Wednesday, August 7, 2019

၂၀၁၇ ထဲက အမှတ်တရများ

တသသဖြစ်ရလောက်အောင် မေ့မရနိုင်သည့်အမှတ်တရတွေရော၊ အကြောင်းတိုက်ဆိုင်မှုရှိရင် သတိရမည့် အမှတ်တရတွေရော ၂၀၁၇ မှာ ကျန်ရစ်ခဲ့ပါတယ်။ အဲဒီအမှတ်တရတွေကို ရင်မဖွင့်လို့ မရလောက်အောင် ရင်ထဲမှာ ပြည့်ကြပ်လို့နေတာကြာရောပေါ့။

ဒီလိုစကားပလ္လင်လေးခံပြီးရင် ရေးချင်တာရေးဖို့ ကိုယ့်ကိုယ်ကိုဘဲ တိုက်တွန်းလိုက်ရတာပေါ့။ အရင်တုန်းကအမှတ်တရလို့ပြောရင်တမင်တကာလိုက်ရှာနေရလိုဘဲ၊ အခုတော့ ပတ်ဝန်းကျင်မှာ အမှတ်တရတွေပြည့်နှက်နေပါလားလို့စဉ်းစားမိတယ်။ ၂၀၁၇-မှတ်တမ်းတွေကိုပြည့်ကြည့်တဲ့အခါ ပြောလို့မကုန်နိုင်အောင်ဘဲအမှတ်တရတွေကအများကြီးရှိခဲ့တယ်။

သွားဖူးခဲ့သည့်ခရီး၊ ရောက်ဖြစ်ခဲ့သည့်နေရာ၊ တက်ခဲ့ရသည့်သင်တန်း၊ ပါဝင်ခဲ့ဖူးသည့်ဆွေးနွေးပွဲ၊ ကူညီပေးလိုက်သည့်သင်တန်း၊ ရေးခဲ့မိသည့်စာ၊ တွေ့ဆုံခဲ့သည့်လူ၊ သင်ယူလိုက်ရသည့်အရာ၊ ရခဲ့သည့်သင်္ခန်းစာများ တန်းဖိုးမဖြတ်နိုင်သည့် အမှတ်တရတွေ အများကြီးရှိခဲ့တယ်။

January
ရွာမှာရှိနေတဲ့အချိန်။ ထေရဝါဒကုန်းဆုံလူငယ်တွေထဲက ဒီနှစ်အတွင်း အဓိကလှုပ်ရှားနေတဲ့ ခွန်ထွန်းအောင် နဲ့ ခွန်အောင်ဗို နှစ်ယောက်တို့နဲ့ ရပ်ရွာရဲ့လက်ရှိအခြေအနေတွေကို ဆွေးနွေးတိုင်ပင်ကြတာ တစ်ညပြီးတစ်ည ညပေါင်းကလည်း မနည်း။ မပြီးနိုင်မဆုံးနိုင်ဖြစ်ခဲ့တယ်။ ထွက်လာသည့်အကြောင်းအရာတွေက စိတ်ဝင်စားစရာတွေ အရမ်းကောင်းခဲ့တာကိုး။ လူတန်းစားအလိုက်ခွဲပြီး ဆွေးနွေးတော့ အသက်ခြောက်ဆယ်ကျော်ဘိုးဘွားတွေ အထီးကျန်နေကြတာတွေတွေ့တယ်။ သူတို့အတွက် ဘိုးဘွားများပူဇော်ပွဲလုပ်ဖို့၊ ပူဇော်ပွဲတင်မကဘူး၊ ဆွေးနွေးပွဲလည်းလုပ်ပေးဖို့။ နောက်လူငယ်တွေမသိလိုက်၊ မမှီလိုက်သည့်ရှေးကအကြောင်းတွေနဲ့ ဘာသာရေး၊ လူမှုရေးတို့အကြောင်းကို ဆွေးနွေးကြဖို့။ အသက်ကြီးသွားပေမယ့် ရပ်ရွာမှာ အရေးပါနေသေးသည့်စိတ်တွေ ပြန်လည်ရှင်သန်စေဖို့ လုပ်နိုင်ရင်သိပ်ကောင်းမယ်လို့ အဖြေထုတ်ခဲ့ကြတယ်။

နောက်တစ်ခုက လူလတ်ပိုင်းတွေ ရွာကဆိုရင် အိမ်ထောက်ကျပြီးသူတွေ။ မိသားစုရဲ့စားဝတ်နေရေးတွေကို ရုန်းကန်နေရသူတွေလည်းဖြစ်တယ်၊ စိုက်ပျိုးရေးသမားများလည်းဖြစ်တယ်။ စိုက်ပျိုးရေးအသိပညာ၊ နည်းပညာအသစ်တွေ ပေးသင့်တယ်။ လယ်မြေတွေအသိမ်းခံလိုက်ရပေမယ့် ဘာမှမလုပ်တတ်သည့်သူတွေလည်း များတယ်။ လယ်ယာမြေဥပဒေနဲ့အတူ ဒေသခံတိုင်းရင်းသားအခွင့်အရေးနဲ့ တောင်သူရဲ့အခန်းကဏ္ဍကို သိသင့်သည့်သူတွေလည်းဖြစ်တယ်။ ဆိုတော့ သူတို့ကို ပညာပေးရမယ်။ ကျန်တစ်ဘက်မှာ လိုအပ်ရင် ပံ့ပိုးမှုတွေလည်း ပေးသင့်တယ်။ ရေတွင်းတူးပေးတာတို့၊ ဓာတ်တိုင်ထောင်ပေးတာတို့ပေါ့။

လူငယ်အပိုင်းတွေကျတော့ ဒေသရဲ့အခြေအနေအရ စိတ်လေလွယ်သည့်အရွယ်၊ ပျက်စီးလွယ်သည့်အရွယ်လို့မြင်မိတော့ ရွာမှာလူငယ်အတွက် အားကစားကွင်းကောင်းကောင်းမရှိ၊ နောက်နိုင်ငံခြားထွက်အလုပ်လုပ်ချင်သူကများ၊ ရွာမှာလည်း အလုပ်အကိုင်ကောင်းကောင်းမရှာတတ်။ ဒါတွေတွေ့လာတယ်။ သင်တန်းလုပ်ပေးချင်ကြတယ်။ စိုက်ပျိုးရေးဘဲလုပ်သည့်တောင်သူရွာမို့ စိုက်ပျိုးရေးသင်တန်းပေးပြီး အလုပ်ကိုရှာဖွေပြချင်တယ်လို့ ဆုံးဖြတ်ကြတယ်။

ကလေးတွေအတွက်ကိုတော့ မြို့နဲ့နီးပေမယ့် ကျောင်းမတက်နိုင်သည့်ကလေးတွေ အများကြီးတွေ့နေရတော့ ကျောင်းမတက်နိုင်သည့်ကလေးတွေကို ထောက်ပံ့ဖို့နဲ့ ကျောင်းတက်နေပေမယ့် စားဝတ်နေရေးအခက်အခဲတွေရှိနေသည့်ကလေးတွေကို ထောက်ပံ့ဖို့ ရန်ပုံငွေတော့ ရှာရမည်လို့ ဆွေးနွေးကြပါတယ်။
ဆွေးနွေးပြီးတော့ လုပ်စရာတွေကများလာတယ်၊ လုပ်နိုင်တာလည်းမရှိသေးဘူး။ ဖြစ်ချင်တာပဲရှိတယ်။ ဖြစ်နိုင်တာတွေသိပ်မတွေ့ရ၊ နောက်တော့ လုပ်နိုင်တာလေးတွေ တဖြေးဖြေးပြန်ရှာရတယ်။ ဆွေနွေးပြီးမကြာဘူး၊ ထောက်ပံ့သည့်အဖွဲ့ရှိတယ်ဆိုတာနဲ့ အဆိုပြုလွှာစာတွေတင်လိုက်ကြသေးတယ်လို့ နောက်တော့ကြားရတယ်။ မရပါဘူးလို့လည်း သိရတယ်။ ရတာ၊ မရတာက အဓိကမကျပါဘူး။ ဆွေးနွေးဖြစ်ပြီး ရပ်ရွာရဲ့တကယ့်လိုအပ်ချက်တွေကို ညပေါင်းများစွာအဖြေထုတ်ခဲ့တာကိုဘဲ အမှတ်တရဖြစ်နေတာပါ။ အဲဒီဆွေးနွေးချက်တွေက ရပ်ရွာအခြေအနေ၊ အနေအထားတွေကိုကောင်းကောင်းသိခဲ့ရပြီး ကိုယ်ဘာတွေလုပ်သင့်တာလဲ၊ ဘာတွေလုပ်နိုင်တာလဲ ဆိုတာကို ပိုပြီးမြင်လာခဲ့ရပါတယ်။

အဲဒီအမှတ်တရရဲ့ပြိုင်ပြီး ဝမ်းသာစရာတစ်ခု ရွာထဲကိုကျရောက်လာပါသေးတယ်။ အဲဒါက စာမတတ်သူပပျောက်ရေး၊ ရက်ပေါင်း(၄၀) စီမံကိန်းနဲ့ အစိုးရကလုပ်တာပါ။ ရပ်ရွာထဲက စာမတတ်သည် မိဘတွေ၊ ဘိုးဘွားတွေ စိတ်ပါလက်ပါစာသင်နေကြတာကို မြင်ရလို့ဝမ်းသာလို့မဆုံး ဖြစ်ခဲ့ရတယ်။ ကိုယ့်အမေဆိုရင် အစောကြီးရောက်လာပြီး တက်တက်ကြွကြွသင်နေတာကိုမြင်တော့ ဝမ်းသာလွန်းလို့ ဘာလုပ်ရမှန်းမသိတာနဲ့ အင်းလေးမုန့်ကြွပ်တွေဝယ်ပြီး စာသင်ပေးတဲ့ဆရာမများနဲ့စာသင်နေသောမိဘဘိုးဘွားများစားဖို့ဆိုပြီး ဝယ်ပေးလိုက်လို့ ဆရာမတစ်ယောက်က ညစာမစားရတဲ့သူက ညစာစားရတဲ့သူကို ညစာကြွေးနေတယ်လို့ စတာကို ခံလိုက်ရသေးတယ်။
ဇန်နဝါရီလက အမှတ်တရတွေက ကိုယ်ကရုပ်ပစ္စည်းတစ်ခုခုရလို့၊ ပိုင်ဆိုင်လို့ မဟုတ်ဘဲ သူတစ်ပါးအလုပ်လုပ်တာကို သဘောကျလေးစားလို့ ဝမ်းသာစရာတွေဖြစ်၊ တစ်စိမ့်စိမ့်တွေးပြီး တစ်သိမ့်သိမ့်ကြည်နူးရုံသက်သက်အမှတ်တရတွေပါဘဲ။

February
၂၀၁၆-(၁၃၇၇)-ခုနှစ်မှာ ကျမ်းပြီးလို့ ၂၀၁၇၊ ဖေဖော်ဝါရီ ၁၄၊ (၁၃၇၈၊ တပို့တွဲလပြည့်ကျော် ၃- ရက်၊ အင်္ဂါနေ့) မှာ ဓမ္မာစရိယဆုပေးပွဲရှိတော့ ဘွဲ့ယူဖို့သွားရင်း မိဘတွေ၊ ဆွေမျိုးတွေနဲ့ ဘုရားဖူးအတူသွားခဲ့ရသေးတာပေါ့။ မိဘတွေကိုဘုရားဖူးလိုက်ပို့ဖူးတာဆိုလို့ မန္တလေးမှာနေတုန်းက ရှမ်းပြည်ကနေရောက်လာလို့ မယ်တော်တစ်ကြိမ်၊ ခမည်းတော်တစ်ကြိမ် လိုက်ပို့ဖူးတာပဲရှိခဲ့ဖူးတယ်။ မိဘနဲ့အတူ သီးသန့်စီစဉ်ပြီးသွားရတဲ့ခရီးဆိုလို့ အဲဒီတစ်ကြိမ်လောက်ဘဲရှိခဲ့ဖူးတယ်။ သူတို့တွေ ပင်ပင်ပန်းပန်းနဲ့ အလုပ်တွေလုပ်နေရတော့ တစ်ခါတစ်လေ ဒီလိုခရီးလေး ဘာလေးလည်းသွားသင့်တာပေါ့။ သူတို့တွေတကယ်ပျော်နေကြတာကို တွေ့ခဲ့ရပါတယ်။ ကိုယ်သာခရီးအကြိမ်ကြိမ်ထွက်ခဲ့ပေမယ့် မိဘနဲ့တွဲပြီးထွက်ခဲ့ဖူးတာ မဟုတ်ဘူး။ ရန်ကုန်ကို ရောက်ဖူးပြီးသားလူတွေဖြစ်နေလို့ ရန်ကုန်ကိုအဓိကမသွားတော့ဘဲ တည်းရုံဘဲတည်းခဲ့ကြတယ်။ ရွှေတိဂုံဘုရားဖူးပြီးတာနဲ့ အေးအေးဆေးဆေးနားလိုက်ကြတယ်။
 ဖေဖော်ဝါရီ ၁၂ ရက်နေ့က အသွား၊ ၁၃ရက် အပြန်ပေါ့။ မော်လမြိုင်ဘက်ကိုသွားခဲ့ကြတယ်။ ကျိုက္ခမီ၊ စက်ဆဲ၊ သေမင်းတမန်၊ စစ်သင်္ချ ိုင်း (သံဖြူဇရပ်)၊ သွားပြီး အပြန်မှာ ဖားအောက်တောရကို မိဘတွေရောက်ဖူးအောင် သွားလေ့လာဖို့ပို့လိုက်သေးတယ်။ အပြန်မှာ မော်လမြိုင်ကိုလည်း ဝင်ခဲ့တာပေါ့။ အသွားနေ့တုန်းက ဖေဖော်ဝါရီ (၁၂)နေ့မှာ တပို့တွဲလပြည့်ကျော် (၁)ရက်နေ့ဖြစ်လို့ မွန်အမျိုးသားနေ့ဖြစ်နေသည့်အတွက် အသွားလမ်းတစ်လျှောက်မှာ မွန်တွေ အဖြူ၊ အနီဝတ်စုံတွေဝတ်ဆင်ကြပြီး အပြင်ထွက်ကြတာကို တစ်လမ်းလုံးမြင်ခဲ့ရတယ်။ ဆုယူပြီးနောက်တစ်နေ့ ပုဂံသွားပြီး ဖေဖော်ဝါရီ ၁၆- ရက်နေ့မှာတော့ တစ်နေ့လုံးပုဂံဘုရားများကို ဖူးခဲ့ရတယ်။ အပြန်မှာ မန္တလေးကနေ ပြန်ကြလို့ မန္တလေးကဆွမ်းတကာမကိုလည်း မိဘတွေနဲ့ မိတ်ဆက်ပေးခဲ့သေးတယ်။ ဒီခရီးမှာ မိဘများကိုအသွားတုန်းက ရန်ကုန်မှာ ရဟန်းတကာအိမ်မှာတည်းခိုင်းတယ်။ အပြန်မှာ မန္တလေးက ဆွမ်းတကာတွေနဲ့တွေ့ပေးတော့ ဝမ်းသာနေသည့်မိဘမျက်နှာကို အခုထိတောင်မြင်ယောင်မိသေးတယ်။ ကိုယ့်ဒကာအချင်းချင်း ရင်းနှီးသွားကြတာ အမှတ်တရပါဘဲ။

ဖေဖော်ဝါရီ (၁၄)ရက်တုန်းက မဟာပါသာဏလှိုင်ဂူထဲမှာ ဆုပေးတော့ စာအောင်သံဃာ ထောင်ကျော်ရှိတာမို့ လှိုင်ဂူလည်းပြည့်ကြပ်နေသွားတယ်။ စာအောင်သံဃာတစ်ပါးကို တကာနှစ်ယောက်စာဘဲဝင်လို့ရတယ်။ ဒါတောင်လှိုင်ဂူကမဆန့်ချင်။ ဆရာလေးဒေါ်ယုသဂီ င်္ရဲ့ကျေးဇူးတွေကြောင့် အခြားဝင်ခွင့်လက်မှတ်တစ်ခုကိုရတာရယ်၊ နိကာယ်အထူးအောင်ဦးဇာနေယျာလင်္ကာရထံက နှစ်ခုရယ် လက်မှတ်အပို သုံးခုနဲ့ ဒကာငါးဦးဝင်ခွင့်ရတယ်။ ရွာကပါလာတဲ့သူကများတာနဲ့ ရဟန်းဒကာက ကျွန်တော်တို့မြင်သလိုအပြင်ကလူတွေလည်းမြင်ချင်မှာဘဲဆိုပြီး အပြင်ထွက်၊ အပြင်လူတွေကိုလက်မှတ်ပေး၊ ဝင်ကြည့်ခိုင်း။ လက်မှတ်ရှိပေမယ့် လူတွေပြည့်ကြပ်နေသည့်လှိုင်ဂူထဲ ဝင်လိုက်ထွက်လိုက်လုပ်နေကြတာ တကယ်ကိုမလွယ်တဲ့ကိစ္စ။ အပေါက်သေးသေးလေးထဲ ဝင်လိုက်ထွက်လိုက်အလုပ်ရှုပ်နေတဲ့ ပုရွက်ဆိတ်ကလေးတွေလားလို့ အောက်မေ့ရတယ်။ ကိုယ့်နံပါတ်က ၆၅၁၊ သံဃာက တစ်ထောင်ကျော်။ သက်ဆိုင်ရာဆရာတော်ကြီးတွေ၊ လူကြီးတွေ၊ ပရိသတ်တွေ အားလုံးပေါင်းလိုက်ရင် ငါးထောင်ကျော်သွားမယ်ထင်တာဘဲ။ စာမေးပွဲအောင်လို့ဘွဲ့ယူတာဘာမှအထူးတလည်ပြောစရာမရှိပေမယ့် မထင်မှတ်သည့်ရှုခင်းတွေ၊ မြင်ကွင်းတွေကြောင့်အမှတ်ရစရာဖြစ်နေတော့တာပေါ့။

ဆုပေးပွဲအပြီး ၁၉ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ စိတ်ဒဏ်ရာကုစားခြင်းသင်တန်းကို ပြင်ဦးလွင်မှာ ၁၀ ရက်တက်ရောက်ခဲ့သေးတယ်။ ဘာသင်တန်းလဲမေးတော့ စိတ်ဒဏ်ရာကုစားခြင်းသင်တန်း လို့ပြောလိုက်ကာမှ ဦးဇင်းကမလွယ်တော့ဘူးနော် လို့ တချို့တကာမတွေ စကြတာကိုလည်း ခံခဲ့ရတယ်။ သင်တန်းမှာတစ်ချို့ဆရာသမားဟောင်းတွေပြန်တွေ့ရသလို၊ ဝေးတာကြာပြီးဖြစ်တဲ့ သီးတင်းသုံးဖော်တစ်ချို့နဲ့လည်း ပြန်လည်ဆုံဆည်းခွင့်ရခဲ့တယ်။ အများကြီး ပြောကြဆိုကြဆွေးနွေးဖြစ်ခဲ့ကြတယ်။ အမှတ်ရစရာလို့ပြောလိုက်ရင် အဲဒီသင်တန်းအပြီးမှာဘဲ ကိုဥက္ကာရဲ့ကျေးဇူးကြောင့် နောက်ပိုင်းမတောက်တစ်ခေါက်ဦးနှောက်သေးသေးလေးနဲ့ စာတွေတော်တော်ရေးဖြစ်ခဲ့ရတယ်။
ဖေဖော်ဝါရီလမှာက အသိအကျွမ်းဟောင်း၊ မိတ်ဆွေဟောင်း၊ မိဘဆွေမျိုးတကာတကာမများ၊ ဆရာဆရာမများတို့နဲ့ပြန်လည်တွေ့ဆုံခဲ့ရသောလလို့တောင်ပြောလို့ရမယ်ထင်တယ်။ အသိအကျွမ်းဟောင်းတွေနဲ့ ပြန်လည်ဆုံဆည်းရတဲ့ကာလက ဝမ်းမြောက်စရာစကားများ၊ အဖြစ်အပျက်ဟောင်းကပုံရိပ်များ၊ လက်တွေ့ဘဝထဲကအခြေအနေများကို စိတ်ဝင်တစား နှလုံးသားတံခါး ဖွင့်ပြီးနားထောင်ခဲ့၊ ဖြေသိမ့်ခဲ့၊ အားပေးခဲ့ကြတာတွေလည်း တကယ်အမှတ်တရတွေပါဘဲ။

March
ပြင်ဦးလွင်သင်တန်းအပြီးတစ်ဆက်တည်း မတ်ခ်ျလ ၃၊၄၊၅ သုံးရက်၊ ဖော်တော်ဦးကျောင်းမှာလုပ်သည့် ဘကညီလာခံအတွက် ကူညီပံ့ပိုးမှုဆိုင်ရာသင်တန်းတက်ခဲ့ရတယ်။ ဦးဝိဇ္ဇာနန္ဒ၊ ဦးဓမ္မောဒယတို့နဲ့ပေါ့။ ဆရာမ နမ့်အေးမြတ်မွန်တို့ကပို့ချတာ။ Facilitation သင်တန်းတက်ခဲ့ဖူးတယ်ဆိုပေမယ့် ကိုယ်မသိသေးတာတွေလည်း အများကြီးပါလာလို့ အများကြီးသင်ယူခဲ့ရပါတယ်။ ဖောင်တော်ဦးရဲ့အင်္ဂလိပ်စာသင်ခန်းနဲ့ စာကြည့်တိုက်တွေကိုလည်းလေ့လာခဲ့ရပါတယ်။ နောက်တစ်နေ့မှာ မဲဖလန်ကျောင်းစာကြည့်တိုက်ကိုလည်း သွားကြည့်ခဲ့ရသေးတယ်။
မန္တရောက်တိုင်းအမြဲရှိနေတဲ့အမှတ်တရတစ်ခုကတော့ ဘုန်းကြီးဦးအဂ္ဂဓမ္မနဲ့ဦးကောမလတို့ တွေ့ကရာ ထွေရာလေးပါး စကားဝိုင်းပါဘဲ။ သူတို့ဖတ်တဲ့စာတွေ၊ အမြင်တွေ၊ ရှုထောင့်တွေက တကယ်ကိုကျယ်ပြန့်ပြီး နက်နဲကြတယ်။ စကားသိပ်များတတ်တဲ့ကိုယ်တောင် သူတို့နဲ့တွေ့မှ နားထောင်တတ်သူဖြစ်လာတော့တာပဲ။ ကိုယ့်ဆရာတော်တွေမအားတဲ့အချိန်တွေဆိုရင် ဝိဇ္ဇာမင်းသွားပြီး အားတဲ့သူခေါ်စကားပြောခဲ့သည်မှာ မန္တလေးရောက်ရင် အလိုလိုလုပ်ဖြစ်ခဲ့သည့်အကျင့်တစ်ခု။ ဆွေးနွေးဖလှယ်တဲ့အရသာကို တကယ့်ပွဲကြီးတွေမှာထက် လက်ဖက်ရည်ဆိုင်က ပိုရရှိခဲ့တယ်လို့တောင် ထင်ရတယ်။
တပေါင်းလပြည့်နေ့ (မတ်ခ်ျလ ၁၂ ရက်နေ့)မှာ ပအိုဝ်းအမျိုးသားနေ့ပွဲမှာ စာအောင်သံဃာဆုပေးပွဲလည်း ပါတာမို့ မန္တလေး၊ တရုတ်ဘုံကျောင်းမှာ ဆုသွားယူခဲ့ရတယ်။ ဆုယူတာကထူးလို့ကြွားစရာမရှိပေမယ့် သူတို့ရဲ့အသိအမှတ်ပြုမှုတွေကိုတော့ တကယ်ဝမ်းသာခဲ့ရတယ်။ မန္တလေးက ပအိုဝ်းမျိုးသားနေ့မှာထုတ်သည့် ခမ်းရတနာ မဂ္ဂဇင်းမှာလည်း နှင်းဆီပန်းပန်သည့်ကောင်မလေး ဆိုသည့်ဝတ္ထုလည်း ပါလာတော့ ထပ်ဆင့် ဝမ်းသာစရာဖြစ်ပါလေရော။
နောက်တစ်နေ့တော့ရန်ကုန်သွားလိုက်တယ်။ မဟာဝံသကျောင်းကနေပြီး တစ်ခါမှမရောက်ဖူးသည့် ငါးကျမ်းပြန်ကျောင်း ဦးသုန္ဒရတို့ဆီသွားခဲ့တယ်။ မေတ္တာနန္ဒစာကြည့်တိုက်ကိုလည်း လေ့လာခဲ့ရတယ်။ စာအုပ်တွေစုံစုံလင်လင်ရှိတယ်။ စာကြည့်တိုက်မှုးတွေကောရှိတယ်။ မေတ္တာနန္ဒကောလိပ်လည်းဖွင့်ထားတော့ ဒီလိုကောလိပ်ဘေးမှာဒီလိုစာကြည့်တိုက်ရှိတာ အရမ်းကောင်းတယ်လို့ ကောက်ချက်ချမိသေးတယ်။ ကျောင်းကထွက်ပြီးကတည်းက တစ်ခါမှပြန်မရောက်ရသေးသည့် ဝိသုဒ္ဓါရုံကိုလည်းပြန်ရောက်ခဲ့တယ်။ ၆-နှစ်အကြာမှပြန်ရောက်တာပေါ့။ သီတင်းသုံးဖော်ဟောင်းတစ်ချို့နဲ့ ဘုန်းကြီးဦးဣန္ဒက၊ ဘုန်းကြီးဦးပညာဓိကတိုိ့ဆီကိုရောက်ခဲ့တယ်။ ဝမ်းသာစရာတစ်ခုက နိဿယမရှိသေးသည့် အဋ္ဌကထာ၊ ဋီကာတစ်ချို့ကို ဘုန်းကြီးဦးပညာဓိကက နိဿယကျမ်းပြုစုနေတယ်လို့ ကြားသိခဲ့ရတယ်။ ရောက်တုန်းရောက်ခိုက်လေး ယောဆရာတော်ကိုလည်းသွားဖူးလိုက်တယ်။ ပြောစရာစကားမရှိတာနဲ့ တပည့်တော်ကိုသီးသန့်သြဝါဒလေး ပေးသနားတော်မူပါဘုရားလို့ စကားကြီးစကားကျယ်လုပ်ပြီး လျှောက်လိုက်တော့ ဆရာတော်က ပေးစရာမလိုပါဘူး၊ ကိုယ့်ကိုယ့်ကိုလည်း ကောင်းကောင်းနေတဲ့သူတွေဘဲ လို့မိန့်ပြီး၊ ဓမ္မလက်ဆောင်စာအုပ်လေးနှစ်အုပ်ပေးလိုက်တယ်။ တကယ်တော့ ခပ်ဆိုးဆိုးထဲကပါလို့ မလျှောက်ရဲလို့ ငြိမ်နေရတာ။
ရန်ကုန်ကနေပြီး ယင်းမာကြယ်ဆရာတော်ဦးဓမ္မာနန္ဒရဲ့ကျေးဇူးတွေနဲ့ အောင်လံကိုရောက်သွားခဲ့ပါတယ်။ အဲဒီကနေပဲ ဦးဓမ္မာနန္ဒရဲ့တပည့်ဆရာ၊ ဆရာမတွေကို တီတွဒ်ကျောင်းမှာ Play for peace program ဆိုပြီး လေးရက် သင်တန်းပေးခဲ့ရသေးတယ်။  အဲဒီဆရာမတွေဆိုရင် အခုအချိန်ထိ အဆက်အသွယ်တွေရှိနေတုန်းဘဲ။ အောင်လံဆိုသည့်မြို့ကရောက်ဖို့ဘယ်လိုမှ မမျှော်မှန်းထားမိရာကနေ အမှတ်တမဲ့ရောက်ခဲ့ရတယ်။ မြို့တွေ၊ ရွာတွေ၊ လူတွေရဲ့ အခြေအနေတွေကိုလည်းသိခဲ့ရတယ်။ လူတွေများကိုလည်း စကားပြောခဲ့ရတယ်။ တောင်ပေါ်နဲ့ရန်ကုန်၊ မန္တလေးမှာဘဲ ကျင်လည်ခဲ့ရာကနေ မကွေးတိုင်းဘက်ကအတွေ့အကြုံလေးရရှိခဲ့တယ်။ အမှတ်ရစရာတွေများဖြစ်လာခဲ့တယ်။
ဇန်နဝါရီတုန်းက ဆွေးနွေးခဲ့သည့်စကားအရ အခွင့်သာတာနဲ့ ရွာထဲကသက်ကြီးပိုင်းတွေကို စကားဝိုင်းဖန်တီးခဲ့ရတယ်။ သက်ကြီးစကားဝိုင်းတွေလုပ်ဖို့ လူငယ်တွေကို အနည်းငယ်လေ့ကျင့်ပေးခဲ့ရတာပေါ့။ ဘယ်လိုရှိတယ်။ ဘယ်လိုလုပ်ရမယ်ပေါ့။ လူငယ်တွေကြားမှာလည်း ရင်းနှီးမှုတွေ အရင်တည်ဆောက်ခဲ့ရတာ။ ပျော်စရာလည်းကောင်းသလို အကျိုးလည်းရှိတာမို့ အမှတ်တရဖြစ်လာခဲ့တာပါဘဲ။ အဲတုန်းကပေးချက်ဖူးသည့်ထင်မြင်ချက်တစ်ခုကတော့ လူငယ်တွေစကားမပြောရဲကြတာက ပြောခွင့်တွေမရခဲ့လို့။ တစ်ချိန်တည်းမှာဘဲ ဖယ်ခုံမြို့နယ်လုံးဆိုင်ရာကျင်းပသည့် ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲရဲ့ ၂၅နှစ်မြောက်၊ ငွေရတုမဂ္ဂဇင်းမှာ ဘီလူးချောင်းပြောသောနေ့တစ်နေ့ဆိုသည့် ဝတ္ထုလေးပါလာလို့ ဒီလတော့ ကံတော်တော်ကောင်းတာဘဲ လို့တောင် ပြောမိသေးတယ်။
မတ်ခ်ျလမှာ တကယ်တော့ သီတင်းသုံးဖော်တွေ၊ မိတ်ဆွေဟောင်းတွေရဲ့ မေတ္တာရိပ်အောက်မှာခိုလှုံခဲ့တဲ့လလို့ ပြောရမယ်။ သွားခဲ့တဲ့နေရာ၊ လုပ်ခဲ့တဲ့အလုပ်တွေက ကိုယ်တိုင်တမင်စီစဉ်ထားတာတွေမရှိဘဲ မထင်မှတ်ဘဲဖိတ်ခေါ်ရာကနေ သွားဖြစ်ခဲ့၊ လုပ်ဖြစ်ခဲ့ကြတာချည်းပါဘဲ။ အမှတ်တမဲ့မှအမှတ်တရသို့ ဆိုတာကို မတ်ခ်ျလမှာ တော်တော်များများရရှိခဲ့တာပဲ။

April
ဦးဓမ္မောဒယရဲ့အစီအစဉ်အရ ရွာငံ-ဗြဟ္မဂူကျောင်းမှာ လူငယ်စွမ်းရည်ဖြင့်အစီအစဉ် ၈-ရက်သွားလုပ်ခဲ့တယ်။  ပါဝင်သည့်သင်တန်းသားတွေအားလုံးဟာ တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားတွေချည်း။ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေချည်းပါဝင်ခဲ့သည့်သင်တန်းမှာပေးရတာ အဲဒီအကြိမ်က ပထမဆုံးအကြိမ်။ ကိုယ်ကသင်တန်းဆရာတော့မဟုတ်၊ သင်တန်းညှိနှိုင်းပေးသည့်နေရာမှာ ဝင်ကူပေးရုံသာ။ သင်တန်းဆရာဦးဇောတယ၊ ဦးဝိဇ္ဇာနန္ဒ၊ ဆရာဘိုဘိုလွင်တို့ရဲ့ဦးဆောင်မှုတွေနဲ့ သင်တန်းတစ်လျှောက်လုံး အသက်ဝင်မှုကလည်း တကယ်ကို အံ့သြဖွယ်။ သင်တန်းဆရာတွေရဲ့ဦးဆောင်မှုက ဆွဲဆောင်မှုရှိရုံတင်မကဘဲ သင်တန်းသားတို့ရဲ့ ပါဝင်မှုတွေကလည်း သင်တန်းဆရာတွေအတွက် ပြန်ပြီး အသည်းခိုက်စရာလို့ပြောရလောက်အောင်ကိုပင် သင်တန်းသားတွေရဲ့တက်ကြွမှုတွေက သင်တန်းဆရာတွေအတွက် အားရစရာ အမှတ်တရတွေဖြစ်ခဲ့တယ်။ တက်ရောက်လာသည့်သင်တန်းသားတွေကလည်း ရွာမှာတကယ်အရေးပါသည့်လူငယ်တွေဖြစ်တာမို့ အားမရစရာဆိုလို့ ဘာမှကိုမရှိတာ။ အကြံရတာနဲ့ သင်တန်းတွင်းမှာဘဲ သင်တန်းတာဝန်ခံစီစဉ်သူ၊ သင်တန်းဆရာ၊ သင်တန်းသားများအားလုံး အချင်းချင်းအားပေးစကားတွေနဲ့ လက်ကမ်းစာအုပ်ကလေးလုပ်ပြီး ပြီးတဲ့နေ့မှာ မျှဝေခဲ့တယ်။ ရမည်းသင်းရောက်တော့ စာလေးရေးမိခဲ့တာလေးကို ပြန်ကြည့်လိုက်တော့

ရွာငံက အမှတ်တရ
စိတ်ပြေလက်ပျောက် မတောက်တစ်ခေါက် လုပ်တတ်သည့်သူ။
စာတွေကဗျာတွေအကြောင်း ကောင်းကောင်းနားမလည်ပေမယ့် မြတ်နိုးတတ်သူ။
တစ်ခဏတာတွေ့ဆုံမှုမှ နောက်တစ်ခါအမှတ်တရရှိဖို့စိတ်ကူးတတ်သူ။
ဒီတစ်ချိန်သာဒီလိုစလိုက်လျှင် နောင်တစ်ခါဒီထက်ပိုကောင်းမည်ဟု ကြံကြံဖန်ဖန်တွေးတတ်သူ။
မကျွမ်းကျင်ပေမယ့် သမိုင်းဝင်ချင်နေတာကတော့ မိုက်ရှုးရဲတယ်လို့ဘဲ ဆိုရလေမလား။
သို့သော်လည်း အမှတ်တရတစ်ခုက ဘဝတစ်ခုခုအတွက် အထောက်အကူဖြစ်တတ်တာပဲမဟုတ်လား။
မထင်မှတ်တဲ့အမှတ်တရစကားတွေနဲ့ အတူတူစုပေါင်းထားတာဆိုတော့ မထင်မှတ်တဲ့တစ်စုံတစ်ဦးသောသူအတွက် အားဆေးလေးတစ်ခွက်လောက် ဖြစ်နိုင်လေမလားလို့ မျှော်လင့်ခဲ့ပါတယ်။
ဒီလိုနဲ့ဘဲ တို့တစ်တွေက ရင်တွင်းဖြစ်အမှတ်တရစကားများနဲ့ လမ်းခွဲခဲ့ကြပါတယ်။
Nandiya Bhikkhu 14.4.217

