Friday, May 17, 2019

ငါ ကျောင်းထိုင်ဘုန်းကြီး ဖြစ်လာခဲ့ရင်

ငါ ကျောင်းထိုင်ဘုန်းကြီး ဖြစ်လာခဲ့ရင် 

ဦးဇင်းတစ်ပါးရဲ့ အနာဂတ်ကိုလှမ်းကြည့်လိုက်ရင် မရေရာလွန်းတဲ့အခြေအနေတွေရှိနေပေမယ့် သေချာတယ်လို့ပြောလို့မရတဲ့အရာတွေထဲက ကျောင်းထိုင်ဆရာတော် ဖြစ်ဖို့ မဖြစ်ဖို့ ကလည်း ပါတာပေါ့။ ကျောင်းထိုင်ဆရာတော်ဆိုတာလည်း အမျိုးမျိုးရှိတာကိုး။ တကယ်ဖြစ်ချင်တဲ့ဘဝမျိုးဖြစ်ဖို့ဆိုတာက တကယ်မလွယ်တဲ့ကိစ္စပါ။ ကျောင်းထိုင်ဆရာတော်တွေမှာလည်း ကျောင်းထိုင်ဖြစ်ချင်လို့ ဖြစ်သွားတာရှိသလို အခြေအနေအရ ဖြစ်လာကြတာလည်း ရှိတာပေါ့။ ခေတ်ကာလအခြေအနေ၊ မိမိရဲ့အသက်အရွယ်၊ ပတ်ဝန်းကျင်ရဲ့ဆန္ဒတွေကြောင့် ကိုယ်မျှော်မှန်းထားတဲ့ ဘဝမျိုးနဲ့သွေဖယ်သွားပြီး အလိုက်သင့်နေနေရတဲ့ ဘဝတွေကလည်း များသားရယ်။
အမှန်အတိုင်းပြောရရင် ကျောင်းမထိုင်ဘဲ ဒီတိုင်းဘဲနေရတာ ပိုလွတ်လပ်ပြီး သက်တောင့်သက်သာရှိပြီး စိတ်လည်း ပိုချမ်းသာတယ်လို့ထင်တယ်။ ကြိုမမြင်ရတဲ့ အနာဂတ်တစ်ခုမှာ မပြောကောင်းမဆိုကောင်း ကံအားလျှော်စွာ ကိုယ်သာကျောင်းထိုင်ဆရာတော် ဖြစ်လာခဲ့ရင် ဆိုသည့် အတွေးက ငယ်ဖြူရဟန်းတစ်ပါးအနေနဲ့ တွေးခဲ့မိတဲ့အရာတွေကတော့ ------
ကံမကောင်းလို့ ကျောင်းထိုင်ရပေမယ့် ရွာနဲ့ ခပ်လှမ်းလှမ်း တောကျောင်းတစ်ကျောင်းမှာ တစ်ပါးတည်းဆိုရင် တရားလည်းပိုထိုင်ဖြစ်မယ်။ စာလည်း ပိုဖတ်ဖြစ်မယ်။ တစ်ပါးတည်းဆိုတော့ ဆွမ်းခံလည်း နေတိုင်းကြွဖြစ်မယ်။ အခါကြီးရက်ကြီး သို့မဟုတ် သူတို့ရဲ့အထိမ်းအမှတ်တစ်ခုခုကြောင့် ဆွမ်းလာပို့တဲ့ တကာ၊တကာမတွေကို တရားစကားလေး အနည်းငယ် ဟောပေးမယ်။ သူတို့နောက်ခံနဲ့ ဆီလျှော်မယ့်အကြောင်းအရာတွေကို နောက်ခံထားပြီး ဟောမယ်။
အရုဏ်ထွက်တဲ့အချိန်၊ နေဝင်တဲ့အချိန်ဆိုရင် ကျောင်းပတ်ဝန်းကျင်မှာ တံမျက်စည်းလှည်းတယ်၊ သန့်ရှင်းရေးလုပ်မယ်။ မေတ္တာပို့တယ်။ ကျောင်းက တောင်ကုန်းလေးပေါ်မှာဆိုရင် နေတဲ့ကျောင်းဆောင်ကိုပတ်၊ အရပ်ရှစ်မျက်နှာ ဆယ်မျက်နှာကိုမူပြီး ငယ်လတ်ကြီးစာဝါလိုက်တုန်းက နေခဲ့တဲ့ ဒေါ်ဥခူကျောင်းဆရာတော် မေတ္တာပို့သလို ပို့မယ်။ ဥပုသ်နေ့ဆိုရင် ဥပုသ်ပြုတဲ့ကျောင်းကို သွားမယ်။ အတင်းပြောတဲ့သူ၊ အပြုသဘောမဆောင်တဲ့ အပြစ်ပြောခြင်းမျိုးတွေကို လျစ်လျူရှုမယ်။
စာလေးဘာလေးရေးချင်စိတ်ပေါက်တဲ့အခါ ရေးမယ်။ ရေးထားတဲ့စာတွေများပြီး အချောပြန်ကိုင်လို့လည်း ပြီးပြီဆိုရင် သက်ဆိုင်ရာစိတ်ချရတဲ့ စာရေးဆရာတစ်ဦးဦးဆီပို့ကြည့်မယ်၊ ပြီးရင် စာအုပ်ထုတ်ပေးနိုင်တဲ့သူ ဆီပို့မယ်။ စိတ်ကိုတော့ သန့်ရှင်းအောင်ထားမယ်။ ရာသီဥတုကြောင့် ဖျားတာ၊ နာတာရှိရင် သတ်နိုင်သလောက်သည်းခံမယ်။ သူများတွေဒုက္ခမရောက်တဲ့နည်းနဲ့ ကြိုးစားနေမယ်။ သတ္တဝါအားလုံးကို မေတ္တာထားနိုင်ဖို့နဲ့ ကိုယ်ကိုယ်တိုင်စိတ်ချမ်းသာဖို့ကို ဦးစားပေးပြီး နေထိုင်သွားမယ်။
သစ်ပင်တွေကို မခုတ်မိအောင်ဂရုစိုက်မယ်။ WED လို့နေ့မျိုးဘဲဖြစ်ဖြစ်၊ အခြားနေ့မှာဘဲဖြစ်ဖြစ် သစ်ပင်တွေလာစိုက်ကြမယ်၊ လူလှူမယ်ဆိုလည်း လက်ခံမယ်။ သစ်ပင်အမျိုးအစားအလိုက် သင့်တော်မည့်နေရာရွေးစိုက်မယ်။ ပန်းပင်တွေကိုလည်း ရေလောင်းမယ်။ တောကြီးမဟုတ်ရင်တောင် သစ်ရိပ်ဝါးရိပ်လေးရအောင် ဖန်တီးမယ်။ စက်ပစ္စည်းနဲ့ ပြုပြင်ဖန်တီးထားတဲ့အရာကို ကင်းနိုင်သမျှကင်း အောင်နေမယ်၊ သဘာဝလက်မှု၊ လက်ရာတွေကို ပိုတန်ဖိုးထားမယ်။ လေကောင်းလေသန့်တွေကို အားရပါးရရှုရှိုက်မယ်။ တရားလေးတွေဟောရင်လည်း ဂုဏ်တုဂုဏ်ပြိုင်ဖြစ်စေတဲ့ စကားကို ရှောင်မယ်။ သဘာဝတရားနဲ့ လိုက်လျှောညီထွေရှိတဲ့ နေထိုင်မှုပုံစံတွေကို ဦးစားပေးမယ်။
