ကွာဟမှုကို ပေါင်းစပ်ပေးမည့် ပညာရေး (သို့မဟုတ်) ၂၁-ရာစု ဘကကျောင်းများအတွက် စိန်ခေါ်မှုများ
မြန်မာနိုင်ငံပညာရေးနှင့်ပတ်သတ်၍ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ အခန်းကဏ္ဍသည်လည်း အစဉ်အလာကောင်းပြီး အရေးပါသောအခန်းကဏ္ဍတစ်ခုပင်ဖြစ်ပါသည်။ ထိုပညာရေးကျောင်းသည် အခုထိ နိုင်ငံအတွင်းရှင်သန်နေဆဲကျောင်းတစ်မျိုးဖြစ်သည်။ ခေတ်တွေပြောင်းလာသည်နှင့်အလျောက် ဘကကျောင်းများရဲ့ အခြေအနေများကလည်း ပြောင်းလဲလာခဲ့ကြပါသည်။ သို့တစေ လက်မခံချင်သည့်သူများ ရှိနေဦးတော့ ဘကကျောင်းသည် ပြည်သူတွေရဲ့လိုအပ်ချက်အရ လက်ခံနေရဆဲ ပညာရေးကျောင်းဖြစ်ပါသည်။ ခေတ်ကာလပြောင်းလဲမှုတွေကြောင့် ယခင်ကဘကကျောင်းများနှင့် ယခုဘကကျောင်းများမတူညီတော့သည့်အချက်တွေလည်း များစွာရှိပါသည်။ ဘကကျောင်း၏ ဖြစ်တည်မှုနှင့် မိမိ၏ ထင်မြင်ချက်များကို တင်ပြချင်ပါသည်။
သမိုင်းထဲက ဘကပညာရေး
သာသနာ့မူပညာရေး၊ လောကဓာတ်ပညာရေး၊ မြန်မာကျောင်း၊ အင်္ဂလိပ်ကျောင်း၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာကျောင်း စသည်ဖြင့် ပညာရေးကျောင်းနှင့်ပတ်သက်၍ ရှေးယခင်ကတည်းက ကွဲပြားနေကြသည်ကို ဦးကောင်းရဲ့ ဗြိတိန်မရောက်ခင်နဲ့ရောက်ပြီး မြန်မာ့ပညာရေး (History of Education in Myanmar, Before the British conquest and After) ကျမ်းထဲမှာ ဖတ်ရှုလိုက်ရပါသည်။ ထိုဦးကောင်းစာအုပ်ကို ကိုးကား၍ မြန်မာ့ဘုန်းတော်ကြီး၏ပညာရေးကျောင်းများသည် အသစ်ရောက်လာသော ဘာသာရပ်များနှင့် ပြောင်းလဲလာသော ခေတ်အခြေအနေတွေကြောင့် စိတ်ခေါ်မှုများစွာ ရင်ဆိုင်နေရပါသည်။ သို့သော် ဗုဒ္ဓဘာသာအများဆုံးနေထိုင်သည့် မြန်မာနိုင်ငံတွင် ဘကကျောင်းများ၏ ပညာရေးသင်ကြားမှုအရှိုန်အဟုန်သည် ယခုတိုင် အားကောင်းနေဆဲပင် ဖြစ်ပါသည်။
ပညာရေးစီမံကိန်းနှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်မှုတို့သည် ခေတ်အခြေအနေ၊ ပတ်ဝန်းကျင်အနေအထားများနှင့် လိုက်လျှောညီထွေစွာ ပြောင်းလဲရသည့်အရာတစ်ခုပင်ဖြစ်ပါသည်။ ဗြိတိန်ရောက်မလာခင် မြန်မာတို့၏ သာသနာ့မူပညာရေးသည် ခေတ်အခြေအနေနှင့် လူမှုဘဝ လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်သည့် ပညာရေးတစ်ခုပင်ဖြစ်ပါသည်။ အခြေခံအဆင့် ကလေးဘဝက ပညာရေးနှင့် လူပျိုဘဝ၊ ပျိုဖော်ဝင်စ လူငယ်ဘဝတို့အရွယ် သင်ယူကြတဲ့ ပညာရေးကအစ မြန်မာ့တို့ရဲ့ လူမှုဘဝ စိုက်ပျိုးရေးအဓိကလုပ်ကြတဲ့နိုင်ငံသားများအတွက် အန်ဝင်ခွင်ကျ ဖြစ်ခဲ့ပါသည်။ သာသနာ့မူပညာရေး၏ လွှမ်းမိုးမှုတွေကြောင့် မြန်မာလို့ပြောရင် ဗုဒ္ဓဘာသာဟာ တွဲပါလာသည့်အထိ သာသနာ့မူပညာရေးက သြဇာအရှိုန်အဝါကြီးမားခဲ့ပါသည်။ ပြည်သူလူထုနှင့်တစ်သားတည်းဖြစ်နေခြင်းကြောင့်ပင် ဗြိတ်ိန်တို့ရောက်ပြီးနောက် အင်္ဂလိပ်တို့သယ်ဆောင်လာသည့် ခေတ်မီပညာရေးကိုတောင် သင်ကြားဖို့ မလွယ်ကူဘဲ၊ ရုန်းကန်နေရသည်ကို မှတ်သားလိုက်ရပါသည်။
ဗြိတိန်မရောက်ခင် ထိုခေတ်အခါက မြန်မာနိုင်ငံ သာသနာတွင်းသားရဟန်းတော်များနှင့်ပတ်သက်၍ သိရှိရသည်မှာ သာသနာ့ဘောင်ထဲတွင် အမှန်တကယ်ပျော်နေကြသူများ၊ ပညာရေးကို အမှန်တကယ် စိတ်ဝင်စားသည့်သူများ ဖြစ်ကြပါသည်။ အခြေခံပညာရေးပြီးဆုံးပြီးနောက် အဆင့်မြင့်ပညာရေးကို ဆက်လက်သင်ယူကြသည့်ကျောင်းသားများက ရဟန်းတော်တွေ ပိုများပါသည်။ လူပျိုဘဝရောက်ကြပြီး သည့်နောက် အိမ်ထောင်ပြုလို၊ လူ့ဘောင်ထဲနေလိုကြသည့်ကျောင်းသားများသည် စာသင်ကျောင်းမှ ထွက်ကြပါသည်။ အဆင့်မြင့်ပညာရေးကိုလည်း တစ်ချို့က- တစ်ချို့တစ်ဝက်၊ တစ်ချို့က- တတ်နိုင်သလောက် သင်ယူကြပြီး အိမ်ရာတည်ထောင် လူတို့ဘောင်ထဲက လူမှုကိစ္စတွေ များလှတာကြောင့် ဆက်လက်မသင်ယူနိုင်ကြပါ။ ရဟန်းဘဝနဲ့ ဆက်လက်နေထိုင်သောသူအများစုသာ သာသနာမှုပညာရေးကို အဆုံးထိဆက်လက်သင်ယူကြပါသည်။ သာသနာ့မူပညာရေးကို သင်ယူမှုပြီးဆုံးသွားသည့်နောက် စာချပေး၊ စာသင်ပေးသည့်အလုပ်ကို ဆက်လုပ်ကြပါသည်။ ထို့ကြောင့် ရဟန်းတော်များသည် ပညာတတ်များဖြစ်ကြပြီး ပြည်သူ့အပေါ် သြဇာညောင်းသောသူများ ဖြစ်ကြပါသည်။ ထိုအချိန်က သာသနာမူပညာရေးမှာ ဘုန်းကြီးကျောင်းတွင်သင်ယူရသည့်အတွက် အများစုမှာ ယောင်္ကျားလေးတွေသာ ဖြစ်ကြပြီး မိန်းကလေးတွေနည်းပါးပါသည်။ မိန်းကလေးအတွက်နှင့် ဘုန်းကြီးကျောင်းပညာရေးတက်ဖို့ အခက်အခဲရှိသည့် သူအတွက်ကို ဦးတည်ပြီး လူကျောင်းဆိုသည့် စာသင်ကျောင်းလည်း ရှိပါသည်။ လူကျောင်းသည် အိမ်မှာသင်ကြတာဖြစ်ပြီး ဆရာတွေက ရဟန်းတော်တွေမပါဘဲ၊ လူပုဂ္ဂိုလ်များသာ ဖြစ်ကြပါသည်။ ထိုလူကျောင်းများသည် များများမဖွင့်နိုင်ဘဲ၊ ဖွင့်လျှင်ပင် ရေရှည်မရပ်တည်နိုင်ဘဲ ရပ်တည့်သွားကြသည်လည်း များစွာရှိပါသည်။ ထိုလူကျောင်းများသည် ဘုန်းကြီးကျောင်း၏ သာသနာ့မူပညာရေးအတွက် အထောက်အကူဖြစ်ရုံမျှသာ တတ်နိုင်ကြပါသည်။ သင်ကြားရေးနှင့်ပတ်သတ်၍ ရဟန်းတော်များက သင်ကြားရေးစွမ်းရည်တွေ ပိုပြည့်ဝကြ၊ ပိုကျွမ်းကျင်ကြသည်ကို မှတ်သားလိုက်ရပါသည်။ ရဟန်းတော်များရဲ့ အနေအထိုင်၊ အပြုအမှု၊ ဝိနည်းသိက္ခာနဲ့ ပတ်သက်ပြီးတော့လည်း လူတွေရဲ့ ယုံကြည်လေးစားမှုကို အပြည့်အဝရရှိကြပါသည်။ ထိုအချိန်က ပြည်သူများသည် သာသနာ့မူ ပညာရေးကျောင်းက ထွက်ခဲ့သည့်သူတွေမို့ ဝိနည်းအကြောင်း ရဟန်းသာမဏေတို့ရဲ့ ကျင့်ဝတ်သိက္ခာ ပုဒ်အကြောင်းတွေကအစ သိကြသည်မို့ တစ်ချို့တစ်လေသော ရဟန်း၊ သာမဏေတို့ ရဟန်းသာမဏေနဲ့ မသင့်လျှော်သည့် အမူအကျင့်ကို ပြုခဲ့သည် ဆိုဦးတော့ သာသနာတော်အပေါ် အမြင်စောင်းတာမျိုး၊ သံသယစိတ်ဝင်နေတာမျိုး မရှိကြပါ။ ဝါဒနှင့်ဝါဒီ၊ ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာဝင်ကို ကွဲကွဲပြားပြား သိထားကြသူများဖြစ်ကြပါသည်။