ဦးဉေယျဓမ္မရဲ့အစီအစဉ်နဲ့ ဗြဟ္မဂူသင်တန်းပြီးတော့ ရမည်းသင်းကိုသွားတယ်။ သင်္ကြန်တွင်းက ပျားစည်ရွာမှာ။ ရွှေညာမြေက ကျေးလက်ရဲ့ရိုးရာယဉ်ကျေးမှုတွေကို အချိန်ကြာကြာနေပြီး လေ့လာခွင့်ရခဲ့တဲ့ ပထမဆုံးအကြိမ်ပေါ့။ သင်္ကြန်ပြီးတော့ ပျားစည်ကလူငယ်တွေကို ၁၆-ရက်သင်တန်းပေးခဲ့တယ်။ သင်တန်းဆရာက ကိုယ်တစ်ဦး တည်း။ ပေးနေကျသင်တန်းတွေက စာရွက်အပြည့်အစုံ၊ လိုအပ်တဲ့စာအုပ်အပြည့်အစုံ၊ ရောင်စုံအမျိုးမျိုး၊ သင်တန်းခန်းမတွေလည်းကျကျနန။ ဟိုရောက်တော့အားလုံးကပြောင်းပြန်။ ဘာမှ မရှိသေး။ Facilitation သင်တန်းလည်း တက်ထားပြီးပြီမို့ ဘာမှမရှိလို့ဘာမှမလုပ်တတ်ရင် ကိုယ်ကညံ့တာပဲလို့ နှလုံးသွင်းပြီး သင်ထောက်ကူတွေ ပုံစံပြောင်းသင်ရတာ အတွေ့အကြုံသစ်တွေအများကြီးရခဲ့တယ်။ ဟိုကဒေသခံဦးဇင်းတွေက လိုတာရှိရင်ပြော၊ အားမနာနဲ့လို့မိန့်ပါသည်။ မရှိတာကို ရအောင်သင်ဖူးချင်တဲ့စိတ်တွေကြောင့် ဘာမှမလိုပါဘူးလို့ ပြန်လျှောက်ခဲ့တယ်။ သင်တန်းရက်ကြလေလေ ပျော်လာလေလေဖြစ်လာတယ်။ လူငယ်တွေလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေပိုပိုရှိလာတာကိုလည်း တွေ့ရတယ်။
သင်ရင်းနဲ့ဝမ်းသာလွန်းလို့ရေးမိရေးရာ ရေးခဲ့မိတဲ့ စာလေးရှိသေးတယ်။

ပျားစည်က အတွေ့အကြုံ
Flipchart မရှိ
Colour paper မပါ
Softpin မရ
သင်တန်းခန်းမအတွက် အခက်တွေ့
အစကစဉ်းစားမရ သင်နေကျပုံစံမဟုတ်လို့ သင်ယူမှုပုံစံတွေအားလုံး ပြောင်းပြန်လှန်ခဲ့ရသည်။
A4 စာရွက်တစ်ထုပ်နဲ့ ဇာတ်ခင်းထားလိုက်သည်။

ရွာဦးကျောင်းရှိနေရာများ
ရပ်ရွာဝန်းကျင်ရှိနေရာများ
ရပ်ရွာ၏ဘုရားကုန်းများ
တောကျောင်း
သုဿာန်
ဒါတွေအားလုံးသင်တန်းခန်းမအဖြစ် ခွင့်ပြုထားသည်။
ခန်းမပြင်ပသင်ယူမှုများ ဖန်တီးခွင့်ရခဲ့သည်။

ကိုယ့်အတွက်အတွေ့အကြုံသစ်ကို ပျားစည်ကပေးခဲ့လေသည်။
ဒါတွေအားလုံးအတွက် ကျေးဇူးတင်လို့မဆုံးတော့ပြီ။
မျှော်လင့်ချက်ပျိုးပင်များကိုလည်း ရေလောင်းပေးပါမည်။
မျှော်လင့်ချက်သစ်ပင်များ ရှင်သန်စေရမည်။
အရာရာအားလုံးအတွက်ကျေးဇူးပါ ပျားစည်ရေ။
Nandiya Bhikkhu 24.4.2017

ဧပရယ်လကအမှတ်တရက ရွာငံနဲ့ပျားစည်က ဦးဓမ္မောဒယနဲ့ဦးဉေယျဓမ္မတို့ရဲ့ ကလေးလို့ပြောရမယ့်လူငယ်တွေနဲ့ ဖြတ်သန်းခဲ့သည့်အမှတ်တရတွေဘဲဖြစ်ပါတယ်။

May
ကိုကျော်ထွန်းလင်းရဲ့ပင့်ဖိတ်မှုကနေ တစ်ခါမှမရောက်ဖူးတဲ့ ကချင်ပြည်နယ်ကိုရောက်ခဲ့ရတယ်။ 9th AAA အတွက် မြန်မာနိုင်ငံရဲ့အကြီးဆုံးအင်းတော်ကြီးဆီရောက်ခဲ့ရတယ်။ AAA ကို ၆၊၇၊၈၊၉ ကြိမ်မြောက်အထိ ၄ ကြိမ်ဆက်တိုက် လေ့လာခွင့်ရခဲ့တယ်။ တွေ့ဆုံပွဲကဆွေးနွေးဝိုင်းတွေရော၊ အင်းတော်ကြီးဘေးက သက်ရှိဇီဝမျိုးကွဲတွေကို လေ့လာခဲ့တာတွေရော အမှတ်ရစရာတွေအများကြီးပါဘဲ။
အဲတုန်းကရေးမိခဲ့တာလေးကတော့

9th AAA က ဆန်းတယ်
ဆွေးနွေးဝိုင်းကများတော့ လန်းတယ်
အင်းတော်ကြီးရဲ့ဘေးမှာမို့ ချမ်းတယ်
နေရာကသိပ်ဝေးနေတော့ ပန်းတယ်
ခရီးပန်းတော့ တစ်ချို့က နွမ်းတယ်
ဒါတွေကိုဘဲ သူတို့ လွမ်းကြတယ်။
ဘာဘဲဖြစ်ဖြစ်
အေသုံးလုံးအတွက်ကိုတော့ အားလုံးကလန်းတယ်
BYတွေက ဒါတွေကိုဘဲ ငမ်းကြတယ်
ဒီလိုမြင်ရတော့လည်း ကျေနပ်တယ်။

အေသုံးလုံးပြီးတော့ ကချင်ရောက်မှတော့ မေခနဲ့မလိခကိုလည်းကြည့်ဖြစ်အောင်သွားကြည့်မယ်ဆိုပြီး ဖယ်ခုံအဖွဲ့နဲ့မင်းလှအဖွဲ့တို့နဲ့အတူမြစ်ကြီးနားမှာတည်းပြီး မြစ်ဆုံကိုပါရောက်ခဲ့ရတယ်။ ဟိုကိုရောက်ပြီးမှဘဲ မြစ်ဆုံကိုပိုပြီးသံယောဇဉ်တွယ်မိသွားတယ်။ အရင်တုန်းကလို တစ်ဆင့်စကားကြားဖူးရုံလေးနဲ့ မဟုတ်တော့ပါ။ ဒီအတိုင်းဘဲ ဆက်လက်စီးဆင်းပါစေ လို့ ဆုတောင်းလိုက်သေးတယ်။

နောက်တစ်ခုက ၂၂-ရက်ကနေ ၂၆-ရက်နေ့အထိ ငါးရက်သင်တန်း၊ ရွှေဘိုက မဟာအောင်မြေဟိတဓရကျောင်းမှာပေါ့။ အရွယ်စုံ၊ နောက်ခံမတူသည့်သင်တန်းသားတွေကြားပေးခဲ့သည့် သင်တန်း။ တကယ်ရခဲတဲ့အတွေ့အကြုံ၊ ဦးဝိသေဋ္ဌနဲ့ကိုဥက္ကာကို တကယ်ကျေးဇူတင်တယ်။ ရွှေဘိုမြို့ပေါ်ကဘုရားစေတီများရော၊ ရွှေဘိုနန်းတော်ထဲကရောရောက်ခဲ့ရတယ်။ ဟန်လင်းမှာရှိသည့် ပျူမြို့ဟောင်းကိုလည်း သွားလေ့လာခဲ့ရတယ်။ ရွာငံသင်တန်းတုန်းကလိုဘဲ ရင်တွင်းဖြစ်စကားများနဲ့ လမ်းခွဲခဲ့ရတယ်။
မေလရဲ့ခရီးတစ်ထောင့်မှာတော့ ကချင်ပြည်နယ်နဲ့ ရွှေဘိုမှာပေါ့။ ခရီးကဖြတ်သွားဖြတ်လာရုံသက်သက်မဟုတ်ခဲ့ပါဘူး။ အမှတ်တရတွေကျန်ခဲ့တယ်။ ခေတ်မီနေသည့်ခေတ်ကြီးမို့ အခုထိအဆက်အသွယ်ကို မပြတ်သေးဘူး။

June
၂၀၁၇ မှာခရီးအသွားဆုံးဖြစ်သောလလို့ပြောရင် ဇွန်လဘဲဖြစ်မယ်ထင်တယ်။ မန္တလေးကနေ ရန်ကုန်၊ ရန်ကုန်ကနေ မှော်ဘီ၊ မှော်ဘီကနေ နေပြည်တော်၊ နေပြည်တော်ကနေ အောင်လံ၊ အောင်လံကနေ ပြည်၊ အောင်လံကနေ မန္တလေး၊ မန္တလေးကနေ ရွာငံ၊ ရွာငံကနေ ပင်လောင်း၊ ပင်လောင်းကနေ ဖယ်ခုံ၊ ဖယ်ခုံကနေ ရန်ကုန်၊ ရန်ကုန်ကနေ မော်လမြိုင်ဖားအောက်ကိုခဏသွားလိုက်သေးတယ်။
မန္တလေးမှာကတော့ တွေ့နေကျလူတွေနဲ့ဘဲတွေ့ပြီးစကားပြောကြတာပေါ့။ ဒါပေမယ့် ဇွန်လမှာတော့ တွံတေးဆရာတော်ဦးကောဝိဒ၊ မိုးကုတ်ဆရာတော် ဦးသုနန္ဒတို့နဲ့ စကားတွေအများကြီးပြောခဲ့ရတယ်။ ရန်ကုန်ကိုလည်းအတူတူသွားခဲ့တယ်။ ဟန်တွေမာန်တွေမရှိတော့ လွတ်လွတ်လပ်လပ်ရှိတာပေါ့။ ဆရာတော်တို့ရဲ့ပွင့်လင်းရိုးသားမှုနဲ့ လွတ်လပ်ပေါ့ပါးမှုစတဲ့စိတ်ချမ်းသာစရာအကွက်တွေကို လေးစားကြည်ညိုခဲ့ရတယ်။
မှော်ဘီရဲ့သံဃာတွေ့ဆုံပွဲမှာ ဘယ်တုန်းကမှမလုပ်ဖူးသေးသည့် Penalist လုပ်လိုက်ရတယ်။ လူငယ်ဖွံ့ဖြိုးရေးကနေ ပြောလိုက်ရတယ်။ ပထမဆုံးအတွေ့အကြုံပါဘဲ။ အမှတ်တရလို့ပြောရရင်တော့ ကိုယ်ပြောတဲ့စကားကိုကိုယ်ပြန်နားမထောင်ရဲတာကိုဘဲ ပြောရမလား။ အခြားလူတော့မပြောတတ်ဘူး၊ ကိုယ့်စကားကိုယ်ပြန်နားထောင်တော့ ကိုယ်ကိုယ်တိုင် ဟာသဖြစ်နေလို့ ရှက်လွန်းလို့ ဆုံးအောင်ပြန်နားမထောင်နိုင်ဘူး။ သို့သော်အနယ်နယ်အရပ်ရပ်ကသံဃာပေါင်းစုံဖူးမြင်ရတော့ ဝမ်းသာကြည်နူးမိတယ်။
ဦးဓမ္မာနန္ဒနဲ့ ဒေါ်အေးအေးစုတို့ရဲ့ ကျေးဇူးတွေကြောင့် အောင်လံကို တစ်ခါပြန်ရောက်သွားပြီး ကျော်စွာဆရာမတွေနဲ့ သရေခေတ္တရာပျူမြို့ဟောင်းကိုလည်း လေ့လာခဲ့ရတယ်။ တီတွဒ်ကဆရာမတွေနဲ့လည်း ပြည်ကဘုရားတွေကိုဖူးခဲ့ရသေးတယ်။ ဆင်စခန်းကိုလည်း ရောက်ခဲ့သေးတယ်။ တီတွဒ်ဆရာတော်ရဲ့အရိပ်အောက်မှာ ပြန်လည်တည်းခိုခဲ့ရတာပေါ့။ မတ်ခ်ျလမှာတုန်းက သင်တန်းခန်းမထဲကဘဲ တွေ့ခဲ့ရတယ်။ ဇွန်လရောက်မှ ခရီးတိုတစ်ခုစီစဉ်ပြီးသွားခဲ့ကြတယ်။ စကားတွေလည်း အများကြီးပြောခဲ့ကြတယ်။ သူတို့နဲ့ပြောခဲ့စကားတွေက မှတ်တမ်းထဲမှာအများကြီးပဲ။
ရွာငံမှာလည်းအဲလိုပါဘဲ၊ ဧပရယ်တုန်းကသင်တန်းခန်းမထဲမှာဘဲတွေ့ခဲပြီး ဘယ်မှမသွားရသေးတာနဲ့ စုမြတ်မွန်နဲ့စုပုံချစ်တို့ လမ်းပြပေးလို့ လင်းဝေးဂူရောက်ခဲ့တယ်။ ၂၀၁၅၊ ပါယ်ကင်းက အမြင်ဖွင့်သင်တန်းဆင်းတွေလည်း လင်းဝေးရွာမှာရှိတော့ သင်တန်းဆင်း အေးအေးခိုင်တို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုကနေ လင်းဝေးဂူခရီးက ချောချောမွေ့မွေ့ အဆင်ပြေခဲ့တယ်။ နောက်တစ်နေ့မှာ ကိုဇင်လင်းထက်နဲ့ ဗြဟ္မဂူကဦးဇင်းနှစ်ပါးတို့ရဲ့ကျေးဇူးတွေကြောင့် အလည်ချောင်ရေတံခွန်နဲ့ မိန်းမရဲသခင်မတောင်ရောက်ခဲ့တယ်။ လမ်းကြုံတာနဲ့မြေရှားရွာကိုလည်းလမ်းကြုံဝင်လိုက်တာပေါ့။ အေးအေးမူတို့အိမ်ရောက်ခဲ့ပြီး သူတို့မိသားစုတွေနဲ့စကားတွေအကြာကြီးထိုင်ပြောကြတာပေါ့။ အလုပ်ကျိုးစားနေတဲ့ အေးအေးသက် နဲ့ ကျောင်းဆရာမျိုးသိန်းတို့နဲ့တော့ မတွေ့ခဲ့ရဘူး။

လမ်းသင့်တာနဲ့ လှိုင်မင်းထွန်းလိုက်ပို့လို့ ပင်လောင်းကသစ်ပင်ကြီးရွာမှာ ဦးစန္ဒသိရီဆီဝင်လည်ခဲ့တယ်။ တိုက်ဆိုက်မှုတစ်ခုက မီးလုံးပွဲအချိန်နဲ့တိုက်တော့ မီးလုံးပွဲကိုပါကြည့်လိုက်ရသေးတယ်။ ရန်ကုန်၊ မန္တလေးမှာဘဲ အနေများနေတော့ မီးလုံးပွဲမတွေ့ခဲ့တဲ့နှစ်တွေကလည်း မနည်းတော့ဘဲကိုး။ အသစ်အဆန်းမဟုတ်ပေမယ့် အထူးအဆန်းတော့ နည်းနည်းပါးပါးဖြစ်သွားသလိုလို။ ၂၉၊ ၃၀ ရက်နေ့မှာတော့ မော်လမြိုင်ဖားအောက်က ဦးကောဏ္ဍညဆီသွားပြီး ကိစ္စ၊ ဝိစ္စအနည်းအကျဉ်း ဆွေးနွေးပြောဆိုခဲ့သေးတယ်။

နေ့ကိုအံတုပြီး မိုးကကြွားဝါနေသည်။
ညကိုအံတုပြီး လျှပ်စစ်မီးလည်း ပျက်သည်။
ဖုန်းကိုအံတုပြီး ကွန်ပျူတာက ဟန်းသည်။
ဒီကြားထဲ
ဆိုင်ကယ်ကိုအံတုပြီး ကားဘီးလည်း ပေါက်သေးသည်။
ခရီးကိုအံတုလို့ ငါဘဲ ခြေလျင်လျှောက်ရမည်။
Nandiya Bhikkhu 25.6.2017

ဇွန်လမှာက ခရီတိုတွေသိပ်များလွန်းသောလတစ်လ။ သို့ပေမယ့် ရောက်တဲ့အရပ်တွေအားလုံးက ဒေသခံတွေရဲ့ မေတ္တာတွေကြောင့် အစစအရာရာ အဆင်ပြေခဲ့တယ်။

July
မဟာဝံသကျောင်းမှာနေပြီး မတ်ခ်ျလတုန်းကတစ်ခန်းရေးပြီးရပ်ထားလိုက်တဲ့ လူမှုလောကနဲ့ရဟန်းဘဝတို့ရဲ့အခြေအနေ ဆိုသည့်စောင်းပါးလေးတွေ တစ်ခန်းပြီးတစ်ခန်းဆက်ရေးခဲ့တယ်။ မဟာဝံသကျောင်းရောက်ရင် စာတွေတော်တော်ရေးဖြစ်တယ်။ ကောင်းတာ၊ မကောင်းတာတော့ရှိမှာပေါ့။ ရေးတာတော့ရေးဖြစ်တယ်။ ဆရာသမားတွေရဲ့ကျေးဇူးကြောင့် နေရာကလည်းကောင်းတာကိုး။
 မြောင်းတကာရွာမှာ ဝါဆိုပြီး SELT သင်တန်းတက်ခဲ့တယ်။ တစ်ပါးနေအဆောင်နဲ့နေကြရပြီး မလေးရှားပိတောက်ပင်တွေဝိုင်းရံနေတဲ့ အဆောင်တွေကြားမှာနေခဲ့ရတယ်။ သစ်ပင်တွေပေါများသည့်နေရာနေမှာနေရသည်မို့ အေးအေးချမ်းချမ်လည်းရှိတာပေါ့။ စာကြည့်ခုံတွေ၊ အနားယူစရာနေရာတွေ၊ လျှောက်လမ်းဘေးတွေမှာလည်း ပန်းပင်တွေအမျိုးမျိုးစိုက်ထားကြတယ်။ စာသင်ခန်းမဘေးကဆိုရင် အာစီယံသပြေစိုက်ခင်းကြီးရှိတယ်။ လျှောက်လမ်းဘေးတွေမှာဆိုရင် စွယ်တော်ပွင့်တို့ နှင်းဆီတို့နဲ့ နာမည်မသိတဲ့ပန်းပွင့်သေးသေးလေးတွေက အပင်လိုက်၊ အရုံလိုက် အလုအယပ်ပွင့်နေတာတယ်။ အရောင်တွေလည်းစုံတယ်။ အနီရောင်အနီရောင်၊ အဖြူရောင်ဆိုအဖြူရောင်၊ အဝါရောင်ဆိုအဝါရောင် တစ်ပင်လုံး နီရဲနေတာ၊ ဖြူဆွတ်နေတာ၊ ဝါထိန်နေတာတွေမြင်ရတယ်။ မိုးတွင်းမို့လားမသိဘူး ပန်းတွေကလည်းပွင့်လိုက်ကြတာ၊ လမ်းတွေက ပန်းခင်းလမ်းမဟုတ်ရုံတစ်မယ်ဘဲ ပန်းမျိုးစုံဝိုင်းရံထားသည့်လမ်းတွေဖြစ်နေတော့တာပဲ။
စာသင်နားချိန်မှာ အပျင်းပြေရေးခဲ့မိတာလေးက
သူပါဘဲ
သူပါဘဲ အရွယ်ငယ်ငယ် သူ့ဟန်စွယ်နဲ့ တင့်တယ်နေတာ ပင်ထက်မှာပေါ့
သူပါဘဲ ပွင့်ချပ်ငယ်ငယ် သူ့အရွယ်နဲ့ ပင်ငယ်ထက်မှာ လှနေတာပေါ့
သူပါဘဲ အပင်ငယ်ငယ် လှသွေးကြွယ်၍ ခွန်အားကြွယ်ဝ ကြည့်မဝခဲ့
အပင်လည်းငယ် လှသွေးလည်းကြွယ် ပွင့်ချပ်ငယ်ဖြင့် တင့်တယ်နေတာ ငါတို့သင်တန်း ခန်းမဘေးက (ပန်းပွင့်ငယ်လေး) သူပါဘဲ သူပါဘဲ
11.7.2017

၁၅-ရက်မှာ ရွာထဲလေ့လာရေးဆင်း၊ ၂၃-ရက်နေ့မှာ အလင်းအိမ်ခြံကိုလေ့လာရေးသွား၊ ၃၀-ရက်နေ့မှာတော့ ရန်ကုန်အမျိုးသားပြတိုက်မှာ လေ့လာ။ 
ရွာထဲလေ့လာတော့ ရပ်ရွာရဲ့အခြေအနေ၊ သမိုင်းကြောင်း၊ စီးပွားရေး၊ လူမှုရေးစသည်များကို အင်္ဂလိပ်လိုလေ့ကျင့်ပြီး ပြန်လည်တင်ပြကြတာပေါ့။ အလင်းအိမ်ခြံမှာက ဆရာနော်အောင်နဲ့အကြာကြီးစကားပြောဖြစ်တယ်။ ဘာလို့ အဲလိုနေရာတွေမှာနေတယ်။ သူတို့ရဲ့ရည်ရွယ်ချက်တွေ၊ တန်ဖိုးထားမှုတွေ၊ ခံယူချက်တွေ သိခွင့်ရခဲ့တယ်။ ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းချင်သည့် သူတို့ရဲ့စိတ်တွေကိုလည်း လေးစားခဲ့ရပါတယ်။ ဆရာသက်နိုင်ဆီလည်းရောက်တယ်။ လောင်စာဆီကအစ၊ အဝီစိတွင်းထဲကရေထုတ်တာကအဆုံး ဘာစက်မှမသုံးဘဲ၊ ဘယ်ရေနံဆီ၊ ဘယ်ဒီဇယ်မှမသုံးဘဲ သဘာဝအတိုင်းရေသန့်တွေလုပ်တာ မြင်ခဲ့ရတယ်။ ဧည့်လမ်းညွန် ဆရာအောင်မျိုးဝင်းရဲ့လမ်းပြမှုနဲ့ ရန်ကုန်အမျိုးသားပြတိုက်ထဲမှာ သိချင်တာတွေ၊ သိစရာတွေကို သိခဲ့ရတယ်။ မြန်မာနိုင်ငံက ခေတ်အဆက်ဆက်ကစာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ သမိုင်းအကြောင်းအရာ၊ တိုင်းရင်းသားအကြောင်းအမျိုးမျိုး၊ ခေတ်အဆက်ဆက်ကအသုံးအဆောင် စသည်များစွာသိခဲ့ရတယ်။ ဆရာအောင်မျိုးဝင်းက စိတ်ရှည်လက်ရှည်ရှင်းပြခဲ့တယ်။
ဒေသမတူတဲ့သံဃာတော်တွေနဲ့အတူနေခဲ့ရတယ်။ မတူညီမှုအပေါ်အများကြီးသင်ယူခွင့်ရခဲ့တယ်။ ညတိုင်းလိုလိုစကားတွေပြောဖြစ်တယ်။ ခေါင်းစဉ်မပါ၊ တွေ့ကရာပြောတဲ့စကားဝိုင်းများက သင်ယူစရာတွေ အများကြီးရခဲ့တယ်။
ဇူလိုင်လမှာတော့ ပုညကာရီမှာဘဲ ပျော်ရွှင်စွာသင်ယူလေ့လာခွင့်တွေအများကြီးရရှိခဲ့တယ်။

August
မြောင်းတကာဓမ္မစကူးလ်ဖွင့်ပွဲတက်ရောက်ခဲ့ရတယ်။ မြောင်းတကာကဆရာတော်များ ဓမ္မစကူးလ်အတွက် တက်တက်ကြွကြွလုပ်ဆောင်ကြတာကို တွေ့ရှိခဲ့ရပါသည်။ ဝါတွင်းမှာမြောင်းတကာရွာရှိ ဆရာတော် သံဃာတော်များလည်း ညီညွတ်စွာနေထိုင်ကြသည်ကို တွေ့ရှိခဲ့ရပါတယ်။ ဆရာမကေသီမင်းဒင်ရဲ့ပင့်လျှောက်ချက်အရ ၈-ရက်နေ့မှာ MCC ထဲလေ့လာခွင့်ရခဲ့တယ်။ သင်တန်းသားများနဲ့လည်း တွေ့ဆုံခဲ့ရသလို စာကြည့်တိုက်ကိုလည်း လေ့လာခွင့်ရရှိခဲ့ပါတယ်။ လူတွေနဲ့များများတွေ့တော့ လူတွေအကြောင်းကိုပိုသိလာရတာပေါ့။ မတူကွဲပြားမှုတွေကြားက လူမှုဘဝတို့ရဲ့ အခြေအနေတွေ သိခဲ့ရတယ်။
နိုင်ငံခြားသားတွေနဲ့လည်း အများဆုံးတွေ့ခဲ့ရသည့်လလည်းဖြစ်တယ်။ မိုးလည်းအရမ်းရွာတယ်။ နေလည်း သာတယ်။ ပြည်တွင်းကသင်တန်းနည်းပြအမျိုးမျိုးရဲ့သင်ကြားမှုအောက်မှာ တက်ရောက်ခွင့်ရခဲ့သလို နိုင်ငံခြားကလာသည့် သင်တန်းနည်းပြများရဲ့သင်ကြားမှုများကိုလည်း လေ့လာခွင့်အများကြီးရခဲ့တယ်။ သင်ကြားမှုစတိုင်အမျိုးမျိုး၊ အကြောင်းအရာအမျိုးမျိုးတွေ မသင်ခဲ့ဖူးတာတွေ သင်ခဲ့ရတယ်။
ဥပမာ- ပြည်တွင်းနည်းပြတွေထဲက ဆရာစိုင်းဆမ်ခမ်းဆိုရင် စာပေသမား။ ကဗျာကိုတော်တော်နှစ်သက်တဲ့သူ။ အနုအရွအလှအပတွေ တော်တော်ကျွမ်းကျင်တဲ့သူ။ သူကကဗျာတွေသင်တယ်။ မြန်မာကဗျာကို အင်္ဂလိပ်လိုပြန်တယ်။ အင်္ဂလိပ်ကဗျာကဘယ်လိုရှိတယ်။ ကဗျာတွေရဲ့နောက်ခံသမိုင်းကိုရှင်းပြတယ်၊ ကဗျာဆရာတွေရဲ့ဆိုလိုချက်ကဘယ်လိုရှိတယ် စသည်ပေါ့။ အခြားအခြားဆရာတွေလည်း မတူတဲ့ကိုယ်ပိုင်သင်ကြားမှု၊ နောက် Message လေးတွေပေးသွားကြတာ အရမ်းကိုစိတ်ဝင်စားဖို့ကောင်းတယ်။
ပြည်ပဆရာတွေထဲကဆိုရင် Julian ဆိုရင်ကမ္ဘာကြီးအကြောင်း၊ ဂြိုဟ်တွေအကြောင်းတွေသင်ပြီး James ဆိုရင်  နိုင်ငံရေးအကြောင်းတွေသင်တယ်။ သူကမြန်မာနိုင်ငံရဲ့နိုင်ငံရေးအကြောင်းကိုလေ့လာပြီး ဒေါက်တာဘွဲ့ယူမည့်သူလည်း ဖြစ်တယ်လေ။ သူတို့ကျင်လည်ကျက်စားနေတဲ့အကြောင်းအရာတွေသင်ပေးတော့ စိတ်ဝင်စားစရာပိုကောင်းတာပေါ့။ သူတို့နဲ့ပြောခဲ့ဆိုခဲ့၊ တွေ့ကြုံခဲ့ရစဉ်ကအမှတ်တရများကို မှတ်တမ်းထဲမှာတော့ အများကြီးပါဘဲ။ စာသင်ချိန်ထဲကမဟုတ်တဲ့ သီးသန့်နားချိန်၊ အထူးသဖြင့် နေ့လည်စာစားပြီးချိန်ဆိုရင် သူတို့တွေအနားယူလေ့မရှိကြတော့ စကားတွေအမျိုးမျိုးပြောဖြစ်ခဲ့တယ်။ သူတို့နိုင်ငံတွေအကြောင်း၊ သာရေးနာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး အမြင်များကိုလေ့လာခွင့်ရရှိခဲ့တယ်။
အောဂတ်စ်လကရေးခဲ့တဲ့စာတွေထဲကတစ်ချို့ကို ဖော်ပြရရင်

သက်ဆိုင်သူသို့
မီးမပျက်တဲ့ညတွေမှာ ကိုယ်ဟာ အိပ်ရေးပျက်တတ်သူတစ်ဦးပါ။
အတွေးနက်နေတဲ့နံနက်ခင်းတိုင်းမှာ နံနက်စာစားဖို့မေ့တတ်သူတစ်ဦးပါ။
ဆူညံနေတဲ့နေ့ရက်တွေတိုင်းမှာ ကိုယ်ဟာပတ်ဝန်းကျင်ကို မေ့တတ်သူတစ်ဦးပါ။
တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာ အတွေးများနဲ့နောက်ကျတတ်သူတစ်ဦးပါ။
ဆည်းဆာအရောင်သန်းနေတဲ့ညနေခင်းကိုမြင်လျှင် ဖုန်းဆက်ဖို့ချိန်းထားခဲ့ရင်တောင် မေ့တတ်သူတစ်ဦးပါ။
ကိုယ့်ရဲ့မှားယွင်းမှုတွေအားလုံးဟာ အကြောင်းပြချက်မလိုဘဲ ပြည့်စုံနေလျက်ပါ။
Nandiya Bhikkhu 8.8.2017


ရာသီစာ စားသုံးခြင်း
မိုးသည်းတဲ့အခါ မိုးစဲဖို့စောင့်နေခဲ့ရတာရှိသလို မိုးနည်းတဲ့အခါ မိုးဖွဲလေးတွေကို အားမရတာလည်း ရှိခဲ့ဖူးတယ်။ ဒါပေမယ့် မိုးကိုတော့ ကိုယ်အပြစ်မတင်ခဲ့ဖူးပါဘူး။
အအေးဓာတ်လွန်ကဲရင် မနေရဲလောက်အောင် ချမ်းခဲ့ဖူးသလို အအေးဓာတ်ပေါ့ခဲ့ရင် အဓိပ္ပါယ်မဲ့သည့်ဆောင်းလို့ ပြောခဲ့ဖူးတယ်။ ဒါပေမယ့် ဆောင်းကိုတော့ ကိုယ်အပြစ်မတင်ခဲ့ဖူးပါဘူး။
အရမ်းပူတဲ့နေ့တွေမှာ အရိပ်ထဲမှာဘဲအချိန်ကုန်ခဲ့ပြီး အပူပေါ့တဲ့နေ့တွေမှာ နေရိပ်မှာလမ်းလျှောက်ခဲ့တယ်။ ဒါပေမယ့် နွေကိုတော့ ကိုယ်အပြစ်မတင်ခဲ့ဖူးပါဘူး။
မိုးရာသီမှာ မိုးလုံတဲ့နေရာ
ဆောင်းရာသီမှာ လေလုံတဲ့အဆောင်
နွေရာသီမှာ အရိပ်ရသည့်သစ်တစ်ပင်လောက်တော့ လိုချင်တယ်။
မိုးမလုံတဲ့နေရာ လေမလုံတဲ့အဆောင် အရိပ်မရသည့်သစ်ပင်အောက်မှာဆိုရင်
ဒီရာသီသုံးပါးကို ကိုယ်မဖြတ်ကျော်ချင်တာတော့ အမှန်ဘဲ။
12.8.2017

ကဗျာ
ခံစားချက်ရဲ့ကိုယ်စား စကားလုံးများကို လိုက်ရှာရင်း တစ်ချို့ပန်းတွေ ညိုးနွမ်းသွားကြတယ်။
ခံစားချက်ရဲ့ကိုယ်စား စကားလုံးများကို ထုတ်ဖော်ရင်း တစ်ချို့ပန်းတွေ နင်းချေခံရတယ်။
ခံစားချက်ရဲ့ကိုယ်စား စကားလုံးများကို ကစားရင်း တစ်ချို့ပန်းတွေ စွန့်ပစ်ခံရတယ်။
ခံစားချက်ရဲ့ကိုယ်စား နှလုံးသားကို ခုတုံးလုပ်ပြီး စကားလုံးတွေနဲ့ သိပ်မကြွားမိစေနဲ့နော်။
21.8.2017

စာပြန်ဖတ်ပြီးလက်ပြန်ကြည့်ပြီး လက်ကအသမာတွေနဲ့ပါ မနုပါဘူးလို့ပြောမိသွားတယ်။ အောဂတ်လမှာ ဆွေးနွေးပြောဆိုရာကတစ်ဆင့် အမြင်သစ်၊ ရှုထောင့်ဆန်းဆန်းလေးတွေကိုလည်း သိခဲ့ရသလို စာလည်းကောင်းကောင်းဖတ်ခဲ့ရပါတယ်။

September
အရင်လလိုဘဲ လာသည့်လူတွေရော၊ အမာခံဆရာဘိုနဲ့ ဒေါ့ဖ်ဖင်စ် နဲ့ရော သီတင်းသုံးဖော်အချင်းချင်းရော ပြောကြဆိုကြဆွေးနွေးကြတာ ပြောစရာတွေက တစ်ရက်ပြီးတစ်ရက် မကုန်နိုင်၊ မခမ်းနိုင်ဖြစ်ခဲ့တယ်။ အကြောင်းအရာတွေလည်းမထပ်၊ စိတ်ဝင်စားစရာအသစ်တွေလည်း ပေါ်လာတယ်။ တစ်ခါတစ်လေ မအိပ်ဘဲ တစ်ညလုံးထိုင်ပြောချင်စိတ်ပေါက်သွားတဲ့အထိဘဲ။ စကားပြောလွန်းလို့ ခင်တဲ့တစ်ချို့ ဦးဇင်းတွေက နားလိုက်ပါဦးလို့ ခနဲ့တာကိုခံလိုက်ရသေးသည်။
ဆရာဘိုဆိုရင် မေးတာများလွန်းလို့ အားတောင်နာရတယ်။ အခြားဆရာတွေလည်း အဲလိုဘဲ။ ကစ်ကစ်က ပညာရေးပရောဂျက်ကိုင်နေတော့ ကိုယ်မသိတဲ့ပညာရေးအကြောင်းမေး၊ သဇင်အောင်ကလည်း အခြေခံလူထုဖွံ့ဖြိုးရေးအလုပ်လုပ်နေတော့ ကိုယ်မသိတဲ့ဖွံ့ဖြိုးရေးအကြောင်းကိုမေး စသည်စသည်။ လေ့လာစရာတွေက လေ့လာလေမကုန်လေဆိုတာကိုလည်း ပိုသိလာတယ်။ Channa Pak ကို ကမ္ဘောဒီးယားကအကြောင်း၊ Sarah ကိုအိန္ဒိယအကြောင်း နဲ့သူတို့ရဲ့ လူမှုဘဝအကြောင်းတွေကို ပြည်တွင်းပြည်ပက နည်းပြတွေဆီမှာ လေ့လာခွင့်တွေအများကြီးရခဲ့တယ်။

ပဲခူးမှာ ၂၂ ကနေ ၂၄အထိ လုပ်တဲ့ Sangha Peace Fellowship workshop ကိုလည်းတက်ခဲ့သေးတယ်။ စိတ်ဒဏ်ရာကုစားခြင်းသင်တန်းကဆင်းတဲ့သံဃာတွေပြန်တွေ့သည့်ပွဲလည်းဖြစ်တယ်။ မတွေ့့တာကြာပြီဖြစ်တဲ့ ပိဋကတ်တော်မြန်မာပြန်စာအုပ်နဲ့ပြန်တွေ့လိုက်ရတယ်။