နောက်တစ်ခု ဝဋ်နာကံနာတွေရှိလို့ တကယ်လို့ မြို့နဲ့အလှမ်းဝေးတဲ့ရွာကလေးတစ်ရွာမှာ ကျောင်းထိုင်ဘုန်းကြီးဖြစ်ခဲ့ရင် ရွာသားတွေနဲ့ဆက်ဆံ ရတော့မယ်။ တခြားရွာကကျောင်းတွေနဲ့လည်း ဆက်ဆံရတော့မယ်။ သာရေးနာရေးကိစ္စကအစ ပါလာမယ် ။ အခြားသာသနာရေးကိစ္စတွေလည်း အခြေအနေအရ တာဝန်ယူဖြစ်ရင်လည်း ယူဖြစ်မယ်။ ရွာထဲက ဂျစ်ကန်ကန်နိုင်တဲ့လူ၊ လူကြီးအမြဲလုပ်ချင်တဲ့လူ၊ လာဘ်စားတဲ့လူတွေကို ပရဟိတစိတ်ဓာတ်လေး မွေးတတ်အောင် သွန်သင်ပေးမယ်။ အမြင်ကမကျယ်၊ လုပ်ချင်တာကဆရာကြီး၊ အကြံပေးရင်လည်း လက်မခံတဲ့ဘုန်းကြီးမျိုးတွေနဲ့ ဆက်ဆံနေရရင်လည်း အကုသိုလ်မဖြစ်အောင် နေမယ်။ ကိုယ်လုပ်နိုင်သလောက် လုပ်ပေးမယ်။
ရွာကအသက်ကြီးပိုင်းလူကြီးတွေကို တရားစကားဆွေးနွေးနိုင်အောင် ဖန်တီးပေးမယ်။ အချိန်မရရင်တောင် အချိန်ပိုင်းလေး တရားထိုင်ဖြစ်အောင် နည်းလမ်းရှာပေးမယ်။ လူကြီးတွေ အဓိကပါဝင်တဲ့ ရပ်ရွာသမိုင်းနဲ့ အရင်ကာလက ရပ်ရွာရဲ့အခြေအနေ၊ ပြောင်းလဲလာတဲ့အခြေအနေတို့ စတဲ့စကားဝိုင်းမျိုးကို တစ်နှစ်တစ်ကြိမ်လုပ်ပေးမယ်။
အိမ်ထောင်သည်လူလတ်ပိုင်းတွေကို စိုက်ပျိုးရေးအသိပညာတွေပေးမယ်။ ရက်တိုသင်တန်းတွေလွတ်မယ်။ ရပ်ရွာဖွံ့ဖြိုးရေးတွေလုပ်တတ်တဲ့ အသိပညာလေးတွေပေးမယ်။ တစ်လတစ်ခါ ပုံမှန်ဆွေးနွေးဝိုင်းတွေလုပ်ပေးမယ်။ ဝတ်အသင်းထောင်ပေးမယ်။ ရွာထဲက ပြန်လည်ပတ်နိုင်တဲ့ အလုပ်မျိုး၊ ဝင်ငွေ ထွက်ငွေမျိုးကို ဦးစားပေးခိုင်းမယ်။
လူငယ်တွေဆိုရင် သင်တန်းပို့မယ်၊ ဝါသနာပါတဲ့အလုပ်နဲ့ ရပ်ရွာကို ပြန်အကျိုးပြုနိုင်တဲ့အလုပ်ကို လမ်းညွန်ပေးမယ်။ သင်တန်းတို့ ဆွေးနွေးပွဲတို့ပြန်လာရင် ရွာသားတွေကို ပြန်မျှဝေတဲ့ အစီအစဉ်လေး ပြန်လုပ်ခိုင်းမယ်။ အမျိုးသမီး၊ အမျိုးသားအလုပ်တွဲလုပ်တတ်အောင် လမ်းညွန်ပေးမယ်။ စာဖတ်တတ်အောင်၊ စာဖတ်ဖြစ်အောင်၊ ဆွေးနွေးတတ်၊ သင်ယူတတ်အောင် သွန်သင်ပေးမယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိအောင် သင်တန်းလုပ်ပေးသင့်ရင် လုပ်ပေးမယ်။ အစည်းအဝေးတွေသွားရင်လည်း အဖွဲ့ဝင်ကာမျှတသွားတာလောက်မဟုတ်ဘဲ ရပ်ရွာရဲ့ကိုယ်စား၊ အသင်းရဲ့ကိုယ်စား ပြောနိုင်ဆိုနိုင်အောင်၊ လိုအပ်တဲ့အချက်အလက်တွေတင်ပြနိုင်အောင် တတ်နိုင်တဲ့တာဝန်ယူမှုမျိုးယူနိုင်အောင်၊ အစည်းအဝေးက ဆွေးနွေးစကားတွေကိုလည်း ရွာထဲ ပြန်သယ်လာတတ်အောင် လေ့ကျင့်ပေးမယ်။
တကယ်လို့ ကျောင်းမပြီးသေးတဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေဖြစ်ရင် ကျောင်းပြီးရင် သင်ခဲ့တဲ့ပညာတွေကို ရွာသားတွေနားလည်နိုင်တဲ့စကားလုံးတွေနဲ့ ရှင်းပြတတ်အောင်လမ်းညွန်ပေးမယ်။ ကိုယ့်ရဲ့ရည်ရွယ်ချက်၊ ဆန္ဒ၊ ဖြစ်လာနိုင်တဲ့အလားအလာ၊ ပတ်ဝန်းကျင်ရဲ့အခြေအနေတွေကို ကိုယ်တိုင်သိအောင် ပညာပေးမယ်။ ရပ်ရွာလူထုနဲ့ဝေးကွာနေတဲ့ ခံစားချက်မျိုးမဖြစ်အောင် လမ်းပြပေးမယ်။ အထူးသဖြင့် သင်ကြားရေးရက်တိုသင်တန်း၊ Facilitation လိုသင်တန်းမျိုးလုပ်ပေးမယ်။
အကယ်၍ အဝေးသင်တွေဖြစ်ရင် ကိုယ်ရွေးထားတဲ့မေဂျာနဲ့ဆိုင်တဲ့စာပေတွေဖတ်ဖြစ်အောင် စာအုပ်တွေ လှမ်းမှာပေးမယ်။ ရွာကဆိုတော့ နေ့ဘက်မှာ အလုပ်ကလည်း ပင်ပန်းတော့ ညတိုင်းခေါ်ရင်လည်း လာနိုင်ဖို့ကမလွယ်ဘူးမလား၊ တစ်ညခြား၊ သို့မဟုတ်၊ တစ်ဘက်ကို သုံးညဆိုတာမျိုး သူတို့မေဂျာနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးပြီး Presentation လုပ်ခိုင်းမယ်။ သူတို့အတွက် အမြဲဝင်ထွက်လို့ရတဲ့ စာဖတ်လို့ရတဲ့နေရာတစ်နေရာ စီစဉ်ပေးထားမယ်။ သုတေသနအကြောင်းကိုလည်း အလျင်းသင့်သလို ပြောပြပေးမယ်။
Self- awareness, Sustainable development, Civil education စတဲ့သင်တန်းတွေ ပို့မယ်။ သင်တန်းလုပ်ပေးမယ်။ သင်တန်းဆရာတွေခေါ်မယ်။ လူငယ်တွေရဲ့ အသိအမြင်ပိုင်းကိုလည်း မြင့်တင်မယ်။ သူငယ်တွေရဲ့ လွတ်လွတ်လပ်လပ်တွေးခေါ်မှုနဲ့ ရင်ဖွင့်တာမျိုးကိုလည်း ကြိုဆိုမယ်။
ကလေးတွေကိုတော့ ယဉ်ကျေးလိမ္မာ ယဉ်ကျေးမှု လေးတွေသင်ပေးမယ်။ ကလေးဖတ်စာအုပ်တွေ လှမ်းမှာမယ်။ စာအုပ်လှူတဲ့အဖွဲ့အစည်းနဲ့ ချိတ်ဆက်မယ်။ အရုပ်ဆွဲဖို့ ကစားဖို့နေရာလေးတွေ လုပ်ပေးမယ်။ စုပေါင်းအလုပ်လုပ်တတ်တဲ့အကျင့်လေးတွေ သင်ပေးမယ်။ အားရင်ကလေးတွေနဲ့ စေတီရင်ပြင်ထဲ၊ ကျောင်းဝင်းထဲ သန့်ရှင်းရေးလုပ်မယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ကလေး၊ သူများကို အပြစ်မြင်တတ်လွန်းတဲ့ကလေး၊ ဗိုလ်ကျတဲ့ကလေး၊ သိမ်ငယ်တဲ့ကလေး၊ ဘေးထွက်နေတဲ့ကလေးတွေရဲ့ နောက်ခံကိုလေ့လာမယ်။ သင်နိုင်သလောက် Counselling လုပ်မယ်။