ယခုခေတ် မြန်မာရဟန်းတော်များ အခြေအနေ
အခုခေတ်မြန်မာရဟန်းတော်များနဲ့ပတ်သက်၍ နှိုင်းယှဉ်ရမည်ဆိုပါက ရဟန်းဘဝမှာရော ပညာရေး အပေါ်မှာပါ စံတွေ၊ တန်ဖိုးထားမှုတွေ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာ ကွာခြားနေတာ တွေ့ရပါသည်။ ယခု လက်ရှိအခြေအနေကို ပြောရမည်ဆိုလျှင် အချို့ကိုရင်တွေ၊ ဦးဇင်းတွေ (အထူးသဖြင့် ငယ်ဖြူတွေ) က အရွယ်ရောက် လူပျိုဖော်ဝင်လို့ သို့မဟုတ် လူငယ်၊ လူလတ်ပိုင်းအရွယ်ရောက်လို့ ရဟန်းဘဝမှာ ငြီးငွေ့ရင်တောင် လူမထွက်ရဲတာတွေလည်း များစွာရှိပါသည်။ အခြေအနေတွေကလည်း လက်မခံစရာ ဖြစ်နေပါသည်။ ဘုဉ်းကြီးလူထွက်များ လူ့ဘဝမှာဘာမှ မလုပ်တတ်မကိုင်တတ်သည့်သူများ ဖြစ်ကြလို့ပင်ဖြစ်ပါသည်။ ဘုဉ်းကြီးဘဝမှာ ဓမ္မာစရိယပင်အောင်ထားဦးတော့ ဓမ္မာစရိယပညာရေးကို လူ့ဘဝမှာ အသုံးမဝင်သလို ဖြစ်နေပါသည်။ မည်သူမှလည်း အသိအမှတ်မပြုပါ။ ဘုန်းကြီးပညာရေးနဲ့ လူပညာရေးသည် ရထားတစ်လမ်း၊ သံတစ်လမ်း ဖြစ်ပါသည်။ ဘုန်းကြီးဘဝမှာ သင်သည့်ပညာရေးသည် ဘုန်းကြီးဘဝမှာပင် အသုံးဝင်ပြီး လူ့ဘဝမှာ အသုံးမဝင်ပါဟု ခံယူကြပါသည်။ လူမှုနယ်ပယ်မှာ လိုအပ်သည့် အင်္ဂလိပ်စာ၊ သင်္ချာနဲ့ အခြားအခြေခံအသိပညာများ ချို့ယွင်းနေလို့ပင် ဖြစ်ပါသည်။ လူ့ဘဝပညာရေး ကလည်း လူ့ဘဝမှာဘဲ အသုံးဝင်ပြီး ဘုန်းကြီးဘဝမှာ အသုံးမဝင်သလိုဖြစ်နေပါသည်။ အဲဒါကြောင့် ဘုန်းကြီးလူထွက်၊ တောင်ပြန်တောထွက်တို့ ဆိုပြီး နိမ်ချသည့် စကားလုံးတွေ ရှိနေပါသည်။ ပညာရေး နှစ်ခုက ပေါင်းကူးလို့မရဘဲ သီးသန့်ဖြစ်နေကြပါသည်။ ဤတွင် လူ့အကြောင်းကို ဘုန်းကြီးကမသိ၊ ဘုန်းကြီးအကြောင်းကို လူတွေက မသိခြင်းရဲ့ အစပင်ဖြစ်ပါသည်။
သင်္ကန်းဝတ်နဲ့ မနေချင်တော့ပေမယ့် လူ့ဘဝမှာ အသုံမဝင်တော့မှာ တွေးပြီး လူမထွက်ရဲတော့လို့ ကုတ်ကပ်ပြီး သာသနာ့ဘောင်ထဲ နေနေရသည်မှာလည်း အများအပြားတွေ့ရပါသည်။ သာသနာတော်မှာ မနေချင်ဘဲ နေနေရသော ရဟန်းသာမဏေများမှာ သဒ္ဓါတရားပိုယုတ်လျှော့ပြီး ဝိနည်းသိက္ခာပုဒ်နှင့် လူမှုကျင့်ဝတ်သိက္ခာများကို သဒ္ဓါပဗ္ဗဇိတရဟန်းသာမဏေများနဲ့စာရင် ပိုပြီး လွန်ကျူးတတ်ကြပါသည်။ ထိုအခါပတ်ဝန်းကျင်က လက်မခံနိုင်သော အခြေအနေများ ပိုပြီးဖြစ်ပေါ်လာပါတော့သည်။ ဤတွင် အရင်ခေတ်ရဟန်းတော်များနှင့် ယခုခေတ်ရဟန်းတော်များ၏ ကွာခြားနေသည့်အခြေအနေများပင် ဖြစ်ပါသည်။
ယခုလက်ရှိအနေအထားတွင် သူ့အကြောင်းကိုယ်မသိ၊ ကိုယ့်အကြောင်းသူမသိသောလူနှစ်ဦးကြား ဆက်ဆံရေးက ပိုပြီးကွာဟလာသည်။ လေးစားမှုက ပိုပြီးလျှော့ရဲလာသည်။ တန်ဖိုးထားမှုကလည်း နည်းသထက်နည်းလာပါတော့သည်။ သင်ယူတဲ့ပညာရေးကွာဟမှု၊ ရပ်တည်ချက်ဦးတည်ချက်တို့ကွာဟမှု၊ ပတ်ဝန်းကျင်လက်ခံထားတဲ့ နေရာ(အဆင့်အတန်း)ကွာဟမှုတွေကြောင့် တစ်ဦးအကြောင်းတစ်ဦး မသိလေလေ ဖြစ်လာပါသည်။ သို့သော် အတူတူပတ်သက်နေရသည့် လူမှုဝန်းကျင်တစ်ခုထဲမှာ အချင်းချင်းကွာဟမှုတွေ များလာသည့်အခါ တစ်စုံတစ်ရာ မပြေလည်စရာ ပြဿနာများကို အဲဒီလူမှုဝန်းကျင်ထဲကဘဲ မွေးဖွားလာပါတော့သည်။ ဤတွင် မျက်မှောက်ခေတ် ရဟန်းတော်များ ကြုံတွေ့နေရသော ပြဿနာတွေထဲက တစ်ခုပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာ ဘုန်းတော်ကြီးကျောင်းသင် အစဉ်အလာ သာသနာမှုပညာရေး ပျက်တောက်သွားခြင်းကလည်း ရဟန်းနဲ့ ပြည်သူတို့ကွာဟနေရခြင်းရဲ့ အကြောင်းတွေထဲက တစ်ခုပင်ဖြစ်ပါသည်။
လူမှုအကျိုးပြုပညာရေး
နောက်တစ်ခုကား လူတွေလိုအပ်တဲ့ ပညာရေးကို မပေးနိုင်ခြင်းကလည်း ကွာဟနေရခြင်း၏ အကြောင်း တစ်ခု ဖြစ်ပါသည်။ လူတွေရဲ့ဘဝမှာ အဓိကအလုပ်တစ်ခုဖြစ်တဲ့ စီးပွားရေး၊ စားဝတ်နေရေးအတွက် အထောက်အကူဖြစ်မည့် အတတ်ပညာက ပိုပြီးအရေးကြီးပါသည်။ ထိုစားဝတ်နေရေး၊ စီးပွားရေးအတွ က်အထောက်အကူပြုမည့် အတတ်ပညာများမပါဝင်ပါက စိတ်ဝင်စားသူပိုနည်းပါလိမ့်မည်။ အထူးသဖြင့် ခေတ်မီသော လက်ရှိမှာလိုအပ်သော ပညာရပ်များကို ပိုလိုအပ်ပါသည်။ မျက်မှောက်ခေတ်သည် ပဒေသရာဇ်ခေတ်မဟုတ်တော့သလို လူတိုင်းလိုလို အိမ်တိုင်းလိုလို စိုက်ပျိုးရေးလုပ်နေရသည့် ကာလလည်း မဟုတ်တော့ပါ။ စိုက်ပျိုးရေးက လူတိုင်းအတွက် စံပြအတွက် မဟုတ်တော့ပါ။ ခေတ်ရေစီးကြောင်းနှင့် အန်ဝင်ခွင်ကျဖြစ်မည့်အလုပ်မျိုးကိုသာ ခေတ်မီသည့်အလုပ်ဟု သတ်မှတ်ကြပါသည်။ ဥပမာဆိုရလျှင် အွန်လိုင်းက ယဉ်ကျေးမှုလိုဖြစ်လာနေတဲ့အခုလိုခေတ်မျိုးမှာ အွန်လိုင်းအသုံးမပြုရ ဆိုတဲ့စည်းကမ်းမျိုးက လူ့လောကမှာ မည်သူမျှ လိုက်နာမည်မဟုတ်ပါ။ ထို့ကြောင့် ပညာရေးမှာ ခေတ်မီဖို့ လိုပါသည်။
မြန်မာနိုင်ငံကို ဗြိတိန်တွေဝင်လာပြီး ပညာရေးစီမံကိန်းတွေ အကောင်အထည်ဖော်သည့်အခါ လူတွေ သင်ယူခဲ့ကြပါသည်။ ခေတ်မီပြီး၊ ခေတ်သစ်မှာပိုလိုအပ်တဲ့အသိပညာရပ်တစ်ခုအဖြစ် အဘောပေါက်ကြပါသည်။ အထူးသဖြင့် မြို့နေလူတန်းစား၊ အရောင်းအဝယ်လုပ်သည့် ကုန်သည်တွေက ပိုသိကြပါသည်။ ထိုအချိန်က ခရစ်ယာန်ကျောင်းတွင် သင်ယူရသည့်အတွက်ကြောင့် ဘာသာရေး ပုံသွင်းတာတွေလည်း များစွာရှိနေသည့်အတွက် မသင်ယူခဲ့ကြသည့်သူတွေလည်း များစွာရှိခဲ့ကြပါသည်။ သို့ပေမယ့်၊ ဘာသာရေးစိတ်ဓာတ်မပြင်းပြတဲ့သူတွေကတော့ ခေတ်မီတဲ့ပညာရေးကို တတ်စေချင်ကြ သည်မို့ သူတို့ဘာသာဝင်ဖြစ်သွားလည်း ဖြစ်သွားပါစေဆိုပြီး ကလေးတွေကို ထိုကျောင်းသို့ပို့လိုက်ကြ ပါသည်။ ပညာရေးကိုဘာသာရေးနဲ့မရောတော့သည့် နောက်ပိုင်းအချိန်ရောက်မှသာ အဲဒီပညာရေးကို လူတိုင်းလိုလို သင်ယူခဲ့ကြပါသည်။ လက်ရှိလူမှုဘဝကို အကျိုးပြုသည့်ပညာရေးဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။ လက်ရှိမျက်မှောက်ခေတ် ပညာရေးမှာလည်း လူမှုဘဝမှာ အကျိုးပြုနိုင်သည့် ပညာရေးကို ဦးတည်ရပါမည်။