စက်တင်ဘာလကရေးခဲ့တဲ့စာလေးတစ်ချို့က
ရောဂါ
ရင်ဘတ်နာကျင်တဲ့အထိ မောက်ပြီးအကြံထုတ်ခဲ့ပေမယ့်
ခြေမျက်စိပွန်းသည့်အထိ ထိုင်ပြီးအကြံထုတ်ခဲ့ပေမယ့်
ခြေထောက်ညောင်းလာသည့်အထိ လမ်းလျှောက်ပြီးအကြံထုတ်ခဲ့ပေမယ့်
အတွေးတိမ်သွာတဲ့နေ့ရက်များမှာဆိုရင် ကိုယ်ဟာဘာမှအရာမဝင်ပါဘူး။ ဟိုဟာဟုတ်နိုးနိုး ဒီဟာမှန်နိုးနိုးနဲ့ လက်လွတ်စပါယ်တွေးလေ့ရှိသူ။
(လက်လွတ်စပါယ်ပြောမိတဲ့စကားများဟာ- မင်းအတွက်အထိနာသွားရင် ခွင့်လွတ်ပါလို့ အဝေးရောက်နေချိန် တောင်းပန်ချင်ပါသည်လို့ နာမည်မသိသူကို လက်လွတ်စပါယ်တောင်းပန်တတ်သလိုမျိုး)။
သွေးဆူနေတဲ့နေ့ရက်တွေမှာတောင် လေပြေလေညှင်းတွေချော့တိတ်ရင်တော့ ပြန်လန်းဆန်းတတ်တဲ့သူမျိုးပေါ့။
13.9.2017


ဆု
ကောင်းကင်တစ်ပြင်လုံးမှာရှိတဲ့ ကြယ်တွေအကုန်ကြွေလို့ မင်းရဲ့ခြေရင်းမှာ စုပုံပြီးကျရောက်လာသည့်အခါ
မင်းရှုရှိုက်နေတဲ့လေတွေညစ်ညမ်းနေလို့ မနက်လင်းရောင်ခြဉ်တွေက တိုက်ခတ်ဖယ်ရှားပေးပြီး ကမ္ဘာပေါ်မှာရှိတဲ့ အောက်ဆီဂျင်တွေ မင်းရှိရာဆီ စုပုံပြီးရောက်လာသည့်အခါ
ကမ္ဘာပေါ်မှာဖြစ်နေတဲ့စစ်ပွဲ၊ လူသားတွေကြောက်နေကြတဲ့ နျူကလီးယားလက်နက်တွေကို မင်းခြေမကလေးနဲ့ လှုပ်ခါလိုက်ရုံနဲ့ အကုန်ပျောက်သွားတဲ့အခါ
အရာရာတိုင်းဟာမင်းကြောင့်ပြည့်စုံရတယ်လို့ လူတွေထင်မြင်ယူဆကြတဲ့အခါ
ညီလေး အစ်ကို ယုံပါတယ်၊ မင်းဟာမာန်တက်မည့်သူမဟုတ်ပါဘူး။ ကျရှုံးခဲ့ရင်လည်း မင်းကဖြုံမယ့်ကောင် မဟုတ်ပါဘူး။ ဒါကြောင့် မင်းကို ယောင်္ကျားပီသတယ်လို့ ပြောတာပေါ့။
15.9.2017


အိပ်မောသံ
တဆစ်ဆစ်ကိုက်နေတဲ့အရိုးထဲက မြည်ဟီးသံ
ရှုရှိုက်နေတဲ့ဝင်သက်ထွက်သက်တို့ရဲ့ ငိုကြွေးသံ
တဆက်ဆက်တုန်နေတဲ့ကိုယ်ခန္ဓာနဲ့ အဝတ်အစားတိုရဲ့ ပွတ်တိုက်နေသည့်အသံ
တစ်လောကလုံးကြားအောင် အသံအကျယ်ဆုံးအော်ဟစ်နေတဲ့ မျက်နှာပေါ်က ခြင်တစ်ကောင်ရဲ့ ရစ်ဝဲသံ
လှုပ်မရသည့်ခန္ဓာကိုယ်ပေါ်က ခေါင်မိုးကိုထိုးဖောက်ပြီး ကျရောက်လာသည့် အအေးဆုံးမိုးစက်များ
ဘာမှန်းမသိဘဲ ရောထွေးနေသည့် မမြင်ရသည့်အပြင်ဘက်ကအသံများ
အိပ်မက်ဆန်ဆန် ကောင်းကင်ပေါ်မှာ ပျံသန်းလာသည့် သားရဲရုပ်ပုံများ
နှစ်ခါပြန်မရသော အံ့သြဖွယ်ပုံရိပ်တွေကိုငေးကြည့်ရင်း တစ်ခုခုကိုလုပ်ဖို့ တွန့်ဆုတ်တွန့်ဆုတ်နဲ့ တွေဝေစွာ ပုံရိပ်ပေါ် ငါရစ်ဝဲနေသည်။
28.9.2017

စက်တင်ဘာမှာရေးတဲ့စာတွေက အော်ဂတ်စ်လနဲ့မတူတာတွေတွေ့ရတယ်။ သိပ်မနုတော့ဘဲ ခပ်စွာစွာဖြစ်နေသလားထင်ရတယ်။ အကောင်းကြီးမဟုတ်တာတော့ သိတယ်၊ ဒါပေမယ့် ပြန်ရေးပါလို့ဆိုရင် ပြန်ရေးတတ်မှာ မဟုတ်ဘူး။

October
အောက်တိုဘာမှာ သုံးလတာသင်တန်းပြီးတော့ ၂-ရက်နေ့မှာ နှုတ်ဆက်ပွဲလုပ်တယ်။ သင်တန်းနဲ့ပတ်သက်ပြီး ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ကြောင်း အင်္ဂလိပ်လို မတောက်တစ်ခေါက်ရေးခဲ့သေးတယ်။ အဲဒီစာထဲက ကျေးဇူးတင်ခံသရသည့်သူများကိုပြန်ကြည့်တော့  စီစဉ်ပေးသည့် ကလျာဏမိတ္တဖောင်ဒေးရှင်းနဲ့လက်ခံပေးကူညီပံ့ပိုးပေးသည့် မြောင်းတကာဆရာတော်နဲ့ ပုညကာရီဆရာတော်တို့လည်းအပါအဝင်ပေါ့၊ ပြည်တွင်းသင်တန်းနည်းပြတွေက ကလျာဏမိတ္တဒါရိုတ်တာ ဆရာဘိုဘိုလွင်၊ မေတ္တာဖောင်ဒေရှင်းဒါရိုက်တာ ဆရာစိုင်းဆမ်ခမ်း၊ ဒါနရှေ့ဆောင်မြန်မာရဲ့မရောဂျက်ဒါရိုက်တာ ဆရာမသဇင်အောင်၊ ယူနီစကိုကဒါရိုက်တာ ပုံ့ပုံ့ (အင်မီလီ)၊ ဧည့်လမ်းညွန် ဆရာအောင်မျိုးဝင်း၊ ဖောင်တော်ဦးက ဆရာမတင်မမထက်၊ ဆရာ ကိုထွန်းလင်းခိုင်၊ ဆရာမနမ့်အေးမြတ်မွန်၊ ဆရာမကစ်ကစ်(အိအိဖြိုးလွင်)၊ နန်းညိုခမ်း၊ ဆရာမကေသီမင်းဒင် နဲ့အမာခံဆရာဟန်ဇော်ထွန်းတို့ဖြစ်ပါတယ်။ ပြည်ပနည်းပြများကတော့ Ted,Joe and Emmy from USA, Walah from Tailand, Julian from Colambea, James from Austalia, Vereonica(နေခြဉ်) from France, Jana from England, Anna Lena from Germaney, Chanda Pak from Combodia and Sarah Maydee from Indea တို့ဖြစ်ပါတယ်။ လာကူညီပေးခဲ့သည့်စေတနာဝန်ထမ်းများကတော့ အိမ်သူခင်၊ ကိုဆန်းမြင့်အောင်၊ ကိုရဲ၊ ဟိန်းရာဇာ၊ ကိုဥက္ကာဖြိုး နဲ့သားသားစသည့် သူများဖြစ်ပါတယ်။

မန္တလေးမှာနေတုန်းကဆိုရင် အားရင်ဘုရားကြီးကိုအတူသွားတတ်သည့် မတွေ့တာလည်းကြာပြီဖြစ်တဲ့ ဦးဇာဂရနဲ့အတူ သူလည်းရန်ကုန်မှာဆိုတော့ သီိတင်းကျွတ်လဆန်း(၁၄)ရက်က ရွှေတိဂုံဘုရားကို အတူသွားဖူးခဲ့တယ်။ မန္တလေးမှာလိုမဟုတ်ပေမယ့် လမ်းလျှောက်ရင်းတွေ့တုန်းဆုံတုန်း ဘာသာရေး၊ သာသနာရေးအကြောင်း အားမလို့အားမရဖြစ်တာတွေလည်း ပြောလို့မဆုံးနိုင်သေး။ ရဲဘော်ရဲဘက်တွေမို့ တွေ့တုန်းဆုံတုန်း အားရပါးရပြောကြတာပေါ့။
၂၀ ရက်နေ့မှာက Kayah Resort ဟိုတယ်မှာ ကျားမအခြေပြုအကြမ်းဖက်မှုပပျောက်ရေးဆွေးနွေးပွဲ၊ ဗုဒ္ဓဘာသာဘက်က Penalist လုပ်လိုက်ရသေးတယ်။ အမှတ်တရလို့ပြောလို့ရသည့်အရာကတော့ ဖယ်ခုံမှာတကယ်လှုပ်ရှားနေသည့်လူငယ်တစ်ချို့ကို သိခဲ့ရတယ်၊ နောက်ပြီးတော့ နာမည်သာကြီးပြီး လူပျောက်နေတဲ့ ဖယ်ခုံသူ မေရီခိုင်ကို အဲဒီပွဲမှာဘဲ သိခဲ့ရတယ်။ Care အဖွဲ့အကြောင်းကိုလည်း သိခဲ့ရတယ်။
ဖယ်ခုံရဲ့ရေလယ်ကျွန်းဖြစ်လာသည့်လွယ်ပန်းစုံကိုလည်း ဦးကိတ္တိသာရရဲ့အကူအညီနဲ့ရောက်ဖြစ်ခဲ့တယ်။ လွယ်ပန်းစုံမှာနေ့ချင်းပြန်ဖို့သွားရာကနေ လေးရက်ကြာသွားတယ်။ ဆရာတော်ဦးသီလာစာရတို့နဲ့လည်း ခင်မင်ခွင့် ရင်းနှီးခွင့်ရခဲ့တယ်။ တိတ်ဆိတ်တဲ့နေရာကိုနှစ်သက်တဲ့သူမို့လားမသိဘူး၊ ဟိုတယ်ဇုန်လာတော့မယ် ဆိုတဲ့သတင်းလည်း ကြားဖြစ်အောင် ကြားလိုက်သေးတယ်။ ဟိုမှာတိတ်ဆိတ်တာနဲ့ စာတွေဘာတွေဖတ်၊ အပြန်မှာ ဦးသီလာစာရရဲ့အချိတ်အဆက်နဲ့ စာအုပ်ဆိုင်မှာစာအုပ်တွေဝင်ငှားလိုက်သေးတယ်။
၂၉၊၃၀ မှာတော့ ထွန်းလွင်တို့လုပ်တဲ့ ဖယ်ခုံလူငယ် အလုပ်ရုံဆွေးနွေးပွဲကို လေ့လာခဲ့ရတယ်။ ကလျာဏမိတ္တရုံးကနေ ဆရာဘို၊ ဆရာသိန်းစိုး၊ မမြင့်မြင့်ထွန်းတို့လည်း ရောက်လာတယ်။ ဖယ်ခုံအတွက် အိပ်မက်ကလေးဆက်မက်ချင်ကြတာကိုလည်း သိရပါတယ်။

November
မန္တလေးကိုနှစ်ရက်၊သုံးရက်လောက်သွားရာကနေ တစ်ပတ်ကြာသွားတယ်။ မန္တလေးကနေ ရန်ကုန်ကို လေးရက်၊ ငါးရက်လောက်သွားရာကနေ နှစ်ပတ်ကြာသွားတယ်။ ဘယ်သူမှမသိတဲ့ လျို့ဝှက်ချက် အမှတ်တရတစ်ခုက အဲဒီနှစ်ပတ်သုံးပတ်အတွင်းမှာ သင်္ကန်းတစ်စုံတည်းပါတာမို့ အဲဒီတစ်စုံတည်းနဲ့ဘဲ ပေါ့ပေါ့ပါးပါးနေခဲ့ရတယ်။ သီရိလင်္ကာသွားဖို့ ဘုန်းကြီးဦးအဂ္ဂဓမ္မကို အကြံဉာဏ်လေးတောင်းရာကနေ၊ ဘုန်းကြီးဦးအဂ္ဂဓမ္မနဲ့ဆက်စပ်တဲ့ ဦးသစ္စန၊ ဦးသစ္စနနဲ့ဆက်စပ်တဲ့ ဦးဇောတိကတို့နဲ့ရင်းနှီးခွင့်ရခဲ့တယ်။ အကြံကောင်း၊ ဉာဏ်ကောင်းတွေပေးခဲ့ကြတယ်။ ဖားအောက်မှာခင်ခဲ့ရတဲ့ဦးသုန္ဒရ ရှိရာ မစိုးရိမ်ကိုလည်း ရောက်ခဲ့တယ်။ မစိုးရိမ်ရဲ့စာသင်သားလေးတွေကိုမြင်တော့ စားသင်သားဘဝထဲကို တစ်ခါလောက်ပြန်ခုန်ဆင်းချင်သည့်စိတ်တွေတောင်ပေါက်သွားတာပဲ။
ဆရာမကေသီမင်းဒင်ရဲ့ကျေးဇူးတွေနဲ့ ၂၄ ရက်နေ့မှာ ပြုလုပ်တဲ့ ဘာသာပေါင်းစုံမိတ်သဟာယအစီအစဉ်ပွဲကို ကူညီခွင့်ရခဲ့တယ်။ ဆရာဆရာမတွေကိုတွေ့ဆုံဆွေးနွေးခွင့်ရသည့်အခွင့်အရေးကို ရရှိခဲ့ပါတယ်။ ပွဲစီစဉ်သူရဲ့ ရည်ရွယ်ချက်ကိုလည်း သိခွင့်ရခဲ့ပါတယ်။ အားလည်းပေးခဲ့ပါတယ်။ မေတ္တာမဏ္ဍိုင်ကျောင်းဆရာတော်ရဲ့လုပ်ဆောင်ချက်များကိုလည်း သိခွင့်ရခဲ့တယ်။
တစ်ဆက်တည်းမှာဘဲ ၂၅၊ ၂၆ ရက်နေ့၊ နေပြည်တော်မှာပြုလုပ်တဲ့ Green Youth Assembly 2017 ပွဲကိုလည်း တက်ရောက်လေ့လာခွင့်ရခဲ့တယ်။ စိမ်းလန်းမြေနဲ့ကလျာဏမိတ္တတို့ရဲ့ပူးပေါင်းလုပ်ဆောင်မှုတွေက အင်မတန်မှထိရောက်ပါတယ်။ ကလျာဏမိတ္တဖောင်ဒေးရှင်းရဲ့သင်တန်းဆင်းတွေဖြစ်တဲ့ အခြေခံလက်လုပ်လက်စား တောင်သူတွေကိုယ်တိုင် ပါဝင်နေတာကိုတွေ့ရတယ်။ ဟိုတယ်မှာကျင်းပနေတဲ့ပွဲတွေတော်တော်များများက တကယ့်အခြေခံလူတန်းစားတွေပါဝင်ဖို့က မြင်ရခဲပါတယ်။ တက်လာတဲ့ပညာရှင်တွေကို တောင်သူလူငယ်တွေကိုယ်တိုင်မေးမြန်းပြောဆိုခွင့်ရှိခဲ့တယ်။ အားရစရာလည်း ကောင်းလှပါတယ်။
အဲဒီနေပြည်တော်ပွဲကအပြန် လက်ကျန်နိုဝင်ဘာရက်တွေမှာ ရန်ကုန်မှာစာအုပ်တွေလိုက်အလှူခံခဲ့တယ်။ နေပြည်တော်ဆွေးနွေးပွဲမှာ တွေ့ခဲ့ရသည့် Lawla ရဲ့အချိတ်အဆက်နဲ့ Point ကစာအုပ်တွေအများကြီး ရရှိခဲ့တယ်။ အော်တိုဘာ၊ နိုဝင်ဘာလတွေမှာ ရွာကကလေးတွေကိုစာဖတ်ဖို့စာအုပ်မရှိလို့ ပန်းချီဘဲဆွဲခိုင်းနေရတော့ ရန်ကုန်ရောက်တုန်း ကလေးတွေ၊ လူငယ်တွေအတွက်သင့်တော်မည့့်စာအုပ်တွေကို ရှာခဲ့သည်။ ဟိန်းရာဇာရဲ့ အကူအညီတွေနဲ့ COM, KMF, Spectrum နဲ့ပေါင်းကူးရုံးအထိရောက်ခဲ့တယ်။
နိုဝင်ဘာလမှာတော့ ဖယ်ခုံကနေ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်တို့မှာ မြို့ကြီးသားလုပ်ခဲ့ရတယ်။


December
ပထမဆုံးတစ်ရက်မှာတော့ ငါးကျမ်းပြန်ကနေ ရန်ကုန်တက္ကသိုလ်မှာပြုလုပ်တဲ့ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲကိုသွားခဲ့တယ်၊ စုံစုံလင်လင် ပါဝင်တာတွေ့ရတယ်။ စာအုပ်အရောင်းဌာနကို အဓိကသွားကြည့်ဖြစ်တယ်။
နောက်ရက်တွေမှာတော့ မဟာဝံသမှာနေပြီး မတူညီတာတွေကို နားလည်ကြစို့ ၁၊၂၊၃၊၄ ရေးဖြစ်ခဲ့တယ်။
ဖယ်ခုံပြန်လာပြီး တိုးချဲ့ဆရာတော်၊ မြို့ကုန်းဆရာတော်၊ ဦးကျော်သန်းတို့နဲ့ သာသနာရေးဌာနကဆရာတွေနဲ့ တွေ့ဆုံမေးမြန်းဆွေးနွေးခွင့်ရခဲ့တယ်။ ဖယ်ခုံအကြောင်းတစ်စေ့တစ်စောင်း သိခွင့်ရခဲ့တယ်။ အကြောင်းအရာတစ်ခုခုလေ့လာရင် ကိန်းဂဏန်းအချက်အလက်နဲ့ ခုနှစ်သက္ကရာဇ်၊ ရက်စွဲအတိအကျ ရဖို့ခက်ခဲနေတာကိုနေ့ရပါတယ်။ မှတ်တမ်းမှတ်ရာတွေသိပ်ဂရုမစိုက်ကြတာကိုသိရတယ်။ ဥပမာ- နှစ်အလိုက် ဖယ်ခုံဝါဆိုသံဃာစာရင်းကိုရှာလျှင် နှစ်အလိုက်ကိုအချုပ်မှတ်တမ်းတင်ထားတာမျိုး၊ မှတ်ထားတာမျိုးမရှိဘဲ မူရင်းစာအုပ်ကို ပြန်ရှာရတယ်။ စာအုပ်မတွေ့ရင်တော့ မသိတော့ဘူး။ အင်တာနက်တွေသုံးတယ်။ ကွန်ပျူတာတွေကိုင်တယ်။ စာရင်းဇယားတွေလည်း ပြုစုတတ်တယ်။ ဒါပေမယ့် မှတ်တမ်းတင်တတ်တဲ့အလေ့အကျင့်တွေသိပ်မရှိကြတာတွေ့ရတယ်။ လိုအပ်လို့လိုက်ရှာရင် အစကနေပြန်ရှာနေရတယ်။
ဒီဇင်ဘာ (၁၀)ရက်ညမှာတော့ ထေရဝါဒကုန်းဆုံလူငယ်အဖွဲ့ရဲ့ အစိမ်းရောင်ပျိုးခြံ အဖွဲ့ဝင်များ ပျိုးခြံအတွက်အစီအစဉ်ရေးဆွဲကြတယ်။ ပထမအကြိမ်ကို လွန်ခဲ့သည့် နှစ်လပိုင်းကစလုပ်ကြတယ်။ အခုဒုတိယအကြိမ် အဖွဲ့ဝင် (၁၀)ဦးပါဝင်လာတယ်။ စိုက်ပျိုးရေးသင်တန်းဆင်းတွေ ဝိုင်းလုပ်ကတဲ့အစီအစဉ်တွေဖြစ်တယ်။ ဒီလိုပူးပေါင်းလုပ်တတ်တဲ့လူငယ်တွေများများပေါ်လာအောင် အားပေးသင့်တယ်လို့လည်းခံယူပါတယ်။
ဒီဇင်ဘာ(၁၃)ရက်၊ မွေးနေ့ရောက်တော့ ငယ်သူငယ်ချင်းဆိုလို့ သာသနာတော်မှာ တစ်ပါးသာကျန်တော့တဲ့ မွေတော်ဆရာတော် ဦးကေလာသကို ဆွမ်းကပ်ခဲ့ပါတယ်။ သူငယ်ချင်းတစ်ပါးရဲ့ရည်ရွယ်ချက်တွေ၊ လုပ်ဆောင်ချက်တွေကလည်း တစ်နှစ်ထက်တစ်နှစ်ပိုအားရလာတာကိုတွေ့ရတယ်။ လူမှုရေးသင်တန်းလည်း တက်ထားတော့ အရင်ထက်ပိုပြီးတက်ကြွလာတာကို တွေ့ရတော့ ဝမ်းသာခဲ့ရပါတယ်။ နောက်ပိုင်း မွေတော်ကျောင်း ကိုရင်တွေကိုလည်း သင်ကြားမှုပုံစံတွေပြောင်းလာလိမ့်မယ်လို့မျှော်လင့်ပါတယ်။  မတူတာတွေကိုနားလည်ကြစို့ ၅၊၆ ဆက်ရေးဖြစ်ခဲ့တယ်။
၂၀-ရက်နေ့မှာ ကုန်းဆုံ၊ စက်တော်၊ ပူချယ်က ဖွံ့ဖြိုးရေးသင်တန်းဆင်းလူငယ်တွေ့နဲ့တွေ့ဆုံခဲ့ပါတယ်။ ၂၀၁၅၊ ၅-လပိုင်းတုန်းကတစ်ခါလုပ်ခဲ့ဖူးတယ်။ အဲဒီနောက်ပိုင်းမှာတစ်ခါမှ မလုပ်ဖြစ်၊ အချင်းချင်းလည်းမတွေ့ဖြစ်။ သင်တန်းဆင်းချင်းတူပေမယ့်၊ နေရာချင်းမတူ၊ အလုပ်ချင်းမတူကြတော့ မတွေ့ဖြစ်ခဲ့ကြ။ အခုတော့ အစစအရာရာအဆင်ပြေစွာ တွေ့ဖြစ်ခဲ့တယ်။ ထေရဝါဒကုန်းဆုံလူငယ်အဖွဲ့ရဲ့ သုံးနှစ်ကျော်ကာလအတွင်းမှာ ဒုတိယအကြိမ် သုံးရွာပေါင်းတွေ့ဆုံခြင်းဘဲဖြစ်တယ်။ မိမိဒေသရဲ့အခြေအနေတွေကို ဖော်ထုတ်ပြီး မိတ်သယာဖွဲ့တဲ့ အစီအစဉ်ကို ပိုပြီးလုပ်ဖြစ်သွားခဲ့တယ်။ လူငယ်တွေအချင်းချင်းရဲ့ရင်းနှီးမှုတွေကို ပိုပြီးတည်ဆောက်နိုင်ခဲ့တယ်။
၂၁-ရက်ညမှာတော့ ရပ်ရွာအတွင်းမူးယစ်ဆေးဝါးကင်းစင်ရေး သက်ဆိုင်ရာရွာသူကြီးများနဲ့ရပ်မိရပ်ဖများ ၃၉-ဦး တက်ရောက်ဆွေးနွေးကြတယ်။ ၂၅-ရက်နေ့မှာတစ်ရွာလုံးအတည်ပြုကြတယ်။ ဝမ်းမြှောက်စရာသတင်းတွေကြားခဲ့ရလို့ ဝမ်းသာမှုက တစ်ဆင့်ပြီးတစ်ဆင့်။
ဒီလိုဒီလိုဝမ်သာရတဲ့ကာလတွေက သိပ်များနေတော့ ဖော်ပြဖို့ကသိပ်ခက်သွားလေရော။ ၂၀၁၇-ခုနှစ်ကာလရဲ့ ရှင်သန်မှုဟာအရမ်းကိုအဓိပ္ပါယ်ရှိလှပါတယ်လို့ ယုံကြည်တယ်။ ပတ်သက်၊ ယှက်နွယ်၊ ဆက်စပ်မှုရှိသောသူများအားလုံး ကိုယ့်ရဲ့ကျေးဇူးရှင်တွေလို့ခံယူပါတယ်။ အတွေ့အကြုံအသစ်၊ အသိပညာအသစ်တွေပေးခဲ့ကြတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါတယ်။
အားလုံးဘဲ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် လိုရာဆန္ဒပြည့်ဝကြပါစေ။

အရှင်နန္ဒိယ (ဖယ်ခုံ)
27.12.2017  10:45:00



၂၀၁၇ ထဲက အမှတ်တရများ 
တသသျဖစ္ရေလာက္ေအာင္ ေမ့မရႏိုင္သည့္အမွတ္တရေတြေရာ၊ အေၾကာင္းတိုက္ဆိုင္မႈရွိရင္ သတိရမည့္ အမွတ္တရေတြေရာ ၂၀၁၇ မွာ က်န္ရစ္ခဲ့ပါတယ္။ အဲဒီအမွတ္တရေတြကို ရင္မဖြင့္လို႔ မရေလာက္ေအာင္ ရင္ထဲမွာ ျပည့္ၾကပ္လို႔ေနတာၾကာေရာေပါ့။

ဒီလိုစကားပလႅင္ေလးခံၿပီးရင္ ေရးခ်င္တာေရးဖို႔ ကိုယ့္ကိုယ္ကိုဘဲ တိုက္တြန္းလိုက္ရတာေပါ့။ အရင္တုန္းကအမွတ္တရလို႔ေျပာရင္တမင္တကာလိုက္ရွာေနရလိုဘဲ၊ အခုေတာ့ ပတ္ဝန္းက်င္မွာ အမွတ္တရေတြျပည့္ႏွက္ေနပါလားလို႔စဥ္းစားမိတယ္။ ၂၀၁၇-မွတ္တမ္းေတြကိုျပည့္ၾကည့္တဲ့အခါ ေျပာလို႔မကုန္ႏိုင္ေအာင္ဘဲအမွတ္တရေတြကအမ်ားႀကီးရွိခဲ့တယ္။

သြားဖူးခဲ့သည့္ခရီး၊ ေရာက္ျဖစ္ခဲ့သည့္ေနရာ၊ တက္ခဲ့ရသည့္သင္တန္း၊ ပါဝင္ခဲ့ဖူးသည့္ေဆြးေႏြးပြဲ၊ ကူညီေပးလုိက္သည့္သင္တန္း၊ ေရးခဲ့မိသည့္စာ၊ ေတြ႔ဆုံခဲ့သည့္လူ၊ သင္ယူလိုက္ရသည့္အရာ၊ ရခဲ့သည့္သခၤန္းစာမ်ား တန္းဖိုးမျဖတ္ႏိုင္သည့္ အမွတ္တရေတြ အမ်ားႀကီးရွိခဲ့တယ္။

January
ရြာမွာရွိေနတဲ့အခ်ိန္။ ေထရဝါဒကုန္းဆုံလူငယ္ေတြထဲက ဒီႏွစ္အတြင္း အဓိကလႈပ္ရွားေနတဲ့ ခြန္ထြန္းေအာင္ နဲ႔ ခြန္ေအာင္ဗို ႏွစ္ေယာက္တို႔နဲ႔ ရပ္ရြာရဲ႕လက္ရွိအေျခအေနေတြကို ေဆြးေႏြးတိုင္ပင္ၾကတာ တစ္ညၿပီးတစ္ည ညေပါင္းကလည္း မနည္း။ မၿပီးႏိုင္မဆုံးႏိုင္ျဖစ္ခဲ့တယ္။ ထြက္လာသည့္အေၾကာင္းအရာေတြက စိတ္ဝင္စားစရာေတြ အရမ္းေကာင္းခဲ့တာကိုုး။ လူတန္းစားအလိုက္ခြဲၿပီး ေဆြးေႏြးေတာ့ အသက္ေျခာက္ဆယ္ေက်ာ္ဘိုးဘြားေတြ အထီးက်န္ေနၾကတာေတြေတြ႔တယ္။ သူတို႔အတြက္ ဘုိးဘြားမ်ားပူေဇာ္ပြဲလုပ္ဖို႔၊ ပူေဇာ္ပြဲတင္မကဘူး၊ ေဆြးေႏြးပြဲလည္းလုပ္ေပးဖို႔။ ေနာက္လူငယ္ေတြမသိလိုက္၊ မမွီလိုက္သည့္ေရွးကအေၾကာင္းေတြနဲ႔ ဘာသာေရး၊ လူမႈေရးတို႔အေၾကာင္းကို ေဆြးေႏြးၾကဖို႔။ အသက္ႀကီးသြားေပမယ့္ ရပ္ရြာမွာ အေရးပါေနေသးသည့္စိတ္ေတြ ျပန္လည္ရွင္သန္ေစဖို႔ လုပ္ႏိုင္ရင္သိပ္ေကာင္းမယ္လို႔ အေျဖထုတ္ခဲ့ၾကတယ္။

ေနာက္တစ္ခုက လူလတ္ပိုင္းေတြ ရြာကဆိုရင္ အိမ္ေထာက္က်ၿပီးသူေတြ။ မိသားစုရဲ႕စားဝတ္ေနေရးေတြကို ႐ုန္းကန္ေနရသူေတြလည္းျဖစ္တယ္၊ စိုက္ပ်ိဳးေရးသမားမ်ားလည္းျဖစ္တယ္။ စိုက္ပ်ိဳးေရးအသိပညာ၊ နည္းပညာအသစ္ေတြ ေပးသင့္တယ္။ လယ္ေျမေတြအသိမ္းခံလိုက္ရေပမယ့္ ဘာမွမလုပ္တတ္သည့္သူေတြလည္း မ်ားတယ္။ လယ္ယာေျမဥပေဒနဲ႔အတူ ေဒသခံတိုင္းရင္းသားအခြင့္အေရးနဲ႔ ေတာင္သူရဲ႕အခန္းက႑ကို သိသင့္သည့္သူေတြလည္းျဖစ္တယ္။ ဆိုေတာ့ သူတို႔ကို ပညာေပးရမယ္။ က်န္တစ္ဘက္မွာ လိုအပ္ရင္ ပံ့ပိုးမႈေတြလည္း ေပးသင့္တယ္။ ေရတြင္းတူးေပးတာတို႔၊ ဓာတ္တိုင္ေထာင္ေပးတာတို႔ေပါ့။

လူငယ္အပိုင္းေတြက်ေတာ့ ေဒသရဲ႕အေျခအေနအရ စိတ္ေလလြယ္သည့္အရြယ္၊ ပ်က္စီးလြယ္သည့္အရြယ္လို႔ျမင္မိေတာ့ ရြာမွာလူငယ္အတြက္ အားကစားကြင္းေကာင္းေကာင္းမရွိ၊ ေနာက္ႏိုင္ငံျခားထြက္အလုပ္လုပ္ခ်င္သူကမ်ား၊ ရြာမွာလည္း အလုပ္အကိုင္ေကာင္းေကာင္းမရွာတတ္။ ဒါေတြေတြ႔လာတယ္။ သင္တန္းလုပ္ေပးခ်င္ၾကတယ္။ စိုက္ပ်ိဳးေရးဘဲလုပ္သည့္ေတာင္သူရြာမို႔ စိုက္ပ်ိဳးေရးသင္တန္းေပးၿပီး အလုပ္ကိုရွာေဖြျပခ်င္တယ္လို႔ ဆုံးျဖတ္ၾကတယ္။

ကေလးေတြအတြက္ကိုေတာ့ ၿမိဳ႕နဲ႔နီးေပမယ့္ ေက်ာင္းမတက္ႏိုင္သည့္ကေလးေတြ အမ်ားႀကီးေတြ႔ေနရေတာ့ ေက်ာင္းမတက္ႏိုင္သည့္ကေလးေတြကို ေထာက္ပ့ံဖို႔နဲ႔ ေက်ာင္းတက္ေနေပမယ့္ စားဝတ္ေနေရးအခက္အခဲေတြရွိေနသည့္ကေလးေတြကို ေထာက္ပံ့ဖို႔ ရန္ပုံေငြေတာ့ ရွာရမည္လို႔ ေဆြးေႏြးၾကပါတယ္။
ေဆြးေႏြးၿပီးေတာ့ လုပ္စရာေတြကမ်ားလာတယ္၊ လုပ္ႏိုင္တာလည္းမရွိေသးဘူး။ ျဖစ္ခ်င္တာပဲရွိတယ္။ ျဖစ္ႏိုင္တာေတြသိပ္မေတြ႔ရ၊ ေနာက္ေတာ့ လုပ္ႏိုင္တာေလးေတြ တေျဖးေျဖးျပန္ရွာရတယ္။ ေဆြေႏြးၿပီးမၾကာဘူး၊ ေထာက္ပံ့သည့္အဖြဲ႔ရွိတယ္ဆိုတာနဲ႔ အဆိုျပဳလႊာစာေတြတင္လိုက္ၾကေသးတယ္လို႔ ေနာက္ေတာ့ၾကားရတယ္။ မရပါဘူးလို႔လည္း သိရတယ္။ ရတာ၊ မရတာက အဓိကမက်ပါဘူး။ ေဆြးေႏြးျဖစ္ၿပီး ရပ္ရြာရဲ႕တကယ့္လိုအပ္ခ်က္ေတြကို ညေပါင္းမ်ားစြာအေျဖထုတ္ခဲ့တာကိုဘဲ အမွတ္တရျဖစ္ေနတာပါ။ အဲဒီေဆြးေႏြးခ်က္ေတြက ရပ္ရြာအေျခအေန၊ အေနအထားေတြကိုေကာင္းေကာင္းသိခဲ့ရၿပီး ကိုယ္ဘာေတြလုပ္သင့္တာလဲ၊ ဘာေတြလုပ္ႏိုင္တာလဲ ဆိုတာကို ပိုၿပီးျမင္လာခဲ့ရပါတယ္။

အဲဒီအမွတ္တရရဲ႕ၿပိဳင္ၿပီး ဝမ္းသာစရာတစ္ခု ရြာထဲကိုက်ေရာက္လာပါေသးတယ္။ အဲဒါက စာမတတ္သူပေပ်ာက္ေရး၊ ရက္ေပါင္း(၄၀) စီမံကိန္းနဲ႔ အစိုးရကလုပ္တာပါ။ ရပ္ရြာထဲက စာမတတ္သည္ မိဘေတြ၊ ဘိုးဘြားေတြ စိတ္ပါလက္ပါစာသင္ေနၾကတာကို ျမင္ရလို႔ဝမ္းသာလို႔မဆုံး ျဖစ္ခဲ့ရတယ္။ ကိုယ့္အေမဆိုရင္ အေစာႀကီးေရာက္လာၿပီး တက္တက္ၾကြၾကြသင္ေနတာကိုျမင္ေတာ့ ဝမ္းသာလြန္းလို႔ ဘာလုပ္ရမွန္းမသိတာနဲ႔ အင္းေလးမုန္႔ၾကြပ္ေတြဝယ္ၿပီး စာသင္ေပးတဲ့ဆရာမမ်ားနဲ႔စာသင္ေနေသာမိဘဘုိးဘြားမ်ားစားဖို႔ဆိုၿပီး ဝယ္ေပးလိုက္လို႔ ဆရာမတစ္ေယာက္က ညစာမစားရတဲ့သူက ညစာစားရတဲ့သူကို ညစာေၾကြးေနတယ္လို႔ စတာကို ခံလိုက္ရေသးတယ္။
ဇန္နဝါရီလက အမွတ္တရေတြက ကိုယ္ကရုပ္ပစၥည္းတစ္ခုခုရလို႔၊ ပိုင္ဆိုင္လို႔ မဟုတ္ဘဲ သူတစ္ပါးအလုပ္လုပ္တာကို သေဘာက်ေလးစားလို႔ ဝမ္းသာစရာေတြျဖစ္၊ တစ္စိမ့္စိမ့္ေတြးၿပီး တစ္သိမ့္သိမ့္ၾကည္ႏူးရုံသက္သက္အမွတ္တရေတြပါဘဲ။