ရွာကထွက်တဲ့အစားအစာတွေနဲ့ရောင့်ရဲမယ်။ ကျေးရွာရဲ့လိုအပ်ချက်၊ လူမှုနေထိုင်မှုဘဝတွေကို ဆောင်းပါးလေးရေးဖြစ်ချင်ရေးဖြစ်မယ်။ စာဖတ်ချိန်ကို သီးသန့်တစ်ချိန်ရွေးထားမယ်။ ဘေးပတ်ဝန်းကျင်က လူတွေနဲ့အသတ်နိုင်ဆုံးအဆင်ပြေအောင် နေမယ်။ မာနတွေ၊ အတ္တတွေ အတတ်နိုင်ဆုံးလျှော့ချမယ်။ နေ့ခင်းမွန်းတည့်တဲ့အချိန်နဲ့ ညနက်သန်းခေါင်ယံအချိန်တွေဆိုရင် ဘာတွေလုပ်ခဲ့တာလဲလို့ပြန်ကြည့်မယ်။ နံနက်ခင်းရောက်ရင်တော့ တစ်ရက်စာဘာဆက်လုပ်ရမယ့်အလုပ်ကို အစီအစဉ်ချမယ်။
ကံမကောင်းတဲ့အထဲ တကယ်လို့များ မြို့လေးတစ်မြို့ပေါ်မှာ ရောက်လာခဲ့ရင်၊ တစ်ပါးနေ သို့မဟုတ် နှစ်ပါးသုံးပါးနေကျောင်း တစ်ကျောင်းမှာဆိုရင်တော့ သတင်းစာ၊ ဂျာနယ်၊နေ့တိုင်းလိုလိုဖတ်ဖြစ်မယ်။ ဖတ်ချင်တဲ့၊ ဖတ်သင့်တယ် ထင်တဲ့စာတွေ ပိုဖတ်ဖြစ်မယ်။ သင်တန်းနည်းပြဆရာဖြစ်ချင်ဖြစ်မယ်။ လူမှုရေးအဖွဲ့လေးတဖွဲ့ဖွဲ့ ဦးဆောင်သူ ဖြစ်ဖြစ်၊ ပါဝင်သူဖြစ်ဖြစ် ဖြစ်နိုင်တယ်။ လူမှုရေး၊ ဘာသာရေး၊ ပညာရေးနဲ့ပတ်သက်သည့်အလုပ်တွေဆိုရင် အဆင်သင့့်ဖြစ်အောင် ကြိုးစားမယ်။ နောက်မကျအောင် သတိထားမယ်။ ပြင်ဆင်မယ်။ ဝါသနာသူတဲ့သူတွေနဲ့ ဆွေးနွေးတာမျိုး များများလုပ်မယ်။ စာတမ်းဖတ်ပွဲတွေကို သွားမယ်။ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကို စိစစ်မယ်။ အချိန်ပေးသင့်တဲ့သူကို အချိန်ပေးမယ်။ တကယ်လိုအပ်တယ်ထင်တဲ့ နေရာတစ်ခုခုမှာ အခမဲ့ အချိန်ပေးပြီး လုပ်ပေးချင်လုပ်ပေးမယ်။ အဲဒီအလုပ်ရဲ့ ပီတိနဲ့ ကျေနပ်မယ်။
ကျောင်းမှာ စာကြည့်တိုက်သေးသေးလေးတစ်ခု စီစဉ်ထားမယ်။ အခြေအနေအရ အင်္ဂလိပ်စာလေး သင်ပေးသင့်ရင် သင်ပေးမယ်။ အကယ်၍ ပညာသင်တဲ့ကာလတွေမှာ English Linguistic course ပြီးအောင်တက်ခဲ့မယ်ဆိုရင် Nandiya English School ဖွင့်ဖြစ်ချင်လည်းဖွင့်ဖြစ်မယ်။ ပြည်တွင်းပြည်ပ မိတ်ဆွေတချို့ဖိတ်ပြီး စာသင်ခန်းမှာ စကားဝင်ပြောခိုင်းမယ်။ ပြည်တွင်းပြည်ပဆရာ၊ဆရာမတွေနဲ့ ချိတ်ဆက်မယ်။ အတန်းထဲ Gramma သက်သက်သင်တာမျိုး မဟုတ်ဘဲ၊ တကယ်လက်တွေ့ဘဝနဲ့ ချိတ်ဆက်ပေးမယ်။ အလုပ်လျှောက်လွှာရေးတာမျိုး၊ အင်တာဗျူးဖြေတာမျိုးစတာတွေကိုလည်း သင်ရိုးထဲထည့်မယ်။
အင်္ဂလိပ်မီဒီယမ်ပြောင်းမယ့်ကျောင်းသားတွေအတွက် နှစ်လ သုံးလသင်တန်းလေး ဖွင့်ချင်လည်း ဖွင့်မယ်။ အခြေခံကွန်ပျူတာ သင်တန်း ဖွင့်ပေးသင့့်ရင်လည်းဖွင့်ပေးမယ်။ သတ်နိုင်တဲ့ အကူအညီလေးတွေပေးမယ်။ ကျောင်းမှာသင်တန်းလာဖွင့်ချင်တယ်ဆိုရင်လည်း အခြေအနေကြည့်ပြီး လက်ခံမယ်။
လူတိုင်းကို ကောင်းကောင်းဆက်ဆံမယ်။ လူတိုင်းနဲ့တွေ့ရင် တစ်ခုခုသင်ယူဖြစ်အောင် ကြိုးစားမယ်။ အေးအေးဆေးဆေးဘဲ နေမယ်။ တစ်နှစ်တစ်ခါ ခရီးထွက်ဖြစ်မယ်။ ပလိဗောဓတွေ သတ်နိုင်သလောက် လျှော့ချမယ်။ သက်သတ်လွတ်များများစားမယ်။ စကားများများနားထောင်မယ်။ စိတ်ပညာအကြောင်း ပိုလေ့လာမယ်။ စိတ်ဒဏ်ရာလေးတွေ ကုစားသင့်ရင် ကုစားပေးမယ်။ စိတ်ပညာအကြောင်း အဓိကဇောင်း ပေးပြီး တရားဟောချင်ဟောဖြစ်မယ်။ စာအေးအေးဆေးဆေးလုပ်ချင်တဲ့ တိပိဋက၊ အဘိဝံသ၊ Mphil, PhD စာသင်သားတွေကို နေရာပေးမယ်၊ သတ်နိုင်သလောက် ကူညီမယ်။ လူတွေနဲ့စကားပြောရင် စကားနိုင်လုတတ်တဲ့အကျင့်ဖြောင့်မယ်၊ နိုင်ငံရေးနဲ့ ဆက်စပ်တဲ့အလုပ် ရှောင်မယ်။
အကယ်၍ ကံဆိုးမိုးမှောင်ကျပြီး မြို့ကျောင်းမှာ တပည့်တပန်းအများကြီး၊ အုပ်ချုပ်နေရ၊ စာလည်းသင်ပေးနေရ၊ ဆွမ်းစားကွမ်းစားကလည်း အများကြီး၊ ကိုယ်တိုင်လိုက်နေရ။ ဘုန်းကကြီးသေး၊ အလုပ်ကများသေးဆိုရင်တော့ အရေးကြီးဆုံး အလုပ်တစ်ခုကို အဓိကရွေးချယ်ပြီးလုပ်မယ်။ လက်လွဲလို့ရသည့်အလုပ်ကိုလွဲမယ်။ တစ်ချိန်ထဲ နှစ်မျိုးသုံးမျိုးလုပ်နေတာတို့၊ တစ်ရက်တည်း အလုပ်လေးငါးခုအတွက် ပြေးလွှားနေရတာမျိုးတွေ ရှောင်မယ်။ ၅-ရက်နေ့ တပည့်ကရန်ကုန်မှာဘွဲ့ယူတာပင့်လို့လိုက်သွား၊ ၆-ရက်နေ့ မင်္ဂလာဆွမ်းကပ်ကြွမယ် ပြောထားလို့ ပြန်လာ စတဲ့ အသေးအမွှားကိစ္စအတွက် ပျာယာခတ်နေတာမျိုးကိုလည်း ရှောင်မယ်။