လူမှုအကျိုးပြုပညာရေးများကို ပေးဖို့က ဘကကျောင်းများသည် အခွင့်ကောင်းတစ်ခုပင်ဖြစ်ပါသည်။ ကွာဟနေသည့် နှစ်ဦးနှစ်ဘက်ကြားမှာ ပြန်ပေါင်းစပ်နိုင်ဖို့ဆိုလျှင် ပညာရေးသည် အရေးကြီးသော သော့ချက်တစ်ခုပင်။ ထိုကွာဟမှုနှစ်ခုကို ဘကကျောင်းများက ဖြေရှင်းနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ပါသည်။ ရင်ပေါင်တန်းနိုင်တဲ့ပညာရေး၊ တန်းတူယှဉ်တွဲလို့ရသည့်ပညာရေးဖြစ်ဖို့ လိုအပ်ပါသည်။ ရင်ပေါင်တန်းနိုင်သောပညာရေးဆိုသည်မှာ ပြဌာန်းစာတူရမည်၊ စာသင်ချိန်တူရမည် စသည်ကို မဆိုလိုပါ။ အခြေခံပညာရေးအဆင့်မှာ သိထားသင့်သည့် အခြေခံအသိပညာ၊ အတတ်ပညာတွေပါဖို့ဘဲ လိုပါသည်။ အဆင်မြင့်ပညာရေးဆိုလျှင် အဆင့်မြင့်ပညာရေးနဲ့ တန်တဲ့ အရည်အသွေးရှိဖို့ဘဲ လိုအပ်ပါသည်။ ဘယ်ကြောင်းထွက်၊ ဘယ်မှာနေ၊ ဘယ်စာသင်၊ ဘယ်စာအုပ်တွေက တရားသေတွေမဟုတ်ဘဲ အပြောင်း အလဲ လုပ်သင့်ရင် လုပ်ရမည့်အရာပင် ဖြစ်ပါသည်။ ထိုအဆင့်အဆင့်သော ပညာရေးအဆင့်အတန်းများ သည် လူမှုဘဝနှင့်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကျိုးပြုနိုင်ဖို့လိုပါသည်။ ထိုလူမှုအကျိုးပြု ပညာရေးအတွက် ဘကကျောင်းများမှာ ပြဌာန်းပေးနိုင်ဖို့လိုပါသည်။
လက်ရှိ ဘကကျောင်း
၂၀၀၅ ခုနှစ်၊ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးဌာနက ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေသည့် မဟနအဖွဲ့၏ ဆုံးဖြတ်အတည်ပြုထားသည့် “ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုစည်းမျဉ်း” စာအုပ်တွင် ပထမဆုံးအခန်း၊ နိဒါန်းမှာပင် မြန်မာနိ်ုင်ငံမှာယနေ့ကြုံတွေ့နေရသည့် မြန်မာ့ရိုးရာကွယ်ပျောက်မည့်အန္တရာယ်ကို ကာကွယ်နိုင်ရန် ဘကပညာရေးဆောင်ရွယ်ဖို့လိုအပ်ကြောင်း၊ အကျင့်စာရိတ္တကောင်းမွန်အောင်၊ ကိုယ်ကျင့်တရားကောင်းမွန်အောင် ဘကကျောင်းလိုအပ်ကြောင်း ပြောထားကြတာတွေ့ရပါသည်။
ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေးလုပ်ငန်း ရည်ရွယ်ချက်များကို အောက်ပါအတိုင်းတွေ့ရပါသည်။
1. “ဆင်းရဲချမ်းသာမရွေး၊ လူတိုင်း အရေး အဖတ်အတွက် အခြေခံပညာနှင့် ခေတ်ပညာ တတ်မြောက်စေရန်။
2. ပညာသင်ကြားရေး၌စရိတ်သက်သာပြီး လွယ်ကူမှုရှိစေရန်။
3. ကိုယ်ကျင့်တရားကောင်းမွန်ပြီး အများအကျိုး နိုင်ငံအကျိုး သယ်ပိုးလိုသည့် သားကောင်းသမီးကောင်းများ ဖြစ်လာစေရန်။
4. မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ကို သိရှိနားလည်၍ မြတ်နိုးစွာ လိုက်နာခံယူတတ်ကြစေရန်။
5. ဗုဒ္ဓဘာသာ၊ သာသနာတော်ဆိုင်ရာ အဆုံးအမများကို ကြားနာမှတ်သား သိရှိလိုက်နာပြီး အနာဂတ်သာသနာကို တာဝန်ယူကြမည့် ဗုဒ္ဓဘာသာဝင်ကောင်းများ ဖြစ်ကြစေရန်။
6. အမျိုး ဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်” တို့ ဖြစ်ပါသည်။
နံပါတ်(၁) အချက်နှင့် (၂) အချက်တို့သည် ဆင်းရဲနွမ်းပါးသောကလေးများနှင့် ပညာသင်ယူခွင့် အခွင့်အလမ်းနည်းပါးသောကလေး၊ လိုအပ်နေသောကလေးများ ဒေသများကို ဦးတည်သည်ဟု ယူဆပါသည်။ ကျန်သောအချက်လေးချက်သည် အကျင့်စာရိတ္တကောင်းမွန်ရေး၊ မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ဗုဒ္ဓဘာသာအဆုံးအမသင်ကြားရေးတို့ကို ဦးတည်ပါသည်ဟု ယူဆပါသည်။ နံပါတ်တစ်နှင့်နှစ်အချက်တို့ကိုတော့ အထူးပြောစရာမလိုပါ။ သို့သော် ကျန်သောလေးချက်မှာ စဉ်းစားစရာဖြစ်ပါသည်။ ယခုလက်ရှိ မြန်မာနိုင်ငံဘကကျောင်းများ၏ သင်ရိုးညွန်းတမ်း၊ ပြဌာန်းစာများသည် အစိုးရကျောင်းက ကလေးများနဲ့ တစ်ပုံစံတည်းဖြစ်ပါသည်။ သင်ရိုးညွန်းတမ်း၊ စာသင်ချိန်၊ စာဖြေချိန် အားလုံးအတူတူပင်ဖြစ်ပါသည်။ စာရိတ္တကောင်းဖို့၊ မြန်မာ့ယဉ်းကျေးမှုထိန်းသိမ်းဖို့၊ ဗုဒ္ဓတရားတော်ကို အဓိကထားသင်ယူဖို့ သီးသန့်မပါပါ။ အပိုမပါပါ။ အစိုးရကျောင်းများနှင့်အတူတူပင်ဖြစ်ပါသည်။
ရာစုသစ်ထဲက ဘကကျောင်းများအတွက် စိန်ခေါ်မှု
ဘကကျောင်းတွေကို သာသနာ့မူပညာရေးလို နှိုင်းယှဉ်လို့လည်း မရပါ။ အဘယ့်ကြောင့်ဆိုသော် သာသနာ့မူပညာရေးသည် ယခုလက်ရှိအခြေအနေကို ဥပမာပြရရင် ယခုခေတ် စာသင်တိုက်က ပြဌာန်းစာလို သင်နေခြင်းကြောင့်ဖြစ်သည်။ မျက်မှောက်ခေတ်အခြေအနေအရ- လူမှုအကျိုးပြုပညာရေးဟု ပြောရန် ခက်ခဲပါသည်။ ယခုလက်ရှိအချိန်ထိ အပြောင်းအလဲ မရှိသေးသော ပရိယတ္တိပညာရေးသည် အခြေခံကျပြီး ခိုင်မာတဲ့ပညာရေးတစ်ခုအဖြစ်ဆိုလို့ရသော်ငြားလည်း ခေတ်မီသော ပညာရေးဟု မဆိုနိုင်ပါ။ သင်္ချာ၊ ပထဝီ၊ သိပ္ပံ စတဲ့ ဘာသာရပ်တွေ မပါခြင်းကြောင့် ဖြစ်ပါသည်။ လူမှုအကျိုးပြုပညာရေးဖြစ်ဖို့ဆိုလျှင် ဘကပညာရေးများသည် ခေတ်မီဖို့လိုပါသည်။ ယခုခေတ် လိုအပ်သော ပညာရပ်များပါဝင်ဖို့လိုအပ်ပါသည်။ အစိုးရကျောင်းက ပြဌာန်းသည့် ပြဌာန်းစာအတိုင်း သင်ပေးနေခြင်းကလည်း လက်ခံနိုင်စရာ အရာတစ်ခုပင်။ သို့သော် လိုအပ်ချက်တော့ ရှိမည် ထင်ပါသည်။ ဘုန်းတော်ကြီးသင်ပညာရေးလို့ ပြောထားတာမို့ ဘုန်းတော်ကြီးတို့နဲ့ဆက်စပ်တဲ့ပညာရေး၊ ဆိုလိုသည်မှာ ဘာသာရေး၊ သာသနာရေးနဲ့ ဆက်နွှယ်သည့်ပညာရေး ဖြစ်သင့်ပါသည်ဟု ယူဆရပါသည်။ ဒါမှသာ ကွာဟမှုတွေကို ပေါင်းစည်းပေးနိုင်ပါမည်။
