်ပြီး သူတို့အတွက် အလွယ်တကူနားလည်နိုင်၊ ကျင့်သုံးနိုင်၊ ပိုပြီးစိတ်ဝင်စားစေတဲ့ တရားပြနည်းတွေကော ရှိရဲ့လား စသည်ဖြင့် စိစစ်သင့်ပါသည်။ တရားပြနည်း၊ တရားစစ်ပုံတွေ အရည်အသွေးပြည့်ဝဖို့လည်း လိုပါလိမ့်မည်။ အရည်အသွေးမပြည့်မီပါက ရေရှည်ကာလအတွက် တည်တံ့ဖို့ မလွယ်ကူပါ။
စာသင်တိုက်ဆိုသည်မှာ ပညာရေးကျောင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ အရင်အချိန်တုန်းအခါက ဘုန်းကြီး ကျောင်းမှာနေဖူးရင် မျက်နှာတွေပွင့်ကြသည်၊ သူတစ်ပါးထက်သာသည့် အရည်အသွေး၊ အသိအမြင်၊ အတွေးအခေါ်တွေရှိသည်ဟုလည်း ယုံကြည်ကြပါသည်။ အခုလက်ရှိကာလမှာ သူတို့အထင် ကြီးလောက် သည့် ပညာရေးတွေ ပေးနိုင်ပါရဲ့လား။ ကမ္ဘာကြီးမှာ ဒီပညာရေးကို လက်ညိုးထိုးပြလိုက်ရင် စံပြပညာရေး တစ်ခုအဖြစ်အသိအမှတ်ပြုကြပါရဲ့လား။ လူတွေရဲ့နေ့စဉ်ဘဝထဲ အရေးပါတဲ့ ပညာရေးတစ်ခု ဖြစ်ပါရဲ့လား။ ဒါတွေကိုလည်း ထည့်စဉ်းစားရပါမည်။ လက်တွေ့ဘဝနဲ့အသုံးဝင်မှသာ စိတ်ဝင်စားကြမည်။ နီးစပ်မှုတွေ ရှိမှသာ လူတွေနဲ့ တစ်သားတည်းဖြစ်ဖို့ ကြိုးစားလို့ရပါမည်။ တစ်သားတည်းမဖြစ်ပါက ကွာဟနေလိမ့်မည်။ ပညာရေးကွာဟပါက လူချင်းလည်း ဝေးကွာကြပါလိမ့်မည်။ ဝေးကွာနေသောမည်သည့်အလုပ်မဆို ရေရှည်ကာလအတွက် စိုးရိမ်စရာဖြစ်လာနိုင်ပါသည်။
ရွာကျောင်းထိုင်ဆရာတော် ဆိုသည်မှာ တစ်ပါးတည်း တောကျောင်းမှာနေတာမျိုးမဟုတ်ဘဲ ရပ်ရွာနှင့် ဆက်စပ်နေသည့် ယဉ်ကျေးမှု၊ အစဉ်အလာများ၊ လူမှုရေးကိစ္စများတို့နှင့် ပတ်သက်နေသည့်အလုပ်တစ်ခု ပင် ဖြစ်ပါသည်။ ရွာသူရွာသားတွေရဲ့ အခြေအနေကိုနားလည်မှုရှိပါရဲ့လား။ ရွာသူရွာသားတွေ အသိအမြင် တွေ အတွေးအခေါ်တွေကို မြင့်တင်ပေးနိုင်ပါရဲ့လား။ ပတ်ဝန်းကျင်နဲ့လိုက်လျှောညီထွေအောင် နေနိုင်ကြ ရဲ့လား။ ပြောင်းလဲလာတဲ့ ခေတ်အခြေအနေနဲ့အညီ လမ်းညွန်ပေးနိုင်ပါရဲ့လား။ လူကြီး၊ လူလတ်၊ လူငယ်၊ ကလေးတို့နှင့် သင့်လျှော်သင့် သင်တန်းများ၊ စကားဝိုင်းများ လမ်းညွန်ပေးနိုင်ရဲ့လား။ ကျောင်းထိုင်ဆရာ တော်ရဲ့ အရည်အချင်းသည် ကျောင်းဆောက်တတ်ရုံ၊ ဆွမ်းစားကွမ်းစားအတွက် အဆင်ပြေရုံနှင့် ရေရှည်သာသနာရေးခရီးအတွက် မလုံလောက်ပါဆိုသည်ကို ခေတ်ကာလက မီးမောင်းထိုးပြနေပါသည်။