တန်းဆွမ်းဆွမ်းခံကြွတာမျိုးလုပ်မယ်။ တပည့်တွေကို ကိုယ်ကိုယ်ကိုတာဝန်ယူတတ်တဲ့ အလေ့အကျင့်မျိုးလုပ်ပေးမယ်။ ကိုယ်စားတဲ့ဆွမ်းပန်းကန်မှအစ ကိုယ်ကိုယ်တိုင်ပြန်ဆေးဖို့တာဝန်ရှိတယ် ဆိုတာမျိုး။ ဖြစ်နိုင်ရင် ကိုယ်ဝတ်တဲ့သင်္ကန်းကအစ ကိုယ်ကိုယ်တိုင်လျှော်မယ်။ ဝေယျာဝေစ္စတွေလည်း လုပ်မယ်။ ကိုင်ရလေးတွေနဲ့ တံမျက်စည်းလှည်းတာ၊ ညနေ သို့မဟုတ် မနက်ပိုင်း လမ်းလျှောက်တာတွေ လုပ်မယ်။ နေရာတိုင်းမှာ လိုက်စစ်ဆေးနေတာမျိုး၊ စကားတစ်ခွန်းကို ထပ်ခါထပ်ခါပြောနေတာမျိုးကို ရှောင်မယ်။ တပည့်တွေကို ကိုယ်တိုင်ဖန်တီးမှုပညာတွေတိုးတက်လာအောင် နည်းလမ်းရှာမယ်။ ခေတ်နဲ့လိုက်လျှော်ညီထွေတဲ့ အသင်အပြတွေဖြစ်အောင်ကြိုးစားမယ်။ ပြဌာန်းစာတစ်ချို့ ပြောင်းသင့်ရင် ပြောင်းပစ်မယ်။
ဆရာတွေကိုလည်း သင်ကြားရေးသင်တန်းတွေလွတ်မယ်၊ သို့မဟုတ်၊ ကျောင်းမှာ လုပ်ပေးမယ်။ သင်ထောက်ကူပစ္စည်းအမျိုးမျိုးကို ပံ့ပိုးပေးမယ်၊ သင်ယူမှုပုံစံအသစ်တွေကိုလည်း ရှာဖွေတတ်အောင် အားပေးမယ်။ ပညာရေးဆွေးနွေးပွဲတို့ သင်တန်းတို့ ညီလာခံတို့ကိုလွတ်မယ်၊ သုတေသနပညာတွေ လိုက်စားခိုင်းမယ်။ စာတမ်းဖတ်ပွဲတွေမှာလည်း သူတို့ကိုယ်ပိုင် သုတေသနစာတမ်းတွေဖတ်ခိုင်းမယ်။ ပညာရေးမှာ တကယ်စိတ်ဝင်စားအောင် နည်းလမ်းတွေရှာပေးမယ်။ ညီလာခံတို့ ဖော်ရမ်တို့ဆိုတာ ဘယ်လိုလုပ်ရတယ်ဆိုတာမျိုး နည်းလမ်းပေးမယ်၊ အခွင့်အလမ်းရှိရင် ပါဝင်သူအဖြစ် လုပ်ခိုင်းမယ်။ စကားဝိုင်းပံ့ပိုးသူတို့ ညှိနှိုင်းသူတို့ လုပ်နိုင်အောင် သင်တန်းပေးမယ်။ အလုပ်ရုံဆွေနွေးပွဲ၊ ဆီမီနာတို့ကို လုပ်ခိုင်းမယ်။ တပည့်တွေကို Follow up လိုက်တတ်တဲ့အကျင့်လေးတွေရှိလာအောင် လုပ်ပေးမယ်။ သင်ယူမှု သင်ကြားမှုဖြစ်စဉ်တွေရဲ့ အရည်အသွေးတွေကို မြင့်တင်ပေးမယ်။
စာသင်သားတွေကိုလည်း လွတ်လပ်ပေါ့ပါးသင်ယူလို့့ရတဲ့ သင်ယူမှုမျိုးကို ပေးမယ်။ တစ်နှစ်တစ်ကြိမ် သင်္ခန်းစာနဲ့ ချိန်ဆက်လို့ရတဲ့ နေရာတွေမှာ ဆရာတပည့်အတူတူခရီးသွားကြမယ်။ လေ့လာကြမယ်။ လေ့လာနည်းကို လက်တွေ့သင်ပေးမယ်။ အပြင်လက်တွေ့ဘဝနဲ့ ချိတ်ဆက်လို့ရတဲ့ ပညာမျိုး ပိုဦးစားပေးမယ်။ စာမေးပွဲဖြေလို့ရတဲ့အမှတ်ပေါ်မှာတိုင်းတာပြီး ကျောင်းသားအရည်အသွေးကို ဆုံးဖြတ်တာမျိုး မလုပ်ဘူး။ မိမိကိုယ်ကိုလည်း လိုတာထက်ပိုပြီးအထင်မကြီးဖို့၊ ဘယ်လိုနေနေ သူတစ်ပါးကိုလည်း အထင်မသေးဖို့ သင်ပြမယ်။ သူတစ်ပါးနဲ့ လိုက်လျှောညီထွေနေတတ်အောင် လမ်းညွန်မယ်။
ကျောင်းက ဝေယျာဝါစ္စနဲ့ ကျောင်းတိုက်စီမံခန့်ခွဲရေး နဲ့ သင်ကြားရေးကဏ္ဍက တာဝန်ယူတဲ့သူတွေကို တာဝန်ကိုယ်စီယူတတ်ပြီး အချင်းချင်းကူညီဖေးမတတ်တဲ့အလေ့အထတွေရှိအောင် ကြိုးစားညှိနှိုင်း ပေးမယ်။ အလှူရှင်နဲ့အခြားထောက်ပံ့သူတွေရဲ့ကဏ္ဍတွေကိုလည်း အရေးတယူ ဆက်ဆံပေးမယ်။ သူတစ်ပါးကျောင်း အသင်းအဖွဲ့ တွေနဲ့ မထိခိုက်တဲ့ အပြောအဆိုတွေကိုလည်း သတိထားပြီး ပြောဆိုမယ်။
တကယ်လို့ပတ်ဝန်းကျင်က ကိုယ့်ဘက်မှာရှိမယ်ဆိုရင် ဖြစ်နိုင်မယ်ထင်တယ်။ ကိုယ်ကံမကောင်းတာတစ်ခုတည်းနဲ့ ပတ်ဝန်းကျင်ပါ ဒုက္ခခံနေရသလိုဖြစ်နေမလား။ အကယ်၍ ကံဆိုးမိုးမှောင်ကျလို့ တက္ကသိုလ်တစ်ခုခုက ကထိကဖြစ်ခဲ့ရင်ကော၊ မဟုတ်ရင် ဝဋ်နာကံနာကြီးလွန်းလို့ တက္ကသိုလ်တစ်ခုကို တည်ထောင်တဲ့သူဖြစ်ခဲ့ရင်ကော။ ဒါကတော့ နည်းနည်းများသွားပြီနော်။ စာဖတ်သူကို အားမနာဘဲ တွေးချင်တာတွေးပြီး ရေးချင်တာရေးတဲ့ အကျင့်တွေကို ရပ်သင့်ပြီထင်တယ်။
ဘာဘဲဖြစ်ဖြစ် အခုအချိန်မှာတော့ စာအရှည်ကြီးကို ဆုံးအောင် ဖတ်ပေးတဲ့ သူများအားလုံး အထူးကျေးဇူးတင်ရှိပါကြောင်း။ ။