သာသနာရေးဌာနက ပြဌာန်းပေးတဲ့ ရည်ရွယ်ချက်အတိုင်းဆိုလျှင် ဆက်လက်အကောင်အထည် ဖော်ရမည့်ကဏ္ဍတွေ ရှိပါသေးသည်။ အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး ဘယ်လို သင်ရိုးညွန်းတမ်း ဆွဲမလဲ။ မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းဖို့ ဘယ်လိုပြဌာန်းစာတွေ ထည့်မလဲ။ ဗုဒ္ဓတရားတော် ပြန့်ပွားဖို့ လက်နာကျင့်သုံးနိုင်ဖို့ ဘယ်လိုသင်ကြားနည်းနဲ့ သင်ပေးမလဲ။ ဘယ်သာဓက ဘယ်ပုံစံတွေ သင်ပေးရမလဲ စသည်ဖြင့် ဆက်စဉ်းစားရမည့် အရာပင်ဖြစ်ပါသည်။ ကလေးအရွယ်မှာ သင်ပြပေးသင့်သော လူနေမှု၊ ယဉ်ကျေးမှုတွေ။ ပြောပြပေးထားသင့်သည့် ဇာတ်တွေ နိပါတ်တွေ အဆုံးအမတွေ များစွာရှိပါသည်။ လစ်ဟာနေသည့် ထိုနေရာကို ဘကကျောင်းပညာရေး ပညာရှင်အဖွဲ့ အကောင်အထည်ဖော်လျှင် မဖြစ်နိုင်စရာ မရှိသောအရာတစ်ခုဟု ယူဆပါသည်။
ပုဂ္ဂလိကကျောင်းနဲ့ အစိုးရကျောင်းက ပြဌာန်းစာအားလုံးတူနေစရာမလိုပါ၊ သို့သော် ကလေးအသက်အ ရွယ်နှင့် ကိုက်ညီမည့် သင့်လျှော်မည့် ပညာရေးဖြစ်ဖို့ဘဲ လိုပါသည်။ ဘုန်းတော်ကြီးကျောင်းနှင့် အစ်ိုးရေ ကျာင်းမှာလည်း ထိုအတိုင်းပင် ဖြစ်သင့်ပါသည်။ အစိုးရကျောင်းတက်ရင် ဘာတွေပိုသိရမှာလဲ၊ ပုဂ္ဂလိကကျောင်းဆိုရင်ကော ဘာတွေပိုသိသွားရမှာလဲ၊ ဘကကျောင်းဆိုရင်ကော ဘာတွေပိုသိရမှာလဲ စသည်ဖြင့် ပိုထူးသွားတာမျိုး ရှိသင့်ပါသည်။ ကျောင်းချင်းမတူလို့ အဓိကထားဦးစားပေးတာချင်းမတူလို့ အနည်းငယ် ပိုထူးသွားတာတော့ ကိစ္စမရှိပါ။ သို့သော် အသက်အရွယ်အလိုက် သိသင့်သိထိုက်၊ တတ်သင့်တတ်ထိုက်တဲ့ အသိပညာ၊ အတတ်ပညာတွေကိုတော့ ပါဝင်ရပါမည်။ ဘက ကျောင်းရဲ့ရပ်တည်မှုတွေက အစိုးရကျောင်းရဲ့ ပြဌာန်းစာအတိုင်းဘဲ လိုက်နေရသေးတယ်ဆိုပါက ၂၁-ရာစုမှာ ဘကရဲ့အခန်းကဏ္ဍက ပိုကျယ်သွားဖို့ထက် ပိုကျဉ်းသွားဖို့ အလားအလာရှိသည်ဟု ယူဆမိပါသည်။ ဘက မှာလည်း ဘကရဲ့ မူရင်း စံလေး၊ အမှတ်အသားလေးတွေ ရှိသင့်ပါသည်။ အကုန်လုံး၊ စွတ်ချွတ်တူ နေစရာမလိုပါ။ ဥပမာ- ဘကကျောင်းက သေခိယ ၇၅ ပါးထဲက ကျင့်ဝတ်တွေ ပြဌာန်းသည်၊ ကျင့်သုံးသည် ဟုဆိုလျှင် ဘကကျောင်းထွက်ကလေး တွေရဲ့ စားသောက်ပုံ၊ သွားပုံလာပုံတွေက သေသေသပ်သပ်ရှိပါလိမ့်မည်။ နောက်တစ်ခု ဘကကျောင်း ကလေးတွေ မင်္ဂလသုတ် သို့မဟုတ် မေတ္တာသုတ်နဲ့ ပတ်သက်၍ နက်နက်နဲနဲလေ့လာခဲ့ကြသည်ဟု ပြောကြမည်ဆိုလျှင် ဘကကျောင်းထွက်ကလေးရဲ့ စံလေး၊ အမှတ်အသားလေး၊ တန်ဖိုးထားစရာလေးတွေ သူတစ်ပါးနှင့်မတူသည့် ဂုဏ်ရည်တစ်ခုဖြစ်လာပါမည်။ ဆက်ဆံရေးမှာတော်တာ၊ သူတစ်ပါးနဲ့ လိုက်လျှောညီထွေနေတတ်တာ၊ စည်းကမ်းလိုက်နာတာ မျိုးတွေလည်း စံပင်ဖြစ်ပါသည်။ ဘကကျောင်းထွက်တွေက မြန်မာစာပိုကျွမ်းတယ်၊ ရှေးဟောင်းယဉ်ကျေးမှုနဲ့ပတ်သက်ပြီးပိုသိတယ်၊ ကွန်ပျူတာကိုင်တတ်ကြတယ် စသည်ဖြစ်လာအောင်လည်း ပံ့ပိုးပေးလို့ ရပါသည်။
နိုင်ငံတိုင်းလိုလို အခြေခံပညာရေးကစလို့ ဘွဲ့ရသည့်အထိ အခမဲ့တွေဖြစ်လာကြ၊ အစိုးရထောက်ပံ့ ကြေးတွေ၊ အဝတ်အစား၊ အစားအသောက်၊ အသုံးအဆောင်တွေ ရနေကြပါပြီ။ အကုန်လုံးနီးပါး အခမဲ့ဖြစ်လာကြသည့်ကာလထဲမှာ ပညာမသင်မနေရ ယဉ်ကျေးမှုတစ်ခု ထွန်းကားလာဖို့ အလားအလာ ရှိပါသည်။ ထိုသို့ဖြစ်လျှင် ဘကကျောင်းမှာ ကလေးတွေလာကြပါ့မလား စဉ်းစားရပါမည်။ နောက်တစ်ခု အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းတွေမှာ လစာကောင်းနေသောဆရာမများလို ဘကကျောင်းမှာ မပေးနိုင်ရင် ဆရာတွေ ရေရှည်ဘယ်လိုထိန်းထားမလဲ။ သင်တဲ့စာကလည်း အစိုးရကျောင်းပြဌာန်းစာ အတိုင်းဖြစ်နေလျှင် ဘာမှလည်း မထူးတာမို့ ဘကကျောင်းက တစ်ဆင့်ခံဖြစ်နေသလို ဖြစ်နေပြီး အစိုးရကျောင်းကိုဘဲ တိုက်ရိုက်သွားတတ်ပါလိမ့်မည်။ ဤတွင် ၂၁-ရာစု ဘကကျောင်းအများတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာ ပါလိမ့်မည်။ ထိုစိန်ခေါ်မှုများကို ဘယ်လိုရင်ဆိုင်မည်နည်း။ ကျောင်းသားတွေကို ဘယ်လိုဆန်းသစ်သည့် ပညာတွေပေးမည်နည်း၊ အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းများမှာ မရှိသည့် ပညာရပ်မျိုးပေးနိုင်မည်လော့။ ဆရာတွေကိုရော အရည်အသွေး မည်သို့မြင့်တင်မည်နည်း။ ဘကကျောင်းအတွက် သီးသန့်ပြဌာန်းထား သည့် ပြဌာန်းစာ ဘယ်လိုရေးဆွဲကြမည်နည်း။ ဘယ်လို ဖောက်ထွက်သွားမည်နည်း။ ဥပမာ- တရားထိုင်တာ ကောင်းသည်၊ အကျိုးရှိသည်ဟု ခေတ်စားလာသည့် ကာလထဲမှာ အင်္ဂလန် ကျောင်းပေါင်း ၃၇၀ ကျောင်းခန့်မှာ တရားထိုင်တဲ့အစီအစဉ်ပါဝင်တဲ့ သင်ရိုးညွန်းတမ်းရေးဆွဲလိုက်တာမျိုး။ လူတွေလည်း လက်ခံပြီး၊ ကလေးပညာရေးကို တကယ်မြင့်တင်စေမယ့် အစီအစဉ်များတွေ ဘကကျောင်းမှာ လုပ်ပေးနိုင်ဖို့က အရေးကြီးသည့်အရာတစ်ခု ဟု ယူဆမိပါသည်။
အရည်အသွေးပြည့်ဝသည့် ဆရာ၊ဆရာမများ ပညာရှင်များလည်း ဘကကျောင်းပညာရေး အစီအစဉ်တွေမှာ ပါဝင်နေကြသည်ကို ဝမ်းသာစွာမြင်တွေ့ရပါသည်။ ဘကကျောင်း၏ ဂုဏ်ယူစရာစံများ၊ ချစ်စရာ ဓလေ့၊ အပြုအမှုများ၊ အတုယူစရာ လေးစားစရာ စိတ်နေစိတ်ထားများ၊ သဘောထားများကိုလည်း ချပြသင့်ပါသည်။ ၂၁-ရာစု ဘကကျောင်းများ၏ ပညာရေးအစီအစဉ်များသည်လည်း စိန်ခေါ်မှုများစွာရှိပါသည်။ မြန်မာပြည်သူများအတွက် အစဉ်အလာကြီးမားသော ဘကကျောင်းပညာရေးသည် ရဟန်းနှင့်ပြည်သူ ကွာဟမှုတွေကို ပေါင်းစပ်ပေးနိုင်သည့်ကျောင်း၊ လူမှုအကျိုးပြုပညာရေး ပေးနိုင်သည့်ကျောင်း ဟုမှတ်ယူပါသည်။ ဘကကျောင်းများ ဒီထက်မက အောင်မြင်ပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါသည်။