တရားဟောဓမ္မကထိကလည်း ပရိသတ်အခြေအနေနဲ့သင့်လျှော်သည့်တရားတော်များ ဟောကြားနိုင်ဖို့ လိုပါသည်။ ပညာတတ်အသိုင်းအဝိုင်း၊ လူဂုဏ်ထံ၊ အခြေခံလူတန်းစား၊ မြို့ကြီးပေါ်၊ နယ်မြို့လေး၊ ကျေးလက်ဒေသ စတဲ့အရပ်တွေမှာ နေရာနဲ့ပတ်ဝန်းကျင်အခြေအနေနဲ့ အန်ဝင်ခွင်ကျဖြစ်မည့် ဟောပြောချက်တွေလိုအပ်နေပါသည်။ ခေတ်ကာလအပြောင်းအလဲမှာ လိုအပ်သည့် အသွင်ပြောင်းမှု၊ ဆန်းသစ်သည့် ရှုထောင့်နဲ့ နည်းစနစ်မျိုးလည်း လိုအပ်ပါသည်။ ဥပမာဆိုသော်- လက်ရှိမျက်မှောက်ခေတ်တွင် ကမ္ဘာမှာခေတ်စားနေသည့် အကြမ်ဖက်မှု၊ ခွဲခြားဆက်ဆံမှု၊ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေး အစရှိသည့် အသိအမြင်၊ အတွေးခေါ်များ လိုအပ်လျက်ရှိပါသည်။ ကမ္ဘာကြီးရဲ့အပြောင်းအလဲ၊ ခေတ်အခြေအနေရဲ့ အလှည့်အပြောင်းမှာ အလိုက်သင့် စီမျှောတတ်ဖို့လိုပါသည်။ ခေတ်ကာလနဲ့ မလိုက်ဖက်သည့် ဟောပြောချက်များဖြစ်ပါက ခေတ်လူသားများနဲ့ ဝေးကွာနေပါလိမ့်မည်။ သာသနာပြုနည်း ရေရှည်တည်တံ့ဖို့လည်း ခက်ခဲပါလိမ့်မည်။
ပရဟိတလုပ်ငန်းမှာဆိုလျှင် အသွင်အမျိုးမျိုးနှင့် ကွဲပြားကြပါလိမ့်မည်။ ပရဟိတလုပ်ငန်းအမျိုးအစားတွေ ပိုများပါလိမ့်မည်။ မည်သည့်အမျိုးအစားမဆို ခေတ်ရေစီးကြောင်းနဲ့အတူ အလိုက်သင့်လိုက်ပြောင်းရမည့် အလုပ်များသာဖြစ်ပါသည်။ ခေတ်အခြေအနေ အပြောင်းအလဲမှာ စီမံကိန်းတွေ၊ ဦးတည်ချက်တွေ၊ လုပ်ဆောင်ချက်တွေကလည်း အလိုက်သင့်ပြောင်းလဲတတ်ဖို့လိုပါသည်။ အရေးမပါတဲ့အယူအဆ တစ်ခုခုကို တရားသေဆုပ်ကိုင်ထားမျိုး မဖြစ်သင့်ပါ။ အသင်းအဖွဲ့တည်ဆောက်ပုံ၊ ကွန်ယပ်ဖြန့်ပုံ၊ အာဏာခွဲဝေမှုအဆင့်ဆင့်၊ လှုပ်ရှားပုံအမျိုးမျိုး၊ ပြင်ဆင်ချိန်ကာလ၊ ကွင်းဆင်းသည့့်ကာလ၊ ပြန်လည်စတင်ရမည့်ကာလတွေကအစ အတွေးခေါ်တွေ၊ လုပ်ဆောင်ချက်တွေက ဆန်းသစ်နေဖို့လိုပါသည်။ ပြည်သူလူထု၏ အမြင်မှာလည်း အပ်စပ်မှု တင့်တယ်မှုရှိဖို့လိုပါသည်။ ရဟန်းတော်နဲ့မအပ်စပ်တဲ့အမူအရာတွေ သိပ်များနေလျှင် လက်ညိုးထိုးကြမည် မလွဲပါ။ နိုင်ငံရေးရဲ့အခြေအနေ၊ လူမှုရေးတွေရဲ့ အပြောင်းအလဲ၊ ကမ္ဘာကြီးရဲ့ကယပ်တွေကအစ သိဖို့လိုပါသည်။ အမြင်တွေရှေ့မပြေးနိုင်ရင် လုပ်ရပ်တွေက နောက်ကျကျန်နေလိမ့်မည်။
အချုပ်အားဖြင့် တင်ပြရလျှင် သာသနာပြုလုပ်ငန်းကို ဦးဆောင်လမ်းပြနေသည့် ရဟန်းသံဃာများ၏ အခန်းကဏ္ဍသည် မြန်မာနိုင်ငံ၏ လူမှုအသိုင်းအဝန်းမှာ အရေးပါနေဆဲ ကဏ္ဍတစ်ခုပင်ဖြစ်ပါသည်။ ခေတ်ကာလရေစီးချောင်းအသစ်ထဲမှာ ရှေ့ဆက်သွားကြမည့် သာသနာပြုလုပ်ငန်းများ၏ အခန်းကဏ္ဍလည်း အရေးပါသော ကဏ္ဍတစ်ခုပင်ဖြစ်ပါသည်။ ရေရှည်တည်တံ့သော သာသနာပြုလုပ်ငန်းများအတွက် ကဏ္ဍအသီးသီးက နည်းဗျူဟာတွေလည်း ဆန်းသစ်ဖို့လိုနေပါပြီ ဟု ဆိုချင်ပါသည်။ ရေရှည်တည့်တံသည့် သာသနာပြုလုပ်ငန်းများ ဆက်လက်ပေါ်ထွန်းပါစေ။ ။