Nandiya Bhikkhu
အရှင်နန္ဒိယ (ဖယ်ခုံ)
08.05.2019 01:03:00 PM



ငါ ကျောင်းထိုင်ဘုန်းကြီး ဖြစ်လာခဲ့ရင် 

ဦးဇင္းတစ္ပါးရဲ႕ အနာဂတ္ကိုလွမ္းၾကည့္လိုက္ရင္ မေရရာလြန္းတဲ့အေျခအေနေတြရွိေနေပမယ့္ ေသခ်ာတယ္လို႔ေျပာလို႔မရတဲ့အရာေတြထဲက ေက်ာင္းထိုင္ဆရာေတာ္ ျဖစ္ဖို႔ မျဖစ္ဖို႔ ကလည္း ပါတာေပါ့။ ေက်ာင္းထိုင္ဆရာေတာ္ဆိုတာလည္း အမ်ိဳးမ်ိဳးရွိတာကိုး။ တကယ္ျဖစ္ခ်င္တဲ့ဘဝမ်ိဳးျဖစ္ဖို႔ဆိုတာက တကယ္မလြယ္တဲ့ကိစၥပါ။ ေက်ာင္းထိုင္ဆရာေတာ္ေတြမွာလည္း ေက်ာင္းထိုင္ျဖစ္ခ်င္လို႔ ျဖစ္သြားတာရွိသလုိ အေျခအေနအရ ျဖစ္လာၾကတာလည္း ရွိတာေပါ့။ ေခတ္ကာလအေျခအေန၊ မိမိရဲ႕အသက္အရြယ္၊ ပတ္ဝန္းက်င္ရဲ႕ဆႏၵေတြေၾကာင့္ ကို္ယ္ေမွ်ာ္မွန္းထားတဲ့ ဘဝမ်ိဳးနဲ႔ေသြဖယ္သြားၿပီး အလိုက္သင့္ေနေနရတဲ့ ဘဝေတြကလည္း မ်ားသားရယ္။
အမွန္အတိုင္းေျပာရရင္ ေက်ာင္းမထိုင္ဘဲ ဒီတိုင္းဘဲေနရတာ ပိုလြတ္လပ္ၿပီး သက္ေတာင့္သက္သာရွိၿပီး စိတ္လည္း ပိုခ်မ္းသာတယ္လို႔ထင္တယ္။ ႀကိဳမျမင္ရတဲ့ အနာဂတ္တစ္ခုမွာ မေျပာေကာင္းမဆိုေကာင္း ကံအားေလွ်ာ္စြာ ကိုယ္သာေက်ာင္းထိုင္ဆရာေတာ္ ျဖစ္လာခဲ့ရင္ ဆိုသည့္ အေတြးက ငယ္ျဖဴရဟန္းတစ္ပါးအေနနဲ႔ ေတြးခဲ့မိတဲ့အရာေတြကေတာ့ ------

ကံမေကာင္းလို႔ ေက်ာင္းထိုင္ရေပမယ့္ ရြာနဲ႔ ခပ္လွမ္းလွမ္း ေတာေက်ာင္းတစ္ေက်ာင္းမွာ တစ္ပါးတည္းဆိုရင္ တရားလည္းပိုထုိင္ျဖစ္မယ္။ စာလည္း ပိုဖတ္ျဖစ္မယ္။ တစ္ပါးတည္းဆိုေတာ့ ဆြမ္းခံလည္း ေနတိုင္းၾကြျဖစ္မယ္။ အခါႀကီးရက္ႀကီး သို႔မဟုတ္ သူတို႔ရဲ႕အထိမ္းအမွတ္တစ္ခုခုေၾကာင့္ ဆြမ္းလာပို႔တဲ့ တကာ၊တကာမေတြကို တရားစကားေလး အနည္းငယ္ ေဟာေပးမယ္။ သူတို႔ေနာက္ခံနဲ႔ ဆီေလွ်ာ္မယ့္အေၾကာင္းအရာေတြကို ေနာက္ခံထားၿပီး ေဟာမယ္။
အရုဏ္ထြက္တဲ့အခ်ိန္၊ ေနဝင္တဲ့အခ်ိန္ဆိုရင္ ေက်ာင္းပတ္ဝန္းက်င္မွာ တံမ်က္စည္းလွည္းတယ္၊ သန္႔ရွင္းေရးလုပ္မယ္။ ေမတၱာပို႔တယ္။ ေက်ာင္းက ေတာင္ကုန္းေလးေပၚမွာဆိုရင္ ေနတဲ့ေက်ာင္းေဆာင္ကိုပတ္၊ အရပ္ရွစ္မ်က္ႏွာ ဆယ္မ်က္ႏွာကိုမူၿပီး ငယ္လတ္ႀကီးစာဝါလိုက္တုန္းက ေနခဲ့တဲ့ ေဒၚဥခူေက်ာင္းဆရာေတာ္ ေမတၱာပို႔သလို ပို႔မယ္။ ဥပုသ္ေန႔ဆိုရင္ ဥပုသ္ျပဳတဲ့ေက်ာင္းကို သြားမယ္။ အတင္းေျပာတဲ့သူ၊ အျပဳသေဘာမေဆာင္တဲ့ အျပစ္ေျပာျခင္းမ်ိဳးေတြကို လ်စ္လ်ဴရႈမယ္။
စာေလးဘာေလးေရးခ်င္စိတ္ေပါက္တဲ့အခါ ေရးမယ္။ ေရးထားတဲ့စာေတြမ်ားၿပီး အေခ်ာျပန္ကိုုင္လို႔လည္း ၿပီးၿပီဆိုရင္ သက္ဆိုင္ရာစိတ္ခ်ရတဲ့ စာေရးဆရာတစ္ဦးဦးဆီပို႔ၾကည့္မယ္၊ ၿပီးရင္ စာအုပ္ထုတ္ေပးႏုိင္တဲ့သူ ဆီပို႔မယ္။ စိတ္ကိုေတာ့ သန္႔ရွင္းေအာင္ထားမယ္။ ရာသီဥတုေၾကာင့္ ဖ်ားတာ၊ နာတာရွိရင္ သတ္ႏုိင္သေလာက္သည္းခံမယ္။ သူမ်ားေတြဒုကၡမေရာက္တဲ့နည္းနဲ႔ ႀကိဳးစားေနမယ္။ သတၱဝါအားလုံးကို ေမတၱာထားႏုိင္ဖို႔နဲ႔ ကိုယ္ကိုယ္တိုင္စိတ္ခ်မ္းသာဖို႔ကို ဦးစားေပးၿပီး ေနထိုင္သြားမယ္။
သစ္ပင္ေတြကို မခုတ္မိေအာင္ဂရုစိုက္မယ္။ WED လို႔ေန႔မ်ိဳးဘဲျဖစ္ျဖစ္၊ အျခားေန႔မွာဘဲျဖစ္ျဖစ္ သစ္ပင္ေတြလာစိုက္ၾကမယ္၊ လူလွဴမယ္ဆိုလည္း လက္ခံမယ္။ သစ္ပင္အမ်ိဳးအစားအလိုက္ သင့္ေတာ္မည့္ေနရာေရြးစိုက္မယ္။ ပန္းပင္ေတြကိုလည္း ေရေလာင္းမယ္။ ေတာႀကီးမဟုတ္ရင္ေတာင္ သစ္ရိပ္ဝါးရိပ္ေလးရေအာင္ ဖန္တီးမယ္။ စက္ပစၥည္းနဲ႔ ျပဳျပင္ဖန္တီးထားတဲ့အရာကို ကင္းႏုိင္သမွ်ကင္း ေအာင္ေနမယ္၊ သဘာဝလက္မႈ၊ လက္ရာေတြကို ပိုတန္ဖိုးထားမယ္။ ေလေကာင္းေလသန္႔ေတြကို အားရပါးရရႈရႈိ္က္မယ္။ တရားေလးေတြေဟာရင္လည္း ဂုဏ္တုဂုဏ္ၿပိဳင္ျဖစ္ေစတဲ့ စကားကို ေရွာင္မယ္။ သဘာဝတရားနဲ႔ လိုက္ေလွ်ာညီေထြရွိတဲ့ ေနထိုင္မႈပုံစံေတြကို ဦးစားေပးမယ္။