အရှင်နန္ဒိယ (ဖယ်ခုံ)
02:08:2019 01:00:00 AM
ကွာဟမှုကို ပေါင်းစပ်ပေးမည့် ပညာရေး (သို့မဟုတ်) ၂၁-ရာစု ဘကကျောင်းများအတွက် စိန်ခေါ်မှုများ
ျမန္မာႏိုင္ငံပညာေရးႏွင့္ပတ္သတ္၍ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္း၏
အခန္းက႑သည္လည္း အစဥ္အလာေကာင္းၿပီး အေရးပါေသာအခန္းက႑တစ္ခုပင္ျဖစ္ပါသည္။ ထိုပညာေရးေက်ာင္းသည္
အခုထိ ႏုိင္ငံအတြင္းရွင္သန္ေနဆဲေက်ာင္းတစ္မ်ိဳးျဖစ္သည္။ ေခတ္ေတြေျပာင္းလာသည္ႏွင့္အေလ်ာက္
ဘကေက်ာင္းမ်ားရဲ႕ အေျခအေနမ်ားကလည္း ေျပာင္းလဲလာခဲ့ၾကပါသည္။ သို႔တေစ လက္မခံခ်င္သည့္သူမ်ား
ရွိေနဦးေတာ့ ဘကေက်ာင္းသည္ ျပည္သူေတြရဲ႕လိုအပ္ခ်က္အရ လက္ခံေနရဆဲ ပညာေရးေက်ာင္းျဖစ္ပါသည္။
ေခတ္ကာလေျပာင္းလဲမႈေတြေၾကာင့္ ယခင္ကဘကေက်ာင္းမ်ားႏွင့္ ယခုဘကေက်ာင္းမ်ားမတူညီေတာ့သည့္အခ်က္ေတြလည္း
မ်ားစြာရွိပါသည္။ ဘကေက်ာင္း၏ ျဖစ္တည္မႈႏွင့္ မိမိ၏ ထင္ျမင္ခ်က္မ်ားကို တင္ျပခ်င္ပါသည္။
သမိုင္းထဲက ဘကပညာေရး
သာသနာ့မူပညာေရး၊ ေလာကဓာတ္ပညာေရး၊ ျမန္မာေက်ာင္း၊ အဂၤလိပ္ေက်ာင္း၊
အဂၤလိပ္-ျမန္မာ ႏွစ္ဘာသာေက်ာင္း စသည္ျဖင့္ ပညာေရးေက်ာင္းႏွင့္ပတ္သက္၍ ေရွးယခင္ကတည္းက
ကြဲျပားေနၾကသည္ကို ဦးေကာင္းရဲ႕ ၿဗိတိန္မေရာက္ခင္နဲ႔ေရာက္ၿပီး ျမန္မာ့ပညာေရး (History
of Education in Myanmar, Before the British conquest and After) က်မ္းထဲမွာ ဖတ္ရႈလိုက္ရပါသည္။
ထိုဦးေကာင္းစာအုပ္ကို ကိုးကား၍ ျမန္မာ့ဘုန္းေတာ္ႀကီး၏ပညာေရးေက်ာင္းမ်ားသည္ အသစ္ေရာက္လာေသာ ဘာသာရပ္မ်ားႏွင့္ ေျပာင္းလဲလာေသာ
ေခတ္အေျခအေနေတြေၾကာင့္ စိတ္ေခၚမႈမ်ားစြာ ရင္ဆိုင္ေနရပါသည္။ သို႔ေသာ္ ဗုဒၶဘာသာအမ်ားဆုံးေနထိုင္သည့္
ျမန္မာႏိုင္ငံတြင္ ဘကေက်ာင္းမ်ား၏ ပညာေရးသင္ၾကားမႈအရႈိန္အဟုန္သည္ ယခုတိုင္ အားေကာင္းေနဆဲပင္
ျဖစ္ပါသည္။
ပညာေရးစီမံကိန္းႏွင့္ လက္ေတြ႔အေကာင္အထည္ေဖာ္ေဆာင္မႈတို႔သည္
ေခတ္အေျခအေန၊ ပတ္ဝန္းက်င္အေနအထားမ်ားႏွင့္ လိုက္ေလွ်ာညီေထြစြာ ေျပာင္းလဲရသည့္အရာတစ္ခုပင္ျဖစ္ပါသည္။
ၿဗိတိန္ေရာက္မလာခင္ ျမန္မာတို႔၏ သာသနာ့မူပညာေရးသည္ ေခတ္အေျခအေနႏွင့္ လူမႈဘဝ လိုအပ္မႈကို
ျဖည့္ဆည္းေပးႏိုင္သည့္ ပညာေရးတစ္ခုပင္ျဖစ္ပါသည္။ အေျခခံအဆင့္ ကေလးဘဝက ပညာေရးႏွင့္ လူပ်ိဳဘဝ၊
ပ်ိဳေဖာ္ဝင္စ လူငယ္ဘဝတို႔အရြယ္ သင္ယူၾကတဲ့ ပညာေရးကအစ ျမန္မာ့တို႔ရဲ႕ လူမႈဘဝ စိုက္ပ်ိဳးေရးအဓိကလုပ္ၾကတဲ့ႏိုင္ငံသားမ်ားအတြက္
အန္ဝင္ခြင္က် ျဖစ္ခဲ့ပါသည္။ သာသနာ့မူပညာေရး၏ လႊမ္းမိုးမႈေတြေၾကာင့္ ျမန္မာလို႔ေျပာရင္
ဗုဒၶဘာသာဟာ တြဲပါလာသည့္အထိ သာသနာ့မူပညာေရးက ၾသဇာအရႈိန္အဝါႀကီးမားခဲ့ပါသည္။ ျပည္သူလူထုႏွင့္တစ္သားတည္းျဖစ္ေနျခင္းေၾကာင့္ပင္
ၿဗိတိ္န္တို႔ေရာက္ၿပီးေနာက္ အဂၤလိပ္တို႔သယ္ေဆာင္လာသည့္ ေခတ္မီပညာေရးကိုေတာင္ သင္ၾကားဖို႔
မလြယ္ကူဘဲ၊ ရုန္းကန္ေနရသည္ကို မွတ္သားလုိက္ရပါသည္။
ၿဗိတိန္မေရာက္ခင္ ထိုေခတ္အခါက ျမန္မာႏိုင္ငံ သာသနာတြင္းသားရဟန္းေတာ္မ်ားႏွင့္ပတ္သက္၍
သိရွိရသည္မွာ သာသနာ့ေဘာင္ထဲတြင္ အမွန္တကယ္ေပ်ာ္ေနၾကသူမ်ား၊ ပညာေရးကို အမွန္တကယ္ စိတ္ဝင္စားသည့္သူမ်ား
ျဖစ္ၾကပါသည္။ အေျခခံပညာေရးၿပီးဆုံးၿပီးေနာက္ အဆင့္ျမင့္ပညာေရးကို ဆက္လက္သင္ယူၾကသည့္ေက်ာင္းသားမ်ားက
ရဟန္းေတာ္ေတြ ပိုမ်ားပါသည္။ လူပ်ိဳဘဝေရာက္ၾကၿပီး သည့္ေနာက္ အိမ္ေထာင္ျပဳလို၊ လူ႔ေဘာင္ထဲေနလိုၾကသည့္ေက်ာင္းသားမ်ားသည္
စာသင္ေက်ာင္းမွ ထြက္ၾကပါသည္။ အဆင့္ျမင့္ပညာေရးကိုလည္း တစ္ခ်ိဳ႕က- တစ္ခ်ိဳ႕တစ္ဝက္၊ တစ္ခ်ိဳ႕က-
တတ္ႏိုင္သေလာက္ သင္ယူၾကၿပီး အိမ္ရာတည္ေထာင္ လူတို႔ေဘာင္ထဲက လူမႈကိစၥေတြ မ်ားလွတာေၾကာင့္
ဆက္လက္မသင္ယူႏိုင္ၾကပါ။ ရဟန္းဘဝနဲ႔ ဆက္လက္ေနထိုင္ေသာသူအမ်ားစုသာ သာသနာမႈပညာေရးကို အဆုံးထိဆက္လက္သင္ယူၾကပါသည္။
သာသနာ့မူပညာေရးကို သင္ယူမႈၿပီးဆုံးသြားသည့္ေနာက္ စာခ်ေပး၊ စာသင္ေပးသည့္အလုပ္ကို ဆက္လုပ္ၾကပါသည္။
ထို႔ေၾကာင့္ ရဟန္းေတာ္မ်ားသည္ ပညာတတ္မ်ားျဖစ္ၾကၿပီး ျပည္သူ႔အေပၚ ၾသဇာေညာင္းေသာသူမ်ား
ျဖစ္ၾကပါသည္။ ထိုအခ်ိန္က သာသနာမူပညာေရးမွာ ဘုန္းႀကီးေက်ာင္းတြင္သင္ယူရသည့္အတြက္ အမ်ားစုမွာ
ေယာကၤ်ားေလးေတြသာ ျဖစ္ၾကၿပီး မိန္းကေလးေတြနည္းပါးပါသည္။ မိန္္းကေလးအတြက္ႏွင့္ ဘုန္းႀကီးေက်ာင္းပညာေရးတက္ဖို႔
အခက္အခဲရွိသည့္ သူအတြက္ကို ဦးတည္ၿပီး လူေက်ာင္းဆိုသည့္ စာသင္ေက်ာင္းလည္း ရွိပါသည္။
လူေက်ာင္းသည္ အိမ္မွာသင္ၾကတာျဖစ္ၿပီး ဆရာေတြက ရဟန္းေတာ္ေတြမပါဘဲ၊ လူပုဂၢိဳလ္မ်ားသာ
ျဖစ္ၾကပါသည္။ ထိုလူေက်ာင္းမ်ားသည္ မ်ားမ်ားမဖြင့္ႏိုင္ဘဲ၊ ဖြင့္လွ်င္ပင္ ေရရွည္မရပ္တည္ႏိုင္ဘဲ
ရပ္တည့္သြားၾကသည္လည္း မ်ားစြာရွိပါသည္။ ထိုလူေက်ာင္းမ်ားသည္ ဘုန္းႀကီးေက်ာင္း၏ သာသနာ့မူပညာေရးအတြက္
အေထာက္အကူျဖစ္ရုံမွ်သာ တတ္ႏိုင္ၾကပါသည္။ သင္ၾကားေရးႏွင့္ပတ္သတ္၍ ရဟန္းေတာ္မ်ားက သင္ၾကားေရးစြမ္းရည္ေတြ
ပိုျပည့္ဝၾက၊ ပိုကၽြမ္းက်င္ၾကသည္ကို မွတ္သားလိုက္ရပါသည္။ ရဟန္းေတာ္မ်ားရဲ႕ အေနအထိုင္၊
အျပဳအမႈ၊ ဝိနည္းသိကၡာနဲ႔ ပတ္သက္ၿပီးေတာ့လည္း လူေတြရဲ႕ ယုံၾကည္ေလးစားမႈကို အျပည့္အဝရရွိၾကပါသည္။
ထိုအခ်ိန္က ျပည္သူမ်ားသည္ သာသနာ့မူူ ပညာေရးေက်ာင္းက ထြက္ခဲ့သည့္သူေတြမို႔ ဝိနည္းအေၾကာင္း