အရှင်နန္ဒိယ (ဖယ်ခုံ) 13.07.2019 01:15:00 PM
ေရရွည္တည္တံ့ေသာ သာသနာျပဳျခင္း လုပ္ငန္း
“မိမိေဒသမွာရွိသည့္ ရဟန္းသံဃာေတြရဲ႕ သာသနာျပဳနည္းစနစ္ေတြကို
အားရေက်နပ္မႈရွိၾကပါရဲ႕လား” “သာသနာျပဳလုပ္ငန္းမွာေကာ ဘယ္လိုပါဝင္ခဲ့ၾကဖူးသလဲ” “သာသနာျပဳလုပ္ငန္းမွာ
ေရရွည္တည္တံ့သည့္ သာသနာျပဳလုပ္ငန္းျဖစ္ေအာင္ ဘယ္လိုလုပ္ၾကမလဲ” စသည္ျဖင့္ သာသနာေရးအတြက္
အေရးပါသည့္ ေမးခြန္းမ်ား မ်ားစြာရွိပါသည္။ ထိုေမးခြန္းမ်ားကို သာသနာေတာ္ကုိ ခ်စ္ျမတ္ႏိုးၾကသည့္
မည္သူမဆို စိတ္ဝင္စားၾကလိမ့္မည္ဟု ယူဆပါသည္။ ဤေဆာင္းပါးသည္ ထိုေမးခြန္းမ်ားကို ေျဖဆိုသည့္ေဆာင္းပါး
မ်ိဳးေတာ့ မဟုတ္ပါ၊ သို႔ေသာ္ ထိုေမးခြန္းေတြကို ေျဖဆိုဖို႔အတြက္ အေထာက္အပံ့ျဖစ္လိမ့္မည္ဟု
ယုံၾကည္ပါသည္။ ေရရွည္တည္တံ့ေသာ သာသနာျပဳနည္းမ်ားကို မိမိအထင္ မိမိအျမင္ေလးႏွင့္ တင္ျပခ်င္ပါသည္။
လုပ္ငန္းတစ္ခုကို အခ်ိန္ကာလၾကာျမင့္စြာအက်ိဳးသက္ေရာက္မႈရွိဖို႔အတြက္
ေလ့လာၾကည့္သည့္အခါမွာ ျမတ္စြာဘုရားရွင္ရဲ႕ နည္းနာနိႆယမ်ားကိုလည္း ေမ့ထားလို႔ မရပါ။
ဗုဒၶသာသနာေတာ္ကုိ ႏွစ္ေပါင္း ေထာင္ခ်ီၾကာျမင့္ေလာက္ေအာင္ ေတာင့္ထားႏိုင္ခဲ့တဲ့ နည္းဗ်ဴဟာသည္
သာမာန္နည္းစနစ္ေလးေတာ့ မဟုတ္ပါ။ နက္ရႈိင္းက်ယ္ဝန္းသည့္ နည္းဗ်ဴဟာမ်ားျဖစ္ပါသည္။ အျခားေသာ
လူပုဂၢိဳလ္မ်ား၊ အသင္းအဖြဲ႕ မ်ားရဲ႕ နည္းဗ်ဴဟာမ်ားသည္လည္း ေလ့လာစရာေကာင္းေလာက္ေအာင္
အေတြးအေခၚေတြဆန္းသစ္ေ နၿပီး နည္းလမ္းေတြက ေခတ္နဲ႔ အန္ဝင္ခြင္က်ျဖစ္ေနတာေတြကိုလည္း အမ်ားအျပားေတြ႔ရပါသည္။
ေရရွည္တည္တံ့သည့္ အလုပ္တစ္ခုကို လုပ္မည္ဆိုလွ်င္ လက္ရွိလူမႈအေျခအေနနဲ႔ သင့္ေလွ်ာ္မႈ
ဆက္စပ္မႈ ရွိသည့္အလုပ္ ျဖစ္ဖို႔လိုပါသည္။ တကယ္လက္ရွိ ဘဝႏွင့္ အလွမ္းေဝးေနသည့္ အလုပ္ေတြဆိုလွ်င္
လူေတြနဲ႔ တစ္သားတည္းမက်ဘဲ သီးသန္႔ျဖစ္သြားကာ ေဘးေရာက္သြားတတ္ပါသည္။ သာသနာျပဳလုပ္င န္းမွာ
ေခတ္အေျခအေနကို ျမတ္စြာဘုရားလည္း မလြန္ဆန္ပါ။ ဝိနည္းပိဋကတ္၊ သုတၱန္ပိဋကတ္စာေပေ တြကိို
ေလ့လာၾကည့္လွ်င္ ေခတ္အေျခအေန၊ ပတ္ဝန္းက်င္အေနအထားမ်ားႏွင့္ လိုက္ေလွ်ာညီေထြသည္ သာသနာျပဳနည္းမ်ားကို
ျမတ္စြာဘုရားခြင့္ျပဳခဲ့မွာ အေထာက္အထားမ်ား အထင္အရွား ရွိပါသည္။