ေနာက္တစ္ခုု ဝဋ္နာကံနာေတြရွိလို႔ တကယ္လို႔ ၿမိဳ႕နဲ႔အလွမ္းေဝးတဲ့ရြာကေလးတစ္ရြာမွာ ေက်ာင္းထိုင္ဘုန္းႀကီးျဖစ္ခဲ့ရင္ ရြာသားေတြနဲ႔ဆက္ဆံ ရေတာ့မယ္။ တျခားရြာကေက်ာင္းေတြနဲ႔လည္း ဆက္ဆံရေတာ့မယ္။ သာေရးနာေရးကိစၥကအစ ပါလာမယ္ ။ အျခားသာသနာေရးကိစၥေတြလည္း အေျခအေနအရ တာဝန္ယူျဖစ္ရင္လည္း ယူျဖစ္မယ္။ ရြာထဲက ဂ်စ္ကန္ကန္ႏုိင္တဲ့လူ၊ လူႀကီးအၿမဲလုပ္ခ်င္တဲ့လူ၊ လာဘ္စားတဲ့လူေတြကို ပရဟိတစိတ္ဓာတ္ေလး ေမြးတတ္ေအာင္ သြန္သင္ေပးမယ္။ အျမင္ကမက်ယ္၊ လုပ္ခ်င္တာကဆရာႀကီး၊ အႀကံေပးရင္လည္း လက္မခံတဲ့ဘုန္းႀကီးမ်ိဳးေတြနဲ႔ ဆက္ဆံေနရရင္လည္း အကုသိုလ္မျဖစ္ေအာင္ ေနမယ္။ ကိုယ္လုပ္ႏုိင္သေလာက္ လုပ္ေပးမယ္။
ရြာကအသက္ႀကီးပိုင္းလူႀကီးေတြကို တရားစကားေဆြးေႏြးႏုိင္ေအာင္ ဖန္တီးေပးမယ္။ အခ်ိန္မရရင္ေတာင္ အခ်ိန္ပိုင္းေလး တရားထိုင္ျဖစ္ေအာင္ နည္းလမ္းရွာေပးမယ္။ လူႀကီးေတြ အဓိကပါဝင္တဲ့ ရပ္ရြာသမိုင္းနဲ႔ အရင္ကာလက ရပ္ရြာရဲ႕အေျခအေန၊ ေျပာင္းလဲလာတဲ့အေျခအေနတို႔ စတဲ့စကားဝိုင္းမ်ိဳးကို တစ္ႏွစ္တစ္ႀကိမ္လုပ္ေပးမယ္။
အိမ္ေထာင္သည္လူလတ္ပိုင္းေတြကို စိုက္ပ်ိဳးေရးအသိပညာေတြေပးမယ္။ ရက္တိုသင္တန္းေတြလြတ္မယ္။ ရပ္ရြာဖြံ႕ၿဖိဳးေရးေတြလုပ္တတ္တဲ့ အသိပညာေလးေတြေပးမယ္။ တစ္လတစ္ခါ ပုံမွန္ေဆြးေႏြးဝိုင္းေတြလုပ္ေပးမယ္။ ဝတ္အသင္းေထာင္ေပးမယ္။ ရြာထဲက ျပန္လည္ပတ္ႏုိင္တဲ့ အလုပ္မ်ိဳး၊ ဝင္ေငြ ထြက္ေငြမ်ိဳးကို ဦးစားေပးခိုင္းမယ္။
လူငယ္ေတြဆိုရင္ သင္တန္းပို႔မယ္၊ ဝါသနာပါတဲ့အလုပ္နဲ႔ ရပ္ရြာကို ျပန္အက်ိဳးျပဳႏုိင္တဲ့အလုပ္ကို လမ္းညြန္ေပးမယ္။ သင္တန္းတို႔ ေဆြးေႏြးပြဲတို႔ျပန္လာရင္ ရြာသားေတြကို ျပန္မွ်ေဝတဲ့ အစီအစဥ္ေလး ျပန္လုပ္ခိုင္းမယ္။ အမ်ိဳးသမီး၊ အမ်ိဳးသားအလုပ္တြဲလုပ္တတ္ေအာင္ လမ္းညြန္ေပးမယ္။ စာဖတ္တတ္ေအာင္၊ စာဖတ္ျဖစ္ေအာင္၊ ေဆြးေႏြးတတ္၊ သင္ယူတတ္ေအာင္ သြန္သင္ေပးမယ္။ မိမိကိုယ္ကို ယုံၾကည္မႈရွိေအာင္ သင္တန္းလုပ္ေပးသင့္ရင္ လုုပ္ေပးမယ္။ အစည္းအေဝးေတြသြားရင္လည္း အဖြဲ႔ဝင္ကာမွ်တသြားတာေလာက္မဟုတ္ဘဲ ရပ္ရြာရဲ႕ကိုယ္စား၊ အသင္းရဲ႕ကိုယ္စား ေျပာႏုိင္ဆိုႏုိင္ေအာင္၊ လိုအပ္တဲ့အခ်က္အလက္ေတြတင္ျပႏုိင္ေအာင္ တတ္ႏိုင္တဲ့တာဝန္ယူမႈမ်ိဳးယူႏုိင္ေအာင္၊ အစည္းအေဝးက ေဆြးေႏြးစကားေတြကိုလည္း ရြာထဲ ျပန္သယ္လာတတ္ေအာင္ ေလ့က်င့္ေပးမယ္။
တကယ္လို႔ ေက်ာင္းမၿပီးေသးတဲ့ တကၠသိုလ္ေက်ာင္းသူေက်ာင္းသားေတြျဖစ္ရင္ ေက်ာင္းၿပီးရင္ သင္ခဲ့တဲ့ပညာေတြကို ရြာသားေတြနားလည္ႏုိင္တဲ့စကားလုံးေတြနဲ႔ ရွင္းျပတတ္ေအာင္လမ္းညြန္ေပးမယ္။ ကိုယ့္ရဲ႕ရည္ရြယ္ခ်က္၊ ဆႏၵ၊ ျဖစ္လာႏုိင္တဲ့အလားအလာ၊ ပတ္ဝန္းက်င္ရဲ႕အေျခအေနေတြကို ကိုယ္တုိင္သိေအာင္ ပညာေပးမယ္။ ရပ္ရြာလူထုနဲ႔ေဝးကြာေနတဲ့ ခံစားခ်က္မ်ိဳးမျဖစ္ေအာင္ လမ္းျပေပးမယ္။ အထူးသျဖင့္ သင္ၾကားေရးရက္တိုသင္တန္း၊ Facilitation လိုသင္တန္းမ်ိဳးလုပ္ေပးမယ္။
အကယ္၍ အေဝးသင္ေတြျဖစ္ရင္ ကိုယ္ေရြးထားတဲ့ေမဂ်ာနဲ႔ဆိုင္တဲ့စာေပေတြဖတ္ျဖစ္ေအာင္ စာအုပ္ေတြ လွမ္းမွာေပးမယ္။ ရြာကဆိုေတာ့ ေန႔ဘက္မွာ အလုပ္ကလည္း ပင္ပန္းေတာ့ ညတိုင္းေခၚရင္လည္း လာႏုိင္ဖို႔ကမလြယ္ဘူးမလား၊ တစ္ညျခား၊ သို႔မဟုတ္၊ တစ္ဘက္ကို သုံးညဆိုတာမ်ိဳး သူတို႔ေမဂ်ာနဲ႔ဆိုင္တဲ့ အေၾကာင္းအရာေတြကို ေဆြးေႏြးၿပီး Presentation လုပ္ခိုင္းမယ္။ သူတို႔အတြက္ အၿမဲဝင္ထြက္လို႔ရတဲ့ စာဖတ္လို႔ရတဲ့ေနရာတစ္ေနရာ စီစဥ္ေပးထားမယ္။ သုေတသနအေၾကာင္းကိုလည္း အလ်င္းသင့္သလို ေျပာျပေပးမယ္။
Self- awareness, Sustainable development, Civil education စတဲ့သင္တန္းေတြ ပို႔မယ္။ သင္တန္းလုပ္ေပးမယ္။ သင္တန္းဆရာေတြေခၚမယ္။ လူငယ္ေတြရဲ႕ အသိအျမင္ပိုင္းကိုလည္း ျမင့္တင္မယ္။ သူငယ္ေတြရဲ႕ လြတ္လြတ္လပ္လပ္ေတြးေခၚမႈနဲ႔ ရင္ဖြင့္တာမ်ိဳးကိုလည္း ႀကိဳဆိုမယ္။
ကေလးေတြကို္ေတာ့ ယဥ္ေက်းလိမၼာ ယဥ္ေက်းမႈ ေလးေတြသင္ေပးမယ္။ ကေလးဖတ္စာအုပ္ေတြ လွမ္းမွာမယ္။ စာအုပ္လွဴတဲ့အဖြဲ႕အစည္းနဲ႔ ခ်ိတ္ဆက္မယ္။ အရုပ္ဆြဲဖို႔ ကစားဖို႔ေနရာေလးေတြ လုပ္ေပးမယ္။ စုေပါင္းအလုပ္လုပ္တတ္တဲ့အက်င့္ေလးေတြ သင္ေပးမယ္။ အားရင္ကေလးေတြနဲ႔ ေစတီရင္ျပင္ထဲ၊ ေက်ာင္းဝင္းထဲ သန္႔ရွင္းေရးလုပ္မယ္။ တစ္ကိုယ္ေကာင္းဆန္တဲ့ကေလး၊ သူမ်ားကို အျပစ္ျမင္တတ္လြန္းတဲ့ကေလး၊ ဗိုလ္က်တဲ့ကေလး၊ သိမ္ငယ္တဲ့ကေလး၊ ေဘးထြက္ေနတဲ့ကေလးေတြရဲ႕ ေနာက္ခံကိုေလ့လာမယ္။ သင္ႏုိင္သေလာက္ Counselling လုပ္မယ္။