ရဟန္းသာမေဏတို႔ရဲ႕ က်င့္ဝတ္သိကၡာ ပုဒ္အေၾကာင္းေတြကအစ သိၾကသည္မို႔ တစ္ခ်ိဳ႕တစ္ေလေသာ
ရဟန္း၊ သာမေဏတို႔ ရဟန္းသာမေဏနဲ႔ မသင့္ေလွ်ာ္သည့္ အမူအက်င့္ကို ျပဳခဲ့သည္ ဆိုဦးေတာ့
သာသနာေတာ္အေပၚ အျမင္ေစာင္းတာမ်ိဳး၊ သံသယစိတ္ဝင္ေနတာမ်ိဳး မရွိၾကပါ။ ဝါဒႏွင့္ဝါဒီ၊ ဗုဒၶဘာသာႏွင့္
ဗုဒၶဘာသာဝင္ကို ကြဲကြဲျပားျပား သိထားၾကသူမ်ားျဖစ္ၾကပါသည္။
ယခုေခတ္ ျမန္မာရဟန္းေတာ္မ်ား အေျခအေန
အခုေခတ္ျမန္မာရဟန္းေတာ္မ်ားနဲ႔ပတ္သက္၍ ႏိႈင္းယွဥ္ရမည္ဆိုပါက
ရဟန္းဘဝမွာေရာ ပညာေရး အေပၚမွာပါ စံေတြ၊ တန္ဖိုးထားမႈေတြ တာဝန္ယူမႈ၊ တာဝန္ခံမႈအပိုင္းမွာ
ကြာျခားေနတာ ေတြ႕ရပါသည္။ ယခု လက္ရွိအေျခအေနကို ေျပာရမည္ဆိုလွ်င္ အခ်ိဳ႕ကိုရင္ေတြ၊ ဦးဇင္းေတြ
(အထူးသျဖင့္ ငယ္ျဖဴေတြ) က အရြယ္ေရာက္ လူပ်ိဳေဖာ္ဝင္လို႔ သို႔မဟုတ္ လူငယ္၊ လူလတ္ပိုင္းအရြယ္ေရာက္လို႔
ရဟန္းဘဝမွာ ၿငီးေငြ႔ရင္ေတာင္ လူမထြက္ရဲတာေတြလည္း မ်ားစြာရွိပါသည္။ အေျခအေနေတြကလည္း
လက္မခံစရာ ျဖစ္ေနပါသည္။ ဘုဥ္းႀကီးလူထြက္မ်ား လူ႔ဘဝမွာဘာမွ မလုပ္တတ္မကိုင္တတ္သည့္သူမ်ား
ျဖစ္ၾကလို႔ပင္ျဖစ္ပါသည္။ ဘုဥ္းႀကီးဘဝမွာ ဓမၼာစရိယပင္ေအာင္ထားဦးေတာ့ ဓမၼာစရိယပညာေရးကို
လူ႔ဘဝမွာ အသုံးမဝင္သလို ျဖစ္ေနပါသည္။ မည္သူမွလည္း အသိအမွတ္မျပဳပါ။ ဘုန္းႀကီးပညာေရးနဲ႔
လူပညာေရးသည္ ရထားတစ္လမ္း၊ သံတစ္လမ္း ျဖစ္ပါသည္။ ဘုန္းႀကီးဘဝမွာ သင္သည့္ပညာေရးသည္ ဘုန္းႀကီးဘဝမွာပင္
အသုံးဝင္ၿပီး လူ႔ဘဝမွာ အသုံးမဝင္ပါဟု ခံယူၾကပါသည္။ လူမႈနယ္ပယ္မွာ လိုအပ္သည့္ အဂၤလိပ္စာ၊
သခၤ်ာနဲ႔ အျခားအေျခခံအသိပညာမ်ား ခ်ိဳ႕ယြင္းေနလို႔ပင္ ျဖစ္ပါသည္။ လူ႔ဘဝပညာေရး ကလည္း
လူ႔ဘဝမွာဘဲ အသုံးဝင္ၿပီး ဘုန္းႀကီးဘဝမွာ အသုံးမဝင္သလိုျဖစ္ေနပါသည္။ အဲဒါေၾကာင့္ ဘုန္းႀကီးလူထြက္၊
ေတာင္ျပန္ေတာထြက္တို႔ ဆိုၿပီး နိမ္ခ်သည့္ စကားလုံးေတြ ရွိေနပါသည္။ ပညာေရး ႏွစ္ခုက ေပါင္းကူးလို႔မရဘဲ
သီးသန္႔ျဖစ္ေနၾကပါသည္။ ဤတြင္ လူ႔အေၾကာင္းကို ဘုန္းႀကီးကမသိ၊ ဘုန္းႀကီးအေၾကာင္းကို လူေတြက
မသိျခင္းရဲ႕ အစပင္ျဖစ္ပါသည္။
သကၤန္းဝတ္နဲ႔ မေနခ်င္ေတာ့ေပမယ့္ လူ႔ဘဝမွာ အသုံမဝင္ေတာ့မွာ
ေတြးၿပီး လူမထြက္ရဲေတာ့လို႔ ကုတ္ကပ္ၿပီး သာသနာ့ေဘာင္ထဲ ေနေနရသည္မွာလည္း အမ်ားအျပားေတြ႕ရပါသည္။
သာသနာေတာ္မွာ မေနခ်င္ဘဲ ေနေနရေသာ ရဟန္းသာမေဏမ်ားမွာ သဒၶါတရားပိုယုတ္ေလွ်ာ့ၿပီး ဝိနည္းသိကၡာပုဒ္ႏွင့္
လူမႈက်င့္ဝတ္သိကၡာမ်ားကို သဒၶါပဗၺဇိတရဟန္းသာမေဏမ်ားနဲ႔စာရင္ ပိုၿပီး လြန္က်ဴးတတ္ၾကပါသည္။
ထိုအခါပတ္ဝန္းက်င္က လက္မခံႏုိင္ေသာ အေျခအေနမ်ား ပိုၿပီးျဖစ္ေပၚလာပါေတာ့သည္။ ဤတြင္ အရင္ေခတ္ရဟန္းေတာ္မ်ားႏွင့္
ယခုေခတ္ရဟန္းေတာ္မ်ား၏ ကြာျခားေနသည့္အေျခအေနမ်ားပင္ ျဖစ္္ပါသည္။
ယခုလက္ရွိအေနအထားတြင္ သူ႔အေၾကာင္းကိုယ္မသိ၊ ကိုယ့္အေၾကာင္းသူမသိေသာလူႏွစ္ဦးၾကား
ဆက္ဆံေရးက ပိုၿပီးကြာဟလာသည္။ ေလးစားမႈက ပိုၿပီးေလွ်ာ့ရဲလာသည္။ တန္ဖိုးထားမႈကလည္း နည္းသထက္နည္းလာပါေတာ့သည္။
သင္ယူတဲ့ပညာေရးကြာဟမႈ၊ ရပ္တည္ခ်က္ဦးတည္ခ်က္တို႔ကြာဟမႈ၊ ပတ္ဝန္းက်င္လက္ခံထားတဲ့ ေနရာ(အဆင့္အတန္း)ကြာဟမႈေတြေၾကာင့္
တစ္ဦးအေၾကာင္းတစ္ဦး မသိေလေလ ျဖစ္လာပါသည္။ သို႔ေသာ္ အတူတူပတ္သက္ေနရသည့္ လူမႈဝန္းက်င္တစ္ခုထဲမွာ
အခ်င္းခ်င္းကြာဟမႈေတြ မ်ားလာသည့္အခါ တစ္စုံတစ္ရာ မေျပလည္စရာ ျပႆနာမ်ားကို အဲဒီလူမႈဝန္းက်င္ထဲကဘဲ
ေမြးဖြားလာပါေတာ့သည္။ ဤတြင္ မ်က္ေမွာက္ေခတ္ ရဟန္းေတာ္မ်ား ႀကဳံေတြ႔ေနရေသာ ျပႆနာေတြထဲက
တစ္ခုပင္ျဖစ္ပါသည္။ ျမန္မာႏိုင္ငံမွာ ဘုန္းေတာ္ႀကီးေက်ာင္းသင္ အစဥ္အလာ သာသနာမႈပညာေရး
ပ်က္ေတာက္သြားျခင္းကလည္း ရဟန္းနဲ႔ ျပည္သူတို႔ကြာဟေနရျခင္းရဲ႕ အေၾကာင္းေတြထဲက တစ္ခုပင္ျဖစ္ပါသည္။
လူမႈအက်ိဳးျပဳပညာေရး
ေနာက္တစ္ခုကား လူေတြလိုအပ္တဲ့ ပညာေရးကို မေပးႏိုင္ျခင္းကလည္း
ကြာဟေနရျခင္း၏ အေၾကာင္း တစ္ခု ျဖစ္ပါသည္။ လူေတြရဲ႕ဘဝမွာ အဓိကအလုပ္တစ္ခုျဖစ္တဲ့ စီးပြားေရး၊
စားဝတ္ေနေရးအတြက္ အေထာက္အကူျဖစ္မည့္ အတတ္ပညာက ပိုၿပီးအေရးႀကီးပါသည္။ ထိုစားဝတ္ေနေရး၊
စီးပြားေရးအတြ က္အေထာက္အကူျပဳမည့္ အတတ္ပညာမ်ားမပါဝင္ပါက စိတ္ဝင္စားသူပိုနည္းပါလိမ့္မည္။
အထူးသျဖင့္ ေခတ္မီေသာ လက္ရွိမွာလိုအပ္ေသာ ပညာရပ္မ်ားကို ပိုလိုအပ္ပါသည္။ မ်က္ေမွာက္ေခတ္သည္
ပေဒသရာဇ္ေခတ္မဟုတ္ေတာ့သလို လူတိုင္းလိုလို အိမ္တိုင္းလိုလို စိုက္ပ်ိဳးေရးလုပ္ေနရသည့္
ကာလလည္း မဟုတ္ေတာ့ပါ။ စိုက္ပ်ိဳးေရးက လူတိုင္းအတြက္ စံျပအတြက္ မဟုတ္ေတာ့ပါ။ ေခတ္ေရစီးေၾကာင္းႏွင့္
အန္ဝင္ခြင္က်ျဖစ္မည့္အလုပ္မ်ိဳးကိုသာ ေခတ္မီသည့္အလုပ္ဟု သတ္မွတ္ၾကပါသည္။ ဥပမာဆိုရလွ်င္
အြန္လိုင္းက ယဥ္ေက်းမႈလိုျဖစ္လာေနတဲ့အခုလိုေခတ္မ်ိဳးမွာ အြန္လိုင္းအသုံးမျပဳရ ဆိုတဲ့စည္းကမ္းမ်ိဳးက
လူ႔ေလာကမွာ မည္သူမွ် လိုက္နာမည္မဟုတ္ပါ။ ထို႔ေၾကာင့္ ပညာေရးမွာ ေခတ္မီဖို႔ လိုပါသည္။
ျမန္မာႏိုင္ငံကို ၿဗိတိန္ေတြဝင္လာၿပီး ပညာေရးစီမံကိန္းေတြ
အေကာင္အထည္ေဖာ္သည့္အခါ လူေတြ သင္ယူခဲ့ၾကပါသည္။ ေခတ္မီၿပီး၊ ေခတ္သစ္မွာပိုလိုအပ္တဲ့အသိပညာရပ္တစ္ခုအျဖစ္
အေဘာေပါက္ၾကပါသည္။ အထူးသျဖင့္ ၿမိဳ႕ေနလူတန္းစား၊ အေရာင္းအဝယ္လုပ္သည့္ ကုန္သည္ေတြက ပိုသိၾကပါသည္။
ထိုအခ်ိန္က ခရစ္ယာန္ေက်ာင္းတြင္ သင္ယူရသည့္အတြက္ေၾကာင့္ ဘာသာေရး ပုံသြင္းတာေတြလည္း
မ်ားစြာရွိေနသည့္အတြက္ မသင္ယူခဲ့ၾကသည့္သူေတြလည္း မ်ားစြာရွိခဲ့ၾကပါသည္။ သို႔ေပမယ့္၊