သာသနာျပဳသည့္ေနရာမွာလည္း ေရတိုကာလအတြက္ သာသနာျပဳနည္း၊ ေရရွည္ကာလအတြက္
သာသနာျပဳနည္းဟု ႏွစ္မ်ိဳးရွိပါလိမ့္မည္။ ေရတိုကာလအတြက္ သာသနာျပဳနည္း ဆိုလွ်င္ လက္ရွိကာလ
သူတို႔ရဲ႕လိုအပ္ခ်က္ကို ျဖည့္ေပးႏိုင္ဖို႔လိုပါသည္။ ေရရွည္ကာလအတြက္ဆိုလွ်င္ သူတို႔ရဲ႕ယဥ္ေက်းမႈ၊
ဓေလ့၊ ရုိးရာနဲ႔ ပတ္ဝန္းက်င္ကို အရင္ေလ့လာထားရပါမည္။ သူတို႔နဲ႔ အတူေနၿပီး သာသနာျပဳႏိုင္ေအာ
င္ႀကိဳးစားရပါမည္။ လက္ရွိကမၻာမွာ Sustainable ဆိုၿပီးေတာ့ ေရရွည္တည္တ့့့ံသည့္စီမံကိန္းေတြ
အမ်ိဳးမ်ိဳးလုပ္ေနၾကတာ လည္း ရွိပါသည္။ လက္ရွိအေျခအေနေတြနဲ႔ ပိုၿပီးသင့္ေလွ်ာ္တဲ့ အေျမာ္အျမင္ေတြ
အစီအစဥ္ေတြလို႔ ယူဆပါသည္။ ဥပမာ- Sustainable Development (ေရရွည္တည္တံ့ေသာဖြံ႕ၿဖိဳးေရး)
လုပ္တဲ့ေနရာမွာ ဆိုရင္
Go to the people, Live with them, learn from them, do
together with them and help them till they think they do themselves (ျပည္သူထံသြားပါ၊
သူတို႔နဲ႔ အတူေနပါ၊ သူတို႔ဆီမွာ သင္ယူပါ၊ သူတို႔ႏွင့္ အတူ လုပ္ပါ၊ သူတို႔ကိုကူညီေနမွန္းမသိဘဲ
သူတို႔ကိုယ္တိုင္လုပ္တယ္လို႔ မွတ္ယူလာတဲ့အထိ ကူညီပါ)။ ၿပီးရင္ဘာလုပ္မလဲ၊ Leave
from them (အဲဒီကေန စြန္႔ခြာပါ)။ ေနာက္ဆုံးေတာ့ သူတို႔ကိုစြန္႔ခြာရပါသည္။ သူတို႔ကို
ၿငိတြယ္ဖို႔မဟုတ္ပါ၊ သူတို႔တစ္သက္လုံးကိုးကြယ္ခံတာမ်ိဳးလည္း မဟုတ္ပါ။ ကူညီရုံသက္သက္ပင္။
ကိုယ္က သူတို႔ရဲ႕ေက်းဇူးရွင္အျဖစ္အၿမဲရပ္တည္ခ်င္တဲ့စိတ္ေတြကို
ေဖ်ာက္ပစ္ရပါမည္။ အခ်ိန္တန္ရင္ စြန္႔ခြာႏိုင္တဲ့ စြမ္းအားေတြရွိရပါမည္။ ကူညီေပး၊ ပ့ံပိုးေပးတဲ့အခ်ိန္မွာလည္း
“ငါကူညီသည္၊ ငါေျပာလို႔သာ သူတို႔သိၾကသည္” ဆိုတာမ်ိဳးထက္ “သူတို႔ကိုယ္တိုင္လုပ္ၾကသည္၊
စုေပါင္းၾကသည္၊ စည္းလုံးၾကသည္၊ အတူတူစည္းလုံးမႈေၾကာင့္သာ အတူတူေအာင္ျမင္မႈကို ရယူၾကသည္
စသည္ျဖင့္ ဤေအာင္ျမင္မႈသည္ သူတို႔၏ ေအာင္ျမင္မႈသာျဖစ္သည္” ဆိုတာမ်ိဳး ျဖစ္ေအာင္ ကူညီေပးရပါသည္။
ကူညီလို႔ကူညီမွန္း မသိေအာင္ ကူညီေပးရပါသည္။ သင္ေပးလို႔သင္ေပးမွန္း မသိတဲ့နည္းမ်ိဳးနဲ႔
သင္ေပးရပါသည္။ ဒါမွသာ အမွန္တကယ္ထိေရာက္သည့္ ကူညီမႈ၊ သင္ၾကားမႈမ်ိဳးျဖစ္လာမည္။ သူတို႔ကိုယ္္တိုင္
သူတို႔စြမ္းရည္ကို သူတို႔ယုံၾကည္ၿပီး ေရရည္မွာ လြတ္လပ္စြာ သူတို႔ရပ္တည္လာႏိုင္မည္။
ဒီလုိမဟုတ္ဘဲ ”ငါလုပ္ေပးလို႔၊ ငါကူညီလို႔၊ ငါသင္ေပးလို႔”
စသည့္ တစ္စုံတစ္ဦး သို႔မဟုတ္ အဖြဲ႕တစ္ဖြဲ႕ဖြဲ႕ကို ကိုယ္စားျပဳလြန္းအားႀကီးရင္ ကိုယ္ကို္ယ္တိုင္ရုန္းဖို႔