ရြာကထြက္တဲ့အစားအစာေတြနဲ႔ေရာင့္ရဲမယ္။ ေက်းရြာရဲ႕လိုအပ္ခ်က္၊ လူမႈေနထိုင္မႈဘဝေတြကို ေဆာင္းပါးေလးေရးျဖစ္ခ်င္ေရးျဖစ္မယ္။ စာဖတ္ခ်ိန္ကို သီးသန္႔တစ္ခ်ိန္ေရြးထားမယ္။ ေဘးပတ္ဝန္းက်င္က လူေတြနဲ႔အသတ္ႏုိင္ဆုံးအဆင္ေျပေအာင္ ေနမယ္။ မာနေတြ၊ အတၱေတြ အတတ္ႏိုင္ဆုံးေလွ်ာ့ခ်မယ္။ ေန႔ခင္းမြန္းတည့္တဲ့အခ်ိန္နဲ႔ ညနက္သန္းေခါင္ယံအခ်ိန္ေတြဆိုရင္ ဘာေတြလုပ္ခဲ့တာလဲလို႔ျပန္ၾကည့္မယ္။ နံနက္ခင္းေရာက္ရင္ေတာ့ တစ္ရက္စာဘာဆက္လုပ္ရမယ့္အလုပ္ကို အစီအစဥ္ခ်မယ္။

ကံမေကာင္းတဲ့အထဲ တကယ္လို႔မ်ား ၿမိဳ႕ေလးတစ္ၿမိဳ႕ေပၚမွာ ေရာက္လာခဲ့ရင္၊ တစ္ပါးေန သို႔မဟုတ္ ႏွစ္ပါးသုံးပါးေနေက်ာင္း တစ္ေက်ာင္းမွာဆိုရင္ေတာ့ သတင္းစာ၊ ဂ်ာနယ္၊ေန႔တိုင္းလိုလိုဖတ္ျဖစ္မယ္။ ဖတ္ခ်င္တဲ့၊ ဖတ္သင့္တယ္ ထင္တဲ့စာေတြ ပိုဖတ္ျဖစ္မယ္။ သင္တန္းနည္းျပဆရာျဖစ္ခ်င္ျဖစ္မယ္။ လူမႈေရးအဖြဲ႔ေလးတဖြဲ႔ဖြဲ႔ ဦးေဆာင္သူ ျဖစ္ျဖစ္၊ ပါဝင္သူျဖစ္ျဖစ္ ျဖစ္ႏုိင္တယ္။ လူမႈေရး၊ ဘာသာေရး၊ ပညာေရးနဲ႔ပတ္သက္သည့္အလုပ္ေတြဆိုရင္ အဆင္သင့့္ျဖစ္ေအာင္ ႀကိဳးစားမယ္။ ေနာက္မက်ေအာင္ သတိထားမယ္။ ျပင္ဆင္မယ္။ ဝါသနာသူတဲ့သူေတြနဲ႔ ေဆြးေႏြးတာမ်ိိဳး မ်ားမ်ားလုပ္မယ္။ စာတမ္းဖတ္ပြဲေတြကို သြားမယ္။ ကို္ယ့္ရဲ႕အားသာခ်က္၊ အားနည္းခ်က္ေတြကို စိစစ္မယ္။ အခ်ိန္ေပးသင့္တဲ့သူကို အခ်ိန္ေပးမယ္။ တကယ္လိုအပ္တယ္ထင္တဲ့ ေနရာတစ္ခုခုမွာ အခမဲ့ အခ်ိန္ေပးၿပီး လုပ္ေပးခ်င္လုပ္ေပးမယ္။ အဲဒီအလုပ္ရဲ႕ ပီတိနဲ႔ ေက်နပ္မယ္။
ေက်ာင္းမွာ စာႀကည့္တိုက္ေသးေသးေလးတစ္ခု စီစဥ္ထားမယ္။ အေျခအေနအရ အဂၤလိပ္စာေလး သင္ေပးသင့္ရင္ သင္ေပးမယ္။ အကယ္၍ ပညာသင္တဲ့ကာလေတြမွာ English Linguistic course ၿပီးေအာင္တက္ခဲ့မယ္ဆိုရင္ Nandiya English School ဖြင့္ျဖစ္ခ်င္လည္းဖြင့္ျဖစ္မယ္။ ျပည္တြင္းျပည္ပ မိတ္ေဆြတခ်ိဳ႕ဖိတ္ၿပီး စာသင္ခန္းမွာ စကားဝင္ေျပာခိုင္းမယ္။ ျပည္တြင္းျပည္ပဆရာ၊ဆရာမေတြနဲ႔ ခ်ိတ္ဆက္မယ္။ အတန္းထဲ Gramma သက္သက္သင္တာမ်ိဳး မဟုတ္ဘဲ၊ တကယ္လက္ေတြ႔ဘဝနဲ႔ ခ်ိိတ္ဆက္ေပးမယ္။ အလုပ္ေလွ်ာက္လႊာေရးတာမ်ိဳး၊ အင္တာဗ်ဴးေျဖတာမ်ိဳးစတာေတြကိုလည္း သင္ရုိးထဲထည့္မယ္။
အဂၤလိပ္မီဒီယမ္ေျပာင္းမယ့္ေက်ာင္းသားေတြအတြက္ ႏွစ္လ သုံးလသင္တန္းေလး ဖြင့္ခ်င္လည္း ဖြင့္မယ္။ အေျခခံကြန္ပ်ဴတာ သင္တန္း ဖြင့္ေပးသင့့္ရင္လည္းဖြင့္ေပးမယ္။ သတ္ႏိုင္တဲ့ အကူအညီေလးေတြေပးမယ္။ ေက်ာင္းမွာသင္တန္းလာဖြင့္ခ်င္တယ္ဆိုရင္လည္း အေျခအေနၾကည့္ၿပီး လက္ခံမယ္။
လူတိုင္းကို ေကာင္းေကာင္းဆက္ဆံမယ္။ လူတိုိင္းနဲ႔ေတြ႔ရင္ တစ္ခုခုသင္ယူျဖစ္ေအာင္ ႀကိဳးစားမယ္။ ေအးေအးေဆးေဆးဘဲ ေနမယ္။ တစ္ႏွစ္တစ္ခါ ခရီးထြက္ျဖစ္မယ္။ ပလိေဗာဓေတြ သတ္ႏုိင္သေလာက္ ေလွ်ာ့ခ်မယ္။ သက္သတ္လြတ္မ်ားမ်ားစားမယ္။ စကားမ်ားမ်ားနားေထာင္မယ္။ စိတ္ပညာအေၾကာင္း ပိုေလ့လာမယ္။ စိတ္ဒဏ္ရာေလးေတြ ကုစားသင့္ရင္ ကုစားေပးမယ္။ စိတ္ပညာအေၾကာင္း အဓိကေဇာင္း ေပးၿပီး တရားေဟာခ်င္ေဟာျဖစ္မယ္။ စာေအးေအးေဆးေဆးလုပ္ခ်င္တဲ့ တိပိဋက၊ အဘိဝံသ၊ Mphil, PhD စာသင္သားေတြကို ေနရာေပးမယ္၊ သတ္ႏုိင္သေလာက္ ကူညီမယ္။ လူေတြနဲ႔စကားေျပာရင္ စကားႏုိင္လုတတ္တဲ့အက်င့္ေျဖာင့္မယ္၊ ႏိုင္ငံေရးနဲ႔ ဆက္စပ္တဲ့အလုပ္ ေရွာင္မယ္။

အကယ္၍ ကံဆိုးမိုးေမွာင္က်ၿပီး ၿမိဳ႕ေက်ာင္းမွာ တပည့္တပန္းအမ်ားႀကီး၊ အုပ္ခ်ဳပ္ေနရ၊ စာလည္းသင္ေပးေနရ၊ ဆြမ္းစားကြမ္းစားကလည္း အမ်ားႀကီး၊ ကိုယ္တိုင္လို္က္ေနရ။ ဘုန္းကႀကီးေသး၊ အလုပ္ကမ်ားေသးဆိုရင္ေတာ့ အေရးႀကီးဆုံး အလုပ္တစ္ခုကို အဓိကေရြးခ်ယ္ၿပီးလုပ္မယ္။ လက္လြဲလို႔ရသည့္အလုပ္ကိုလြဲမယ္။ တစ္ခ်ိန္ထဲ ႏွစ္မ်ိဳးသုံးမ်ိဳးလုပ္ေနတာတို႔၊ တစ္ရက္တည္း အလုပ္ေလးငါးခုအတြက္ ေျပးလႊားေနရတာမ်ိဳးေတြ ေရွာင္မယ္။ ၅-ရက္ေန႔ တပည့္ကရန္ကုန္မွာဘြဲ႕ယူတာပင့္လို႔လိုက္သြား၊ ၆-ရက္ေန႔ မဂၤလာဆြမ္းကပ္ၾကြမယ္ ေျပာထားလို႔ ျပန္လာ စတဲ့ အေသးအမႊားကိစၥအတြက္ ပ်ာယာခတ္ေနတာမ်ိဳးကိုလည္း ေရွာင္မယ္။