February
၂၀၁၆-(၁၃၇၇)-ခုႏွစ္မွာ က်မ္းၿပီးလို႔ ၂၀၁၇၊ ေဖေဖာ္ဝါရီ ၁၄၊ (၁၃၇၈၊ တပို႔တြဲလျပည့္ေက်ာ္ ၃- ရက္၊ အဂၤါေန႔) မွာ ဓမၼာစရိယဆုေပးပြဲရွိေတာ့ ဘြဲ႔ယူဖို႔သြားရင္း မိဘေတြ၊ ေဆြမ်ိဳးေတြနဲ႔ ဘုရားဖူးအတူသြားခဲ့ရေသးတာေပါ့။ မိဘေတြကိုဘုရားဖူးလိုက္ပို႔ဖူးတာဆိုလို႔ မႏၱေလးမွာေနတုန္းက ရွမ္းျပည္ကေနေရာက္လာလို႔ မယ္ေတာ္တစ္ႀကိမ္၊ ခမည္းေတာ္တစ္ႀကိမ္ လိုက္ပို႔ဖူးတာပဲရွိခဲ့ဖူးတယ္။ မိဘနဲ႔အတူ သီးသန္႔စီစဥ္ၿပီးသြားရတဲ့ခရီးဆိုလို႔ အဲဒီတစ္ႀကိမ္ေလာက္ဘဲရွိခဲ့ဖူးတယ္။ သူတို႔ေတြ ပင္ပင္ပန္းပန္းနဲ႔ အလုပ္ေတြလုပ္ေနရေတာ့ တစ္ခါတစ္ေလ ဒီလိုခရီးေလး ဘာေလးလည္းသြားသင့္တာေပါ့။ သူတို႔ေတြတကယ္ေပ်ာ္ေနၾကတာကို ေတြ႔ခဲ့ရပါတယ္။ ကိုယ္သာခရီးအႀကိမ္ႀကိမ္ထြက္ခဲ့ေပမယ့္ မိဘနဲ႔တြဲၿပီးထြက္ခဲ့ဖူးတာ မဟုတ္ဘူး။ ရန္ကုန္ကို ေရာက္ဖူးၿပီးသားလူေတြျဖစ္ေနလို႔ ရန္ကုန္ကိုအဓိကမသြားေတာ့ဘဲ တည္း႐ုံဘဲတည္းခဲ့ၾကတယ္။ ေရႊတိဂုံဘုရားဖူးၿပီးတာနဲ႔ ေအးေအးေဆးေဆးနားလိုက္ၾကတယ္။
 ေဖေဖာ္ဝါရီ ၁၂ ရက္ေန႔က အသြား၊ ၁၃ရက္ အျပန္ေပါ့။ ေမာ္လၿမိဳင္ဘက္ကိုသြားခဲ့ၾကတယ္။ က်ိဳကၡမီ၊ စက္ဆဲ၊ ေသမင္းတမန္၊ စစ္သခ်ၤ ိဳင္း (သံျဖဴဇရပ္)၊ သြားၿပီး အျပန္မွာ ဖားေအာက္ေတာရကို မိဘေတြေရာက္ဖူးေအာင္ သြားေလ့လာဖို႔ပို႔လိုက္ေသးတယ္။ အျပန္မွာ ေမာ္လၿမိဳင္ကိုလည္း ဝင္ခဲ့တာေပါ့။ အသြားေန႔တုန္းက ေဖေဖာ္ဝါရီ (၁၂)ေန႔မွာ တပို႔တြဲလျပည့္ေက်ာ္ (၁)ရက္ေန႔ျဖစ္လို႔ မြန္အမ်ိဳးသားေန႔ျဖစ္ေနသည့္အတြက္ အသြားလမ္းတစ္ေလွ်ာက္မွာ မြန္ေတြ အျဖဴ၊ အနီဝတ္စုံေတြဝတ္ဆင္ၾကၿပီး အျပင္ထြက္ၾကတာကို တစ္လမ္းလုံးျမင္ခဲ့ရတယ္။ ဆုယူၿပီးေနာက္တစ္ေန႔ ပုဂံသြားၿပီး ေဖေဖာ္ဝါရီ ၁၆- ရက္ေန႔မွာေတာ့ တစ္ေန႔လုံးပုဂံဘုရားမ်ားကို ဖူးခဲ့ရတယ္။ အျပန္မွာ မႏၱေလးကေန ျပန္ၾကလို႔ မႏၱေလးကဆြမ္းတကာမကိုလည္း မိဘေတြနဲ႔ မိတ္ဆက္ေပးခဲ့ေသးတယ္။ ဒီခရီးမွာ မိဘမ်ားကိုအသြားတုန္းက ရန္ကုန္မွာ ရဟန္းတကာအိမ္မွာတည္းခိုင္းတယ္။ အျပန္မွာ မႏၱေလးက ဆြမ္းတကာေတြနဲ႔ေတြ႔ေပးေတာ့ ဝမ္းသာေနသည့္မိဘမ်က္ႏွာကို အခုထိေတာင္ျမင္ေယာင္မိေသးတယ္။ ကိုယ့္ဒကာအခ်င္းခ်င္း ရင္းႏွီးသြားၾကတာ အမွတ္တရပါဘဲ။

ေဖေဖာ္ဝါရီ (၁၄)ရက္တုန္းက မဟာပါသာဏလႈိင္ဂူထဲမွာ ဆုေပးေတာ့ စာေအာင္သံဃာ ေထာင္ေက်ာ္ရွိတာမို႔ လႈိင္ဂူလည္းျပည့္ၾကပ္ေနသြားတယ္။ စာေအာင္သံဃာတစ္ပါးကို တကာႏွစ္ေယာက္စာဘဲဝင္လို႔ရတယ္။ ဒါေတာင္လႈိင္ဂူကမဆန္႔ခ်င္။ ဆရာေလးေဒၚယုသဂီ ၤရဲ႕ေက်းဇူးေတြေၾကာင့္ အျခားဝင္ခြင့္လက္မွတ္တစ္ခုကိုရတာရယ္၊ နိကာယ္အထူးေအာင္ဦးဇာေနယ်ာလကၤာရထံက ႏွစ္ခုရယ္ လက္မွတ္အပို သုံးခုနဲ႔ ဒကာငါးဦးဝင္ခြင့္ရတယ္။ ရြာကပါလာတဲ့သူကမ်ားတာနဲ႔ ရဟန္းဒကာက ကၽြန္ေတာ္တို႔ျမင္သလိုအျပင္ကလူေတြလည္းျမင္ခ်င္မွာဘဲဆိုၿပီး အျပင္ထြက္၊ အျပင္လူေတြကိုလက္မွတ္ေပး၊ ဝင္ၾကည့္ခိုင္း။ လက္မွတ္ရွိေပမယ့္ လူေတြျပည့္ၾကပ္ေနသည့္လႈိင္ဂူထဲ ဝင္လိုက္ထြက္လိုက္လုပ္ေနၾကတာ တကယ္ကိုမလြယ္တဲ့ကိစၥ။ အေပါက္ေသးေသးေလးထဲ ဝင္လိုက္ထြက္လိုက္အလုပ္႐ႈပ္ေနတဲ့ ပုရြက္ဆိတ္ကေလးေတြလားလို႔ ေအာက္ေမ့ရတယ္။ ကိုယ့္နံပါတ္က ၆၅၁၊ သံဃာက တစ္ေထာင္ေက်ာ္။ သက္ဆိုင္ရာဆရာေတာ္ႀကီးေတြ၊ လူႀကီးေတြ၊ ပရိသတ္ေတြ အားလုံးေပါင္းလိုက္ရင္ ငါးေထာင္ေက်ာ္သြားမယ္ထင္တာဘဲ။ စာေမးပြဲေအာင္လို႔ဘြဲ႕ယူတာဘာမွအထူးတလည္ေျပာစရာမရွိေပမယ့္ မထင္မွတ္သည့္႐ႈခင္းေတြ၊ ျမင္ကြင္းေတြေၾကာင့္အမွတ္ရစရာျဖစ္ေနေတာ့တာေပါ့။

ဆုေပးပြဲအၿပီး ၁၉ ရက္ေန႔ကေန ၂၈ ရက္ေန႔အထိ စိတ္ဒဏ္ရာကုစားျခင္းသင္တန္းကို ျပင္ဦးလြင္မွာ ၁၀ ရက္တက္ေရာက္ခဲ့ေသးတယ္။ ဘာသင္တန္းလဲေမးေတာ့ စိတ္ဒဏ္ရာကုစားျခင္းသင္တန္း လို႔ေျပာလိုက္ကာမွ ဦးဇင္းကမလြယ္ေတာ့ဘူးေနာ္ လို႔ တခ်ိဳ႕တကာမေတြ စၾကတာကိုလည္း ခံခဲ့ရတယ္။ သင္တန္းမွာတစ္ခ်ိဳ႕ဆရာသမားေဟာင္းေတြျပန္ေတြ႔ရသလို၊ ေဝးတာၾကာၿပီးျဖစ္တဲ့ သီးတင္းသုံးေဖာ္တစ္ခ်ိဳ႕နဲ႔လည္း ျပန္လည္ဆုံဆည္းခြင့္ရခဲ့တယ္။ အမ်ားႀကီး ေျပာၾကဆိုၾကေဆြးေႏြးျဖစ္ခဲ့ၾကတယ္။ အမွတ္ရစရာလို႔ေျပာလိုက္ရင္ အဲဒီသင္တန္းအၿပီးမွာဘဲ ကိုဥကၠာရဲ႕ေက်းဇူးေၾကာင့္ ေနာက္ပိုင္းမေတာက္တစ္ေခါက္ဦးေႏွာက္ေသးေသးေလးနဲ႔ စာေတြေတာ္ေတာ္ေရးျဖစ္ခဲ့ရတယ္။
ေဖေဖာ္ဝါရီလမွာက အသိအကၽြမ္းေဟာင္း၊ မိတ္ေဆြေဟာင္း၊ မိဘေဆြမ်ိဳးတကာတကာမမ်ား၊ ဆရာဆရာမမ်ားတို႔နဲ႔ျပန္လည္ေတြ႔ဆုံခဲ့ရေသာလလို႔ေတာင္ေျပာလို႔ရမယ္ထင္တယ္။ အသိအကၽြမ္းေဟာင္းေတြနဲ႔ ျပန္လည္ဆုံဆည္းရတဲ့ကာလက ဝမ္းေျမာက္စရာစကားမ်ား၊ အျဖစ္အပ်က္ေဟာင္းကပုံရိပ္မ်ား၊ လက္ေတြ႔ဘဝထဲကအေျခအေနမ်ားကို စိတ္ဝင္တစား ႏွလုံးသားတံခါး ဖြင့္ၿပီးနားေထာင္ခဲ့၊ ေျဖသိမ့္ခဲ့၊ အားေပးခဲ့ၾကတာေတြလည္း တကယ္အမွတ္တရေတြပါဘဲ။

March
ျပင္ဦးလြင္သင္တန္းအၿပီးတစ္ဆက္တည္း မတ္ခ်္လ ၃၊၄၊၅ သုံးရက္၊ ေဖာ္ေတာ္ဦးေက်ာင္းမွာလုပ္သည့္ ဘကညီလာခံအတြက္ ကူညီပံ့ပိုးမႈဆိုင္ရာသင္တန္းတက္ခဲ့ရတယ္။ ဦးဝိဇၨာနႏၵ၊ ဦးဓေမၼာဒယတို႔နဲ႔ေပါ့။ ဆရာမ နမ့္ေအးျမတ္မြန္တို႔ကပို႔ခ်တာ။ Facilitation သင္တန္းတက္ခဲ့ဖူးတယ္ဆိုေပမယ့္ ကိုယ္မသိေသးတာေတြလည္း အမ်ားႀကီးပါလာလို႔ အမ်ားႀကီးသင္ယူခဲ့ရပါတယ္။ ေဖာင္ေတာ္ဦးရဲ႕အဂၤလိပ္စာသင္ခန္းနဲ႔ စာၾကည့္တိုက္ေတြကိုလည္းေလ့လာခဲ့ရပါတယ္။ ေနာက္တစ္ေန႔မွာ မဲဖလန္ေက်ာင္းစာၾကည့္တိုက္ကိုလည္း သြားၾကည့္ခဲ့ရေသးတယ္။
မႏၱေရာက္တိုင္းအၿမဲရွိေနတဲ့အမွတ္တရတစ္ခုကေတာ့ ဘုန္းႀကီးဦးအဂၢဓမၼနဲ႔ဦးေကာမလတို႔ ေတြ႔ကရာ ေထြရာေလးပါး စကားဝိုင္းပါဘဲ။ သူတို႔ဖတ္တဲ့စာေတြ၊ အျမင္ေတြ၊ ႐ႈေထာင့္ေတြက တကယ္ကိုက်ယ္ျပန္႔ၿပီး နက္္နဲၾကတယ္။ စကားသိပ္မ်ားတတ္တဲ့ကိုယ္ေတာင္ သူတို႔နဲ႔ေတြ႔မွ နားေထာင္တတ္သူျဖစ္လာေတာ့တာပဲ။ ကိုယ့္ဆရာေတာ္ေတြမအားတဲ့အခ်ိန္ေတြဆိုရင္ ဝိဇၨာမင္းသြားၿပီး အားတဲ့သူေခၚစကားေျပာခဲ့သည္မွာ မႏၱေလးေရာက္ရင္ အလိုလိုလုပ္ျဖစ္ခဲ့သည့္အက်င့္တစ္ခု။ ေဆြးေႏြးဖလွယ္တဲ့အရသာကို တကယ့္ပြဲႀကီးေတြမွာထက္ လက္ဖက္ရည္ဆိုင္က ပိုရရိွခဲ့တယ္လို႔ေတာင္ ထင္ရတယ္။
တေပါင္းလျပည့္ေန႔ (မတ္ခ်္လ ၁၂ ရက္ေန႔)မွာ ပအိုဝ္းအမ်ိဳးသားေန႔ပြဲမွာ စာေအာင္သံဃာဆုေပးပြဲလည္း ပါတာမို႔ မႏၱေလး၊ တ႐ုတ္ဘုံေက်ာင္းမွာ ဆုသြားယူခဲ့ရတယ္။ ဆုယူတာကထူးလို႔ၾကြားစရာမရွိေပမယ့္ သူတို႔ရဲ႕အသိအမွတ္ျပဳမႈေတြကိုေတာ့ တကယ္ဝမ္းသာခဲ့ရတယ္။ မႏၱေလးက ပအိုဝ္းမ်ိဳးသားေန႔မွာထုတ္သည့္ ခမ္းရတနာ မဂၢဇင္းမွာလည္း ႏွင္းဆီပန္းပန္သည့္ေကာင္မေလး ဆိုသည့္ဝတၳဳလည္း ပါလာေတာ့ ထပ္ဆင့္ ဝမ္းသာစရာျဖစ္ပါေလေရာ။
ေနာက္တစ္ေန႔ေတာ့ရန္ကုန္သြားလိုက္တယ္။ မဟာဝံသေက်ာင္းကေနၿပီး တစ္ခါမွမေရာက္ဖူးသည့္ ငါးက်မ္းျပန္ေက်ာင္း ဦးသုႏၵရတို႔ဆီသြားခဲ့တယ္။ ေမတၱာနႏၵစာၾကည့္တိုက္ကိုလည္း ေလ့လာခဲ့ရတယ္။ စာအုပ္ေတြစုံစုံလင္လင္ရွိတယ္။ စာၾကည့္တိုက္မႈးေတြေကာရွိတယ္။ ေမတၱာနႏၵေကာလိပ္လည္းဖြင့္ထားေတာ့ ဒီလိုေကာလိပ္ေဘးမွာဒီလိုစာၾကည့္တိုက္ရွိတာ အရမ္းေကာင္းတယ္လို႔ ေကာက္ခ်က္ခ်မိေသးတယ္။ ေက်ာင္းကထြက္ၿပီးကတည္းက တစ္ခါမွျပန္မေရာက္ရေသးသည့္ ဝိသုဒၶါ႐ုံကိုလည္းျပန္ေရာက္ခဲ့တယ္။ ၆-ႏွစ္အၾကာမွျပန္ေရာက္တာေပါ့။ သီတင္းသုံးေဖာ္ေဟာင္းတစ္ခ်ိဳ႕နဲ႔ ဘုန္းႀကီးဦးဣႏၵက၊ ဘုန္းႀကီးဦးပညာဓိကတို႔ိဆီကိုေရာက္ခဲ့တယ္။ ဝမ္းသာစရာတစ္ခုက နိႆယမရွိေသးသည့္ အ႒ကထာ၊ ဋီကာတစ္ခ်ိဳ႕ကို ဘုန္းႀကီးဦးပညာဓိကက နိႆယက်မ္းျပဳစုေနတယ္လို႔ ၾကားသိခဲ့ရတယ္။ ေရာက္တုန္းေရာက္ခိုက္ေလး ေယာဆရာေတာ္ကိုလည္းသြားဖူးလိုက္တယ္။ ေျပာစရာစကားမရွိတာနဲ႔ တပည့္ေတာ္ကိုသီးသန္႔ၾသဝါဒေလး ေပးသနားေတာ္မူပါဘုရားလို႔ စကားႀကီးစကားက်ယ္လုပ္ၿပီး ေလွ်ာက္လိုက္ေတာ့ ဆရာေတာ္က ေပးစရာမလိုပါဘူး၊ ကိုယ့္ကိုယ့္ကိုလည္း ေကာင္းေကာင္းေနတဲ့သူေတြဘဲ လို႔မိန္႔ၿပီး၊ ဓမၼလက္ေဆာင္စာအုပ္ေလးႏွစ္အုပ္ေပးလိုက္တယ္။ တကယ္ေတာ့ ခပ္ဆိုးဆိုးထဲကပါလို႔ မေလွ်ာက္ရဲလို႔ ၿငိမ္ေနရတာ။
ရန္ကုန္ကေနၿပီး ယင္းမာၾကယ္ဆရာေတာ္ဦးဓမၼာနႏၵရဲ႕ေက်းဇူးေတြနဲ႔ ေအာင္လံကိုေရာက္သြားခဲ့ပါတယ္။ အဲဒီကေနပဲ ဦးဓမၼာနႏၵရဲ႕တပည့္ဆရာ၊ ဆရာမေတြကို တီတြဒ္ေက်ာင္းမွာ Play for peace program ဆိုၿပီး ေလးရက္ သင္တန္းေပးခဲ့ရေသးတယ္။  အဲဒီဆရာမေတြဆိုရင္ အခုအခ်ိန္ထိ အဆက္အသြယ္ေတြရွိေနတုန္းဘဲ။ ေအာင္လံဆိုသည့္ၿမိဳ႕ကေရာက္ဖို႔ဘယ္လိုမွ မေမွ်ာ္မွန္းထားမိရာကေန အမွတ္တမဲ့ေရာက္ခဲ့ရတယ္။ ၿမိဳ႕ေတြ၊ ရြာေတြ၊ လူေတြရဲ႕ အေျခအေနေတြကိုလည္းသိခဲ့ရတယ္။ လူေတြမ်ားကိုလည္း စကားေျပာခဲ့ရတယ္။ ေတာင္ေပၚနဲ႔ရန္ကုန္၊ မႏၱေလးမွာဘဲ က်င္လည္ခဲ့ရာကေန မေကြးတိုင္းဘက္ကအေတြ႔အႀကဳံေလးရရွိခဲ့တယ္။ အမွတ္ရစရာေတြမ်ားျဖစ္လာခဲ့တယ္။
ဇန္နဝါရီတုန္းက ေဆြးေႏြးခဲ့သည့္စကားအရ အခြင့္သာတာနဲ႔ ရြာထဲကသက္ႀကီးပိုင္းေတြကို စကားဝိုင္းဖန္တီးခဲ့ရတယ္။ သက္ႀကီးစကားဝိုင္းေတြလုပ္ဖို႔ လူငယ္ေတြကို အနည္းငယ္ေလ့က်င့္ေပးခဲ့ရတာေပါ့။ ဘယ္လိုရွိတယ္။ ဘယ္လိုလုပ္ရမယ္ေပါ့။ လူငယ္ေတြၾကားမွာလည္း ရင္းႏွီးမႈေတြ အရင္တည္ေဆာက္ခဲ့ရတာ။ ေပ်ာ္စရာလည္းေကာင္းသလို အက်ိဳးလည္းရွိတာမို႔ အမွတ္တရျဖစ္လာခဲ့တာပါဘဲ။ အဲတုန္းကေပးခ်က္ဖူးသည့္ထင္ျမင္ခ်က္တစ္ခုကေတာ့ လူငယ္ေတြစကားမေျပာရဲၾကတာက ေျပာခြင့္ေတြမရခဲ့လို႔။ တစ္ခ်ိန္တည္းမွာဘဲ ဖယ္ခုံၿမိဳ႕နယ္လုံးဆိုင္ရာက်င္းပသည့္ ပရိယတၱိသဒၶမၼပါလစာေမးပြဲရဲ႕ ၂၅ႏွစ္ေျမာက္၊ ေငြရတုမဂၢဇင္းမွာ ဘီလူးေခ်ာင္းေျပာေသာေန႔တစ္ေန႔ဆိုသည့္ ဝတၳဳေလးပါလာလို႔ ဒီလေတာ့ ကံေတာ္ေတာ္ေကာင္းတာဘဲ လို႔ေတာင္ ေျပာမိေသးတယ္။
မတ္ခ်္လမွာ တကယ္ေတာ့ သီတင္းသုံးေဖာ္ေတြ၊ မိတ္ေဆြေဟာင္းေတြရဲ႕ ေမတၱာရိပ္ေအာက္မွာခုိလႈံခဲ့တဲ့လလို႔ ေျပာရမယ္။ သြားခဲ့တဲ့ေနရာ၊ လုပ္ခဲ့တဲ့အလုပ္ေတြက ကိုယ္တိုင္တမင္စီစဥ္ထားတာေတြမရွိဘဲ မထင္မွတ္ဘဲဖိတ္ေခၚရာကေန သြားျဖစ္ခဲ့၊ လုပ္ျဖစ္ခဲ့ၾကတာခ်ည္းပါဘဲ။ အမွတ္တမဲ့မွအမွတ္တရသို႔ ဆိုတာကုိ မတ္ခ်္လမွာ ေတာ္ေတာ္မ်ားမ်ားရရွိခဲ့တာပဲ။

April
ဦးဓေမၼာဒယရဲ႕အစီအစဥ္အရ ရြာငံ-ျဗဟၼဂူေက်ာင္းမွာ လူငယ္စြမ္းရည္ျဖင့္အစီအစဥ္ ၈-ရက္သြားလုပ္ခဲ့တယ္။  ပါဝင္သည့္သင္တန္းသားေတြအားလုံးဟာ တကၠသိုလ္ေက်ာင္းသူ၊ေက်ာင္းသားေတြခ်ည္း။ တကၠသိုလ္ေက်ာင္းသားေက်ာင္းသူေတြခ်ည္းပါဝင္ခဲ့သည့္သင္တန္းမွာေပးရတာ အဲဒီအႀကိမ္က ပထမဆုံးအႀကိမ္။ ကိုယ္ကသင္တန္းဆရာေတာ့မဟုတ္၊ သင္တန္းညွိႏႈိင္းေပးသည့္ေနရာမွာ ဝင္ကူေပး႐ုံသာ။ သင္တန္းဆရာဦးေဇာတယ၊ ဦးဝိဇၨာနႏၵ၊ ဆရာဘိုဘိုလြင္တို႔ရဲ႕ဦးေဆာင္မႈေတြနဲ႔ သင္တန္းတစ္ေလွ်ာက္လုံး အသက္ဝင္မႈကလည္း တကယ္ကို အံ့ၾသဖြယ္။ သင္တန္းဆရာေတြရဲ႕ဦးေဆာင္မႈက ဆြဲေဆာင္မႈရွိ႐ုံတင္မကဘဲ သင္တန္းသားတို႔ရဲ႕ ပါဝင္မွႈေတြကလည္း သင္တန္းဆရာေတြအတြက္ ျပန္ၿပီး အသည္းခိုက္စရာလို႔ေျပာရေလာက္ေအာင္ကိုပင္ သင္တန္းသားေတြရဲ႕တက္ၾကြမႈေတြက သင္တန္းဆရာေတြအတြက္ အားရစရာ အမွတ္တရေတြျဖစ္ခဲ့တယ္။ တက္ေရာက္လာသည့္သင္တန္းသားေတြကလည္း ရြာမွာတကယ္အေရးပါသည့္လူငယ္ေတြျဖစ္တာမို႔ အားမရစရာဆိုလို႔ ဘာမွကိုမရွိတာ။ အႀကံရတာနဲ႔ သင္တန္းတြင္းမွာဘဲ သင္တန္းတာဝန္ခံစီစဥ္သူ၊ သင္တန္းဆရာ၊ သင္တန္းသားမ်ားအားလုံး အခ်င္းခ်င္းအားေပးစကားေတြနဲ႔ လက္ကမ္းစာအုပ္ကေလးလုပ္ၿပီး ၿပီးတဲ့ေန႔မွာ မွ်ေဝခဲ့တယ္။ ရမည္းသင္းေရာက္ေတာ့ စာေလးေရးမိခဲ့တာေလးကို ျပန္ၾကည့္လိုက္ေတာ့

ရြာငံက အမွတ္တရ
စိတ္ေျပလက္ေပ်ာက္ မေတာက္တစ္ေခါက္ လုပ္တတ္သည့္သူ။
စာေတြကဗ်ာေတြအေၾကာင္း ေကာင္းေကာင္းနားမလည္ေပမယ့္ ျမတ္ႏိုးတတ္သူ။
တစ္ခဏတာေတြ႔ဆုံမႈမွ ေနာက္တစ္ခါအမွတ္တရရွိဖို႔စိတ္ကူးတတ္သူ။
ဒီတစ္ခ်ိန္သာဒီလိုစလိုက္လွ်င္ ေနာင္တစ္ခါဒီထက္ပိုေကာင္းမည္ဟု ႀကံႀကံဖန္ဖန္ေတြးတတ္သူ။
မကၽြမ္းက်င္ေပမယ့္ သမိုင္းဝင္ခ်င္ေနတာကေတာ့ မုိက္႐ႈးရဲတယ္လို႔ဘဲ ဆိုရေလမလား။
သို႔ေသာ္လည္း အမွတ္တရတစ္ခုက ဘဝတစ္ခုခုအတြက္ အေထာက္အကူျဖစ္တတ္တာပဲမဟုတ္လား။
မထင္မွတ္တဲ့အမွတ္တရစကားေတြနဲ႔ အတူတူစုေပါင္းထားတာဆုိေတာ့ မထင္မွတ္တဲ့တစ္စုံတစ္ဦးေသာသူအတြက္ အားေဆးေလးတစ္ခြက္ေလာက္ ျဖစ္ႏိုင္ေလမလားလို႔ ေမွ်ာ္လင့္ခဲ့ပါတယ္။
ဒီလိုနဲ႔ဘဲ တို႔တစ္ေတြက ရင္တြင္းျဖစ္အမွတ္တရစကားမ်ားနဲ႔ လမ္းခြဲခဲ့ၾကပါတယ္။
Nandiya Bhikkhu 14.4.217


ဦးေဉယ်ဓမၼရဲ႕အစီအစဥ္နဲ႔ ျဗဟၼဂူသင္တန္းၿပီးေတာ့ ရမည္းသင္းကိုသြားတယ္။ သႀကၤန္တြင္းက ပ်ားစည္ရြာမွာ။ ေရႊညာေျမက ေက်းလက္ရဲ႕႐ုိးရာယဥ္ေက်းမႈေတြကို အခ်ိန္ၾကာၾကာေနၿပီး ေလ့လာခြင့္ရခဲ့တဲ့ ပထမဆုံးအႀကိမ္ေပါ့။ သႀကၤန္ၿပီးေတာ့ ပ်ားစည္ကလူငယ္ေတြကို ၁၆-ရက္သင္တန္းေပးခဲ့တယ္။ သင္တန္းဆရာက ကိုယ္တစ္ဦး တည္း။ ေပးေနက်သင္တန္းေတြက စာရြက္အျပည့္အစုံ၊ လိုအပ္တဲ့စာအုပ္အျပည့္အစုံ၊ ေရာင္စုံအမ်ိဳးမ်ိဳး၊ သင္တန္းခန္းမေတြလည္းက်က်နန။ ဟုိေရာက္ေတာ့အားလုံးကေျပာင္းျပန္။ ဘာမွ မရွိေသး။ Facilitation သင္တန္းလည္း တက္ထားၿပီးၿပီမို႔ ဘာမွမရွိလို႔ဘာမွမလုပ္တတ္ရင္ ကုိယ္ကညံ့တာပဲလို႔ ႏွလုံးသြင္းၿပီး သင္ေထာက္ကူေတြ ပုံစံေျပာင္းသင္ရတာ အေတြ႔အႀကဳံသစ္ေတြအမ်ားႀကီးရခဲ့တယ္။ ဟိုကေဒသခံဦးဇင္းေတြက လိုတာရွိရင္ေျပာ၊ အားမနာနဲ႔လို႔မိန္႔ပါသည္။ မရွိတာကို ရေအာင္သင္ဖူးခ်င္တဲ့စိတ္ေတြေၾကာင့္ ဘာမွမလိုပါဘူးလို႔ ျပန္ေလွ်ာက္ခဲ့တယ္။ သင္တန္းရက္ၾကေလေလ ေပ်ာ္လာေလေလျဖစ္လာတယ္။ လူငယ္ေတြလည္း ကိုယ့္ကိုယ္ကို ယုံၾကည္မႈေတြပိုပိုရွိလာတာကိုလည္း ေတြ႔ရတယ္။
သင္ရင္းနဲ႔ဝမ္းသာလြန္းလို႔ေရးမိေရးရာ ေရးခဲ့မိတဲ့ စာေလးရွိေသးတယ္။

ပ်ားစည္က အေတြ႔အႀကဳံ
Flipchart မရွိ
Colour paper မပါ
Softpin မရ
သင္တန္းခန္းမအတြက္ အခက္ေတြ႔
အစကစဥ္းစားမရ သင္ေနက်ပုံစံမဟုတ္လို႔ သင္ယူမႈပုံစံေတြအားလုံး ေျပာင္းျပန္လွန္ခဲ့ရသည္။
A4 စာရြက္တစ္ထုပ္နဲ႔ ဇာတ္ခင္းထားလိုက္သည္။

ရြာဦးေက်ာင္းရွိေနရာမ်ား
ရပ္ရြာဝန္းက်င္ရွိေနရာမ်ား
ရပ္ရြာ၏ဘုရားကုန္းမ်ား
ေတာေက်ာင္း
သုႆာန္
ဒါေတြအားလုံးသင္တန္းခန္းမအျဖစ္ ခြင့္ျပဳထားသည္။
ခန္းမျပင္ပသင္ယူမႈမ်ား ဖန္တီးခြင့္ရခဲ့သည္။

ကိုယ့္အတြက္အေတြ႔အႀကဳံသစ္ကို ပ်ားစည္ကေပးခဲ့ေလသည္။
ဒါေတြအားလုံးအတြက္ ေက်းဇူးတင္လို႔မဆုံးေတာ့ၿပီ။
ေမွ်ာ္လင့္ခ်က္ပ်ိဳးပင္မ်ားကိုလည္း ေရေလာင္းေပးပါမည္။
ေမွ်ာ္လင့္ခ်က္သစ္ပင္မ်ား ရွင္သန္ေစရမည္။
အရာရာအားလုံးအတြက္ေက်းဇူးပါ ပ်ားစည္ေရ။
Nandiya Bhikkhu 24.4.2017

ဧပရယ္လကအမွတ္တရက ရြာငံနဲ႔ပ်ားစည္က ဦးဓေမၼာဒယနဲ႔ဦးေဉယ်ဓမၼတို႔ရဲ႕ ကေလးလို႔ေျပာရမယ့္လူငယ္ေတြနဲ႔ ျဖတ္သန္းခဲ့သည့္အမွတ္တရေတြဘဲျဖစ္ပါတယ္။

May
ကိုေက်ာ္ထြန္းလင္းရဲ႕ပင့္ဖိတ္မႈကေန တစ္ခါမွမေရာက္ဖူးတဲ့ ကခ်င္ျပည္နယ္ကိုေရာက္ခဲ့ရတယ္။ 9th AAA အတြက္ ျမန္မာႏိုင္ငံရဲ႕အႀကီးဆုံးအင္းေတာ္ႀကီးဆီေရာက္ခဲ့ရတယ္။ AAA ကို ၆၊၇၊၈၊၉ ႀကိမ္ေျမာက္အထိ ၄ ႀကိမ္ဆက္တိုက္ ေလ့လာခြင့္ရခဲ့တယ္။ ေတြ႔ဆုံပြဲကေဆြးေႏြးဝိုင္းေတြေရာ၊ အင္းေတာ္ႀကီးေဘးက သက္ရွိဇီဝမ်ိဳးကြဲေတြကုိ ေလ့လာခဲ့တာေတြေရာ အမွတ္ရစရာေတြအမ်ားႀကီးပါဘဲ။
အဲတုန္းကေရးမိခဲ့တာေလးကေတာ့

9th AAA က ဆန္းတယ္
ေဆြးေႏြးဝိုင္းကမ်ားေတာ့ လန္းတယ္
အင္းေတာ္ႀကီးရဲ႕ေဘးမွာမို႔ ခ်မ္းတယ္
ေနရာကသိပ္ေဝးေနေတာ့ ပန္းတယ္
ခရီးပန္းေတာ့ တစ္ခ်ိဳ႕က ႏြမ္းတယ္
ဒါေတြကိုဘဲ သူတို႔ လြမ္းၾကတယ္။
ဘာဘဲျဖစ္ျဖစ္
ေအသုံးလုံးအတြက္ကိုေတာ့ အားလုံးကလန္းတယ္
BYေတြက ဒါေတြကိုဘဲ ငမ္းၾကတယ္
ဒီလိုျမင္ရေတာ့လည္း ေက်နပ္တယ္။

ေအသုံးလုံးၿပီးေတာ့ ကခ်င္ေရာက္မွေတာ့ ေမခနဲ႔မလိခကိုလည္းၾကည့္ျဖစ္ေအာင္သြားၾကည့္မယ္ဆိုၿပီး ဖယ္ခုံအဖြဲ႔နဲ႔မင္းလွအဖြဲ႔တို႔နဲ႔အတူျမစ္ႀကီးနားမွာတည္းၿပီး ျမစ္ဆုံကိုပါေရာက္ခဲ့ရတယ္။ ဟိုကိုေရာက္ၿပီးမွဘဲ ျမစ္ဆုံကိုပိုၿပီးသံေယာဇဥ္တြယ္မိသြားတယ္။ အရင္တုန္းကလို တစ္ဆင့္စကားၾကားဖူး႐ုံေလးနဲ႔ မဟုတ္ေတာ့ပါ။ ဒီအတုိင္းဘဲ ဆက္လက္စီးဆင္းပါေစ လို႔ ဆုေတာင္းလိုက္ေသးတယ္။

ေနာက္တစ္ခုက ၂၂-ရက္ကေန ၂၆-ရက္ေန႔အထိ ငါးရက္သင္တန္း၊ ေရႊဘုိက မဟာေအာင္ေျမဟိတဓရေက်ာင္းမွာေပါ့။ အရြယ္စုံ၊ ေနာက္ခံမတူသည့္သင္တန္းသားေတြၾကားေပးခဲ့သည့္ သင္တန္း။ တကယ္ရခဲတဲ့အေတြ႕အႀကံဳ၊ ဦးဝိေသ႒နဲ႔ကိုဥကၠာကို တကယ္ေက်းဇူတင္တယ္။ ေရႊဘိုၿမိဳ႕ေပၚကဘုရားေစတီမ်ားေရာ၊ ေရႊဘိုနန္းေတာ္ထဲကေရာေရာက္ခဲ့ရတယ္။ ဟန္လင္းမွာရွိသည့္ ပ်ဴၿမိဳ႕ေဟာင္းကိုလည္း သြားေလ့လာခဲ့ရတယ္။ ရြာငံသင္တန္းတုန္းကလိုဘဲ ရင္တြင္းျဖစ္စကားမ်ားနဲ႔ လမ္းခြဲခဲ့ရတယ္။
ေမလရဲ႕ခရီးတစ္ေထာင့္မွာေတာ့ ကခ်င္ျပည္နယ္နဲ႔ ေရႊဘိုမွာေပါ့။ ခရီးကျဖတ္သြားျဖတ္လာ႐ုံသက္သက္မဟုတ္ခဲ့ပါဘူး။ အမွတ္တရေတြက်န္ခဲ့တယ္။ ေခတ္မီေနသည့္ေခတ္ႀကီးမို႔ အခုထိအဆက္အသြယ္ကို မျပတ္ေသးဘူး။