ဘာသာေရးစိတ္ဓာတ္မျပင္းျပတဲ့သူေတြကေတာ့ ေခတ္မီတဲ့ပညာေရးကို တတ္ေစခ်င္ၾက သည္မို႔ သူတို႔ဘာသာဝင္ျဖစ္သြားလည္း
ျဖစ္သြားပါေစဆိုၿပီး ကေလးေတြကို ထိုေက်ာင္းသို႔ပို႔လိုက္ၾက ပါသည္။ ပညာေရးကိုဘာသာေရးနဲ႔မေရာေတာ့သည့္
ေနာက္ပိုင္းအခ်ိန္ေရာက္မွသာ အဲဒီပညာေရးကို လူတိုင္းလိုလို သင္ယူခဲ့ၾကပါသည္။ လက္ရွိလူမႈဘဝကို
အက်ိဳးျပဳသည့္ပညာေရးျဖစ္ျခင္းေၾကာင့္ ျဖစ္ပါသည္။ လက္ရွိမ်က္ေမွာက္ေခတ္ ပညာေရးမွာလည္း
လူမႈဘဝမွာ အက်ိိဳးျပဳႏုိင္သည့္ ပညာေရးကို ဦးတည္ရပါမည္။
လူမႈအက်ိဳးျပဳပညာေရးမ်ားကို ေပးဖို႔က ဘကေက်ာင္းမ်ားသည္ အခြင့္ေကာင္းတစ္ခုပင္ျဖစ္ပါသည္။
ကြာဟေနသည့္ ႏွစ္ဦးႏွစ္ဘက္ၾကားမွာ ျပန္ေပါင္းစပ္ႏိုင္ဖို႔ဆိုလွ်င္ ပညာေရးသည္ အေရးႀကီးေသာ
ေသာ့ခ်က္တစ္ခုပင္။ ထိုကြာဟမႈႏွစ္ခုကို ဘကေက်ာင္းမ်ားက ေျဖရွင္းႏိုင္လိမ့္မည္ဟုလည္း
ေမွ်ာ္လင့္ပါသည္။ ရင္ေပါင္တန္းႏိုင္တဲ့ပညာေရး၊ တန္းတူယွဥ္တြဲလို႔ရသည့္ပညာေရးျဖစ္ဖို႔
လိုအပ္ပါသည္။ ရင္ေပါင္တန္းႏိုင္ေသာပညာေရးဆိုသည္မွာ ျပဌာန္းစာတူရမည္၊ စာသင္ခ်ိန္တူရမည္
စသည္ကို မဆိုလိုပါ။ အေျခခံပညာေရးအဆင့္မွာ သိထားသင့္သည့္ အေျခခံအသိပညာ၊ အတတ္ပညာေတြပါဖို႔ဘဲ
လိုပါသည္။ အဆင္ျမင့္ပညာေရးဆိုလွ်င္ အဆင့္ျမင့္ပညာေရးနဲ႔ တန္တဲ့ အရည္အေသြးရွိဖို႔ဘဲ
လိုအပ္ပါသည္။ ဘယ္ေၾကာင္းထြက္၊ ဘယ္မွာေန၊ ဘယ္စာသင္၊ ဘယ္စာအုပ္ေတြက တရားေသေတြမဟုတ္ဘဲ
အေျပာင္း အလဲ လုပ္သင့္ရင္ လုပ္ရမည့္အရာပင္ ျဖစ္ပါသည္။ ထိုအဆင့္အဆင့္ေသာ ပညာေရးအဆင့္အတန္းမ်ား
သည္ လူမႈဘဝႏွင့္တိုက္ရိုက္ျဖစ္ေစ၊ သြယ္ဝိုက္၍ျဖစ္ေစ အက်ိဳးျပဳႏိုင္ဖို႔လိုပါသည္။ ထိုလူမႈအက်ိဳးျပဳ
ပညာေရးအတြက္ ဘကေက်ာင္းမ်ားမွာ ျပဌာန္းေပးႏိုင္ဖို႔လိုပါသည္။
လက္ရွိ ဘကေက်ာင္း
၂၀၀၅ ခုႏွစ္၊ သာသနာေတာ္သန္႔ရွင္းတည္တံ့ျပန္႔ပြားေရးဌာနက ဒုတိယအႀကိမ္
ျပန္လည္ထုတ္ေဝသည့္ မဟနအဖြဲ႔၏ ဆုံးျဖတ္အတည္ျပဳထားသည့္ “ဘုန္းေတာ္ႀကီးေက်ာင္း ပညာသင္ၾကားမႈစည္းမ်ဥ္း”
စာအုပ္တြင္ ပထမဆုံးအခန္း၊ နိဒါန္းမွာပင္ ျမန္မာႏိ္ုင္ငံမွာယေန႔ႀကဳံေတြ႔ေနရသည့္ ျမန္မာ့ရုိးရာကြယ္ေပ်ာက္မည့္အႏၱရာယ္ကို
ကာကြယ္ႏိုင္ရန္ ဘကပညာေရးေဆာင္ရြယ္ဖို႔လိုအပ္ေၾကာင္း၊ အက်င့္စာရိတၱေကာင္းမြန္ေအာင္၊
ကို္ယ္က်င့္တရားေကာင္းမြန္ေအာင္ ဘကေက်ာင္းလိုအပ္ေၾကာင္း ေျပာထားၾကတာေတြ႔ရပါသည္။
ဘုန္းေတာ္ႀကီးေက်ာင္း ပညာသင္ၾကားေရးလုပ္ငန္း ရည္ရြယ္ခ်က္မ်ားကို
ေအာက္ပါအတိုင္းေတြ႔ရပါသည္။
1. “ဆင္းရဲခ်မ္းသာမေရြး၊
လူတိုင္း အေရး အဖတ္အတြက္ အေျခခံပညာႏွင့္ ေခတ္ပညာ တတ္ေျမာက္ေစရန္။
2. ပညာသင္ၾကားေရး၌စရိတ္သက္သာၿပီး
လြယ္ကူမႈရွိေစရန္။
3. ကိုယ္က်င့္တရားေကာင္းမြန္ၿပီး
အမ်ားအက်ိဳး ႏိုင္ငံအက်ိဳး သယ္ပိုးလိုသည့္ သားေကာင္းသမီးေကာင္းမ်ား ျဖစ္လာေစရန္။
4. ျမန္မာ့ယဥ္ေက်းမႈ၊
ဓေလ့ထုံးစံတို႔ကို သိရွိနားလည္၍ ျမတ္ႏိုးစြာ လိုက္နာခံယူတတ္ၾကေစရန္။
5. ဗုဒၶဘာသာ၊
သာသနာေတာ္ဆိုင္ရာ အဆုံးအမမ်ားကို ၾကားနာမွတ္သား သိရွိလိုက္နာၿပီး အနာဂတ္သာသနာကို တာဝန္ယူၾကမည့္
ဗုဒၶဘာသာဝင္ေကာင္းမ်ား ျဖစ္ၾကေစရန္။
6. အမ်ိဳး
ဘာသာ သာသနာကို ထိန္းသိမ္းေစာင့္ေရွာက္ႏုိင္ေစရန္” တို႔ ျဖစ္ပါသည္။
နံပါတ္(၁) အခ်က္ႏွင့္ (၂) အခ်က္တို႔သည္ ဆင္းရဲႏြမ္းပါးေသာကေလးမ်ားႏွင့္
ပညာသင္ယူခြင့္ အခြင့္အလမ္းနည္းပါးေသာကေလး၊ လိုအပ္ေနေသာကေလးမ်ား ေဒသမ်ားကို ဦးတည္သည္ဟု
ယူဆပါသည္။ က်န္ေသာအခ်က္ေလးခ်က္သည္ အက်င့္စာရိတၱေကာင္းမြန္ေရး၊ ျမန္မာ့ယဥ္ေက်းမႈ ထိန္းသိမ္းေရး၊
ဗုဒၶဘာသာအဆုံးအမသင္ၾကားေရးတို႔ကို ဦးတည္ပါသည္ဟု ယူဆပါသည္။ နံပါတ္တစ္ႏွင့္ႏွစ္အခ်က္တို႔ကိုေတာ့
အထူးေျပာစရာမလိုပါ။ သို႔ေသာ္ က်န္ေသာေလးခ်က္မွာ စဥ္းစားစရာျဖစ္ပါသည္။ ယခုလက္ရွိ ျမန္မာႏိုင္ငံဘကေက်ာင္းမ်ား၏
သင္ရုိးညြန္းတမ္း၊ ျပဌာန္းစာမ်ားသည္ အစိုးရေက်ာင္းက ကေလးမ်ားနဲ႔ တစ္ပုံစံတည္းျဖစ္ပါသည္။
သင္ရုိးညြန္းတမ္း၊ စာသင္ခ်ိန္၊ စာေျဖခ်ိန္ အားလုံးအတူတူပင္ျဖစ္ပါသည္။ စာရိတၱေကာင္းဖို႔၊
ျမန္မာ့ယဥ္းေက်းမႈထိန္းသိမ္းဖို႔၊ ဗုဒၶတရားေတာ္ကို အဓိကထားသင္ယူဖို႔ သီးသန္႔မပါပါ။
အပိုမပါပါ။ အစိုးရေက်ာင္းမ်ားႏွင့္အတူတူပင္ျဖစ္ပါသည္။
ရာစုသစ္ထဲက ဘကေက်ာင္းမ်ားအတြက္ စိန္ေခၚမႈ
ဘကေက်ာင္းေတြကို သာသနာ့မူပညာေရးလို ႏႈိႈင္းယွဥ္လို႔လည္း မရပါ။
အဘယ့္ေၾကာင့္ဆိုေသာ္ သာသနာ့မူပညာေရးသည္ ယခုလက္ရွိအေျခအေနကို ဥပမာျပရရင္ ယခုေခတ္ စာသင္တို္က္က
ျပဌာန္းစာလို သင္ေနျခင္းေၾကာင့္ျဖစ္သည္။ မ်က္ေမွာက္ေခတ္အေျခအေနအရ- လူမႈအက်ိဳးျပဳပညာေရးဟု
ေျပာရန္ ခက္ခဲပါသည္။ ယခုလက္ရွိအခ်ိန္ထိ အေျပာင္းအလဲ မရွိေသးေသာ ပရိယတၱိပညာေရးသည္ အေျခခံက်ၿပီး
ခိုင္မာတဲ့ပညာေရးတစ္ခုအျဖစ္ဆိုလို႔ရေသာ္ျငားလည္း ေခတ္မီေသာ ပညာေရးဟု မဆိုႏိုင္ပါ။ သခၤ်ာ၊
ပထဝီ၊ သိပၸံ စတဲ့ ဘာသာရပ္ေတြ မပါျခင္းေၾကာင့္ ျဖစ္ပါသည္။ လူမႈအက်ိဳးျပဳပညာေရးျဖစ္ဖို႔ဆိုလွ်င္
ဘကပညာေရးမ်ားသည္ ေခတ္မီဖို႔လိုပါသည္။ ယခုေခတ္ လိုအပ္ေသာ ပညာရပ္မ်ားပါဝင္ဖို႔လိုအပ္ပါသည္။
အစိုးရေက်ာင္းက ျပဌာန္းသည့္ ျပဌာန္းစာအတိုင္း သင္ေပးေနျခင္းကလည္း လက္ခံႏိုင္စရာ အရာတစ္ခုပင္။
သို႔ေသာ္ လိုအပ္ခ်က္ေတာ့ ရွိမည္ ထင္ပါသည္။ ဘုန္းေတာ္ႀကီးသင္ပညာေရးလို႔ ေျပာထားတာမို႔
ဘုန္းေတာ္ႀကီးတို႔နဲ႔ဆက္စပ္တဲ့ပညာေရး၊ ဆိုလိုသည္မွာ ဘာသာေရး၊ သာသနာေရးနဲ႔ ဆက္ႏႊယ္သည့္ပညာေရး
ျဖစ္သင့္ပါသည္ဟု ယူဆရပါသည္။ ဒါမွသာ ကြာဟမႈေတြကို ေပါင္းစည္းေပးႏုိင္ပါမည္။