ေမ့ေနတတ္ၿပီး အားကုိးတတ္တဲ့စိတ္ေတြဘဲ ေမြးေပးေန သလို ျဖစ္သြားတတ္သည္။ သူတစ္ပါးကိုဘဲ
အားကိုးလြန္းရင္ အေရးႀကဳံလာသည့္အခါ ကို္ယ္ကိုယ္တိုင္ရုန္း ဖို႔ ေမ့ေနတတ္ၿပီး၊ ကိုယ္စြမ္းကိုယ္စကို
မယုံတတ္သည့္သူေတြျဖစ္လာတတ္ပါသည္။ ကူညီသည္ဆိုသည့္ စကားလုံးေအာက္က အဓိပၸါုယ္ေတြ၊ ဖြင့္ဆိုခ်က္ေတြ
အမ်ိဳးမ်ိဳးကြဲျပားၾကလိမ့္မည္။ ေမးခြန္းထုတ္စရာလည္း မ်ားစြာရွိပါသည္။ သူတို႔ကိုယ္တိုင္
အမွီအခို္ကင္းကင္း ရပ္တည္ႏိုင္ေအာင္ ကူညီေပးမလား။ ကိုယ့္ကို အၿမဲမွီခိုတတ္လာေအာင္ သင္ေပးမလား။
ဤေမးခြန္း၏အေျဖမ်ားသည္ ကိုယ္ကိုယ္တိုင္ဘဲ ေရြးခ်ယ္ရပါလိ မ့္မည္။
တစ္ခ်ိဳ႕လူေတြကကပိုက္ဆံရွိလို႔ ပိုက္ဆံနဲ႔ပစ္ေပါက္ၿပီး တစ္ခုခုသြားလုပ္ေပးတာမ်ိဳး၊
သြားကူညီေပး လိုက္တာမ်ိဳးေတြလည္း ရွိပါသည္။ အဲဒါေတြက ေရတိုစီမံကိန္း၊ အထူးသျဖင့္ အေရးေပၚကာလ၊
ေရေဘး၊ မီးေဘး၊ မုန္တိုင္းဒဏ္၊ စစ္ဒဏ္စတဲ့ ေဘးသင့္တဲ့ေနရာေတြမွာ ပိုၿပီးလိုအပ္ပါသည္။
သို႔ေသာ္ ေရရွည္တည္ တံ့တဲ့ အလုပ္မ်ိဳး ျဖစ္ေအာင္ စီမံကိန္းခ်တဲ့အခါေတြမွာေတာ့ ပိုက္ဆံကိုင္ၿပီး
သြားကူညီရုံနဲ႔ မလုံေလာက္ပါ။ စည္းရုံးရပါသည္၊ အမ်ားဆႏၵကို ယူရပါသည္။ ယုံၾကည္မႈေတြ တည္ေဆာက္ရပါသည္။
သူတို႔ႏွင့္ တသား တည္းျဖစ္ေအာင္ သူတို႔ရုိးရာ၊ ယဥ္ေက်းမႈေတြနဲ႔ သင့္ေလွ်ာ္တဲ့ နည္းစနစ္ေတြ
အေျပာင္းအလဲေတြ လုပ္သင့္ ရင္လည္း လုပ္ရပါသည္။ ေဒသခံႏွင့္ တစ္သားတည္းျဖစ္ေအာင္ ႀကိဳးစားရပါသည္။
အခ်ိန္ေတြ အမ်ားႀကီး ေပးဆပ္သင့္ရင္လည္း ေပးဆပ္ရပါသည္။ ဤတြင္ ေရရွည္တည္တံ့သည့္ ဖြံ႕ၿဖိဳးေရးလုပ္ငန္း
အတြက္ အေတြးအေခၚမ်ား အယူအဆမ်ား ျဖစ္ပါသည္။ အျခားအျခားေသာ ေရရွည္တည္တံ့သည့္ စီမံကိန္းမ်ား၏
အေတြးအေခၚမ်ားလည္း အတုယူစရာ မ်ားစြာရွိပါသည္။
ဗုဒၶဘာသာရဟန္းေတာ္မ်ား၏ သာသနာျပဳလုပ္ငန္းမ်ား၏အေျခအေနသည္
မည္ကဲ့သို႔ရွိမည္နည္း။ ေလ့လာေစခ်င္သည္။ အျခားေသာအဖြဲ႕အစည္းမ်ား၏ လုပ္ေဆာင္ခ်က္မ်ား
နည္းဗ်ဴဟာမ်ားကိုလည္း ေလ့လာေစခ်င္သည္။ မည္ကဲ့သို႔ ရွိပါသနည္း။ အျခားအျခားေသာ အသင္းအဖြဲ႕မ်ား၏
နည္းဗ်ဴဟာမ်ားကို လည္း သာသနာျပဳလုပ္ငန္းတြင္ အသုံးျပဳလို႔ရသည့္ အခ်က္ေတြ မ်ားစြာရွိပါသည္။
တခ်ိဳ႕ေသာ လုပ္ေဆာင္ခ်က္မ်ားသည္ ရည္ရြယ္ခ်က္ေတြ ေကာင္းေသာ္လည္း နည္းစနစ္ေတြ လြဲေနတာ
ေတြလည္း ရွိတယ္။ ေရရွည္လုပ္ရမည့္အလုပ္ကို ေရတိုဆန္တဲ့ စီမံကိန္းမ်ိဳးနဲ႔ ဝင္တာမ်ိဳး၊