June
၂၀၁၇ မွာခရီးအသြားဆုံးျဖစ္ေသာလလို႔ေျပာရင္ ဇြန္လဘဲျဖစ္မယ္ထင္တယ္။ မႏၱေလးကေန ရန္ကုန္၊ ရန္ကုန္ကေန ေမွာ္ဘီ၊ ေမွာ္ဘီကေန ေနျပည္ေတာ္၊ ေနျပည္ေတာ္ကေန ေအာင္လံ၊ ေအာင္လံကေန ျပည္၊ ေအာင္လံကေန မႏၱေလး၊ မႏၱေလးကေန ရြာငံ၊ ရြာငံကေန ပင္ေလာင္း၊ ပင္ေလာင္းကေန ဖယ္ခုံ၊ ဖယ္ခုံကေန ရန္ကုန္၊ ရန္ကုန္ကေန ေမာ္လၿမိဳင္ဖားေအာက္ကိုခဏသြားလိုက္ေသးတယ္။
မႏၱေလးမွာကေတာ့ ေတြ႔ေနက်လူေတြနဲ႔ဘဲေတြ႔ၿပီးစကားေျပာၾကတာေပါ့။ ဒါေပမယ့္ ဇြန္လမွာေတာ့ တြံေတးဆရာေတာ္ဦးေကာဝိဒ၊ မိုးကုတ္ဆရာေတာ္ ဦးသုနႏၵတို႔နဲ႔ စကားေတြအမ်ားႀကီးေျပာခဲ့ရတယ္။ ရန္ကုန္ကိုလည္းအတူတူသြားခဲ့တယ္။ ဟန္ေတြမာန္ေတြမရွိေတာ့ လြတ္လြတ္လပ္လပ္ရွိတာေပါ့။ ဆရာေတာ္တို႔ရဲ႕ပြင့္လင္း႐ုိးသားမႈနဲ႔ လြတ္လပ္ေပါ့ပါးမႈစတဲ့စိတ္ခ်မ္းသာစရာအကြက္ေတြကို ေလးစားၾကည္ညိဳခဲ့ရတယ္။
ေမွာ္ဘီရဲ႕သံဃာေတြ႔ဆုံပြဲမွာ ဘယ္တုန္းကမွမလုပ္ဖူးေသးသည့္ Penalist လုပ္လိုက္ရတယ္။ လူငယ္ဖြံ႕ၿဖိဳးေရးကေန ေျပာလိုက္ရတယ္။ ပထမဆုံးအေတြ႔အႀကဳံပါဘဲ။ အမွတ္တရလို႔ေျပာရရင္ေတာ့ ကိုယ္ေျပာတဲ့စကားကိုကိုယ္ျပန္နားမေထာင္ရဲတာကိုဘဲ ေျပာရမလား။ အျခားလူေတာ့မေျပာတတ္ဘူး၊ ကို္ယ့္စကားကိုယ္ျပန္နားေထာင္ေတာ့ ကိုယ္ကိုယ္တိုင္ ဟာသျဖစ္ေနလို႔ ရွက္လြန္းလို႔ ဆုံးေအာင္ျပန္နားမေထာင္ႏိုင္ဘူး။ သို႔ေသာ္အနယ္နယ္အရပ္ရပ္ကသံဃာေပါင္းစုံဖူးျမင္ရေတာ့ ဝမ္းသာၾကည္ႏူးမိတယ္။
ဦးဓမၼာနႏၵနဲ႔ ေဒၚေအးေအးစုတို႔ရဲ႕ ေက်းဇူးေတြေၾကာင့္ ေအာင္လံကုိ တစ္ခါျပန္ေရာက္သြားၿပီး ေက်ာ္စြာဆရာမေတြနဲ႔ သေရေခတၱရာပ်ဴၿမိဳ႕ေဟာင္းကိုလည္း ေလ့လာခဲ့ရတယ္။ တီတြဒ္ကဆရာမေတြနဲ႔လည္း ျပည္ကဘုရားေတြကိုဖူးခဲ့ရေသးတယ္။ ဆင္စခန္းကိုလည္း ေရာက္ခဲ့ေသးတယ္။ တီတြဒ္ဆရာေတာ္ရဲ႕အရိပ္ေအာက္မွာ ျပန္လည္တည္းခုိခဲ့ရတာေပါ့။ မတ္ခ်္လမွာတုန္းက သင္တန္းခန္းမထဲကဘဲ ေတြ႔ခဲ့ရတယ္။ ဇြန္လေရာက္မွ ခရီးတိုတစ္ခုစီစဥ္ၿပီးသြားခဲ့ၾကတယ္။ စကားေတြလည္း အမ်ားႀကီးေျပာခဲ့ၾကတယ္။ သူတို႔နဲ႔ေျပာခဲ့စကားေတြက မွတ္တမ္းထဲမွာအမ်ားႀကီးပဲ။
ရြာငံမွာလည္းအဲလိုပါဘဲ၊ ဧပရယ္တုန္းကသင္တန္းခန္းမထဲမွာဘဲေတြ႔ခဲၿပီး ဘယ္မွမသြားရေသးတာနဲ႔ စုျမတ္မြန္နဲ႔စုပုံခ်စ္တို႔ လမ္းျပေပးလို႔ လင္းေဝးဂူေရာက္ခဲ့တယ္။ ၂၀၁၅၊ ပါယ္ကင္းက အျမင္ဖြင့္သင္တန္းဆင္းေတြလည္း လင္းေဝးရြာမွာရွိေတာ့ သင္တန္းဆင္း ေအးေအးခိုင္တို႔ရဲ႕ ဧည့္ဝတ္ေက်ပြန္မႈကေန လင္းေဝးဂူခရီးက ေခ်ာေခ်ာေမြ႔ေမြ႔ အဆင္ေျပခဲ့တယ္။ ေနာက္တစ္ေန႔မွာ ကိုဇင္လင္းထက္နဲ႔ ျဗဟၼဂူကဦးဇင္းႏွစ္ပါးတို႔ရဲ႕ေက်းဇူးေတြေၾကာင့္ အလည္ေခ်ာင္ေရတံခြန္နဲ႔ မိန္းမရဲသခင္မေတာင္ေရာက္ခဲ့တယ္။ လမ္းႀကဳံတာနဲ႔ေျမရွားရြာကုိလည္းလမ္းႀကံဳဝင္လိုက္တာေပါ့။ ေအးေအးမူတို႔အိမ္ေရာက္ခဲ့ၿပီး သူတို႔မိသားစုေတြနဲ႔စကားေတြအၾကာႀကီးထိုင္ေျပာၾကတာေပါ့။ အလုပ္က်ိဳးစားေနတဲ့ ေအးေအးသက္ နဲ႔ ေက်ာင္းဆရာမ်ိဳးသိန္းတို႔နဲ႔ေတာ့ မေတြ႔ခဲ့ရဘူး။

လမ္းသင့္တာနဲ႔ လႈိင္မင္းထြန္းလိုက္ပို႔လို႔ ပင္ေလာင္းကသစ္ပင္ႀကီးရြာမွာ ဦးစႏၵသိရီဆီဝင္လည္ခဲ့တယ္။ တိုက္ဆိုက္မႈတစ္ခုက မီးလုံးပြဲအခ်ိန္နဲ႔တိုက္ေတာ့ မီးလုံးပြဲကိုပါၾကည့္လိုက္ရေသးတယ္။ ရန္ကုန္၊ မႏၱေလးမွာဘဲ အေနမ်ားေနေတာ့ မီးလုံးပြဲမေတြ႔ခဲ့တ့ဲႏွစ္ေတြကလည္း မနည္းေတာ့ဘဲကိုး။ အသစ္အဆန္းမဟုတ္ေပမယ့္ အထူးအဆန္းေတာ့ နည္းနည္းပါးပါးျဖစ္သြားသလိုလို။ ၂၉၊ ၃၀ ရက္ေန႔မွာေတာ့ ေမာ္လၿမိဳင္ဖားေအာက္က ဦးေကာ႑ညဆီသြားၿပီး ကိစၥ၊ ဝိစၥအနည္းအက်ဥ္း ေဆြးေႏြးေျပာဆိုခဲ့ေသးတယ္။

ေန႔ကိုအံတုၿပီး မိုးကၾကြားဝါေနသည္။
ညကိုအံတုၿပီး လွ်ပ္စစ္မီးလည္း ပ်က္သည္။
ဖုန္းကိုအံတုၿပီး ကြန္ပ်ဴတာက ဟန္းသည္။
ဒီၾကားထဲ
ဆိုင္ကယ္ကိုအံတုၿပီး ကားဘီးလည္း ေပါက္ေသးသည္။
ခရီးကိုအံတုလို႔ ငါဘဲ ေျခလ်င္ေလွ်ာက္ရမည္။
Nandiya Bhikkhu 25.6.2017

ဇြန္လမွာက ခရီတိုေတြသိပ္မ်ားလြန္းေသာလတစ္လ။ သို႔ေပမယ့္ ေရာက္တဲ့အရပ္ေတြအားလုံးက ေဒသခံေတြရဲ႕ ေမတၱာေတြေၾကာင့္ အစစအရာရာ အဆင္ေျပခဲ့တယ္။

July
မဟာဝံသေက်ာင္းမွာေနၿပီး မတ္ခ်္လတုန္းကတစ္ခန္းေရးၿပီးရပ္ထားလိုက္တဲ့ လူမႈေလာကနဲ႔ရဟန္းဘဝတို႔ရဲ႕အေျခအေန ဆိုသည့္ေစာင္းပါးေလးေတြ တစ္ခန္းၿပီးတစ္ခန္းဆက္ေရးခဲ့တယ္။ မဟာဝံသေက်ာင္းေရာက္ရင္ စာေတြေတာ္ေတာ္ေရးျဖစ္တယ္။ ေကာင္းတာ၊ မေကာင္းတာေတာ့ရွိမွာေပါ့။ ေရးတာေတာ့ေရးျဖစ္တယ္။ ဆရာသမားေတြရဲ႕ေက်းဇူးေၾကာင့္ ေနရာကလည္းေကာင္းတာကိုး။
 ေျမာင္းတကာရြာမွာ ဝါဆိုၿပီး SELT သင္တန္းတက္ခဲ့တယ္။ တစ္ပါးေနအေဆာင္နဲ႔ေနၾကရၿပီး မေလးရွားပိေတာက္ပင္ေတြဝိုင္းရံေနတဲ့ အေဆာင္ေတြၾကားမွာေနခဲ့ရတယ္။ သစ္ပင္ေတြေပါမ်ားသည့္ေနရာေနမွာေနရသည္မို႔ ေအးေအးခ်မ္းခ်မ္လည္းရွိတာေပါ့။ စာၾကည့္ခုံေတြ၊ အနားယူစရာေနရာေတြ၊ ေလွ်ာက္လမ္းေဘးေတြမွာလည္း ပန္းပင္ေတြအမ်ိဳးမ်ိဳးစိုက္ထားၾကတယ္။ စာသင္ခန္းမေဘးကဆိုရင္ အာစီယံသေျပစိုက္ခင္းႀကီးရွိတယ္။ ေလွ်ာက္လမ္းေဘးေတြမွာဆိုရင္ စြယ္ေတာ္ပြင့္တို႔ ႏွင္းဆီတို႔နဲ႔ နာမည္မသိတဲ့ပန္းပြင့္ေသးေသးေလးေတြက အပင္လိုက္၊ အ႐ုံလိုက္ အလုအယပ္ပြင့္ေနတာတယ္။ အေရာင္ေတြလည္းစုံတယ္။ အနီေရာင္အနီေရာင္၊ အျဖဴေရာင္္ဆိုအျဖဴေရာင္၊ အဝါေရာင္ဆိုအဝါေရာင္ တစ္ပင္လုံး နီရဲေနတာ၊ ျဖဴဆြတ္ေနတာ၊ ဝါထိန္ေနတာေတြျမင္ရတယ္။ မိုးတြင္းမို႔လားမသိဘူး ပန္းေတြကလည္းပြင့္လိုက္ၾကတာ၊ လမ္းေတြက ပန္းခင္းလမ္းမဟုတ္႐ုံတစ္မယ္ဘဲ ပန္းမ်ိဳးစုံဝိုင္းရံထားသည့္လမ္းေတြျဖစ္ေနေတာ့တာပဲ။
စာသင္နားခ်ိန္မွာ အပ်င္းေျပေရးခဲ့မိတာေလးက
သူပါဘဲ
သူပါဘဲ အရြယ္ငယ္ငယ္ သူ႔ဟန္စြယ္နဲ႔ တင့္တယ္ေနတာ ပင္ထက္မွာေပါ့
သူပါဘဲ ပြင့္ခ်ပ္ငယ္ငယ္ သူ႔အရြယ္နဲ႔ ပင္ငယ္ထက္မွာ လွေနတာေပါ့
သူပါဘဲ အပင္ငယ္ငယ္ လွေသြးၾကြယ္၍ ခြန္အားၾကြယ္ဝ ၾကည့္မဝခဲ့
အပင္လည္းငယ္ လွေသြးလည္းၾကြယ္ ပြင့္ခ်ပ္ငယ္ျဖင့္ တင့္တယ္ေနတာ ငါတို႔သင္တန္း ခန္းမေဘးက (ပန္းပြင့္ငယ္ေလး) သူပါဘဲ သူပါဘဲ
11.7.2017

၁၅-ရက္မွာ ရြာထဲေလ့လာေရးဆင္း၊ ၂၃-ရက္ေန႔မွာ အလင္းအိမ္ၿခံကိုေလ့လာေရးသြား၊ ၃၀-ရက္ေန႔မွာေတာ့ ရန္ကုန္အမ်ိဳးသားျပတိုက္မွာ ေလ့လာ။ 
ရြာထဲေလ့လာေတာ့ ရပ္ရြာရဲ႕အေျခအေန၊ သမိုင္းေၾကာင္း၊ စီးပြားေရး၊ လူမႈေရးစသည္မ်ားကို အဂၤလိပ္လိုေလ့က်င့္ၿပီး ျပန္လည္တင္ျပၾကတာေပါ့။ အလင္းအိမ္ၿခံမွာက ဆရာေနာ္ေအာင္နဲ႔အၾကာႀကီးစကားေျပာျဖစ္တယ္။ ဘာလို႔ အဲလိုေနရာေတြမွာေနတယ္။ သူတို႔ရဲ႕ရည္ရြယ္ခ်က္ေတြ၊ တန္ဖိုးထားမႈေတြ၊ ခံယူခ်က္ေတြ သိခြင့္ရခဲ့တယ္။ ဘဝကို႐ုိး႐ုိးရွင္းရွင္းျဖတ္သန္းခ်င္သည့္ သူတို႔ရဲ႕စိတ္ေတြကိုလည္း ေလးစားခဲ့ရပါတယ္။ ဆရာသက္ႏိုင္ဆီလည္းေရာက္တယ္။ ေလာင္စာဆီကအစ၊ အဝီစိတြင္းထဲကေရထုတ္တာကအဆုံး ဘာစက္မွမသုံးဘဲ၊ ဘယ္ေရနံဆီ၊ ဘယ္ဒီဇယ္မွမသုံးဘဲ သဘာဝအတိုင္းေရသန္႔ေတြလုပ္တာ ျမင္ခဲ့ရတယ္။ ဧည့္လမ္းညြန္ ဆရာေအာင္မ်ိဳးဝင္းရဲ႕လမ္းျပမႈနဲ႔ ရန္ကုန္အမ်ိဳးသားျပတိုက္ထဲမွာ သိခ်င္တာေတြ၊ သိစရာေတြကို သိခဲ့ရတယ္။ ျမန္မာႏိုင္ငံက ေခတ္အဆက္ဆက္ကစာေပ၊ အႏုပညာ၊ ယဥ္ေက်းမႈ၊ သမိုင္းအေၾကာင္းအရာ၊ တိုင္းရင္းသားအေၾကာင္းအမ်ိဳးမ်ိဳး၊ ေခတ္အဆက္ဆက္ကအသုံးအေဆာင္ စသည္မ်ားစြာသိခဲ့ရတယ္။ ဆရာေအာင္မ်ိိဳးဝင္းက စိတ္ရွည္လက္ရွည္ရွင္းျပခဲ့တယ္။
ေဒသမတူတဲ့သံဃာေတာ္ေတြနဲ႔အတူေနခဲ့ရတယ္။ မတူညီမႈအေပၚအမ်ားႀကီးသင္ယူခြင့္ရခဲ့တယ္။ ညတိုင္းလိုလိုစကားေတြေျပာျဖစ္တယ္။ ေခါင္းစဥ္မပါ၊ ေတြ႔ကရာေျပာတဲ့စကားဝိုင္းမ်ားက သင္ယူစရာေတြ အမ်ားႀကီးရခဲ့တယ္။
ဇူလိုင္လမွာေတာ့ ပုညကာရီမွာဘဲ ေပ်ာ္ရႊင္စြာသင္ယူေလ့လာခြင့္ေတြအမ်ားႀကီးရရွိခဲ့တယ္။

August
ေျမာင္းတကာဓမၼစကူးလ္ဖြင့္ပြဲတက္ေရာက္ခဲ့ရတယ္။ ေျမာင္းတကာကဆရာေတာ္မ်ား ဓမၼစကူးလ္အတြက္ တက္တက္ၾကြၾကြလုပ္ေဆာင္ၾကတာကို ေတြ႔ရွိခဲ့ရပါသည္။ ဝါတြင္းမွာေျမာင္းတကာရြာရွိ ဆရာေတာ္ သံဃာေတာ္မ်ားလည္း ညီညြတ္စြာေနထိုင္ၾကသည္ကို ေတြ႔ရွိခဲ့ရပါတယ္။ ဆရာမေကသီမင္းဒင္ရဲ႕ပင့္ေလွ်ာက္ခ်က္အရ ၈-ရက္ေန႔မွာ MCC ထဲေလ့လာခြင့္ရခဲ့တယ္။ သင္တန္းသားမ်ားနဲ႔လည္း ေတြ႔ဆုံခဲ့ရသလို စာၾကည့္တိုက္ကိုလည္း ေလ့လာခြင့္ရရွိခဲ့ပါတယ္။ လူေတြနဲ႔မ်ားမ်ားေတြ႔ေတာ့ လူေတြအေၾကာင္းကိုပိုသိလာရတာေပါ့။ မတူကြဲျပားမႈေတြၾကားက လူမႈဘဝတို႔ရဲ႕ အေျခအေနေတြ သိခဲ့ရတယ္။
ႏိုင္ငံျခားသားေတြနဲ႔လည္း အမ်ားဆုံးေတြ႔ခဲ့ရသည့္လလည္းျဖစ္တယ္။ မိုးလည္းအရမ္းရြာတယ္။ ေနလည္း သာတယ္။ ျပည္တြင္းကသင္တန္းနည္းျပအမ်ိဳးမ်ိဳးရဲ႕သင္ၾကားမႈေအာက္မွာ တက္ေရာက္ခြင့္ရခဲ့သလို ႏိုင္ငံျခားကလာသည့္ သင္တန္းနည္းျပမ်ားရဲ႕သင္ၾကားမႈမ်ားကိုလည္း ေလ့လာခြင့္အမ်ားႀကီးရခဲ့တယ္။ သင္ၾကားမႈစတိုင္အမ်ိဳးမ်ိဳး၊ အေၾကာင္းအရာအမ်ိဳးမ်ိဳးေတြ မသင္ခဲ့ဖူးတာေတြ သင္ခဲ့ရတယ္။
ဥပမာ- ျပည္တြင္းနည္းျပေတြထဲက ဆရာစိုင္းဆမ္ခမ္းဆိုရင္ စာေပသမား။ ကဗ်ာကိုေတာ္ေတာ္ႏွစ္သက္တဲ့သူ။ အႏုအရြအလွအပေတြ ေတာ္ေတာ္ကၽြမ္းက်င္တဲ့သူ။ သူကကဗ်ာေတြသင္တယ္။ ျမန္မာကဗ်ာကို အဂၤလိပ္လိုျပန္တယ္။ အဂၤလိပ္ကဗ်ာကဘယ္လိုရွိတယ္။ ကဗ်ာေတြရဲ႕ေနာက္ခံသမိုင္းကိုရွင္းျပတယ္၊ ကဗ်ာဆရာေတြရဲ႕ဆိုလိုခ်က္ကဘယ္လိုရွိတယ္ စသည္ေပါ့။ အျခားအျခားဆရာေတြလည္း မတူတဲ့ကို္ယ္ပိုင္သင္ၾကားမႈ၊ ေနာက္ Message ေလးေတြေပးသြားၾကတာ အရမ္းကိုစိတ္ဝင္စားဖို႔ေကာင္းတယ္။
ျပည္ပဆရာေတြထဲကဆိုရင္ Julian ဆိုရင္ကမၻာႀကီးအေၾကာင္း၊ ၿဂိဳဟ္ေတြအေၾကာင္းေတြသင္ၿပီး James ဆိုရင္  ႏိုင္ငံေရးအေၾကာင္းေတြသင္တယ္။ သူကျမန္မာႏိုင္ငံရဲ႕ႏိုင္ငံေရးအေၾကာင္းကိုေလ့လာၿပီး ေဒါက္တာဘြဲ႔ယူမည့္သူလည္း ျဖစ္တယ္ေလ။ သူတို႔က်င္လည္က်က္စားေနတဲ့အေၾကာင္းအရာေတြသင္ေပးေတာ့ စိတ္ဝင္စားစရာပိုေကာင္းတာေပါ့။ သူတို႔နဲ႔ေျပာခဲ့ဆိုခဲ့၊ ေတြ႔ႀကဳံခဲ့ရစဥ္ကအမွတ္တရမ်ားကို မွတ္တမ္းထဲမွာေတာ့ အမ်ားႀကီးပါဘဲ။ စာသင္ခ်ိန္ထဲကမဟုတ္တဲ့ သီးသန္႔နားခ်ိန္၊ အထူးသျဖင့္ ေန႔လည္စာစားၿပီးခ်ိန္ဆိုရင္ သူတို႔ေတြအနားယူေလ့မရွိၾကေတာ့ စကားေတြအမ်ိဳးမ်ိဳးေျပာျဖစ္ခဲ့တယ္။ သူတို႔ႏိုင္ငံေတြအေၾကာင္း၊ သာေရးနာေရး၊ လူမႈေရး၊ ႏိုင္ငံေရး၊ ပညာေရး အျမင္မ်ားကိုေလ့လာခြင့္ရရွိခဲ့တယ္။
ေအာဂတ္စ္လကေရးခဲ့တဲ့စာေတြထဲကတစ္ခ်ိဳ႕ကို ေဖာ္ျပရရင္

သက္ဆိုင္သူသို႔
မီးမပ်က္တဲ့ညေတြမွာ ကိုယ္ဟာ အိပ္ေရးပ်က္တတ္သူတစ္ဦးပါ။
အေတြးနက္ေနတဲ့နံနက္ခင္းတိုင္းမွာ နံနက္စာစားဖို႔ေမ့တတ္သူတစ္ဦးပါ။
ဆူညံေနတဲ့ေန႔ရက္ေတြတိုင္းမွာ ကိုယ္ဟာပတ္ဝန္းက်င္ကို ေမ့တတ္သူတစ္ဦးပါ။
တိတ္ဆိတ္ေနတဲ့ပတ္ဝန္းက်င္မွာ အေတြးမ်ားနဲ႔ေနာက္က်တတ္သူတစ္ဦးပါ။
ဆည္းဆာအေရာင္သန္းေနတဲ့ညေနခင္းကိုျမင္လွ်င္ ဖုန္းဆက္ဖို႔ခ်ိန္းထားခဲ့ရင္ေတာင္ ေမ့တတ္သူတစ္ဦးပါ။
ကိုယ့္ရဲ႕မွားယြင္းမႈေတြအားလုံးဟာ အေၾကာင္းျပခ်က္မလိုိဘဲ ျပည့္စုံေနလ်က္္ပါ။
Nandiya Bhikkhu 8.8.2017
ရာသီစာ စားသုံးျခင္း
မိုးသည္းတဲ့အခါ မိုးစဲဖို႔ေစာင့္ေနခဲ့ရတာရွိသလို မိုးနည္းတဲ့အခါ မိုးဖြဲေလးေတြကို အားမရတာလည္း ရွိခဲ့ဖူူးတယ္။ ဒါေပမယ့္ မိုးကိုေတာ့ ကိုယ္အျပစ္မတင္ခဲ့ဖူးပါဘူး။
အေအးဓာတ္လြန္ကဲရင္ မေနရဲေလာက္ေအာင္ ခ်မ္းခဲ့ဖူးသလို အေအးဓာတ္ေပါ့ခဲ့ရင္ အဓိပၸါယ္မဲ့သည့္ေဆာင္းလို႔ ေျပာခဲ့ဖူးတယ္။ ဒါေပမယ့္ ေဆာင္းကိုေတာ့ ကိုယ္အျပစ္မတင္ခဲ့ဖူးပါဘူး။
အရမ္းပူတဲ့ေန႔ေတြမွာ အရိပ္ထဲမွာဘဲအခ်ိန္ကုန္ခဲ့ၿပီး အပူေပါ့တဲ့ေန႔ေတြမွာ ေနရိပ္မွာလမ္းေလွ်ာက္ခဲ့တယ္။ ဒါေပမယ့္ ေႏြကိုေတာ့ ကိုယ္အျပစ္မတင္ခဲ့ဖူးပါဘူး။
မိုးရာသီမွာ မိုးလုံတဲ့ေနရာ
ေဆာင္းရာသီမွာ ေလလုံတဲ့အေဆာင္
ေႏြရာသီမွာ အရိပ္ရသည့္သစ္တစ္ပင္ေလာက္ေတာ့ လိုခ်င္တယ္။
မိုးမလုံတဲ့ေနရာ ေလမလုံတဲ့အေဆာင္ အရိပ္မရသည့္သစ္ပင္ေအာက္မွာဆိုရင္
ဒီရာသီသုံးပါးကို ကိုယ္မျဖတ္ေက်ာ္ခ်င္တာေတာ့ အမွန္ဘဲ။
12.8.2017

ကဗ်ာ
ခံစားခ်က္ရဲ႕ကိုယ္စား စကားလုံးမ်ားကို လိုက္ရွာရင္း တစ္ခ်ိဳ႕ပန္းေတြ ညိဳးႏြမ္းသြားၾကတယ္။
ခံစားခ်က္ရဲ႕ကိုယ္စား စကားလုံးမ်ားကို ထုတ္ေဖာ္ရင္း တစ္ခ်ိဳ႕ပန္းေတြ နင္းေခ်ခံရတယ္။
ခံစားခ်က္ရဲ႕ကိုယ္စား စကားလုံးမ်ားကို ကစားရင္း တစ္ခ်ိဳ႕ပန္းေတြ စြန္႔ပစ္ခံရတယ္။
ခံစားခ်က္ရဲ႕ကိုယ္စား ႏွလုံးသားကို ခုတုံးလုပ္ၿပီး စကားလုံးေတြနဲ႔ သိပ္မၾကြားမိေစနဲ႔ေနာ္။
21.8.2017

စာျပန္ဖတ္ၿပီးလက္ျပန္ၾကည့္ၿပီး လက္ကအသမာေတြနဲ႔ပါ မႏုပါဘူးလို႔ေျပာမိသြားတယ္။ ေအာဂတ္လမွာ ေဆြးေႏြးေျပာဆုိရာကတစ္ဆင့္ အျမင္သစ္၊ ႐ႈေထာင့္ဆန္းဆန္းေလးေတြကိုလည္း သိခဲ့ရသလို စာလည္းေကာင္းေကာင္းဖတ္ခဲ့ရပါတယ္။

September
အရင္လလိုဘဲ လာသည့္လူေတြေရာ၊ အမာခံဆရာဘိုနဲ႔ ေဒါ့ဖ္ဖင္စ္္ နဲ႔ေရာ သီတင္းသုံးေဖာ္အခ်င္းခ်င္းေရာ ေျပာၾကဆိုၾကေဆြးေႏြးၾကတာ ေျပာစရာေတြက တစ္ရက္ၿပီးတစ္ရက္ မကုန္ႏိုင္၊ မခမ္းႏိုင္ျဖစ္ခဲ့တယ္။ အေၾကာင္းအရာေတြလည္းမထပ္၊ စိတ္ဝင္စားစရာအသစ္ေတြလည္း ေပၚလာတယ္။ တစ္ခါတစ္ေလ မအိပ္ဘဲ တစ္ညလုံးထိုင္ေျပာခ်င္စိတ္ေပါက္သြားတဲ့အထိဘဲ။ စကားေျပာလြန္းလို႔ ခင္တဲ႔တစ္ခ်ိဳ႕ ဦးဇင္းေတြက နားလိုက္ပါဦးလို႔ ခနဲ႔တာကိုခံလိုက္ရေသးသည္။
ဆရာဘိုဆိုရင္ ေမးတာမ်ားလြန္းလို႔ အားေတာင္နာရတယ္။ အျခားဆရာေတြလည္း အဲလိုဘဲ။ ကစ္ကစ္က ပညာေရးပေရာဂ်က္ကိုင္ေနေတာ့ ကိုယ္မသိတဲ့ပညာေရးအေၾကာင္းေမး၊ သဇင္ေအာင္ကလည္း အေျခခံလူထုဖြံ႔ၿဖိဳးေရးအလုပ္လုပ္ေနေတာ့ ကိုယ္မသိတဲ့ဖြံ႕ၿဖိဳးေရးအေၾကာင္းကိုေမး စသည္စသည္။ ေလ့လာစရာေတြက ေလ့လာေလမကုန္ေလဆိုတာကိုလည္း ပိုသိလာတယ္။ Channa Pak ကို ကေမၻာဒီးယားကအေၾကာင္း၊ Sarah ကိုအိႏၵိယအေၾကာင္း နဲ႔သူတို႔ရဲ႕ လူမႈဘဝအေၾကာင္းေတြကို ျပည္တြင္းျပည္ပက နည္းျပေတြဆီမွာ ေလ့လာခြင့္ေတြအမ်ားႀကီးရခဲ့တယ္။

ပဲခူးမွာ ၂၂ ကေန ၂၄အထိ လုပ္တဲ့ Sangha Peace Fellowship workshop ကိုလည္းတက္ခဲ့ေသးတယ္။ စိတ္ဒဏ္ရာကုစားျခင္းသင္တန္းကဆင္းတဲ့သံဃာေတြျပန္ေတြ႔သည့္ပြဲလည္းျဖစ္တယ္။ မေတြ႔႔တာၾကာၿပီျဖစ္တဲ့ ပိဋကတ္ေတာ္ျမန္မာျပန္စာအုပ္နဲ႔ျပန္ေတြ႕လိုက္ရတယ္။

စက္တင္ဘာလကေရးခဲ့တဲ့စာေလးတစ္ခ်ိဳ႕က
ေရာဂါ
ရင္ဘတ္နာက်င္တဲ့အထိ ေမာက္ၿပီးအႀကံထုတ္ခဲ့ေပမယ့္
ေျခမ်က္စိပြန္းသည့္အထိ ထိုင္ၿပီးအႀကံထုတ္ခဲ့ေပမယ့္
ေျခေထာက္ေညာင္းလာသည့္အထိ လမ္းေလွ်ာက္ၿပီးအႀကံထုတ္ခဲ့ေပမယ့္
အေတြးတိမ္သြာတဲ့ေန႔ရက္မ်ားမွာဆိုရင္ ကိုယ္ဟာဘာမွအရာမဝင္ပါဘူး။ ဟိုဟာဟုတ္ႏိုးႏိုး ဒီဟာမွန္ႏိုးႏိုးနဲ႔ လက္လြတ္စပါယ္ေတြးေလ့ရွိသူ။
(လက္လြတ္စပါယ္ေျပာမိတဲ့စကားမ်ားဟာ- မင္းအတြက္အထိနာသြားရင္ ခြင့္လြတ္ပါလို႔ အေဝးေရာက္ေနခ်ိန္ ေတာင္းပန္ခ်င္ပါသည္လို႔ နာမည္မသိသူကို လက္လြတ္စပါယ္ေတာင္းပန္တတ္သလိုမ်ိဳး)။
ေသြးဆူေနတဲ့ေန႔ရက္ေတြမွာေတာင္ ေလေျပေလညွင္းေတြေခ်ာ့တိတ္ရင္ေတာ့ ျပန္လန္းဆန္းတတ္တဲ့သူမ်ိဳးေပါ့။
13.9.2017
ဆု
ေကာင္းကင္တစ္ျပင္လုံးမွာရွိတဲ့ ၾကယ္ေတြအကုန္ေၾကြလို႔ မင္းရဲ႕ေျခရင္းမွာ စုပုံၿပီးက်ေရာက္လာသည့္အခါ
မင္း႐ႈ႐ႈိက္ေနတဲ့ေလေတြညစ္ညမ္းေနလို႔ မနက္လင္းေရာင္ျခဥ္ေတြက တိုက္ခတ္ဖယ္ရွားေပးၿပီး ကမၻာေပၚမွာရွိတဲ့ ေအာက္ဆီဂ်င္ေတြ မင္းရွိရာဆီ စုပုံၿပီးေရာက္လာသည့္အခါ
ကမၻာေပၚမွာျဖစ္ေနတဲ့စစ္ပြဲ၊ လူသားေတြေၾကာက္ေနၾကတဲ့ ႏ်ဴကလီးယားလက္နက္ေတြကုိ မင္းေျခမကေလးနဲ႔ လႈပ္ခါလိုက္႐ုံနဲ႔ အကုန္ေပ်ာက္သြားတဲ့အခါ
အရာရာတိုင္းဟာမင္းေၾကာင့္ျပည့္စုံရတယ္လို႔ လူေတြထင္ျမင္ယူဆၾကတဲ့အခါ
ညီေလး အစ္ကို ယုံပါတယ္၊ မင္းဟာမာန္တက္မည့္သူမဟုတ္ပါဘူး။ က်႐ႈံးခဲ့ရင္လည္း မင္းကၿဖဳံမယ့္ေကာင္ မဟုတ္ပါဘူး။ ဒါေၾကာင့္ မင္းကို ေယာကၤ်ားပီသတယ္လို႔ ေျပာတာေပါ့။
15.9.2017
အိပ္ေမာသံ
တဆစ္ဆစ္ကိုက္ေနတဲ့အ႐ုိးထဲက ျမည္ဟီးသံ
႐ႈ႐ႈိက္ေနတဲ့ဝင္သက္ထြက္သက္တို႔ရဲ႕ ငိုေၾကြးသံ
တဆက္ဆက္တုန္ေနတဲ့ကိုယ္ခႏၶာနဲ႔ အဝတ္အစားတိုရဲ႕ ပြတ္တိုက္ေနသည့္အသံ
တစ္ေလာကလုံးၾကားေအာင္ အသံအက်ယ္ဆုံးေအာ္ဟစ္ေနတဲ့ မ်က္ႏွာေပၚက ျခင္တစ္ေကာင္ရဲ႕ ရစ္ဝဲသံ
လႈပ္မရသည့္ခႏၶာကိုယ္ေပၚက ေခါင္မိုးကိုထိုးေဖာက္ၿပီး က်ေရာက္လာသည့္ အေအးဆုံးမိုးစက္မ်ား
ဘာမွန္းမသိဘဲ ေရာေထြးေနသည့္ မျမင္ရသည့္အျပင္ဘက္ကအသံမ်ား
အိပ္မက္ဆန္ဆန္ ေကာင္းကင္ေပၚမွာ ပ်ံသန္းလာသည့္ သားရဲ႐ုပ္ပုံမ်ား
ႏွစ္ခါျပန္မရေသာ အံ့ၾသဖြယ္ပုံရိပ္ေတြကိုေငးၾကည့္ရင္း တစ္ခုခုကိုလုပ္ဖို႔ တြန္႔ဆုတ္တြန္႔ဆုတ္နဲ႔ ေတြေဝစြာ ပုံရိပ္ေပၚ ငါရစ္ဝဲေနသည္။
28.9.2017
စက္တင္ဘာမွာေရးတဲ့စာေတြက ေအာ္ဂတ္စ္လနဲ႔မတူတာေတြေတြ႔ရတယ္။ သိပ္မႏုေတာ့ဘဲ ခပ္စြာစြာျဖစ္ေနသလားထင္ရတယ္။ အေကာင္းႀကီးမဟုတ္တာေတာ့ သိတယ္၊ ဒါေပမယ့္ ျပန္ေရးပါလို႔ဆိုရင္ ျပန္ေရးတတ္မွာ မဟုတ္ဘူး။