သာသနာေရးဌာနက ျပဌာန္းေပးတဲ့ ရည္ရြယ္ခ်က္အတိုင္းဆိုလွ်င္ ဆက္လက္အေကာင္အထည္
ေဖာ္ရမည့္က႑ေတြ ရွိပါေသးသည္။ အက်င့္စာရိတၱ၊ ကိုယ္က်င့္တရားနဲ႔ပတ္သက္ၿပီး ဘယ္လို သင္ရုိးညြန္းတမ္း
ဆြဲမလဲ။ ျမန္မာ့ယဥ္ေက်းမႈထိန္းသိမ္းဖို႔ ဘယ္လိုျပဌာန္းစာေတြ ထည့္မလဲ။ ဗုဒၶတရားေတာ္
ျပန္႔ပြားဖို႔ လက္နာက်င့္သုံးႏုိင္ဖို႔ ဘယ္လိုသင္ၾကားနည္းနဲ႔ သင္ေပးမလဲ။ ဘယ္သာဓက ဘယ္ပုံစံေတြ
သင္ေပးရမလဲ စသည္ျဖင့္ ဆက္စဥ္းစားရမည့္ အရာပင္ျဖစ္ပါသည္။ ကေလးအရြယ္မွာ သင္ျပေပးသင့္ေသာ
လူေနမႈ၊ ယဥ္ေက်းမႈေတြ။ ေျပာျပေပးထားသင့္သည့္ ဇာတ္ေတြ နိပါတ္ေတြ အဆုံးအမေတြ မ်ားစြာရွိပါသည္။
လစ္ဟာေနသည့္ ထိုေနရာကို ဘကေက်ာင္းပညာေရး ပညာရွင္အဖြဲ႕ အေကာင္အထည္ေဖာ္လွ်င္ မျဖစ္ႏိုင္စရာ
မရွိေသာအရာတစ္ခုဟု ယူဆပါသည္။
ပုဂၢလိကေက်ာင္းနဲ႔ အစိုးရေက်ာင္းက ျပဌာန္းစာအားလုံးတူေနစရာမလိုပါ၊
သို႔ေသာ္ ကေလးအသက္အ ရြယ္ႏွင့္ ကုိက္ညီမည့္ သင့္ေလွ်ာ္မည့္ ပညာေရးျဖစ္ဖို႔ဘဲ လိုပါသည္။
ဘုန္းေတာ္ႀကီးေက်ာင္းႏွင့္ အစ္ိုးရေ က်ာင္းမွာလည္း ထိုအတုိင္းပင္ ျဖစ္သင့္ပါသည္။ အစိုးရေက်ာင္းတက္ရင္
ဘာေတြပိုသိရမွာလဲ၊ ပုဂၢလိကေက်ာင္းဆိုရင္ေကာ ဘာေတြပိုသိသြားရမွာလဲ၊ ဘကေက်ာင္းဆိုရင္ေကာ
ဘာေတြပိုသိရမွာလဲ စသည္ျဖင့္ ပိုထူးသြားတာမ်ိဳး ရွိသင့္ပါသည္။ ေက်ာင္းခ်င္းမတူလို႔ အဓိကထားဦးစားေပးတာခ်င္းမတူလို႔
အနည္းငယ္ ပိုထူးသြားတာေတာ့ ကိစၥမရွိပါ။ သို႔ေသာ္ အသက္အရြယ္အလိုက္ သိသင့္သိထိုက္၊ တတ္သင့္တတ္ထိုက္တဲ့
အသိပညာ၊ အတတ္ပညာေတြကိုေတာ့ ပါဝင္ရပါမည္။ ဘက ေက်ာင္းရဲ႕ရပ္တည္မႈေတြက အစိုးရေက်ာင္းရဲ႕
ျပဌာန္းစာအတိုင္းဘဲ လိုက္ေနရေသးတယ္ဆိုပါက ၂၁-ရာစုမွာ ဘကရဲ႕အခန္းက႑က ပိုက်ယ္သြားဖို႔ထက္
ပိုက်ဥ္းသြားဖို႔ အလားအလာရွိသည္ဟု ယူဆမိပါသည္။ ဘက မွာလည္း ဘကရဲ႕ မူရင္း စံေလး၊ အမွတ္အသားေလးေတြ
ရွိသင့္ပါသည္။ အကုန္လုံး၊ စြတ္ခၽြတ္တူ ေနစရာမလိုပါ။ ဥပမာ- ဘကေက်ာင္းက ေသခိယ ၇၅ ပါးထဲက
က်င့္ဝတ္ေတြ ျပဌာန္းသည္၊ က်င့္သုံးသည္ ဟုဆိုလွ်င္ ဘကေက်ာင္းထြက္ကေလး ေတြရဲ႕ စားေသာက္ပုံ၊
သြားပုံလာပုံေတြက ေသေသသပ္သပ္ရွိပါလိမ့္မည္။ ေနာက္တစ္ခု ဘကေက်ာင္း ကေလးေတြ မဂၤလသုတ္
သို႔မဟုတ္ ေမတၱာသုတ္နဲ႔ ပတ္သက္၍ နက္နက္နဲနဲေလ့လာခဲ့ၾကသည္ဟု ေျပာၾကမည္ဆိုလွ်င္ ဘကေက်ာင္းထြက္ကေလးရဲ႕
စံေလး၊ အမွတ္အသားေလး၊ တန္ဖိုးထားစရာေလးေတြ သူတစ္ပါးႏွင့္မတူသည့္ ဂုဏ္ရည္တစ္ခုျဖစ္လာပါမည္။
ဆက္ဆံေရးမွာေတာ္တာ၊ သူတစ္ပါးနဲ႔ လိုက္ေလွ်ာညီေထြေနတတ္တာ၊ စည္းကမ္းလိုက္နာတာ မ်ိဳးေတြလည္း
စံပင္ျဖစ္ပါသည္။ ဘကေက်ာင္းထြက္ေတြက ျမန္မာစာပိုကၽြမ္းတယ္၊ ေရွးေဟာင္းယဥ္ေက်းမႈနဲ႔ပတ္သက္ၿပီးပိုသိတယ္၊
ကြန္ပ်ဴတာကိုင္တတ္ၾကတယ္ စသည္ျဖစ္လာေအာင္လည္း ပံ့ပိုးေပးလို႔ ရပါသည္။
ႏိုင္ငံတိုင္းလိုလို အေျခခံပညာေရးကစလို႔ ဘြဲ႕ရသည့္အထိ အခမဲ့ေတြျဖစ္လာၾက၊
အစိုးရေထာက္ပံ့ ေၾကးေတြ၊ အဝတ္အစား၊ အစားအေသာက္၊ အသုံးအေဆာင္ေတြ ရေနၾကပါၿပီ။ အကုန္လုံးနီးပါး
အခမဲ့ျဖစ္လာၾကသည့္ကာလထဲမွာ ပညာမသင္မေနရ ယဥ္ေက်းမႈတစ္ခု ထြန္းကားလာဖို႔ အလားအလာ ရွိပါသည္။
ထိုသို႔ျဖစ္လွ်င္ ဘကေက်ာင္းမွာ ကေလးေတြလာၾကပါ့မလား စဥ္းစားရပါမည္။ ေနာက္တစ္ခု အစိုးရေက်ာင္း၊
ပုဂၢလိကေက်ာင္းေတြမွာ လစာေကာင္းေနေသာဆရာမမ်ားလို ဘကေက်ာင္းမွာ မေပးႏိုင္ရင္ ဆရာေတြ
ေရရွည္ဘယ္လိုထိန္းထားမလဲ။ သင္တဲ့စာကလည္း အစိုးရေက်ာင္းျပဌာန္းစာ အတိုင္းျဖစ္ေနလွ်င္
ဘာမွလည္း မထူးတာမို႔ ဘကေက်ာင္းက တစ္ဆင့္ခံျဖစ္ေနသလို ျဖစ္ေနၿပီး အစိုးရေက်ာင္းကိုဘဲ
တိုက္ရုိက္သြားတတ္ပါလိမ့္မည္။ ဤတြင္ ၂၁-ရာစု ဘကေက်ာင္းအမ်ားတြက္ စိန္ေခၚမႈတစ္ရပ္ျဖစ္လာ
ပါလိမ့္မည္။ ထိုစိန္ေခၚမႈမ်ားကို ဘယ္လိုရင္ဆိုင္မည္နည္း။ ေက်ာင္းသားေတြကို ဘယ္လိုဆန္းသစ္သည့္
ပညာေတြေပးမည္နည္း၊ အစိုးရေက်ာင္း၊ ပုဂၢလိကေက်ာင္းမ်ားမွာ မရွိသည့္ ပညာရပ္မ်ိဳးေပးႏိုင္မည္ေလာ့။
ဆရာေတြကိုေရာ အရည္အေသြး မည္သို႔ျမင့္တင္မည္နည္း။ ဘကေက်ာင္းအတြက္ သီးသန္႔ျပဌာန္းထား
သည့္ ျပဌာန္းစာ ဘယ္လိုေရးဆြဲၾကမည္နည္း။ ဘယ္လို ေဖာက္ထြက္သြားမည္နည္း။ ဥပမာ- တရားထိုင္တာ
ေကာင္းသည္၊ အက်ိဳးရွိသည္ဟု ေခတ္စားလာသည့္ ကာလထဲမွာ အဂၤလန္ ေက်ာင္းေပါင္း ၃၇၀ ေက်ာင္းခန္႔မွာ
တရားထိုင္တဲ့အစီအစဥ္ပါဝင္တဲ့ သင္ရုိးညြန္းတမ္းေရးဆြဲလိုက္တာမ်ိဳး။ လူေတြလည္း လက္ခံၿပီး၊
ကေလးပညာေရးကို တကယ္ျမင့္တင္ေစမယ့္ အစီအစဥ္မ်ားေတြ ဘကေက်ာင္းမွာ လုပ္ေပးႏိုင္ဖို႔က အေရးႀကီးသည့္အရာတစ္ခု
ဟု ယူဆမိပါသည္။
အရည္အေသြးျပည့္ဝသည့္ ဆရာ၊ဆရာမမ်ား ပညာရွင္မ်ားလည္း ဘကေက်ာင္းပညာေရး
အစီအစဥ္ေတြမွာ ပါဝင္ေနၾကသည္ကို ဝမ္းသာစြာျမင္ေတြ႔ရပါသည္။ ဘကေက်ာင္း၏ ဂုဏ္ယူစရာစံမ်ား၊
ခ်စ္စရာ ဓေလ့၊ အျပဳအမႈမ်ား၊ အတုယူစရာ ေလးစားစရာ စိတ္ေနစိတ္ထားမ်ား၊ သေဘာထားမ်ားကိုလည္း
ခ်ျပသင့္ပါသည္။ ၂၁-ရာစု ဘကေက်ာင္းမ်ား၏ ပညာေရးအစီအစဥ္မ်ားသည္လည္း စိန္ေခၚမႈမ်ားစြာရွိပါသည္။
ျမန္မာျပည္သူမ်ားအတြက္ အစဥ္အလာႀကီးမားေသာ ဘကေက်ာင္းပညာေရးသည္ ရဟန္းႏွင့္ျပည္သူ ကြာဟမႈေတြကို
ေပါင္းစပ္ေပးႏိုင္သည့္ေက်ာင္း၊ လူမႈအက်ိဳးျပဳပညာေရး ေပးႏိုင္သည့္ေက်ာင္း ဟုမွတ္ယူပါသည္။
ဘကေက်ာင္းမ်ား ဒီထက္မက ေအာင္ျမင္ပါေစဟု ဆုမြန္ေကာင္း ေတာင္းလိုက္ပါသည္။
အရွင္နႏၵိယ (ဖယ္ခုံ)
02:08:2019
01:00:00 AM
https://www.facebook.com/nandiya.bhikkhu/posts/2470510676510298?comment_tracking=%7B"tn"%3A"O"%7D
No comments:
Post a Comment