ေရတိုကာလ လုပ္ရမယ့္အလုုပ္ကို ေရရွည္ဆန္းလြန္းတဲ့ ေဟာေျပာခ်က္မ်ိဳး၊ လုပ္ရပ္မ်ိဳးႏွင့္
ဝင္လုပ္တာမ်ိဳးေတြက လုပ္သာလုပ္ေနရတာ အရာမေရာက္တာမ်ိုဳးလည္း ျဖစ္ေနတတ္ပါသည္။ ဥပမာ- ေဝးလံေခါင္ဖ်ားတဲ့ အရပ္မွာ ေက်ာင္းဘုန္းႀကီးေတြမရွိလို႔
ေႏြရာသီရက္ေလးေတြမွာ ယဥ္ေက်းလိမၼာ သြားသင္ေပးလိုက္တာ မ်ိဳး။ သင္ေပးၿပီးရင္ျပန္လာ။ ခဏေလးအတြင္းဘဲ
သင္ေပး၊ ေျပာျပေပးႏိုင္တာမို႔ သူတို႔နဲ႔တစ္သက္လုံး အသားက်ဖို႔၊ က်င့္သုံးႏိုင္ဖို႔က
မလြယ္ပါ။ ဘုန္းႀကီးလိုအပ္တဲ့ေနရာမွာ ဘုန္းႀကီးကမရွိတာမ်ိဳးရွိသလို ဘုန္းႀကီးရွိေသာ္လည္း
ရပ္ရြာနဲ႔ဘုန္းႀကီးအၾကား ေရရည္လက္တြဲလို႔ရတဲ့အသိအျမင္မ်ိဳးမေပးႏုိင္ခဲ့ရင္လည္း ေရရွည္တည္တံ့ဖို႔က
မလြယ္ျပန္။ လုပ္ေပးမည့္သူမရွိတဲ့အရပ္မွာ လုပ္ေပးႏိုင္တာကိုေတာ့ သာဓုေခၚေပမယ့္ ရပ္ရြာနဲ႔
တစ္သားတည္း မျဖစ္တဲ့ နည္းစနစ္ေတြျဖစ္သြားမွာေတာ့ စိုးရိမ္မိသည္။ အားနည္းမႈ၊ အားသာမႈမ်ားဟာ
ေနရာတိုင္းမွာ ရွိပါသည္။ ေဖာ္ျပရုံသာျဖစ္ပါသည္။ ဤစာကို အျပစ္ျမင္သည့္စာဟုလည္း မျမင္ေစခ်င္ပါ။
ျမန္မာႏိုင္ငံမွာ သာသနာျပဳၾကသည့္ ရဟန္းသံဃာေတာ္ႏွင့္လူပုဂိၢဳလ္တို႔၏
သာသနာျပဳနည္းမ်ားကို လိုက္ၾကည့္လိုက္ရင္ တရားစခန္း၊ စာသင္တိုက္၊ ရြာေက်ာင္းထိုင္၊ တရားေဟာ
ဓမၼကထိက၊ ပရဟိတ အစရွိသည့္ အလုပ္ေတြဘဲ ျဖစ္ပါလိမ့္မည္။ ဒီလုပ္ငန္းမ်ားကို ေရရွည္တည္တ့ံေစခ်င္လွ်င္
ေခတ္အေျခအေ နႏွင့္ သင့္ေလွ်ာ္သည့္ နည္းဗ်ဴဟာေတြ ရွိဖို႔လိုပါသည္။ လုပ္ခဲ့တဲ့အလုပ္ေတြ
လုပ္ၿပီး ၿပီးသြားတာမ်ိဳးမဟု တ္ဘဲ ျပန္လည္သုံးသပ္သင့္ပါသည္။ အားသာခ်က္အားနည္းခ်က္မ်ား
ျပန္ေဖာ္ထုတ္သင့္ပါသည္။ Follow up လိုက္သင့္လွ်င္ လိုက္ရပါမည္။ သုေတသနဆန္ဆန္ ရွာေဖြသင့္၊
စိစစ္သင့္၊ ေဖာ္ထုတ္သင့္သည့္ အရာေတြလည္း ရွိပါမည္။ ကြာဟခ်က္မ်ား၊ လိုအပ္ခ်က္မ်ားကိုလည္း
ရွာေဖြရပါလိမ့္မည္။
တရားစခန္းေတြမွာဆိုလွ်င္ ရက္ရွည္တရားစခန္းဝင္ခ်င္သူေတြအတြက္
ရက္ရွည္တရားစခန္းရွိပါသလား။ ရက္ရွည္တရားစခန္းမဝင္ႏိုင္တဲ့သူေတြအတြက္ ရက္တိုတရားစခန္းေကာရွိပါသလား။
အခ်ိန္ပိုင္းဘဲ အားတဲ့သူေတြအတြက္ အခ်ိန္ပိုင္းတရားစခန္းေတြေကာ ဘယ္လိုစီစဥ္ၾကမလဲ။ ေနာက္ၿပီး
သူတို႔အတြက္ အလြယ္တကူနားလည္ႏုိင္၊ က်င့္သုံးႏိုင္၊ ပိုၿပီးစိတ္ဝင္စားေစတဲ့ တရားျပနည္းေတြေကာ
ရွိရဲ႕လား စသည္ျဖင့္ စိစစ္သင့္ပါသည္။ တရားျပနည္း၊ တရားစစ္ပုံေတြ အရည္အေသြးျပည့္ဝဖို႔လည္း