October

ေအာက္တိုဘာမွာ သုံးလတာသင္တန္းၿပီးေတာ့ ၂-ရက္ေန႔မွာ ႏႈတ္ဆက္ပြဲလုပ္တယ္။ သင္တန္းနဲ႔ပတ္သက္ၿပီး ေက်းဇူးတင္ထိုက္သူအားလုံးကိုေက်းဇူးတင္ေၾကာင္း အဂၤလိပ္လို မေတာက္တစ္ေခါက္ေရးခဲ့ေသးတယ္။ အဲဒီစာထဲက ေက်းဇူးတင္ခံသရသည့္သူမ်ားကိုျပန္ၾကည့္ေတာ့  စီစဥ္ေပးသည့္ ကလ်ာဏမိတၱေဖာင္ေဒးရွင္းန႔ဲလက္ခံေပးကူညီပံ့ပိုးေပးသည့္ ေျမာင္းတကာဆရာေတာ္နဲ႔ ပုညကာရီဆရာေတာ္တို႔လည္းအပါအဝင္ေပါ့၊ ျပည္တြင္းသင္တန္းနည္းျပေတြက ကလ်ာဏမိတၱဒါရုိတ္တာ ဆရာဘိုဘိုလြင္၊ ေမတၱာေဖာင္ေဒရွင္းဒါ႐ိုက္တာ ဆရာစိုင္းဆမ္ခမ္း၊ ဒါနေရွ႕ေဆာင္ျမန္မာရဲ႕မေရာဂ်က္ဒါရုိက္တာ ဆရာမသဇင္ေအာင္၊ ယူနီစကိုကဒါရုိက္တာ ပု႔ံပုံ႔ (အင္မီလီ)၊ ဧည့္လမ္းညြန္ ဆရာေအာင္မ်ိဳးဝင္း၊ ေဖာင္ေတာ္ဦးက ဆရာမတင္မမထက္၊ ဆရာ ကိုထြန္းလင္းခိုင္၊ ဆရာမနမ့္ေအးျမတ္မြန္၊ ဆရာမကစ္ကစ္(အိအိျဖိဳးလြင္)၊ နန္းညဳိခမ္း၊ ဆရာမေကသီမင္းဒင္ နဲ႔အမာခံဆရာဟန္ေဇာ္ထြန္းတို႔ျဖစ္ပါတယ္။ ျပည္ပနည္းျပမ်ားကေတာ့ Ted,Joe and Emmy from USA, Walah from Tailand, Julian from Colambea, James from Austalia, Vereonica(ေနျခဥ္) from France, Jana from England, Anna Lena from Germaney, Chanda Pak from Combodia and Sarah Maydee from Indea တို႔ျဖစ္ပါတယ္။ လာကူညီေပးခဲ့သည့္ေစတနာဝန္ထမ္းမ်ားကေတာ့ အိမ္သူခင္၊ ကိုဆန္းျမင့္ေအာင္၊ ကိုရဲ၊ ဟိန္းရာဇာ၊ ကိုဥကၠာျဖိဳး နဲ႔သားသားစသည့္ သူမ်ားျဖစ္ပါတယ္။


မႏၱေလးမွာေနတုန္းကဆိုရင္ အားရင္ဘုရားႀကီးကိုအတူသြားတတ္သည့္ မေတြ႔တာလည္းၾကာၿပီျဖစ္တဲ့ ဦးဇာဂရနဲ႔အတူ သူလည္းရန္ကုန္မွာဆိုေတာ့ သီိတင္းကၽြတ္လဆန္း(၁၄)ရက္က ေရႊတိဂုံဘုရားကို အတူသြားဖူးခဲ့တယ္။ မႏၱေလးမွာလိုမဟုတ္ေပမယ့္ လမ္းေလွ်ာက္ရင္းေတြ႔တုန္းဆုံတုန္း ဘာသာေရး၊ သာသနာေရးအေၾကာင္း အားမလို႔အားမရျဖစ္တာေတြလည္း ေျပာလို႔မဆုံးႏိုင္ေသး။ ရဲေဘာ္ရဲဘက္ေတြမို႔ ေတြ႔တုန္းဆုံတုန္း အားရပါးရေျပာၾကတာေပါ့။
၂၀ ရက္ေန႔မွာက Kayah Resort ဟိုတယ္မွာ က်ားမအေျချပဳအၾကမ္းဖက္မႈပေပ်ာက္ေရးေဆြးေႏြးပြဲ၊ ဗုဒၶဘာသာဘက္က Penalist လုပ္လိုက္ရေသးတယ္။ အမွတ္တရလို႔ေျပာလို႔ရသည့္အရာကေတာ့ ဖယ္ခုံမွာတကယ္လႈပ္ရွားေနသည့္လူငယ္တစ္ခ်ိဳ႕ကို သိခဲ့ရတယ္၊ ေနာက္ၿပီးေတာ့ နာမည္သာႀကီးၿပီး လူေပ်ာက္ေနတဲ့ ဖယ္ခုံသူ ေမရီခိုင္ကို အဲဒီပြဲမွာဘဲ သိခဲ့ရတယ္။ Care အဖြဲ႔အေၾကာင္းကိုလည္း သိခဲ့ရတယ္။
ဖယ္ခုံရဲ႕ေရလယ္ကြ်န္းျဖစ္လာသည့္လြယ္ပန္းစုံကိုလည္း ဦးကိတၱိသာရရဲ႕အကူအညီနဲ႔ေရာက္ျဖစ္ခဲ့တယ္။ လြယ္ပန္းစုံမွာေန႔ခ်င္းျပန္ဖို႔သြားရာကေန ေလးရက္ၾကာသြားတယ္။ ဆရာေတာ္ဦးသီလာစာရတို႔နဲ႔လည္း ခင္မင္ခြင့္ ရင္းႏွီးခြင့္ရခဲ့တယ္။ တိတ္ဆိတ္တဲ့ေနရာကိုႏွစ္သက္တဲ့သူမို႔လားမသိဘူး၊ ဟိုတယ္ဇုန္လာေတာ့မယ္ ဆိုတဲ့သတင္းလည္း ၾကားျဖစ္ေအာင္ ၾကားလိုက္ေသးတယ္။ ဟိုမွာတိတ္ဆိတ္တာနဲ႔ စာေတြဘာေတြဖတ္၊ အျပန္မွာ ဦးသီလာစာရရဲ႕အခ်ိတ္အဆက္နဲ႔ စာအုပ္ဆိုင္မွာစာအုပ္ေတြဝင္ငွားလိုက္ေသးတယ္။
၂၉၊၃၀ မွာေတာ့ ထြန္းလြင္တုိ႔လုပ္တဲ့ ဖယ္ခုံလူငယ္ အလုပ္ရုံေဆြးေႏြးပြဲကို ေလ့လာခဲ့ရတယ္။ ကလ်ာဏမိတၱ႐ုံးကေန ဆရာဘို၊ ဆရာသိန္းစိုး၊ မျမင့္ျမင့္ထြန္းတို႔လည္း ေရာက္လာတယ္။ ဖယ္ခုံအတြက္ အိပ္မက္ကေလးဆက္မက္ခ်င္ၾကတာကိုလည္း သိရပါတယ္။

November
မႏၱေလးကိုႏွစ္ရက္၊သုံးရက္ေလာက္သြားရာကေန တစ္ပတ္ၾကာသြားတယ္။ မႏၱေလးကေန ရန္ကုန္ကို ေလးရက္၊ ငါးရက္ေလာက္သြားရာကေန ႏွစ္ပတ္ၾကာသြားတယ္။ ဘယ္သူမွမသိတဲ့ လ်ိဳ႕ဝွက္ခ်က္ အမွတ္တရတစ္ခုက အဲဒီႏွစ္ပတ္သုံးပတ္အတြင္းမွာ သကၤန္းတစ္စုံတည္းပါတာမို႔ အဲဒီတစ္စုံတည္းနဲ႔ဘဲ ေပါ့ေပါ့ပါးပါးေနခဲ့ရတယ္။ သီရိလကၤာသြားဖို႔ ဘုန္းႀကီးဦးအဂၢဓမၼကို အႀကံဉာဏ္ေလးေတာင္းရာကေန၊ ဘုန္းႀကီးဦးအဂၢဓမၼနဲ႔ဆက္စပ္တဲ့ ဦးသစၥန၊ ဦးသစၥနနဲ႔ဆက္စပ္တဲ့ ဦးေဇာတိကတို႔နဲ႔ရင္းႏွီးခြင့္ရခဲ့တယ္။ အႀကံေကာင္း၊ ဉာဏ္ေကာင္းေတြေပးခဲ့ၾကတယ္။ ဖားေအာက္မွာခင္ခဲ့ရတဲ့ဦးသုႏၵရ ရွိရာ မစိုးရိမ္ကိုလည္း ေရာက္ခဲ့တယ္။ မစိုးရိမ္ရဲဲ႕စာသင္သားေလးေတြကိုျမင္ေတာ့ စားသင္သားဘဝထဲကို တစ္ခါေလာက္ျပန္ခုန္ဆင္းခ်င္သည့္စိတ္ေတြေတာင္ေပါက္သြားတာပဲ။
ဆရာမေကသီမင္းဒင္ရဲ႕ေက်းဇူးေတြနဲ႔ ၂၄ ရက္ေန႔မွာ ျပဳလုပ္တဲ့ ဘာသာေပါင္းစုံမိတ္သဟာယအစီအစဥ္ပြဲကို ကူညီခြင့္ရခဲ့တယ္။ ဆရာဆရာမေတြကိုေတြ႔ဆုံေဆြးေႏြးခြင့္ရသည့္အခြင့္အေရးကုိ ရရွိခဲ့ပါတယ္။ ပြဲစီစဥ္သူရဲ႕ ရည္ရြယ္ခ်က္ကိုလည္း သိခြင့္ရခဲ့ပါတယ္။ အားလည္းေပးခဲ့ပါတယ္။ ေမတၱာမ႑ိဳင္ေက်ာင္းဆရာေတာ္ရဲ႕လုပ္ေဆာင္ခ်က္မ်ားကိုလည္း သိခြင့္ရခဲ့တယ္။
တစ္ဆက္တည္းမွာဘဲ ၂၅၊ ၂၆ ရက္ေန႔၊ ေနျပည္ေတာ္မွာျပဳလုပ္တဲ့ Green Youth Assembly 2017 ပြဲကိုလည္း တက္ေရာက္ေလ့လာခြင့္ရခဲ့တယ္။ စိမ္းလန္းေျမနဲ႔ကလ်ာဏမိတၱတို႔ရဲ႕ပူးေပါင္းလုပ္ေဆာင္မႈေတြက အင္မတန္မွထိေရာက္ပါတယ္။ ကလ်ာဏမိတၱေဖာင္ေဒးရွင္းရဲ႕သင္တန္းဆင္းေတြျဖစ္တဲ့ အေျခခံလက္လုပ္လက္စား ေတာင္သူေတြကိုယ္တိုင္ ပါဝင္ေနတာကိုေတြ႔ရတယ္။ ဟိုတယ္မွာက်င္းပေနတဲ့ပြဲေတြေတာ္ေတာ္မ်ားမ်ားက တကယ့္အေျခခံလူတန္းစားေတြပါဝင္ဖို႔က ျမင္ရခဲပါတယ္။ တက္လာတဲ့ပညာရွင္ေတြကို ေတာင္သူလူငယ္ေတြကိုယ္တိုင္ေမးျမန္းေျပာဆိုခြင့္ရွိခဲ့တယ္။ အားရစရာလည္း ေကာင္းလွပါတယ္။
အဲဒီေနျပည္ေတာ္ပြဲကအျပန္ လက္က်န္ႏိုဝင္ဘာရက္ေတြမွာ ရန္ကုန္မွာစာအုပ္ေတြလိုက္အလွဴခံခဲ့တယ္။ ေနျပည္ေတာ္ေဆြးေႏြးပြဲမွာ ေတြ႔ခဲ့ရသည့္ Lawla ရဲ႕အခ်ိတ္အဆက္နဲ႔ Point ကစာအုပ္ေတြအမ်ားႀကီး ရရွိခဲ့တယ္။ ေအာ္တိုဘာ၊ ႏိုဝင္ဘာလေတြမွာ ရြာကကေလးေတြကိုစာဖတ္ဖို႔စာအုပ္မရွိလို႔ ပန္းခ်ီဘဲဆြဲခိုင္းေနရေတာ့ ရန္ကုန္ေရာက္တုန္း ကေလးေတြ၊ လူငယ္ေတြအတြက္သင့္ေတာ္မည့့္စာအုပ္ေတြကို ရွာခဲ့သည္။ ဟိန္းရာဇာရဲ႕ အကူအညီေတြနဲ႔ COM, KMF, Spectrum နဲ႔ေပါင္းကူး႐ုံးအထိေရာက္ခဲ့တယ္။
ႏိုဝင္ဘာလမွာေတာ့ ဖယ္ခုံကေန မႏၱေလး၊ ရန္ကုန္၊ ေနျပည္ေတာ္တို႔မွာ ၿမိဳ႕ႀကီးသားလုပ္ခဲ့ရတယ္။


December
ပထမဆုံးတစ္ရက္မွာေတာ့ ငါးက်မ္းျပန္ကေန ရန္ကုန္တကၠသိုလ္မွာျပဳလုပ္တဲ့ လူငယ္ဘက္စုံဖြံ႕ၿဖိဳးေရးပြဲကိုသြားခဲ့တယ္၊ စုံစုံလင္လင္ ပါဝင္တာေတြ႔ရတယ္။ စာအုပ္အေရာင္းဌာနကို အဓိကသြားၾကည့္ျဖစ္တယ္။
ေနာက္ရက္ေတြမွာေတာ့ မဟာဝံသမွာေနၿပီး မတူညီတာေတြကို နားလည္ၾကစို႔ ၁၊၂၊၃၊၄ ေရးျဖစ္ခဲ့တယ္။
ဖယ္ခုံျပန္လာၿပီး တိုးခ်ဲ႕ဆရာေတာ္၊ ၿမိဳ႕ကုန္းဆရာေတာ္၊ ဦးေက်ာ္သန္းတို႔နဲ႔ သာသနာေရးဌာနကဆရာေတြနဲ႔ ေတြ႔ဆုံေမးျမန္းေဆြးေႏြးခြင့္ရခဲ့တယ္။ ဖယ္ခုံအေၾကာင္းတစ္ေစ့တစ္ေစာင္း သိခြင့္ရခဲ့တယ္။ အေၾကာင္းအရာတစ္ခုခုေလ့လာရင္ ကိန္းဂဏန္းအခ်က္အလက္နဲ႔ ခုႏွစ္သကၠရာဇ္၊ ရက္စြဲအတိအက် ရဖိို႔ခက္ခဲေနတာကိုေန႔ရပါတယ္။ မွတ္တမ္းမွတ္ရာေတြသိပ္ဂ႐ုမစိုက္ၾကတာကိုသိရတယ္။ ဥပမာ- ႏွစ္အလိုက္ ဖယ္ခုံဝါဆိုသံဃာစာရင္းကိုရွာလွ်င္ ႏွစ္အလိုက္ကိုအခ်ဳပ္မွတ္တမ္းတင္ထားတာမ်ိဳး၊ မွတ္ထားတာမ်ိဳးမရွိဘဲ မူရင္းစာအုပ္ကို ျပန္ရွာရတယ္။ စာအုပ္မေတြ႔ရင္ေတာ့ မသိေတာ့ဘူး။ အင္တာနက္ေတြသုံးတယ္။ ကြန္ပ်ဴတာေတြကိုင္တယ္။ စာရင္းဇယားေတြလည္း ျပဳစုတတ္တယ္။ ဒါေပမယ့္ မွတ္တမ္းတင္တတ္တဲ့အေလ့အက်င့္ေတြသိပ္မရွိၾကတာေတြ႔ရတယ္။ လိုအပ္လို႔လိုက္ရွာရင္ အစကေနျပန္ရွာေနရတယ္။
ဒီဇင္ဘာ (၁၀)ရက္ညမွာေတာ့ ေထရဝါဒကုန္းဆုံလူငယ္အဖြဲ႔ရဲ႕ အစိမ္းေရာင္ပ်ိဳးၿခံ အဖြဲ႔ဝင္မ်ား ပ်ိဳးၿခံအတြက္အစီအစဥ္ေရးဆြဲၾကတယ္။ ပထမအႀကိမ္ကို လြန္ခဲ့သည့္ ႏွစ္လပိုင္းကစလုပ္ၾကတယ္။ အခုဒုတိယအႀကိမ္ အဖြဲ႔ဝင္ (၁၀)ဦးပါဝင္လာတယ္။ စိုက္ပ်ိဳးေရးသင္တန္းဆင္းေတြ ဝိုင္းလုပ္ကတဲ့အစီအစဥ္ေတြျဖစ္တယ္။ ဒီလိုပူးေပါင္းလုပ္တတ္တဲ့လူငယ္ေတြမ်ားမ်ားေပၚလာေအာင္ အားေပးသင့္တယ္လို႔လည္းခံယူပါတယ္။
ဒီဇင္ဘာ(၁၃)ရက္၊ ေမြးေန႔ေရာက္ေတာ့ ငယ္သူငယ္ခ်င္းဆိုလို႔ သာသနာေတာ္မွာ တစ္ပါးသာက်န္ေတာ့တဲ့ ေမြေတာ္ဆရာေတာ္ ဦးေကလာသကို ဆြမ္းကပ္ခဲ့ပါတယ္။ သူငယ္ခ်င္းတစ္ပါးရဲ႕ရည္ရြယ္ခ်က္ေတြ၊ လုပ္ေဆာင္ခ်က္ေတြကလည္း တစ္ႏွစ္ထက္တစ္ႏွစ္ပိုအားရလာတာကိုေတြ႔ရတယ္။ လူမႈေရးသင္တန္းလည္း တက္ထားေတာ့ အရင္ထက္ပိုၿပီးတက္ၾကြလာတာကို ေတြ႔ရေတာ့ ဝမ္းသာခဲ့ရပါတယ္။ ေနာက္ပိုင္း ေမြေတာ္ေက်ာင္း ကိုရင္ေတြကိုလည္း သင္ၾကားမႈပုံစံေတြေျပာင္းလာလိမ့္မယ္လို႔ေမွ်ာ္လင့္ပါတယ္။  မတူတာေတြကိုနားလည္ၾကစို႔ ၅၊၆ ဆက္ေရးျဖစ္ခဲ့တယ္။
၂၀-ရက္ေန႔မွာ ကုန္းဆုံ၊ စက္ေတာ္၊ ပူခ်ယ္က ဖြံ႔ၿဖိဳးေရးသင္တန္းဆင္းလူငယ္ေတြ႔နဲ႔ေတြ႔ဆုံခဲ့ပါတယ္။ ၂၀၁၅၊ ၅-လပိုင္းတုန္းကတစ္ခါလုပ္ခဲ့ဖူးတယ္။ အဲဒီေနာက္ပိုင္းမွာတစ္ခါမွ မလုပ္ျဖစ္၊ အခ်င္းခ်င္းလည္းမေတြ႔ျဖစ္။ သင္တန္းဆင္းခ်င္းတူေပမယ့္၊ ေနရာခ်င္းမတူ၊ အလုပ္ခ်င္းမတူၾကေတာ့ မေတြ႔ျဖစ္ခဲ့ၾက။ အခုေတာ့ အစစအရာရာအဆင္ေျပစြာ ေတြ႔ျဖစ္ခဲ့တယ္။ ေထရဝါဒကုန္းဆုံလူငယ္အဖြဲ႕ရဲ႕ သုံးႏွစ္ေက်ာ္ကာလအတြင္းမွာ ဒုတိယအႀကိမ္ သုံးရြာေပါင္းေတြ႔ဆုံျခင္းဘဲျဖစ္တယ္။ မိမိေဒသရဲ႕အေျခအေနေတြကို ေဖာ္ထုတ္ၿပီး မိတ္သယာဖြဲ႔တဲ့ အစီအစဥ္ကို ပိုၿပီးလုပ္ျဖစ္သြားခဲ့တယ္။ လူငယ္ေတြအခ်င္းခ်င္းရဲ႕ရင္းႏွီးမႈေတြကို ပိုၿပီးတည္ေဆာက္ႏိုင္ခဲ့တယ္။
၂၁-ရက္ညမွာေတာ့ ရပ္ရြာအတြင္းမူးယစ္ေဆးဝါးကင္းစင္ေရး သက္ဆိုင္ရာရြာသူႀကီးမ်ားနဲ႔ရပ္မိရပ္ဖမ်ား ၃၉-ဦး တက္ေရာက္ေဆြးေႏြးၾကတယ္။ ၂၅-ရက္ေန႔မွာတစ္ရြာလုံးအတည္ျပဳၾကတယ္။ ဝမ္းေျမွာက္စရာသတင္းေတြၾကားခဲ့ရလို႔ ဝမ္းသာမႈက တစ္ဆင့္ၿပီးတစ္ဆင့္။
ဒီလိုဒီလိုဝမ္သာရတဲ့ကာလေတြက သိပ္မ်ားေနေတာ့ ေဖာ္ျပဖို႔ကသိပ္ခက္သြားေလေရာ။ ၂၀၁၇-ခုႏွစ္ကာလရဲ႕ ရွင္သန္မႈဟာအရမ္းကိုအဓိပၸါယ္ရွိလွပါတယ္လို႔ ယုံၾကည္တယ္။ ပတ္သက္၊ ယွက္ႏြယ္၊ ဆက္စပ္မႈရွိေသာသူမ်ားအားလုံး ကိုယ့္ရဲ႕ေက်းဇူးရွင္ေတြလို႔ခံယူပါတယ္။ အေတြ႔အႀကဳံအသစ္၊ အသိပညာအသစ္ေတြေပးခဲ့ၾကတယ္။ အားလုံးကိုေက်းဇူးတင္ပါတယ္လို႔ ေျပာလိုက္ပါတယ္။
အားလုံးဘဲ ကိုယ္က်န္းမာ၊ စိတ္ခ်မ္းသာစြာျဖင့္ လိုရာဆႏၵျပည့္ဝၾကပါေစ။

အရွင္နႏၵိယ (ဖယ္ခုံ)
27.12.2017  10:45:00

https://www.facebook.com/search/top/?q=၂၀၁၇%20ထဲက%20အမွတ္တရမ်ား&epa=SEARCH_BOX
Image may contain: 1 person, outdoor

Thursday, August 1, 2019

ကွာဟမှုကို ပေါင်းစပ်ပေးမည့် ပညာရေး (သို့မဟုတ်) ၂၁-ရာစု ဘကကျောင်းများအတွက် စိန်ခေါ်မှုများ

ကွာဟမှုကို ပေါင်းစပ်ပေးမည့် ပညာရေး (သို့မဟုတ်) ၂၁-ရာစု ဘကကျောင်းများအတွက် စိန်ခေါ်မှုများ

မြန်မာနိုင်ငံပညာရေးနှင့်ပတ်သတ်၍ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ အခန်းကဏ္ဍသည်လည်း အစဉ်အလာကောင်းပြီး အရေးပါသောအခန်းကဏ္ဍတစ်ခုပင်ဖြစ်ပါသည်။ ထိုပညာရေးကျောင်းသည် အခုထိ နိုင်ငံအတွင်းရှင်သန်နေဆဲကျောင်းတစ်မျိုးဖြစ်သည်။ ခေတ်တွေပြောင်းလာသည်နှင့်အလျောက် ဘကကျောင်းများရဲ့ အခြေအနေများကလည်း ပြောင်းလဲလာခဲ့ကြပါသည်။ သို့တစေ လက်မခံချင်သည့်သူများ ရှိနေဦးတော့ ဘကကျောင်းသည် ပြည်သူတွေရဲ့လိုအပ်ချက်အရ လက်ခံနေရဆဲ ပညာရေးကျောင်းဖြစ်ပါသည်။ ခေတ်ကာလပြောင်းလဲမှုတွေကြောင့် ယခင်ကဘကကျောင်းများနှင့် ယခုဘကကျောင်းများမတူညီတော့သည့်အချက်တွေလည်း များစွာရှိပါသည်။ ဘကကျောင်း၏ ဖြစ်တည်မှုနှင့် မိမိ၏ ထင်မြင်ချက်များကို တင်ပြချင်ပါသည်။

သမိုင်းထဲက ဘကပညာရေး

သာသနာ့မူပညာရေး၊ လောကဓာတ်ပညာရေး၊ မြန်မာကျောင်း၊ အင်္ဂလိပ်ကျောင်း၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာကျောင်း စသည်ဖြင့် ပညာရေးကျောင်းနှင့်ပတ်သက်၍ ရှေးယခင်ကတည်းက ကွဲပြားနေကြသည်ကို ဦးကောင်းရဲ့ ဗြိတိန်မရောက်ခင်နဲ့ရောက်ပြီး မြန်မာ့ပညာရေး (History of Education in Myanmar, Before the British conquest and After) ကျမ်းထဲမှာ ဖတ်ရှုလိုက်ရပါသည်။ ထိုဦးကောင်းစာအုပ်ကို ကိုးကား၍ မြန်မာ့ဘုန်းတော်ကြီး၏ပညာရေးကျောင်းများသည်  အသစ်ရောက်လာသော ဘာသာရပ်များနှင့် ပြောင်းလဲလာသော ခေတ်အခြေအနေတွေကြောင့် စိတ်ခေါ်မှုများစွာ ရင်ဆိုင်နေရပါသည်။ သို့သော် ဗုဒ္ဓဘာသာအများဆုံးနေထိုင်သည့် မြန်မာနိုင်ငံတွင် ဘကကျောင်းများ၏ ပညာရေးသင်ကြားမှုအရှိုန်အဟုန်သည် ယခုတိုင် အားကောင်းနေဆဲပင် ဖြစ်ပါသည်။

ပညာရေးစီမံကိန်းနှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်မှုတို့သည် ခေတ်အခြေအနေ၊ ပတ်ဝန်းကျင်အနေအထားများနှင့် လိုက်လျှောညီထွေစွာ ပြောင်းလဲရသည့်အရာတစ်ခုပင်ဖြစ်ပါသည်။ ဗြိတိန်ရောက်မလာခင် မြန်မာတို့၏ သာသနာ့မူပညာရေးသည် ခေတ်အခြေအနေနှင့် လူမှုဘဝ လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်သည့် ပညာရေးတစ်ခုပင်ဖြစ်ပါသည်။ အခြေခံအဆင့် ကလေးဘဝက ပညာရေးနှင့် လူပျိုဘဝ၊ ပျိုဖော်ဝင်စ လူငယ်ဘဝတို့အရွယ် သင်ယူကြတဲ့ ပညာရေးကအစ မြန်မာ့တို့ရဲ့ လူမှုဘဝ စိုက်ပျိုးရေးအဓိကလုပ်ကြတဲ့နိုင်ငံသားများအတွက် အန်ဝင်ခွင်ကျ ဖြစ်ခဲ့ပါသည်။ သာသနာ့မူပညာရေး၏ လွှမ်းမိုးမှုတွေကြောင့် မြန်မာလို့ပြောရင် ဗုဒ္ဓဘာသာဟာ တွဲပါလာသည့်အထိ သာသနာ့မူပညာရေးက သြဇာအရှိုန်အဝါကြီးမားခဲ့ပါသည်။ ပြည်သူလူထုနှင့်တစ်သားတည်းဖြစ်နေခြင်းကြောင့်ပင် ဗြိတ်ိန်တို့ရောက်ပြီးနောက် အင်္ဂလိပ်တို့သယ်ဆောင်လာသည့် ခေတ်မီပညာရေးကိုတောင် သင်ကြားဖို့ မလွယ်ကူဘဲ၊ ရုန်းကန်နေရသည်ကို မှတ်သားလိုက်ရပါသည်။

ဗြိတိန်မရောက်ခင် ထိုခေတ်အခါက မြန်မာနိုင်ငံ သာသနာတွင်းသားရဟန်းတော်များနှင့်ပတ်သက်၍ သိရှိရသည်မှာ သာသနာ့ဘောင်ထဲတွင် အမှန်တကယ်ပျော်နေကြသူများ၊ ပညာရေးကို အမှန်တကယ် စိတ်ဝင်စားသည့်သူများ ဖြစ်ကြပါသည်။ အခြေခံပညာရေးပြီးဆုံးပြီးနောက် အဆင့်မြင့်ပညာရေးကို ဆက်လက်သင်ယူကြသည့်ကျောင်းသားများက ရဟန်းတော်တွေ ပိုများပါသည်။ လူပျိုဘဝရောက်ကြပြီး သည့်နောက် အိမ်ထောင်ပြုလို၊ လူ့ဘောင်ထဲနေလိုကြသည့်ကျောင်းသားများသည် စာသင်ကျောင်းမှ ထွက်ကြပါသည်။ အဆင့်မြင့်ပညာရေးကိုလည်း တစ်ချို့က- တစ်ချို့တစ်ဝက်၊ တစ်ချို့က- တတ်နိုင်သလောက် သင်ယူကြပြီး အိမ်ရာတည်ထောင် လူတို့ဘောင်ထဲက လူမှုကိစ္စတွေ များလှတာကြောင့် ဆက်လက်မသင်ယူနိုင်ကြပါ။ ရဟန်းဘဝနဲ့ ဆက်လက်နေထိုင်သောသူအများစုသာ သာသနာမှုပညာရေးကို အဆုံးထိဆက်လက်သင်ယူကြပါသည်။ သာသနာ့မူပညာရေးကို သင်ယူမှုပြီးဆုံးသွားသည့်နောက် စာချပေး၊ စာသင်ပေးသည့်အလုပ်ကို ဆက်လုပ်ကြပါသည်။ ထို့ကြောင့် ရဟန်းတော်များသည် ပညာတတ်များဖြစ်ကြပြီး ပြည်သူ့အပေါ် သြဇာညောင်းသောသူများ ဖြစ်ကြပါသည်။ ထိုအချိန်က သာသနာမူပညာရေးမှာ ဘုန်းကြီးကျောင်းတွင်သင်ယူရသည့်အတွက် အများစုမှာ ယောင်္ကျားလေးတွေသာ ဖြစ်ကြပြီး မိန်းကလေးတွေနည်းပါးပါသည်။ မိန်းကလေးအတွက်နှင့် ဘုန်းကြီးကျောင်းပညာရေးတက်ဖို့ အခက်အခဲရှိသည့် သူအတွက်ကို ဦးတည်ပြီး လူကျောင်းဆိုသည့် စာသင်ကျောင်းလည်း ရှိပါသည်။ လူကျောင်းသည် အိမ်မှာသင်ကြတာဖြစ်ပြီး ဆရာတွေက ရဟန်းတော်တွေမပါဘဲ၊ လူပုဂ္ဂိုလ်များသာ ဖြစ်ကြပါသည်။ ထိုလူကျောင်းများသည် များများမဖွင့်နိုင်ဘဲ၊ ဖွင့်လျှင်ပင် ရေရှည်မရပ်တည်နိုင်ဘဲ ရပ်တည့်သွားကြသည်လည်း များစွာရှိပါသည်။ ထိုလူကျောင်းများသည် ဘုန်းကြီးကျောင်း၏ သာသနာ့မူပညာရေးအတွက် အထောက်အကူဖြစ်ရုံမျှသာ တတ်နိုင်ကြပါသည်။ သင်ကြားရေးနှင့်ပတ်သတ်၍ ရဟန်းတော်များက သင်ကြားရေးစွမ်းရည်တွေ ပိုပြည့်ဝကြ၊ ပိုကျွမ်းကျင်ကြသည်ကို မှတ်သားလိုက်ရပါသည်။ ရဟန်းတော်များရဲ့ အနေအထိုင်၊ အပြုအမှု၊ ဝိနည်းသိက္ခာနဲ့ ပတ်သက်ပြီးတော့လည်း လူတွေရဲ့ ယုံကြည်လေးစားမှုကို အပြည့်အဝရရှိကြပါသည်။ ထိုအချိန်က ပြည်သူများသည် သာသနာ့မူ ပညာရေးကျောင်းက ထွက်ခဲ့သည့်သူတွေမို့ ဝိနည်းအကြောင်း ရဟန်းသာမဏေတို့ရဲ့ ကျင့်ဝတ်သိက္ခာ ပုဒ်အကြောင်းတွေကအစ သိကြသည်မို့ တစ်ချို့တစ်လေသော ရဟန်း၊ သာမဏေတို့ ရဟန်းသာမဏေနဲ့ မသင့်လျှော်သည့် အမူအကျင့်ကို ပြုခဲ့သည် ဆိုဦးတော့ သာသနာတော်အပေါ် အမြင်စောင်းတာမျိုး၊ သံသယစိတ်ဝင်နေတာမျိုး မရှိကြပါ။ ဝါဒနှင့်ဝါဒီ၊ ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာဝင်ကို ကွဲကွဲပြားပြား သိထားကြသူများဖြစ်ကြပါသည်။  