တန္းဆြမ္းဆြမ္းခံၾကြတာမ်ိဳးလုပ္မယ္။ တပည့္ေတြကို ကိုယ္ကိုယ္ကိုတာဝန္ယူတတ္တဲ့ အေလ့အက်င့္မ်ိဳးလုပ္ေပးမယ္။ ကိုယ္စားတဲ့ဆြမ္းပန္းကန္မွအစ ကိုယ္ကိုယ္တိုင္ျပန္ေဆးဖို႔တာဝန္ရွိတယ္ ဆိုတာမ်ိဳး။ ျဖစ္ႏုိင္ရင္ ကိုယ္ဝတ္တဲ့သကၤန္းကအစ ကိုယ္ကိုယ္တိုင္ေလွ်ာ္မယ္။ ေဝယ်ာေဝစၥေတြလည္း လုပ္မယ္။ ကို္င္ရေလးေတြနဲ႔ တံမ်က္စည္းလွည္းတာ၊ ညေန သို႔မဟုတ္ မနက္ပိုင္း လမ္းေလွ်ာက္တာေတြ လုပ္မယ္။ ေနရာတိုင္းမွာ လိုက္စစ္ေဆးေနတာမ်ိဳး၊ စကားတစ္ခြန္းကို ထပ္ခါထပ္ခါေျပာေနတာမ်ိဳးကုုိ ေရွာင္မယ္။ တပည့္ေတြကို ကို္ယ္တိုင္ဖန္တီးမႈပညာေတြတိုးတက္လာေအာင္ နည္းလမ္းရွာမယ္။ ေခတ္နဲ႔လိုက္ေလွ်ာ္ညီေထြတဲ့ အသင္အျပေတြျဖစ္ေအာင္ႀကိဳးစားမယ္။ ျပဌာန္းစာတစ္ခ်ိဳ႕ ေျပာင္းသင့္ရင္ ေျပာင္းပစ္မယ္။
ဆရာေတြကိုလည္း သင္ၾကားေရးသင္တန္းေတြလြတ္မယ္၊ သို႔မဟုတ္၊ ေက်ာင္းမွာ လုပ္ေပးမယ္။ သင္ေထာက္ကူပစၥည္းအမ်ိဳးမ်ိဳးကို ပံ့ပိုးေပးမယ္၊ သင္ယူမႈပုံစံအသစ္ေတြကိုလည္း ရွာေဖြတတ္ေအာင္ အားေပးမယ္။ ပညာေရးေဆြးေႏြးပြဲတုို႔ သင္တန္းတို႔ ညီလာခံတို႔ကိုလြတ္မယ္၊ သုေတသနပညာေတြ လိုက္စားခုိင္းမယ္။ စာတမ္းဖတ္ပြဲေတြမွာလည္း သူတို႔ကိုယ္ပိုင္ သုေတသနစာတမ္းေတြဖတ္ခိုင္းမယ္။ ပညာေရးမွာ တကယ္စိတ္ဝင္စားေအာင္ နည္းလမ္းေတြရွာေပးမယ္။ ညီလာခံတုိ႔ ေဖာ္ရမ္တို႔ဆိုတာ ဘယ္လိုလုပ္ရတယ္ဆိုတာမ်ိဳး နည္းလမ္းေပးမယ္၊ အခြင့္အလမ္းရွိရင္ ပါဝင္သူအျဖစ္ လုပ္ခိုင္းမယ္။ စကားဝိုင္းပံ့ပိုးသူတို႔ ညိွႏႈိင္းသူတို႔ လုပ္ႏိုင္ေအာင္ သင္တန္းေပးမယ္။ အလုပ္ရုံေဆြေႏြးပြဲ၊ ဆီမီနာတို႔ကို လုပ္ခိုင္းမယ္။ တပည့္ေတြကို Follow up လိုက္တတ္တဲ့အက်င့္ေလးေတြရွိလာေအာင္ လုပ္ေပးမယ္။ သင္ယူမႈ သင္ၾကားမႈျဖစ္စဥ္ေတြရဲ႕ အရည္အေသြးေတြကို ျမင့္တင္ေပးမယ္။
စာသင္သားေတြကိုလည္း လြတ္လပ္ေပါ့ပါးသင္ယူလို႔႔ရတဲ့ သင္ယူမႈမ်ိဳးကို ေပးမယ္။ တစ္နွစ္တစ္ႀကိမ္ သခၤန္းစာနဲ႔ ခ်ိန္ဆက္လို႔ရတဲ့ ေနရာေတြမွာ ဆရာတပည့္အတူတူခရီးသြားၾကမယ္။ ေလ့လာၾကမယ္။ ေလ့လာနည္းကို လက္ေတြ႔သင္ေပးမယ္။ အျပင္လက္ေတြ႔ဘဝနဲ႔ ခ်ိတ္ဆက္လို႔ရတဲ့ ပညာမ်ိဳး ပိုဦးစားေပးမယ္။ စာေမးပြဲေျဖလို႔ရတဲ့အမွတ္ေပၚမွာတိုင္းတာၿပီး ေက်ာင္းသားအရည္အေသြးကို ဆုံးျဖတ္တာမ်ိဳး မလုပ္ဘူး။ မိမိကိုယ္ကိုုလည္း လိုတာထက္ပိုၿပီးအထင္မႀကီးဖို႔၊ ဘယ္လိုေနေန သူတစ္ပါးကိုလည္း အထင္မေသးဖို႔ သင္ျပမယ္။ သူတစ္ပါးနဲ႔ လိုက္ေလွ်ာညီေထြေနတတ္ေအာင္ လမ္းညြန္မယ္။
ေက်ာင္းက ေဝယ်ာဝါစၥနဲ႔ ေက်ာင္းတိုက္စီမံခန္႔ခြဲေရး နဲ႔ သင္ၾကားေရးက႑က တာဝန္ယူတဲ့သူေတြကို တာဝန္ကိုယ္စီယူတတ္ၿပီး အခ်င္းခ်င္းကူညီေဖးမတတ္တဲ့အေလ့အထေတြရွိေအာင္ ႀကိိဳးစားညွိႏိႈင္း ေပးမယ္။ အလွဴရွင္နဲ႔အျခားေထာက္ပံ့သူေတြရဲ႕က႑ေတြကိုလည္း အေရးတယူ ဆက္ဆံေပးမယ္။ သူတစ္ပါးေက်ာင္း အသင္းအဖြဲ႕ ေတြနဲ႔ မထိခုိက္တဲ့ အေျပာအဆိုေတြကိုလည္း သတိထားၿပီး ေျပာဆိုမယ္။
တကယ္လို႔ပတ္ဝန္းက်င္က ကိုယ့္ဘက္မွာရွိမယ္ဆိုရင္ ျဖစ္ႏုိင္မယ္ထင္တယ္။ ကိုယ္ကံမေကာင္းတာတစ္ခုတည္းနဲ႔ ပတ္ဝန္းက်င္ပါ ဒုကၡခံေနရသလိုျဖစ္ေနမလား။ အကယ္၍ ကံဆိုးမုိးေမွာင္က်လို႔ တကၠသိုလ္တစ္ခုခုက ကထိကျဖစ္ခဲ့ရင္ေကာ၊ မဟုတ္ရင္ ဝဋ္နာကံနာႀကီးလြန္းလို႔ တကၠသိုလ္္တစ္ခုကို တည္ေထာင္တဲ့သူျဖစ္ခဲ့ရင္ေကာ။ ဒါကေတာ့ နည္းနည္းမ်ားသြားၿပီေနာ္။ စာဖတ္သူကို အားမနာဘဲ ေတြးခ်င္တာေတြးၿပီး ေရးခ်င္တာေရးတဲ့ အက်င့္ေတြကို ရပ္သင့္ၿပီထင္တယ္။
ဘာဘဲျဖစ္ျဖစ္ အခုအခ်ိန္မွာေတာ့ စာအရွည္ႀကီးကို ဆုံးေအာင္ ဖတ္ေပးတဲ့ သူမ်ားအားလုံး အထူးေက်းဇူးတင္ရွိပါေၾကာင္း။ ။

Nandiya Bhikkhu
အရွင္နႏၵိယ (ဖယ္ခုံ)
08.05.2019 01:03:00 PM

 https://www.facebook.com/nandiya.bhikkhu/posts/2408736989354334

No comments:

Post a Comment