လိုပါလိမ့္မည္။ အရည္အေသြးမျပည့္မီပါက ေရရွည္ကာလအတြက္ တည္တံ့ဖို႔ မလြယ္ကူပါ။
စာသင္တိုက္ဆိုသည္မွာ ပညာေရးေက်ာင္းကို ဆိုလိိုျခင္းျဖစ္ပါသည္။
အရင္အခ်ိန္တုန္းအခါက ဘုန္းႀကီး ေက်ာင္းမွာေနဖူးရင္ မ်က္ႏွာေတြပြင့္ၾကသည္၊ သူတစ္ပါးထက္သာသည့္
အရည္အေသြး၊ အသိအျမင္၊ အေတြးအေခၚေတြရွိသည္ဟုလည္း ယုံၾကည္ၾကပါသည္။ အခုလက္ရွိကာလမွာ သူတို႔အထင္
ႀကီးေလာက္ သည့္ ပညာေရးေတြ ေပးႏိုင္ပါရဲ႕လား။ ကမၻာႀကီးမွာ ဒီပညာေရးကို လက္ညိဳးထိုးျပလိုက္ရင္
စံျပပညာေရး တစ္ခုအျဖစ္အသိအမွတ္ျပဳၾကပါရဲ႕လား။ လူေတြရဲ႕ေန႔စဥ္ဘဝထဲ အေရးပါတဲ့ ပညာေရးတစ္ခု
ျဖစ္ပါရဲ႕လား။ ဒါေတြကိုလည္း ထည့္စဥ္းစားရပါမည္။ လက္ေတြ႔ဘဝနဲ႔အသုံးဝင္မွသာ စိတ္ဝင္စားၾကမည္။
နီးစပ္မႈေတြ ရွိမွသာ လူေတြနဲ႔ တစ္သားတည္းျဖစ္ဖို႔ ႀကိဳးစားလို႔ရပါမည္။ တစ္သားတည္းမျဖစ္ပါက
ကြာဟေနလိမ့္မည္။ ပညာေရးကြာဟပါက လူခ်င္းလည္း ေဝးကြာၾကပါလိမ့္မည္။ ေဝးကြာေနေသာမည္သည့္အလုပ္မဆို
ေရရွည္ကာလအတြက္ စိုးရိမ္စရာျဖစ္လာႏိုင္ပါသည္။
ရြာေက်ာင္းထိုင္ဆရာေတာ္ ဆိုသည္မွာ တစ္ပါးတည္း ေတာေက်ာင္းမွာေနတာမ်ိဳးမဟုတ္ဘဲ
ရပ္ရြာႏွင့္ ဆက္စပ္ေနသည့္ ယဥ္ေက်းမႈ၊ အစဥ္အလာမ်ား၊ လူမႈေရးကိစၥမ်ားတို႔ႏွင့္ ပတ္သက္ေနသည့္အလုပ္တစ္ခု
ပင္ ျဖစ္ပါသည္။ ရြာသူရြာသားေတြရဲ႕ အေျခအေနကိုနားလည္မႈရွိပါရဲ႕လား။ ရြာသူရြာသားေတြ အသိအျမင္
ေတြ အေတြးအေခၚေတြကို ျမင့္တင္ေပးႏိုင္ပါရဲ႕လား။ ပတ္ဝန္းက်င္နဲ႔လိုက္ေလွ်ာညီေထြေအာင္
ေနႏိုင္ၾက ရဲ႕လား။ ေျပာင္းလဲလာတဲ့ ေခတ္အေျခအေနနဲ႔အညီ လမ္းညြန္ေပးႏိုင္ပါရဲ႕လား။ လူႀကီး၊
လူလတ္၊ လူငယ္၊ ကေလးတို႔ႏွင့္ သင့္ေလွ်ာ္သင့္ သင္တန္းမ်ား၊ စကားဝိုင္းမ်ား လမ္းညြန္ေပးႏိုင္ရဲ႕လား။
ေက်ာင္းထိုင္ဆရာ ေတာ္ရဲ႕ အရည္အခ်င္းသည္ ေက်ာင္းေဆာက္တတ္ရုံ၊ ဆြမ္းစားကြမ္းစားအတြက္
အဆင္္ေျပရုံႏွင့္ ေရရွည္သာသနာေရးခရီးအတြက္ မလုံေလာက္ပါဆိုသည္ကို ေခတ္ကာလက မီးေမာင္းထိုးျပေနပါသည္။
တရားေဟာဓမၼကထိကလည္း ပရိသတ္အေျခအေနနဲ႔သင့္ေလွ်ာ္သည့္တရားေတာ္မ်ား
ေဟာၾကားႏိုင္ဖို႔ လိုပါသည္။ ပညာတတ္အသိုင္းအဝိုင္း၊ လူဂုဏ္ထံ၊ အေျခခံလူတန္းစား၊ ၿမိဳ႕ႀကီးေပၚ၊
နယ္ၿမိဳ႕ေလး၊ ေက်းလက္ေဒသ စတဲ့အရပ္ေတြမွာ ေနရာနဲ႔ပတ္ဝန္းက်င္အေျခအေနနဲ႔ အန္ဝင္ခြင္က်ျဖစ္မည့္
ေဟာေျပာခ်က္ေတြလိုအပ္ေနပါသည္။ ေခတ္ကာလအေျပာင္းအလဲမွာ လိုအပ္သည့္ အသြင္ေျပာင္းမႈ၊ ဆန္းသစ္သည့္