ယခုခေတ် မြန်မာရဟန်းတော်များ အခြေအနေ

အခုခေတ်မြန်မာရဟန်းတော်များနဲ့ပတ်သက်၍ နှိုင်းယှဉ်ရမည်ဆိုပါက ရဟန်းဘဝမှာရော ပညာရေး အပေါ်မှာပါ စံတွေ၊ တန်ဖိုးထားမှုတွေ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာ ကွာခြားနေတာ တွေ့ရပါသည်။ ယခု လက်ရှိအခြေအနေကို ပြောရမည်ဆိုလျှင် အချို့ကိုရင်တွေ၊ ဦးဇင်းတွေ (အထူးသဖြင့် ငယ်ဖြူတွေ) က အရွယ်ရောက် လူပျိုဖော်ဝင်လို့ သို့မဟုတ် လူငယ်၊ လူလတ်ပိုင်းအရွယ်ရောက်လို့ ရဟန်းဘဝမှာ ငြီးငွေ့ရင်တောင် လူမထွက်ရဲတာတွေလည်း များစွာရှိပါသည်။ အခြေအနေတွေကလည်း လက်မခံစရာ ဖြစ်နေပါသည်။ ဘုဉ်းကြီးလူထွက်များ လူ့ဘဝမှာဘာမှ မလုပ်တတ်မကိုင်တတ်သည့်သူများ ဖြစ်ကြလို့ပင်ဖြစ်ပါသည်။ ဘုဉ်းကြီးဘဝမှာ ဓမ္မာစရိယပင်အောင်ထားဦးတော့ ဓမ္မာစရိယပညာရေးကို လူ့ဘဝမှာ အသုံးမဝင်သလို ဖြစ်နေပါသည်။ မည်သူမှလည်း အသိအမှတ်မပြုပါ။ ဘုန်းကြီးပညာရေးနဲ့ လူပညာရေးသည် ရထားတစ်လမ်း၊ သံတစ်လမ်း ဖြစ်ပါသည်။ ဘုန်းကြီးဘဝမှာ သင်သည့်ပညာရေးသည် ဘုန်းကြီးဘဝမှာပင် အသုံးဝင်ပြီး လူ့ဘဝမှာ အသုံးမဝင်ပါဟု ခံယူကြပါသည်။ လူမှုနယ်ပယ်မှာ လိုအပ်သည့် အင်္ဂလိပ်စာ၊ သင်္ချာနဲ့ အခြားအခြေခံအသိပညာများ ချို့ယွင်းနေလို့ပင် ဖြစ်ပါသည်။ လူ့ဘဝပညာရေး ကလည်း လူ့ဘဝမှာဘဲ အသုံးဝင်ပြီး ဘုန်းကြီးဘဝမှာ အသုံးမဝင်သလိုဖြစ်နေပါသည်။ အဲဒါကြောင့် ဘုန်းကြီးလူထွက်၊ တောင်ပြန်တောထွက်တို့ ဆိုပြီး နိမ်ချသည့် စကားလုံးတွေ ရှိနေပါသည်။ ပညာရေး နှစ်ခုက ပေါင်းကူးလို့မရဘဲ သီးသန့်ဖြစ်နေကြပါသည်။ ဤတွင် လူ့အကြောင်းကို ဘုန်းကြီးကမသိ၊ ဘုန်းကြီးအကြောင်းကို လူတွေက မသိခြင်းရဲ့ အစပင်ဖြစ်ပါသည်။   
သင်္ကန်းဝတ်နဲ့ မနေချင်တော့ပေမယ့် လူ့ဘဝမှာ အသုံမဝင်တော့မှာ တွေးပြီး လူမထွက်ရဲတော့လို့ ကုတ်ကပ်ပြီး သာသနာ့ဘောင်ထဲ နေနေရသည်မှာလည်း အများအပြားတွေ့ရပါသည်။ သာသနာတော်မှာ မနေချင်ဘဲ နေနေရသော ရဟန်းသာမဏေများမှာ သဒ္ဓါတရားပိုယုတ်လျှော့ပြီး ဝိနည်းသိက္ခာပုဒ်နှင့် လူမှုကျင့်ဝတ်သိက္ခာများကို သဒ္ဓါပဗ္ဗဇိတရဟန်းသာမဏေများနဲ့စာရင် ပိုပြီး လွန်ကျူးတတ်ကြပါသည်။ ထိုအခါပတ်ဝန်းကျင်က လက်မခံနိုင်သော အခြေအနေများ ပိုပြီးဖြစ်ပေါ်လာပါတော့သည်။ ဤတွင် အရင်ခေတ်ရဟန်းတော်များနှင့် ယခုခေတ်ရဟန်းတော်များ၏ ကွာခြားနေသည့်အခြေအနေများပင် ဖြစ်ပါသည်။

ယခုလက်ရှိအနေအထားတွင် သူ့အကြောင်းကိုယ်မသိ၊ ကိုယ့်အကြောင်းသူမသိသောလူနှစ်ဦးကြား ဆက်ဆံရေးက ပိုပြီးကွာဟလာသည်။ လေးစားမှုက ပိုပြီးလျှော့ရဲလာသည်။ တန်ဖိုးထားမှုကလည်း နည်းသထက်နည်းလာပါတော့သည်။ သင်ယူတဲ့ပညာရေးကွာဟမှု၊ ရပ်တည်ချက်ဦးတည်ချက်တို့ကွာဟမှု၊ ပတ်ဝန်းကျင်လက်ခံထားတဲ့ နေရာ(အဆင့်အတန်း)ကွာဟမှုတွေကြောင့် တစ်ဦးအကြောင်းတစ်ဦး မသိလေလေ ဖြစ်လာပါသည်။ သို့သော် အတူတူပတ်သက်နေရသည့် လူမှုဝန်းကျင်တစ်ခုထဲမှာ အချင်းချင်းကွာဟမှုတွေ များလာသည့်အခါ တစ်စုံတစ်ရာ မပြေလည်စရာ ပြဿနာများကို အဲဒီလူမှုဝန်းကျင်ထဲကဘဲ မွေးဖွားလာပါတော့သည်။ ဤတွင် မျက်မှောက်ခေတ် ရဟန်းတော်များ ကြုံတွေ့နေရသော ပြဿနာတွေထဲက တစ်ခုပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာ ဘုန်းတော်ကြီးကျောင်းသင် အစဉ်အလာ သာသနာမှုပညာရေး ပျက်တောက်သွားခြင်းကလည်း ရဟန်းနဲ့ ပြည်သူတို့ကွာဟနေရခြင်းရဲ့ အကြောင်းတွေထဲက တစ်ခုပင်ဖြစ်ပါသည်။

လူမှုအကျိုးပြုပညာရေး

နောက်တစ်ခုကား လူတွေလိုအပ်တဲ့ ပညာရေးကို မပေးနိုင်ခြင်းကလည်း ကွာဟနေရခြင်း၏ အကြောင်း တစ်ခု ဖြစ်ပါသည်။ လူတွေရဲ့ဘဝမှာ အဓိကအလုပ်တစ်ခုဖြစ်တဲ့ စီးပွားရေး၊ စားဝတ်နေရေးအတွက် အထောက်အကူဖြစ်မည့် အတတ်ပညာက ပိုပြီးအရေးကြီးပါသည်။ ထိုစားဝတ်နေရေး၊ စီးပွားရေးအတွ က်အထောက်အကူပြုမည့် အတတ်ပညာများမပါဝင်ပါက စိတ်ဝင်စားသူပိုနည်းပါလိမ့်မည်။ အထူးသဖြင့် ခေတ်မီသော လက်ရှိမှာလိုအပ်သော ပညာရပ်များကို ပိုလိုအပ်ပါသည်။ မျက်မှောက်ခေတ်သည် ပဒေသရာဇ်ခေတ်မဟုတ်တော့သလို လူတိုင်းလိုလို အိမ်တိုင်းလိုလို စိုက်ပျိုးရေးလုပ်နေရသည့် ကာလလည်း မဟုတ်တော့ပါ။ စိုက်ပျိုးရေးက လူတိုင်းအတွက် စံပြအတွက် မဟုတ်တော့ပါ။ ခေတ်ရေစီးကြောင်းနှင့် အန်ဝင်ခွင်ကျဖြစ်မည့်အလုပ်မျိုးကိုသာ ခေတ်မီသည့်အလုပ်ဟု သတ်မှတ်ကြပါသည်။ ဥပမာဆိုရလျှင် အွန်လိုင်းက ယဉ်ကျေးမှုလိုဖြစ်လာနေတဲ့အခုလိုခေတ်မျိုးမှာ အွန်လိုင်းအသုံးမပြုရ ဆိုတဲ့စည်းကမ်းမျိုးက လူ့လောကမှာ မည်သူမျှ လိုက်နာမည်မဟုတ်ပါ။ ထို့ကြောင့် ပညာရေးမှာ ခေတ်မီဖို့ လိုပါသည်။

မြန်မာနိုင်ငံကို ဗြိတိန်တွေဝင်လာပြီး ပညာရေးစီမံကိန်းတွေ အကောင်အထည်ဖော်သည့်အခါ လူတွေ သင်ယူခဲ့ကြပါသည်။ ခေတ်မီပြီး၊ ခေတ်သစ်မှာပိုလိုအပ်တဲ့အသိပညာရပ်တစ်ခုအဖြစ် အဘောပေါက်ကြပါသည်။ အထူးသဖြင့် မြို့နေလူတန်းစား၊ အရောင်းအဝယ်လုပ်သည့် ကုန်သည်တွေက ပိုသိကြပါသည်။ ထိုအချိန်က ခရစ်ယာန်ကျောင်းတွင် သင်ယူရသည့်အတွက်ကြောင့် ဘာသာရေး ပုံသွင်းတာတွေလည်း များစွာရှိနေသည့်အတွက် မသင်ယူခဲ့ကြသည့်သူတွေလည်း များစွာရှိခဲ့ကြပါသည်။ သို့ပေမယ့်၊ ဘာသာရေးစိတ်ဓာတ်မပြင်းပြတဲ့သူတွေကတော့ ခေတ်မီတဲ့ပညာရေးကို တတ်စေချင်ကြ သည်မို့ သူတို့ဘာသာဝင်ဖြစ်သွားလည်း ဖြစ်သွားပါစေဆိုပြီး ကလေးတွေကို ထိုကျောင်းသို့ပို့လိုက်ကြ ပါသည်။ ပညာရေးကိုဘာသာရေးနဲ့မရောတော့သည့် နောက်ပိုင်းအချိန်ရောက်မှသာ အဲဒီပညာရေးကို လူတိုင်းလိုလို သင်ယူခဲ့ကြပါသည်။ လက်ရှိလူမှုဘဝကို အကျိုးပြုသည့်ပညာရေးဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။ လက်ရှိမျက်မှောက်ခေတ် ပညာရေးမှာလည်း လူမှုဘဝမှာ အကျိုးပြုနိုင်သည့် ပညာရေးကို ဦးတည်ရပါမည်။

လူမှုအကျိုးပြုပညာရေးများကို ပေးဖို့က ဘကကျောင်းများသည် အခွင့်ကောင်းတစ်ခုပင်ဖြစ်ပါသည်။ ကွာဟနေသည့် နှစ်ဦးနှစ်ဘက်ကြားမှာ ပြန်ပေါင်းစပ်နိုင်ဖို့ဆိုလျှင် ပညာရေးသည် အရေးကြီးသော သော့ချက်တစ်ခုပင်။ ထိုကွာဟမှုနှစ်ခုကို ဘကကျောင်းများက ဖြေရှင်းနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ပါသည်။ ရင်ပေါင်တန်းနိုင်တဲ့ပညာရေး၊ တန်းတူယှဉ်တွဲလို့ရသည့်ပညာရေးဖြစ်ဖို့ လိုအပ်ပါသည်။ ရင်ပေါင်တန်းနိုင်သောပညာရေးဆိုသည်မှာ ပြဌာန်းစာတူရမည်၊ စာသင်ချိန်တူရမည် စသည်ကို မဆိုလိုပါ။ အခြေခံပညာရေးအဆင့်မှာ သိထားသင့်သည့် အခြေခံအသိပညာ၊ အတတ်ပညာတွေပါဖို့ဘဲ လိုပါသည်။ အဆင်မြင့်ပညာရေးဆိုလျှင် အဆင့်မြင့်ပညာရေးနဲ့ တန်တဲ့ အရည်အသွေးရှိဖို့ဘဲ လိုအပ်ပါသည်။ ဘယ်ကြောင်းထွက်၊ ဘယ်မှာနေ၊ ဘယ်စာသင်၊ ဘယ်စာအုပ်တွေက တရားသေတွေမဟုတ်ဘဲ အပြောင်း အလဲ လုပ်သင့်ရင် လုပ်ရမည့်အရာပင် ဖြစ်ပါသည်။ ထိုအဆင့်အဆင့်သော ပညာရေးအဆင့်အတန်းများ သည် လူမှုဘဝနှင့်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကျိုးပြုနိုင်ဖို့လိုပါသည်။ ထိုလူမှုအကျိုးပြု ပညာရေးအတွက် ဘကကျောင်းများမှာ ပြဌာန်းပေးနိုင်ဖို့လိုပါသည်။

လက်ရှိ ဘကကျောင်း

၂၀၀၅ ခုနှစ်၊ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးဌာနက ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေသည့် မဟနအဖွဲ့၏ ဆုံးဖြတ်အတည်ပြုထားသည့် “ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုစည်းမျဉ်း” စာအုပ်တွင် ပထမဆုံးအခန်း၊ နိဒါန်းမှာပင် မြန်မာနိ်ုင်ငံမှာယနေ့ကြုံတွေ့နေရသည့် မြန်မာ့ရိုးရာကွယ်ပျောက်မည့်အန္တရာယ်ကို ကာကွယ်နိုင်ရန် ဘကပညာရေးဆောင်ရွယ်ဖို့လိုအပ်ကြောင်း၊ အကျင့်စာရိတ္တကောင်းမွန်အောင်၊ ကိုယ်ကျင့်တရားကောင်းမွန်အောင် ဘကကျောင်းလိုအပ်ကြောင်း ပြောထားကြတာတွေ့ရပါသည်။

ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေးလုပ်ငန်း ရည်ရွယ်ချက်များကို အောက်ပါအတိုင်းတွေ့ရပါသည်။

1.    “ဆင်းရဲချမ်းသာမရွေး၊ လူတိုင်း အရေး အဖတ်အတွက် အခြေခံပညာနှင့် ခေတ်ပညာ တတ်မြောက်စေရန်။

2.    ပညာသင်ကြားရေး၌စရိတ်သက်သာပြီး လွယ်ကူမှုရှိစေရန်။

3.    ကိုယ်ကျင့်တရားကောင်းမွန်ပြီး အများအကျိုး နိုင်ငံအကျိုး သယ်ပိုးလိုသည့် သားကောင်းသမီးကောင်းများ ဖြစ်လာစေရန်။

4.    မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ကို သိရှိနားလည်၍ မြတ်နိုးစွာ လိုက်နာခံယူတတ်ကြစေရန်။

5.    ဗုဒ္ဓဘာသာ၊ သာသနာတော်ဆိုင်ရာ အဆုံးအမများကို ကြားနာမှတ်သား သိရှိလိုက်နာပြီး အနာဂတ်သာသနာကို တာဝန်ယူကြမည့် ဗုဒ္ဓဘာသာဝင်ကောင်းများ ဖြစ်ကြစေရန်။

6.    အမျိုး ဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်” တို့ ဖြစ်ပါသည်။  

နံပါတ်(၁) အချက်နှင့် (၂) အချက်တို့သည် ဆင်းရဲနွမ်းပါးသောကလေးများနှင့် ပညာသင်ယူခွင့် အခွင့်အလမ်းနည်းပါးသောကလေး၊ လိုအပ်နေသောကလေးများ ဒေသများကို ဦးတည်သည်ဟု ယူဆပါသည်။ ကျန်သောအချက်လေးချက်သည် အကျင့်စာရိတ္တကောင်းမွန်ရေး၊ မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ဗုဒ္ဓဘာသာအဆုံးအမသင်ကြားရေးတို့ကို ဦးတည်ပါသည်ဟု ယူဆပါသည်။ နံပါတ်တစ်နှင့်နှစ်အချက်တို့ကိုတော့ အထူးပြောစရာမလိုပါ။ သို့သော် ကျန်သောလေးချက်မှာ စဉ်းစားစရာဖြစ်ပါသည်။ ယခုလက်ရှိ မြန်မာနိုင်ငံဘကကျောင်းများ၏ သင်ရိုးညွန်းတမ်း၊ ပြဌာန်းစာများသည် အစိုးရကျောင်းက ကလေးများနဲ့ တစ်ပုံစံတည်းဖြစ်ပါသည်။ သင်ရိုးညွန်းတမ်း၊ စာသင်ချိန်၊ စာဖြေချိန် အားလုံးအတူတူပင်ဖြစ်ပါသည်။ စာရိတ္တကောင်းဖို့၊ မြန်မာ့ယဉ်းကျေးမှုထိန်းသိမ်းဖို့၊ ဗုဒ္ဓတရားတော်ကို အဓိကထားသင်ယူဖို့ သီးသန့်မပါပါ။ အပိုမပါပါ။ အစိုးရကျောင်းများနှင့်အတူတူပင်ဖြစ်ပါသည်။

ရာစုသစ်ထဲက ဘကကျောင်းများအတွက် စိန်ခေါ်မှု 

ဘကကျောင်းတွေကို သာသနာ့မူပညာရေးလို နှိုင်းယှဉ်လို့လည်း မရပါ။ အဘယ့်ကြောင့်ဆိုသော် သာသနာ့မူပညာရေးသည် ယခုလက်ရှိအခြေအနေကို ဥပမာပြရရင် ယခုခေတ် စာသင်တိုက်က ပြဌာန်းစာလို သင်နေခြင်းကြောင့်ဖြစ်သည်။ မျက်မှောက်ခေတ်အခြေအနေအရ- လူမှုအကျိုးပြုပညာရေးဟု ပြောရန် ခက်ခဲပါသည်။ ယခုလက်ရှိအချိန်ထိ အပြောင်းအလဲ မရှိသေးသော ပရိယတ္တိပညာရေးသည် အခြေခံကျပြီး ခိုင်မာတဲ့ပညာရေးတစ်ခုအဖြစ်ဆိုလို့ရသော်ငြားလည်း ခေတ်မီသော ပညာရေးဟု မဆိုနိုင်ပါ။ သင်္ချာ၊ ပထဝီ၊ သိပ္ပံ စတဲ့ ဘာသာရပ်တွေ မပါခြင်းကြောင့် ဖြစ်ပါသည်။ လူမှုအကျိုးပြုပညာရေးဖြစ်ဖို့ဆိုလျှင် ဘကပညာရေးများသည် ခေတ်မီဖို့လိုပါသည်။ ယခုခေတ် လိုအပ်သော ပညာရပ်များပါဝင်ဖို့လိုအပ်ပါသည်။ အစိုးရကျောင်းက ပြဌာန်းသည့် ပြဌာန်းစာအတိုင်း သင်ပေးနေခြင်းကလည်း လက်ခံနိုင်စရာ အရာတစ်ခုပင်။ သို့သော် လိုအပ်ချက်တော့ ရှိမည် ထင်ပါသည်။ ဘုန်းတော်ကြီးသင်ပညာရေးလို့ ပြောထားတာမို့ ဘုန်းတော်ကြီးတို့နဲ့ဆက်စပ်တဲ့ပညာရေး၊ ဆိုလိုသည်မှာ ဘာသာရေး၊ သာသနာရေးနဲ့ ဆက်နွှယ်သည့်ပညာရေး ဖြစ်သင့်ပါသည်ဟု ယူဆရပါသည်။ ဒါမှသာ ကွာဟမှုတွေကို ပေါင်းစည်းပေးနိုင်ပါမည်။

သာသနာရေးဌာနက ပြဌာန်းပေးတဲ့ ရည်ရွယ်ချက်အတိုင်းဆိုလျှင် ဆက်လက်အကောင်အထည် ဖော်ရမည့်ကဏ္ဍတွေ ရှိပါသေးသည်။ အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး ဘယ်လို သင်ရိုးညွန်းတမ်း ဆွဲမလဲ။ မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းဖို့ ဘယ်လိုပြဌာန်းစာတွေ ထည့်မလဲ။ ဗုဒ္ဓတရားတော် ပြန့်ပွားဖို့ လက်နာကျင့်သုံးနိုင်ဖို့ ဘယ်လိုသင်ကြားနည်းနဲ့ သင်ပေးမလဲ။ ဘယ်သာဓက ဘယ်ပုံစံတွေ သင်ပေးရမလဲ စသည်ဖြင့် ဆက်စဉ်းစားရမည့် အရာပင်ဖြစ်ပါသည်။ ကလေးအရွယ်မှာ သင်ပြပေးသင့်သော လူနေမှု၊ ယဉ်ကျေးမှုတွေ။ ပြောပြပေးထားသင့်သည့် ဇာတ်တွေ နိပါတ်တွေ အဆုံးအမတွေ များစွာရှိပါသည်။ လစ်ဟာနေသည့် ထိုနေရာကို ဘကကျောင်းပညာရေး ပညာရှင်အဖွဲ့ အကောင်အထည်ဖော်လျှင် မဖြစ်နိုင်စရာ မရှိသောအရာတစ်ခုဟု ယူဆပါသည်။

ပုဂ္ဂလိကကျောင်းနဲ့ အစိုးရကျောင်းက ပြဌာန်းစာအားလုံးတူနေစရာမလိုပါ၊ သို့သော် ကလေးအသက်အ ရွယ်နှင့် ကိုက်ညီမည့် သင့်လျှော်မည့် ပညာရေးဖြစ်ဖို့ဘဲ လိုပါသည်။ ဘုန်းတော်ကြီးကျောင်းနှင့် အစ်ိုးရေ ကျာင်းမှာလည်း ထိုအတိုင်းပင် ဖြစ်သင့်ပါသည်။ အစိုးရကျောင်းတက်ရင် ဘာတွေပိုသိရမှာလဲ၊ ပုဂ္ဂလိကကျောင်းဆိုရင်ကော ဘာတွေပိုသိသွားရမှာလဲ၊ ဘကကျောင်းဆိုရင်ကော ဘာတွေပိုသိရမှာလဲ စသည်ဖြင့် ပိုထူးသွားတာမျိုး ရှိသင့်ပါသည်။ ကျောင်းချင်းမတူလို့ အဓိကထားဦးစားပေးတာချင်းမတူလို့ အနည်းငယ် ပိုထူးသွားတာတော့ ကိစ္စမရှိပါ။ သို့သော် အသက်အရွယ်အလိုက် သိသင့်သိထိုက်၊ တတ်သင့်တတ်ထိုက်တဲ့ အသိပညာ၊ အတတ်ပညာတွေကိုတော့ ပါဝင်ရပါမည်။ ဘက ကျောင်းရဲ့ရပ်တည်မှုတွေက အစိုးရကျောင်းရဲ့ ပြဌာန်းစာအတိုင်းဘဲ လိုက်နေရသေးတယ်ဆိုပါက ၂၁-ရာစုမှာ ဘကရဲ့အခန်းကဏ္ဍက ပိုကျယ်သွားဖို့ထက် ပိုကျဉ်းသွားဖို့ အလားအလာရှိသည်ဟု ယူဆမိပါသည်။ ဘက မှာလည်း ဘကရဲ့ မူရင်း စံလေး၊ အမှတ်အသားလေးတွေ ရှိသင့်ပါသည်။ အကုန်လုံး၊ စွတ်ချွတ်တူ နေစရာမလိုပါ။ ဥပမာ- ဘကကျောင်းက သေခိယ ၇၅ ပါးထဲက ကျင့်ဝတ်တွေ ပြဌာန်းသည်၊ ကျင့်သုံးသည် ဟုဆိုလျှင် ဘကကျောင်းထွက်ကလေး တွေရဲ့ စားသောက်ပုံ၊ သွားပုံလာပုံတွေက သေသေသပ်သပ်ရှိပါလိမ့်မည်။ နောက်တစ်ခု ဘကကျောင်း ကလေးတွေ မင်္ဂလသုတ် သို့မဟုတ် မေတ္တာသုတ်နဲ့ ပတ်သက်၍ နက်နက်နဲနဲလေ့လာခဲ့ကြသည်ဟု ပြောကြမည်ဆိုလျှင် ဘကကျောင်းထွက်ကလေးရဲ့ စံလေး၊ အမှတ်အသားလေး၊ တန်ဖိုးထားစရာလေးတွေ သူတစ်ပါးနှင့်မတူသည့် ဂုဏ်ရည်တစ်ခုဖြစ်လာပါမည်။ ဆက်ဆံရေးမှာတော်တာ၊ သူတစ်ပါးနဲ့ လိုက်လျှောညီထွေနေတတ်တာ၊ စည်းကမ်းလိုက်နာတာ မျိုးတွေလည်း စံပင်ဖြစ်ပါသည်။ ဘကကျောင်းထွက်တွေက မြန်မာစာပိုကျွမ်းတယ်၊ ရှေးဟောင်းယဉ်ကျေးမှုနဲ့ပတ်သက်ပြီးပိုသိတယ်၊ ကွန်ပျူတာကိုင်တတ်ကြတယ် စသည်ဖြစ်လာအောင်လည်း ပံ့ပိုးပေးလို့ ရပါသည်။

နိုင်ငံတိုင်းလိုလို အခြေခံပညာရေးကစလို့ ဘွဲ့ရသည့်အထိ အခမဲ့တွေဖြစ်လာကြ၊ အစိုးရထောက်ပံ့ ကြေးတွေ၊ အဝတ်အစား၊ အစားအသောက်၊ အသုံးအဆောင်တွေ ရနေကြပါပြီ။ အကုန်လုံးနီးပါး အခမဲ့ဖြစ်လာကြသည့်ကာလထဲမှာ ပညာမသင်မနေရ ယဉ်ကျေးမှုတစ်ခု ထွန်းကားလာဖို့ အလားအလာ ရှိပါသည်။ ထိုသို့ဖြစ်လျှင် ဘကကျောင်းမှာ ကလေးတွေလာကြပါ့မလား စဉ်းစားရပါမည်။ နောက်တစ်ခု အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းတွေမှာ လစာကောင်းနေသောဆရာမများလို ဘကကျောင်းမှာ မပေးနိုင်ရင် ဆရာတွေ ရေရှည်ဘယ်လိုထိန်းထားမလဲ။ သင်တဲ့စာကလည်း အစိုးရကျောင်းပြဌာန်းစာ အတိုင်းဖြစ်နေလျှင် ဘာမှလည်း မထူးတာမို့ ဘကကျောင်းက တစ်ဆင့်ခံဖြစ်နေသလို ဖြစ်နေပြီး အစိုးရကျောင်းကိုဘဲ တိုက်ရိုက်သွားတတ်ပါလိမ့်မည်။ ဤတွင် ၂၁-ရာစု ဘကကျောင်းအများတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာ ပါလိမ့်မည်။ ထိုစိန်ခေါ်မှုများကို ဘယ်လိုရင်ဆိုင်မည်နည်း။ ကျောင်းသားတွေကို ဘယ်လိုဆန်းသစ်သည့် ပညာတွေပေးမည်နည်း၊ အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းများမှာ မရှိသည့် ပညာရပ်မျိုးပေးနိုင်မည်လော့။ ဆရာတွေကိုရော အရည်အသွေး မည်သို့မြင့်တင်မည်နည်း။ ဘကကျောင်းအတွက် သီးသန့်ပြဌာန်းထား သည့် ပြဌာန်းစာ ဘယ်လိုရေးဆွဲကြမည်နည်း။ ဘယ်လို ဖောက်ထွက်သွားမည်နည်း။ ဥပမာ- တရားထိုင်တာ ကောင်းသည်၊ အကျိုးရှိသည်ဟု ခေတ်စားလာသည့် ကာလထဲမှာ အင်္ဂလန် ကျောင်းပေါင်း ၃၇၀ ကျောင်းခန့်မှာ တရားထိုင်တဲ့အစီအစဉ်ပါဝင်တဲ့ သင်ရိုးညွန်းတမ်းရေးဆွဲလိုက်တာမျိုး။ လူတွေလည်း လက်ခံပြီး၊ ကလေးပညာရေးကို တကယ်မြင့်တင်စေမယ့် အစီအစဉ်များတွေ ဘကကျောင်းမှာ လုပ်ပေးနိုင်ဖို့က အရေးကြီးသည့်အရာတစ်ခု ဟု ယူဆမိပါသည်။

အရည်အသွေးပြည့်ဝသည့် ဆရာ၊ဆရာမများ ပညာရှင်များလည်း ဘကကျောင်းပညာရေး အစီအစဉ်တွေမှာ ပါဝင်နေကြသည်ကို ဝမ်းသာစွာမြင်တွေ့ရပါသည်။ ဘကကျောင်း၏ ဂုဏ်ယူစရာစံများ၊ ချစ်စရာ ဓလေ့၊ အပြုအမှုများ၊ အတုယူစရာ လေးစားစရာ စိတ်နေစိတ်ထားများ၊ သဘောထားများကိုလည်း ချပြသင့်ပါသည်။ ၂၁-ရာစု ဘကကျောင်းများ၏ ပညာရေးအစီအစဉ်များသည်လည်း စိန်ခေါ်မှုများစွာရှိပါသည်။ မြန်မာပြည်သူများအတွက် အစဉ်အလာကြီးမားသော ဘကကျောင်းပညာရေးသည် ရဟန်းနှင့်ပြည်သူ ကွာဟမှုတွေကို ပေါင်းစပ်ပေးနိုင်သည့်ကျောင်း၊ လူမှုအကျိုးပြုပညာရေး ပေးနိုင်သည့်ကျောင်း ဟုမှတ်ယူပါသည်။ ဘကကျောင်းများ ဒီထက်မက အောင်မြင်ပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

အရှင်နန္ဒိယ (ဖယ်ခုံ)
02:08:2019  01:00:00 AM




ကွာဟမှုကို ပေါင်းစပ်ပေးမည့် ပညာရေး (သို့မဟုတ်) ၂၁-ရာစု ဘကကျောင်းများအတွက် စိန်ခေါ်မှုများ
ျမန္မာႏိုင္ငံပညာေရးႏွင့္ပတ္သတ္၍ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္း၏ အခန္းက႑သည္လည္း အစဥ္အလာေကာင္းၿပီး အေရးပါေသာအခန္းက႑တစ္ခုပင္ျဖစ္ပါသည္။ ထိုပညာေရးေက်ာင္းသည္ အခုထိ ႏုိင္ငံအတြင္းရွင္သန္ေနဆဲေက်ာင္းတစ္မ်ိဳးျဖစ္သည္။ ေခတ္ေတြေျပာင္းလာသည္ႏွင့္အေလ်ာက္ ဘကေက်ာင္းမ်ားရဲ႕ အေျခအေနမ်ားကလည္း ေျပာင္းလဲလာခဲ့ၾကပါသည္။ သို႔တေစ လက္မခံခ်င္သည့္သူမ်ား ရွိေနဦးေတာ့ ဘကေက်ာင္းသည္ ျပည္သူေတြရဲ႕လိုအပ္ခ်က္အရ လက္ခံေနရဆဲ ပညာေရးေက်ာင္းျဖစ္ပါသည္။ ေခတ္ကာလေျပာင္းလဲမႈေတြေၾကာင့္ ယခင္ကဘကေက်ာင္းမ်ားႏွင့္ ယခုဘကေက်ာင္းမ်ားမတူညီေတာ့သည့္အခ်က္ေတြလည္း မ်ားစြာရွိပါသည္။ ဘကေက်ာင္း၏ ျဖစ္တည္မႈႏွင့္ မိမိ၏ ထင္ျမင္ခ်က္မ်ားကို တင္ျပခ်င္ပါသည္။

သမိုင္းထဲက ဘကပညာေရး

သာသနာ့မူပညာေရး၊ ေလာကဓာတ္ပညာေရး၊ ျမန္မာေက်ာင္း၊ အဂၤလိပ္ေက်ာင္း၊ အဂၤလိပ္-ျမန္မာ ႏွစ္ဘာသာေက်ာင္း စသည္ျဖင့္ ပညာေရးေက်ာင္းႏွင့္ပတ္သက္၍ ေရွးယခင္ကတည္းက ကြဲျပားေနၾကသည္ကို ဦးေကာင္းရဲ႕ ၿဗိတိန္မေရာက္ခင္နဲ႔ေရာက္ၿပီး ျမန္မာ့ပညာေရး (History of Education in Myanmar, Before the British conquest and After) က်မ္းထဲမွာ ဖတ္ရႈလိုက္ရပါသည္။ ထိုဦးေကာင္းစာအုပ္ကို ကိုးကား၍ ျမန္မာ့ဘုန္းေတာ္ႀကီး၏ပညာေရးေက်ာင္းမ်ားသည္  အသစ္ေရာက္လာေသာ ဘာသာရပ္မ်ားႏွင့္ ေျပာင္းလဲလာေသာ ေခတ္အေျခအေနေတြေၾကာင့္ စိတ္ေခၚမႈမ်ားစြာ ရင္ဆိုင္ေနရပါသည္။ သို႔ေသာ္ ဗုဒၶဘာသာအမ်ားဆုံးေနထိုင္သည့္ ျမန္မာႏိုင္ငံတြင္ ဘကေက်ာင္းမ်ား၏ ပညာေရးသင္ၾကားမႈအရႈိန္အဟုန္သည္ ယခုတိုင္ အားေကာင္းေနဆဲပင္ ျဖစ္ပါသည္။

ပညာေရးစီမံကိန္းႏွင့္ လက္ေတြ႔အေကာင္အထည္ေဖာ္ေဆာင္မႈတို႔သည္ ေခတ္အေျခအေန၊ ပတ္ဝန္းက်င္အေနအထားမ်ားႏွင့္ လိုက္ေလွ်ာညီေထြစြာ ေျပာင္းလဲရသည့္အရာတစ္ခုပင္ျဖစ္ပါသည္။ ၿဗိတိန္ေရာက္မလာခင္ ျမန္မာတို႔၏ သာသနာ့မူပညာေရးသည္ ေခတ္အေျခအေနႏွင့္ လူမႈဘဝ လိုအပ္မႈကို ျဖည့္ဆည္းေပးႏိုင္သည့္ ပညာေရးတစ္ခုပင္ျဖစ္ပါသည္။ အေျခခံအဆင့္ ကေလးဘဝက ပညာေရးႏွင့္ လူပ်ိဳဘဝ၊ ပ်ိဳေဖာ္ဝင္စ လူငယ္ဘဝတို႔အရြယ္ သင္ယူၾကတဲ့ ပညာေရးကအစ ျမန္မာ့တို႔ရဲ႕ လူမႈဘဝ စိုက္ပ်ိဳးေရးအဓိကလုပ္ၾကတဲ့ႏိုင္ငံသားမ်ားအတြက္ အန္ဝင္ခြင္က် ျဖစ္ခဲ့ပါသည္။ သာသနာ့မူပညာေရး၏ လႊမ္းမိုးမႈေတြေၾကာင့္ ျမန္မာလို႔ေျပာရင္ ဗုဒၶဘာသာဟာ တြဲပါလာသည့္အထိ သာသနာ့မူပညာေရးက ၾသဇာအရႈိန္အဝါႀကီးမားခဲ့ပါသည္။ ျပည္သူလူထုႏွင့္တစ္သားတည္းျဖစ္ေနျခင္းေၾကာင့္ပင္ ၿဗိတိ္န္တို႔ေရာက္ၿပီးေနာက္ အဂၤလိပ္တို႔သယ္ေဆာင္လာသည့္ ေခတ္မီပညာေရးကိုေတာင္ သင္ၾကားဖို႔ မလြယ္ကူဘဲ၊ ရုန္းကန္ေနရသည္ကို မွတ္သားလုိက္ရပါသည္။