ရႈေထာင့္နဲ႔ နည္းစနစ္မ်ိဳးလည္း လိုအပ္ပါသည္။ ဥပမာဆိုေသာ္- လက္ရွိမ်က္ေမွာက္ေခတ္္တြင္
ကမၻာမွာေခတ္စားေနသည့္ အၾကမ္ဖက္မႈ၊ ခြဲျခားဆက္ဆံမႈ၊ လူ႔အခြင့္အေရး၊ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး၊
ၿငိမ္းခ်မ္းေရး အစရွိသည့္ အသိအျမင္၊ အေတြးေခၚမ်ား လိုအပ္လ်က္ရွိပါသည္။ ကမၻာႀကီးရဲ႕အေျပာင္းအလဲ၊
ေခတ္အေျခအေနရဲ႕ အလွည့္အေျပာင္းမွာ အလိုက္သင့္ စီေမွ်ာတတ္ဖို႔လိုပါသည္။ ေခတ္ကာလနဲ႔ မလိုက္ဖက္သည့္
ေဟာေျပာခ်က္မ်ားျဖစ္ပါက ေခတ္လူသားမ်ားနဲ႔ ေဝးကြာေနပါလိမ့္မည္။ သာသနာျပဳနည္း ေရရွည္တည္တံ့ဖို႔လည္း
ခက္ခဲပါလိမ့္မည္။
ပရဟိတလုပ္ငန္းမွာဆိုလွ်င္ အသြင္အမ်ိဳးမ်ိဳးႏွင့္ ကြဲျပားၾကပါလိမ့္မည္။
ပရဟိတလုပ္ငန္းအမ်ိဳးအစားေတြ ပိုမ်ားပါလိမ့္မည္။ မည္သည့္အမ်ိဳးအစားမဆို ေခတ္ေရစီးေၾကာင္းနဲ႔အတူ
အလိုက္သင့္လိုက္ေျပာင္းရမည့္ အလုပ္မ်ားသာျဖစ္ပါသည္။ ေခတ္အေျခအေန အေျပာင္းအလဲမွာ စီမံကိန္းေတြ၊
ဦးတည္ခ်က္ေတြ၊ လုပ္ေဆာင္ခ်က္ေတြကလည္း အလိုက္သင့္ေျပာင္းလဲတတ္ဖို႔လိုပါသည္။ အေရးမပါတဲ့အယူအဆ
တစ္ခုခုကို တရားေသဆုပ္ကိုင္ထားမ်ိဳး မျဖစ္သင့္ပါ။ အသင္းအဖြဲ႕တည္ေဆာက္ပုံ၊ ကြန္ယပ္ျဖန္႔ပုံ၊
အာဏာခြဲေဝမႈအဆင့္ဆင့္၊ လႈပ္ရွားပုံအမ်ိဳးမ်ိဳး၊ ျပင္ဆင္ခ်ိန္ကာလ၊ ကြင္းဆင္းသည့့္ကာလ၊
ျပန္လည္စတင္ရမည့္ကာလေတြကအစ အေတြးေခၚေတြ၊ လုပ္ေဆာင္ခ်က္ေတြက ဆန္းသစ္ေနဖို႔လိုပါသည္။
ျပည္သူလူထု၏ အျမင္မွာလည္း အပ္စပ္မႈ တင့္တယ္မႈရွိဖို႔လိုပါသည္။ ရဟန္းေတာ္နဲ႔မအပ္စပ္တဲ့အမူအရာေတြ
သိပ္မ်ားေနလွ်င္ လက္ညိဳးထိုးၾကမည္ မလြဲပါ။ ႏိုင္ငံေရးရဲ႕အေျခအေန၊ လူမႈေရးေတြရဲ႕ အေျပာင္းအလဲ၊
ကမၻာႀကီးရဲ႕ကယပ္ေတြကအစ သိဖို႔လိုပါသည္။ အျမင္ေတြေရွ႕မေျပးႏိုင္ရင္ လုပ္ရပ္ေတြက ေနာက္က်က်န္ေနလိမ့္မည္။
အခ်ဳပ္အားျဖင့္ တင္ျပရလွ်င္ သာသနာျပဳလုပ္ငန္းကို ဦးေဆာင္လမ္းျပေနသည့္
ရဟန္းသံဃာမ်ား၏ အခန္းက႑သည္ ျမန္မာႏိုင္ငံ၏ လူမႈအသိုင္းအဝန္းမွာ အေရးပါေနဆဲ က႑တစ္ခုပင္ျဖစ္ပါသည္။
ေခတ္ကာလေရစီးေခ်ာင္းအသစ္ထဲမွာ ေရွ႕ဆက္သြားၾကမည့္ သာသနာျပဳလုပ္ငန္းမ်ား၏ အခန္းက႑လည္း
အေရးပါေသာ က႑တစ္ခုပင္ျဖစ္ပါသည္။ ေရရွည္တည္တံ့ေသာ သာသနာျပဳလုပ္ငန္းမ်ားအတြက္ က႑အသီးသီးက
နည္းဗ်ဴဟာေတြလည္း ဆန္းသစ္ဖို႔လိုေနပါၿပီ ဟု ဆိုခ်င္ပါသည္။ ေရရွည္တည့္တံသည့္ သာသနာျပဳလုပ္ငန္းမ်ား
ဆက္လက္ေပၚထြန္းပါေစ။ ။
အရွင္နႏၵိယ (ဖယ္ခုံ) 13.07.2019 01:15:00 PM
No comments:
Post a Comment