ၿဗိတိန္မေရာက္ခင္ ထိုေခတ္အခါက ျမန္မာႏိုင္ငံ သာသနာတြင္းသားရဟန္းေတာ္မ်ားႏွင့္ပတ္သက္၍ သိရွိရသည္မွာ သာသနာ့ေဘာင္ထဲတြင္ အမွန္တကယ္ေပ်ာ္ေနၾကသူမ်ား၊ ပညာေရးကို အမွန္တကယ္ စိတ္ဝင္စားသည့္သူမ်ား ျဖစ္ၾကပါသည္။ အေျခခံပညာေရးၿပီးဆုံးၿပီးေနာက္ အဆင့္ျမင့္ပညာေရးကို ဆက္လက္သင္ယူၾကသည့္ေက်ာင္းသားမ်ားက ရဟန္းေတာ္ေတြ ပိုမ်ားပါသည္။ လူပ်ိဳဘဝေရာက္ၾကၿပီး သည့္ေနာက္ အိမ္ေထာင္ျပဳလို၊ လူ႔ေဘာင္ထဲေနလိုၾကသည့္ေက်ာင္းသားမ်ားသည္ စာသင္ေက်ာင္းမွ ထြက္ၾကပါသည္။ အဆင့္ျမင့္ပညာေရးကိုလည္း တစ္ခ်ိဳ႕က- တစ္ခ်ိဳ႕တစ္ဝက္၊ တစ္ခ်ိဳ႕က- တတ္ႏိုင္သေလာက္ သင္ယူၾကၿပီး အိမ္ရာတည္ေထာင္ လူတို႔ေဘာင္ထဲက လူမႈကိစၥေတြ မ်ားလွတာေၾကာင့္ ဆက္လက္မသင္ယူႏိုင္ၾကပါ။ ရဟန္းဘဝနဲ႔ ဆက္လက္ေနထိုင္ေသာသူအမ်ားစုသာ သာသနာမႈပညာေရးကို အဆုံးထိဆက္လက္သင္ယူၾကပါသည္။ သာသနာ့မူပညာေရးကို သင္ယူမႈၿပီးဆုံးသြားသည့္ေနာက္ စာခ်ေပး၊ စာသင္ေပးသည့္အလုပ္ကို ဆက္လုပ္ၾကပါသည္။ ထို႔ေၾကာင့္ ရဟန္းေတာ္မ်ားသည္ ပညာတတ္မ်ားျဖစ္ၾကၿပီး ျပည္သူ႔အေပၚ ၾသဇာေညာင္းေသာသူမ်ား ျဖစ္ၾကပါသည္။ ထိုအခ်ိန္က သာသနာမူပညာေရးမွာ ဘုန္းႀကီးေက်ာင္းတြင္သင္ယူရသည့္အတြက္ အမ်ားစုမွာ ေယာကၤ်ားေလးေတြသာ ျဖစ္ၾကၿပီး မိန္းကေလးေတြနည္းပါးပါသည္။ မိန္္းကေလးအတြက္ႏွင့္ ဘုန္းႀကီးေက်ာင္းပညာေရးတက္ဖို႔ အခက္အခဲရွိသည့္ သူအတြက္ကို ဦးတည္ၿပီး လူေက်ာင္းဆိုသည့္ စာသင္ေက်ာင္းလည္း ရွိပါသည္။ လူေက်ာင္းသည္ အိမ္မွာသင္ၾကတာျဖစ္ၿပီး ဆရာေတြက ရဟန္းေတာ္ေတြမပါဘဲ၊ လူပုဂၢိဳလ္မ်ားသာ ျဖစ္ၾကပါသည္။ ထိုလူေက်ာင္းမ်ားသည္ မ်ားမ်ားမဖြင့္ႏိုင္ဘဲ၊ ဖြင့္လွ်င္ပင္ ေရရွည္မရပ္တည္ႏိုင္ဘဲ ရပ္တည့္သြားၾကသည္လည္း မ်ားစြာရွိပါသည္။ ထိုလူေက်ာင္းမ်ားသည္ ဘုန္းႀကီးေက်ာင္း၏ သာသနာ့မူပညာေရးအတြက္ အေထာက္အကူျဖစ္ရုံမွ်သာ တတ္ႏိုင္ၾကပါသည္။ သင္ၾကားေရးႏွင့္ပတ္သတ္၍ ရဟန္းေတာ္မ်ားက သင္ၾကားေရးစြမ္းရည္ေတြ ပိုျပည့္ဝၾက၊ ပိုကၽြမ္းက်င္ၾကသည္ကို မွတ္သားလိုက္ရပါသည္။ ရဟန္းေတာ္မ်ားရဲ႕ အေနအထိုင္၊ အျပဳအမႈ၊ ဝိနည္းသိကၡာနဲ႔ ပတ္သက္ၿပီးေတာ့လည္း လူေတြရဲ႕ ယုံၾကည္ေလးစားမႈကို အျပည့္အဝရရွိၾကပါသည္။ ထိုအခ်ိန္က ျပည္သူမ်ားသည္ သာသနာ့မူူ ပညာေရးေက်ာင္းက ထြက္ခဲ့သည့္သူေတြမို႔ ဝိနည္းအေၾကာင္း ရဟန္းသာမေဏတို႔ရဲ႕ က်င့္ဝတ္သိကၡာ ပုဒ္အေၾကာင္းေတြကအစ သိၾကသည္မို႔ တစ္ခ်ိဳ႕တစ္ေလေသာ ရဟန္း၊ သာမေဏတို႔ ရဟန္းသာမေဏနဲ႔ မသင့္ေလွ်ာ္သည့္ အမူအက်င့္ကို ျပဳခဲ့သည္ ဆိုဦးေတာ့ သာသနာေတာ္အေပၚ အျမင္ေစာင္းတာမ်ိဳး၊ သံသယစိတ္ဝင္ေနတာမ်ိဳး မရွိၾကပါ။ ဝါဒႏွင့္ဝါဒီ၊ ဗုဒၶဘာသာႏွင့္ ဗုဒၶဘာသာဝင္ကို ကြဲကြဲျပားျပား သိထားၾကသူမ်ားျဖစ္ၾကပါသည္။  

ယခုေခတ္ ျမန္မာရဟန္းေတာ္မ်ား အေျခအေန

အခုေခတ္ျမန္မာရဟန္းေတာ္မ်ားနဲ႔ပတ္သက္၍ ႏိႈင္းယွဥ္ရမည္ဆိုပါက ရဟန္းဘဝမွာေရာ ပညာေရး အေပၚမွာပါ စံေတြ၊ တန္ဖိုးထားမႈေတြ တာဝန္ယူမႈ၊ တာဝန္ခံမႈအပိုင္းမွာ ကြာျခားေနတာ ေတြ႕ရပါသည္။ ယခု လက္ရွိအေျခအေနကို ေျပာရမည္ဆိုလွ်င္ အခ်ိဳ႕ကိုရင္ေတြ၊ ဦးဇင္းေတြ (အထူးသျဖင့္ ငယ္ျဖဴေတြ) က အရြယ္ေရာက္ လူပ်ိဳေဖာ္ဝင္လို႔ သို႔မဟုတ္ လူငယ္၊ လူလတ္ပိုင္းအရြယ္ေရာက္လို႔ ရဟန္းဘဝမွာ ၿငီးေငြ႔ရင္ေတာင္ လူမထြက္ရဲတာေတြလည္း မ်ားစြာရွိပါသည္။ အေျခအေနေတြကလည္း လက္မခံစရာ ျဖစ္ေနပါသည္။ ဘုဥ္းႀကီးလူထြက္မ်ား လူ႔ဘဝမွာဘာမွ မလုပ္တတ္မကိုင္တတ္သည့္သူမ်ား ျဖစ္ၾကလို႔ပင္ျဖစ္ပါသည္။ ဘုဥ္းႀကီးဘဝမွာ ဓမၼာစရိယပင္ေအာင္ထားဦးေတာ့ ဓမၼာစရိယပညာေရးကို လူ႔ဘဝမွာ အသုံးမဝင္သလို ျဖစ္ေနပါသည္။ မည္သူမွလည္း အသိအမွတ္မျပဳပါ။ ဘုန္းႀကီးပညာေရးနဲ႔ လူပညာေရးသည္ ရထားတစ္လမ္း၊ သံတစ္လမ္း ျဖစ္ပါသည္။ ဘုန္းႀကီးဘဝမွာ သင္သည့္ပညာေရးသည္ ဘုန္းႀကီးဘဝမွာပင္ အသုံးဝင္ၿပီး လူ႔ဘဝမွာ အသုံးမဝင္ပါဟု ခံယူၾကပါသည္။ လူမႈနယ္ပယ္မွာ လိုအပ္သည့္ အဂၤလိပ္စာ၊ သခၤ်ာနဲ႔ အျခားအေျခခံအသိပညာမ်ား ခ်ိဳ႕ယြင္းေနလို႔ပင္ ျဖစ္ပါသည္။ လူ႔ဘဝပညာေရး ကလည္း လူ႔ဘဝမွာဘဲ အသုံးဝင္ၿပီး ဘုန္းႀကီးဘဝမွာ အသုံးမဝင္သလိုျဖစ္ေနပါသည္။ အဲဒါေၾကာင့္ ဘုန္းႀကီးလူထြက္၊ ေတာင္ျပန္ေတာထြက္တို႔ ဆိုၿပီး နိမ္ခ်သည့္ စကားလုံးေတြ ရွိေနပါသည္။ ပညာေရး ႏွစ္ခုက ေပါင္းကူးလို႔မရဘဲ သီးသန္႔ျဖစ္ေနၾကပါသည္။ ဤတြင္ လူ႔အေၾကာင္းကို ဘုန္းႀကီးကမသိ၊ ဘုန္းႀကီးအေၾကာင္းကို လူေတြက မသိျခင္းရဲ႕ အစပင္ျဖစ္ပါသည္။   
သကၤန္းဝတ္နဲ႔ မေနခ်င္ေတာ့ေပမယ့္ လူ႔ဘဝမွာ အသုံမဝင္ေတာ့မွာ ေတြးၿပီး လူမထြက္ရဲေတာ့လို႔ ကုတ္ကပ္ၿပီး သာသနာ့ေဘာင္ထဲ ေနေနရသည္မွာလည္း အမ်ားအျပားေတြ႕ရပါသည္။ သာသနာေတာ္မွာ မေနခ်င္ဘဲ ေနေနရေသာ ရဟန္းသာမေဏမ်ားမွာ သဒၶါတရားပိုယုတ္ေလွ်ာ့ၿပီး ဝိနည္းသိကၡာပုဒ္ႏွင့္ လူမႈက်င့္ဝတ္သိကၡာမ်ားကို သဒၶါပဗၺဇိတရဟန္းသာမေဏမ်ားနဲ႔စာရင္ ပိုၿပီး လြန္က်ဴးတတ္ၾကပါသည္။ ထိုအခါပတ္ဝန္းက်င္က လက္မခံႏုိင္ေသာ အေျခအေနမ်ား ပိုၿပီးျဖစ္ေပၚလာပါေတာ့သည္။ ဤတြင္ အရင္ေခတ္ရဟန္းေတာ္မ်ားႏွင့္ ယခုေခတ္ရဟန္းေတာ္မ်ား၏ ကြာျခားေနသည့္အေျခအေနမ်ားပင္ ျဖစ္္ပါသည္။

ယခုလက္ရွိအေနအထားတြင္ သူ႔အေၾကာင္းကိုယ္မသိ၊ ကိုယ့္အေၾကာင္းသူမသိေသာလူႏွစ္ဦးၾကား ဆက္ဆံေရးက ပိုၿပီးကြာဟလာသည္။ ေလးစားမႈက ပိုၿပီးေလွ်ာ့ရဲလာသည္။ တန္ဖိုးထားမႈကလည္း နည္းသထက္နည္းလာပါေတာ့သည္။ သင္ယူတဲ့ပညာေရးကြာဟမႈ၊ ရပ္တည္ခ်က္ဦးတည္ခ်က္တို႔ကြာဟမႈ၊ ပတ္ဝန္းက်င္လက္ခံထားတဲ့ ေနရာ(အဆင့္အတန္း)ကြာဟမႈေတြေၾကာင့္ တစ္ဦးအေၾကာင္းတစ္ဦး မသိေလေလ ျဖစ္လာပါသည္။ သို႔ေသာ္ အတူတူပတ္သက္ေနရသည့္ လူမႈဝန္းက်င္တစ္ခုထဲမွာ အခ်င္းခ်င္းကြာဟမႈေတြ မ်ားလာသည့္အခါ တစ္စုံတစ္ရာ မေျပလည္စရာ ျပႆနာမ်ားကို အဲဒီလူမႈဝန္းက်င္ထဲကဘဲ ေမြးဖြားလာပါေတာ့သည္။ ဤတြင္ မ်က္ေမွာက္ေခတ္ ရဟန္းေတာ္မ်ား ႀကဳံေတြ႔ေနရေသာ ျပႆနာေတြထဲက တစ္ခုပင္ျဖစ္ပါသည္။ ျမန္မာႏိုင္ငံမွာ ဘုန္းေတာ္ႀကီးေက်ာင္းသင္ အစဥ္အလာ သာသနာမႈပညာေရး ပ်က္ေတာက္သြားျခင္းကလည္း ရဟန္းနဲ႔ ျပည္သူတို႔ကြာဟေနရျခင္းရဲ႕ အေၾကာင္းေတြထဲက တစ္ခုပင္ျဖစ္ပါသည္။

လူမႈအက်ိဳးျပဳပညာေရး

ေနာက္တစ္ခုကား လူေတြလိုအပ္တဲ့ ပညာေရးကို မေပးႏိုင္ျခင္းကလည္း ကြာဟေနရျခင္း၏ အေၾကာင္း တစ္ခု ျဖစ္ပါသည္။ လူေတြရဲ႕ဘဝမွာ အဓိကအလုပ္တစ္ခုျဖစ္တဲ့ စီးပြားေရး၊ စားဝတ္ေနေရးအတြက္ အေထာက္အကူျဖစ္မည့္ အတတ္ပညာက ပိုၿပီးအေရးႀကီးပါသည္။ ထိုစားဝတ္ေနေရး၊ စီးပြားေရးအတြ က္အေထာက္အကူျပဳမည့္ အတတ္ပညာမ်ားမပါဝင္ပါက စိတ္ဝင္စားသူပိုနည္းပါလိမ့္မည္။ အထူးသျဖင့္ ေခတ္မီေသာ လက္ရွိမွာလိုအပ္ေသာ ပညာရပ္မ်ားကို ပိုလိုအပ္ပါသည္။ မ်က္ေမွာက္ေခတ္သည္ ပေဒသရာဇ္ေခတ္မဟုတ္ေတာ့သလို လူတိုင္းလိုလို အိမ္တိုင္းလိုလို စိုက္ပ်ိဳးေရးလုပ္ေနရသည့္ ကာလလည္း မဟုတ္ေတာ့ပါ။ စိုက္ပ်ိဳးေရးက လူတိုင္းအတြက္ စံျပအတြက္ မဟုတ္ေတာ့ပါ။ ေခတ္ေရစီးေၾကာင္းႏွင့္ အန္ဝင္ခြင္က်ျဖစ္မည့္အလုပ္မ်ိဳးကိုသာ ေခတ္မီသည့္အလုပ္ဟု သတ္မွတ္ၾကပါသည္။ ဥပမာဆိုရလွ်င္ အြန္လိုင္းက ယဥ္ေက်းမႈလိုျဖစ္လာေနတဲ့အခုလိုေခတ္မ်ိဳးမွာ အြန္လိုင္းအသုံးမျပဳရ ဆိုတဲ့စည္းကမ္းမ်ိဳးက လူ႔ေလာကမွာ မည္သူမွ် လိုက္နာမည္မဟုတ္ပါ။ ထို႔ေၾကာင့္ ပညာေရးမွာ ေခတ္မီဖို႔ လိုပါသည္။

ျမန္မာႏိုင္ငံကို ၿဗိတိန္ေတြဝင္လာၿပီး ပညာေရးစီမံကိန္းေတြ အေကာင္အထည္ေဖာ္သည့္အခါ လူေတြ သင္ယူခဲ့ၾကပါသည္။ ေခတ္မီၿပီး၊ ေခတ္သစ္မွာပိုလိုအပ္တဲ့အသိပညာရပ္တစ္ခုအျဖစ္ အေဘာေပါက္ၾကပါသည္။ အထူးသျဖင့္ ၿမိဳ႕ေနလူတန္းစား၊ အေရာင္းအဝယ္လုပ္သည့္ ကုန္သည္ေတြက ပိုသိၾကပါသည္။ ထိုအခ်ိန္က ခရစ္ယာန္ေက်ာင္းတြင္ သင္ယူရသည့္အတြက္ေၾကာင့္ ဘာသာေရး ပုံသြင္းတာေတြလည္း မ်ားစြာရွိေနသည့္အတြက္ မသင္ယူခဲ့ၾကသည့္သူေတြလည္း မ်ားစြာရွိခဲ့ၾကပါသည္။ သို႔ေပမယ့္၊ ဘာသာေရးစိတ္ဓာတ္မျပင္းျပတဲ့သူေတြကေတာ့ ေခတ္မီတဲ့ပညာေရးကို တတ္ေစခ်င္ၾက သည္မို႔ သူတို႔ဘာသာဝင္ျဖစ္သြားလည္း ျဖစ္သြားပါေစဆိုၿပီး ကေလးေတြကို ထိုေက်ာင္းသို႔ပို႔လိုက္ၾက ပါသည္။ ပညာေရးကိုဘာသာေရးနဲ႔မေရာေတာ့သည့္ ေနာက္ပိုင္းအခ်ိန္ေရာက္မွသာ အဲဒီပညာေရးကို လူတိုင္းလိုလို သင္ယူခဲ့ၾကပါသည္။ လက္ရွိလူမႈဘဝကို အက်ိဳးျပဳသည့္ပညာေရးျဖစ္ျခင္းေၾကာင့္ ျဖစ္ပါသည္။ လက္ရွိမ်က္ေမွာက္ေခတ္ ပညာေရးမွာလည္း လူမႈဘဝမွာ အက်ိိဳးျပဳႏုိင္သည့္ ပညာေရးကို ဦးတည္ရပါမည္။

လူမႈအက်ိဳးျပဳပညာေရးမ်ားကို ေပးဖို႔က ဘကေက်ာင္းမ်ားသည္ အခြင့္ေကာင္းတစ္ခုပင္ျဖစ္ပါသည္။ ကြာဟေနသည့္ ႏွစ္ဦးႏွစ္ဘက္ၾကားမွာ ျပန္ေပါင္းစပ္ႏိုင္ဖို႔ဆိုလွ်င္ ပညာေရးသည္ အေရးႀကီးေသာ ေသာ့ခ်က္တစ္ခုပင္။ ထိုကြာဟမႈႏွစ္ခုကို ဘကေက်ာင္းမ်ားက ေျဖရွင္းႏိုင္လိမ့္မည္ဟုလည္း ေမွ်ာ္လင့္ပါသည္။ ရင္ေပါင္တန္းႏိုင္တဲ့ပညာေရး၊ တန္းတူယွဥ္တြဲလို႔ရသည့္ပညာေရးျဖစ္ဖို႔ လိုအပ္ပါသည္။ ရင္ေပါင္တန္းႏိုင္ေသာပညာေရးဆိုသည္မွာ ျပဌာန္းစာတူရမည္၊ စာသင္ခ်ိန္တူရမည္ စသည္ကို မဆိုလိုပါ။ အေျခခံပညာေရးအဆင့္မွာ သိထားသင့္သည့္ အေျခခံအသိပညာ၊ အတတ္ပညာေတြပါဖို႔ဘဲ လိုပါသည္။ အဆင္ျမင့္ပညာေရးဆိုလွ်င္ အဆင့္ျမင့္ပညာေရးနဲ႔ တန္တဲ့ အရည္အေသြးရွိဖို႔ဘဲ လိုအပ္ပါသည္။ ဘယ္ေၾကာင္းထြက္၊ ဘယ္မွာေန၊ ဘယ္စာသင္၊ ဘယ္စာအုပ္ေတြက တရားေသေတြမဟုတ္ဘဲ အေျပာင္း အလဲ လုပ္သင့္ရင္ လုပ္ရမည့္အရာပင္ ျဖစ္ပါသည္။ ထိုအဆင့္အဆင့္ေသာ ပညာေရးအဆင့္အတန္းမ်ား သည္ လူမႈဘဝႏွင့္တိုက္ရိုက္ျဖစ္ေစ၊ သြယ္ဝိုက္၍ျဖစ္ေစ အက်ိဳးျပဳႏိုင္ဖို႔လိုပါသည္။ ထိုလူမႈအက်ိဳးျပဳ ပညာေရးအတြက္ ဘကေက်ာင္းမ်ားမွာ ျပဌာန္းေပးႏိုင္ဖို႔လိုပါသည္။

လက္ရွိ ဘကေက်ာင္း

၂၀၀၅ ခုႏွစ္၊ သာသနာေတာ္သန္႔ရွင္းတည္တံ့ျပန္႔ပြားေရးဌာနက ဒုတိယအႀကိမ္ ျပန္လည္ထုတ္ေဝသည့္ မဟနအဖြဲ႔၏ ဆုံးျဖတ္အတည္ျပဳထားသည့္ “ဘုန္းေတာ္ႀကီးေက်ာင္း ပညာသင္ၾကားမႈစည္းမ်ဥ္း” စာအုပ္တြင္ ပထမဆုံးအခန္း၊ နိဒါန္းမွာပင္ ျမန္မာႏိ္ုင္ငံမွာယေန႔ႀကဳံေတြ႔ေနရသည့္ ျမန္မာ့ရုိးရာကြယ္ေပ်ာက္မည့္အႏၱရာယ္ကို ကာကြယ္ႏိုင္ရန္ ဘကပညာေရးေဆာင္ရြယ္ဖို႔လိုအပ္ေၾကာင္း၊ အက်င့္စာရိတၱေကာင္းမြန္ေအာင္၊ ကို္ယ္က်င့္တရားေကာင္းမြန္ေအာင္ ဘကေက်ာင္းလိုအပ္ေၾကာင္း ေျပာထားၾကတာေတြ႔ရပါသည္။

ဘုန္းေတာ္ႀကီးေက်ာင္း ပညာသင္ၾကားေရးလုပ္ငန္း ရည္ရြယ္ခ်က္မ်ားကို ေအာက္ပါအတိုင္းေတြ႔ရပါသည္။

1.    “ဆင္းရဲခ်မ္းသာမေရြး၊ လူတိုင္း အေရး အဖတ္အတြက္ အေျခခံပညာႏွင့္ ေခတ္ပညာ တတ္ေျမာက္ေစရန္။

2.    ပညာသင္ၾကားေရး၌စရိတ္သက္သာၿပီး လြယ္ကူမႈရွိေစရန္။

3.    ကိုယ္က်င့္တရားေကာင္းမြန္ၿပီး အမ်ားအက်ိဳး ႏိုင္ငံအက်ိဳး သယ္ပိုးလိုသည့္ သားေကာင္းသမီးေကာင္းမ်ား ျဖစ္လာေစရန္။

4.    ျမန္မာ့ယဥ္ေက်းမႈ၊ ဓေလ့ထုံးစံတို႔ကို သိရွိနားလည္၍ ျမတ္ႏိုးစြာ လိုက္နာခံယူတတ္ၾကေစရန္။

5.    ဗုဒၶဘာသာ၊ သာသနာေတာ္ဆိုင္ရာ အဆုံးအမမ်ားကို ၾကားနာမွတ္သား သိရွိလိုက္နာၿပီး အနာဂတ္သာသနာကို တာဝန္ယူၾကမည့္ ဗုဒၶဘာသာဝင္ေကာင္းမ်ား ျဖစ္ၾကေစရန္။

6.    အမ်ိဳး ဘာသာ သာသနာကို ထိန္းသိမ္းေစာင့္ေရွာက္ႏုိင္ေစရန္” တို႔ ျဖစ္ပါသည္။  

နံပါတ္(၁) အခ်က္ႏွင့္ (၂) အခ်က္တို႔သည္ ဆင္းရဲႏြမ္းပါးေသာကေလးမ်ားႏွင့္ ပညာသင္ယူခြင့္ အခြင့္အလမ္းနည္းပါးေသာကေလး၊ လိုအပ္ေနေသာကေလးမ်ား ေဒသမ်ားကို ဦးတည္သည္ဟု ယူဆပါသည္။ က်န္ေသာအခ်က္ေလးခ်က္သည္ အက်င့္စာရိတၱေကာင္းမြန္ေရး၊ ျမန္မာ့ယဥ္ေက်းမႈ ထိန္းသိမ္းေရး၊ ဗုဒၶဘာသာအဆုံးအမသင္ၾကားေရးတို႔ကို ဦးတည္ပါသည္ဟု ယူဆပါသည္။ နံပါတ္တစ္ႏွင့္ႏွစ္အခ်က္တို႔ကိုေတာ့ အထူးေျပာစရာမလိုပါ။ သို႔ေသာ္ က်န္ေသာေလးခ်က္မွာ စဥ္းစားစရာျဖစ္ပါသည္။ ယခုလက္ရွိ ျမန္မာႏိုင္ငံဘကေက်ာင္းမ်ား၏ သင္ရုိးညြန္းတမ္း၊ ျပဌာန္းစာမ်ားသည္ အစိုးရေက်ာင္းက ကေလးမ်ားနဲ႔ တစ္ပုံစံတည္းျဖစ္ပါသည္။ သင္ရုိးညြန္းတမ္း၊ စာသင္ခ်ိန္၊ စာေျဖခ်ိန္ အားလုံးအတူတူပင္ျဖစ္ပါသည္။ စာရိတၱေကာင္းဖို႔၊ ျမန္မာ့ယဥ္းေက်းမႈထိန္းသိမ္းဖို႔၊ ဗုဒၶတရားေတာ္ကို အဓိကထားသင္ယူဖို႔ သီးသန္႔မပါပါ။ အပိုမပါပါ။ အစိုးရေက်ာင္းမ်ားႏွင့္အတူတူပင္ျဖစ္ပါသည္။

ရာစုသစ္ထဲက ဘကေက်ာင္းမ်ားအတြက္ စိန္ေခၚမႈ 

ဘကေက်ာင္းေတြကို သာသနာ့မူပညာေရးလို ႏႈိႈင္းယွဥ္လို႔လည္း မရပါ။ အဘယ့္ေၾကာင့္ဆိုေသာ္ သာသနာ့မူပညာေရးသည္ ယခုလက္ရွိအေျခအေနကို ဥပမာျပရရင္ ယခုေခတ္ စာသင္တို္က္က ျပဌာန္းစာလို သင္ေနျခင္းေၾကာင့္ျဖစ္သည္။ မ်က္ေမွာက္ေခတ္အေျခအေနအရ- လူမႈအက်ိဳးျပဳပညာေရးဟု ေျပာရန္ ခက္ခဲပါသည္။ ယခုလက္ရွိအခ်ိန္ထိ အေျပာင္းအလဲ မရွိေသးေသာ ပရိယတၱိပညာေရးသည္ အေျခခံက်ၿပီး ခိုင္မာတဲ့ပညာေရးတစ္ခုအျဖစ္ဆိုလို႔ရေသာ္ျငားလည္း ေခတ္မီေသာ ပညာေရးဟု မဆိုႏိုင္ပါ။ သခၤ်ာ၊ ပထဝီ၊ သိပၸံ စတဲ့ ဘာသာရပ္ေတြ မပါျခင္းေၾကာင့္ ျဖစ္ပါသည္။ လူမႈအက်ိဳးျပဳပညာေရးျဖစ္ဖို႔ဆိုလွ်င္ ဘကပညာေရးမ်ားသည္ ေခတ္မီဖို႔လိုပါသည္။ ယခုေခတ္ လိုအပ္ေသာ ပညာရပ္မ်ားပါဝင္ဖို႔လိုအပ္ပါသည္။ အစိုးရေက်ာင္းက ျပဌာန္းသည့္ ျပဌာန္းစာအတိုင္း သင္ေပးေနျခင္းကလည္း လက္ခံႏိုင္စရာ အရာတစ္ခုပင္။ သို႔ေသာ္ လိုအပ္ခ်က္ေတာ့ ရွိမည္ ထင္ပါသည္။ ဘုန္းေတာ္ႀကီးသင္ပညာေရးလို႔ ေျပာထားတာမို႔ ဘုန္းေတာ္ႀကီးတို႔နဲ႔ဆက္စပ္တဲ့ပညာေရး၊ ဆိုလိုသည္မွာ ဘာသာေရး၊ သာသနာေရးနဲ႔ ဆက္ႏႊယ္သည့္ပညာေရး ျဖစ္သင့္ပါသည္ဟု ယူဆရပါသည္။ ဒါမွသာ ကြာဟမႈေတြကို ေပါင္းစည္းေပးႏုိင္ပါမည္။

သာသနာေရးဌာနက ျပဌာန္းေပးတဲ့ ရည္ရြယ္ခ်က္အတိုင္းဆိုလွ်င္ ဆက္လက္အေကာင္အထည္ ေဖာ္ရမည့္က႑ေတြ ရွိပါေသးသည္။ အက်င့္စာရိတၱ၊ ကိုယ္က်င့္တရားနဲ႔ပတ္သက္ၿပီး ဘယ္လို သင္ရုိးညြန္းတမ္း ဆြဲမလဲ။ ျမန္မာ့ယဥ္ေက်းမႈထိန္းသိမ္းဖို႔ ဘယ္လိုျပဌာန္းစာေတြ ထည့္မလဲ။ ဗုဒၶတရားေတာ္ ျပန္႔ပြားဖို႔ လက္နာက်င့္သုံးႏုိင္ဖို႔ ဘယ္လိုသင္ၾကားနည္းနဲ႔ သင္ေပးမလဲ။ ဘယ္သာဓက ဘယ္ပုံစံေတြ သင္ေပးရမလဲ စသည္ျဖင့္ ဆက္စဥ္းစားရမည့္ အရာပင္ျဖစ္ပါသည္။ ကေလးအရြယ္မွာ သင္ျပေပးသင့္ေသာ လူေနမႈ၊ ယဥ္ေက်းမႈေတြ။ ေျပာျပေပးထားသင့္သည့္ ဇာတ္ေတြ နိပါတ္ေတြ အဆုံးအမေတြ မ်ားစြာရွိပါသည္။ လစ္ဟာေနသည့္ ထိုေနရာကို ဘကေက်ာင္းပညာေရး ပညာရွင္အဖြဲ႕ အေကာင္အထည္ေဖာ္လွ်င္ မျဖစ္ႏိုင္စရာ မရွိေသာအရာတစ္ခုဟု ယူဆပါသည္။

ပုဂၢလိကေက်ာင္းနဲ႔ အစိုးရေက်ာင္းက ျပဌာန္းစာအားလုံးတူေနစရာမလိုပါ၊ သို႔ေသာ္ ကေလးအသက္အ ရြယ္ႏွင့္ ကုိက္ညီမည့္ သင့္ေလွ်ာ္မည့္ ပညာေရးျဖစ္ဖို႔ဘဲ လိုပါသည္။ ဘုန္းေတာ္ႀကီးေက်ာင္းႏွင့္ အစ္ိုးရေ က်ာင္းမွာလည္း ထိုအတုိင္းပင္ ျဖစ္သင့္ပါသည္။ အစိုးရေက်ာင္းတက္ရင္ ဘာေတြပိုသိရမွာလဲ၊ ပုဂၢလိကေက်ာင္းဆိုရင္ေကာ ဘာေတြပိုသိသြားရမွာလဲ၊ ဘကေက်ာင္းဆိုရင္ေကာ ဘာေတြပိုသိရမွာလဲ စသည္ျဖင့္ ပိုထူးသြားတာမ်ိဳး ရွိသင့္ပါသည္။ ေက်ာင္းခ်င္းမတူလို႔ အဓိကထားဦးစားေပးတာခ်င္းမတူလို႔ အနည္းငယ္ ပိုထူးသြားတာေတာ့ ကိစၥမရွိပါ။ သို႔ေသာ္ အသက္အရြယ္အလိုက္ သိသင့္သိထိုက္၊ တတ္သင့္တတ္ထိုက္တဲ့ အသိပညာ၊ အတတ္ပညာေတြကိုေတာ့ ပါဝင္ရပါမည္။ ဘက ေက်ာင္းရဲ႕ရပ္တည္မႈေတြက အစိုးရေက်ာင္းရဲ႕ ျပဌာန္းစာအတိုင္းဘဲ လိုက္ေနရေသးတယ္ဆိုပါက ၂၁-ရာစုမွာ ဘကရဲ႕အခန္းက႑က ပိုက်ယ္သြားဖို႔ထက္ ပိုက်ဥ္းသြားဖို႔ အလားအလာရွိသည္ဟု ယူဆမိပါသည္။ ဘက မွာလည္း ဘကရဲ႕ မူရင္း စံေလး၊ အမွတ္အသားေလးေတြ ရွိသင့္ပါသည္။ အကုန္လုံး၊ စြတ္ခၽြတ္တူ ေနစရာမလိုပါ။ ဥပမာ- ဘကေက်ာင္းက ေသခိယ ၇၅ ပါးထဲက က်င့္ဝတ္ေတြ ျပဌာန္းသည္၊ က်င့္သုံးသည္ ဟုဆိုလွ်င္ ဘကေက်ာင္းထြက္ကေလး ေတြရဲ႕ စားေသာက္ပုံ၊ သြားပုံလာပုံေတြက ေသေသသပ္သပ္ရွိပါလိမ့္မည္။ ေနာက္တစ္ခု ဘကေက်ာင္း ကေလးေတြ မဂၤလသုတ္ သို႔မဟုတ္ ေမတၱာသုတ္နဲ႔ ပတ္သက္၍ နက္နက္နဲနဲေလ့လာခဲ့ၾကသည္ဟု ေျပာၾကမည္ဆိုလွ်င္ ဘကေက်ာင္းထြက္ကေလးရဲ႕ စံေလး၊ အမွတ္အသားေလး၊ တန္ဖိုးထားစရာေလးေတြ သူတစ္ပါးႏွင့္မတူသည့္ ဂုဏ္ရည္တစ္ခုျဖစ္လာပါမည္။ ဆက္ဆံေရးမွာေတာ္တာ၊ သူတစ္ပါးနဲ႔ လိုက္ေလွ်ာညီေထြေနတတ္တာ၊ စည္းကမ္းလိုက္နာတာ မ်ိဳးေတြလည္း စံပင္ျဖစ္ပါသည္။ ဘကေက်ာင္းထြက္ေတြက ျမန္မာစာပိုကၽြမ္းတယ္၊ ေရွးေဟာင္းယဥ္ေက်းမႈနဲ႔ပတ္သက္ၿပီးပိုသိတယ္၊ ကြန္ပ်ဴတာကိုင္တတ္ၾကတယ္ စသည္ျဖစ္လာေအာင္လည္း ပံ့ပိုးေပးလို႔ ရပါသည္။

ႏိုင္ငံတိုင္းလိုလို အေျခခံပညာေရးကစလို႔ ဘြဲ႕ရသည့္အထိ အခမဲ့ေတြျဖစ္လာၾက၊ အစိုးရေထာက္ပံ့ ေၾကးေတြ၊ အဝတ္အစား၊ အစားအေသာက္၊ အသုံးအေဆာင္ေတြ ရေနၾကပါၿပီ။ အကုန္လုံးနီးပါး အခမဲ့ျဖစ္လာၾကသည့္ကာလထဲမွာ ပညာမသင္မေနရ ယဥ္ေက်းမႈတစ္ခု ထြန္းကားလာဖို႔ အလားအလာ ရွိပါသည္။ ထိုသို႔ျဖစ္လွ်င္ ဘကေက်ာင္းမွာ ကေလးေတြလာၾကပါ့မလား စဥ္းစားရပါမည္။ ေနာက္တစ္ခု အစိုးရေက်ာင္း၊ ပုဂၢလိကေက်ာင္းေတြမွာ လစာေကာင္းေနေသာဆရာမမ်ားလို ဘကေက်ာင္းမွာ မေပးႏိုင္ရင္ ဆရာေတြ ေရရွည္ဘယ္လိုထိန္းထားမလဲ။ သင္တဲ့စာကလည္း အစိုးရေက်ာင္းျပဌာန္းစာ အတိုင္းျဖစ္ေနလွ်င္ ဘာမွလည္း မထူးတာမို႔ ဘကေက်ာင္းက တစ္ဆင့္ခံျဖစ္ေနသလို ျဖစ္ေနၿပီး အစိုးရေက်ာင္းကိုဘဲ တိုက္ရုိက္သြားတတ္ပါလိမ့္မည္။ ဤတြင္ ၂၁-ရာစု ဘကေက်ာင္းအမ်ားတြက္ စိန္ေခၚမႈတစ္ရပ္ျဖစ္လာ ပါလိမ့္မည္။ ထိုစိန္ေခၚမႈမ်ားကို ဘယ္လိုရင္ဆိုင္မည္နည္း။ ေက်ာင္းသားေတြကို ဘယ္လိုဆန္းသစ္သည့္ ပညာေတြေပးမည္နည္း၊ အစိုးရေက်ာင္း၊ ပုဂၢလိကေက်ာင္းမ်ားမွာ မရွိသည့္ ပညာရပ္မ်ိဳးေပးႏိုင္မည္ေလာ့။ ဆရာေတြကိုေရာ အရည္အေသြး မည္သို႔ျမင့္တင္မည္နည္း။ ဘကေက်ာင္းအတြက္ သီးသန္႔ျပဌာန္းထား သည့္ ျပဌာန္းစာ ဘယ္လိုေရးဆြဲၾကမည္နည္း။ ဘယ္လို ေဖာက္ထြက္သြားမည္နည္း။ ဥပမာ- တရားထိုင္တာ ေကာင္းသည္၊ အက်ိဳးရွိသည္ဟု ေခတ္စားလာသည့္ ကာလထဲမွာ အဂၤလန္ ေက်ာင္းေပါင္း ၃၇၀ ေက်ာင္းခန္႔မွာ တရားထိုင္တဲ့အစီအစဥ္ပါဝင္တဲ့ သင္ရုိးညြန္းတမ္းေရးဆြဲလိုက္တာမ်ိဳး။ လူေတြလည္း လက္ခံၿပီး၊ ကေလးပညာေရးကို တကယ္ျမင့္တင္ေစမယ့္ အစီအစဥ္မ်ားေတြ ဘကေက်ာင္းမွာ လုပ္ေပးႏိုင္ဖို႔က အေရးႀကီးသည့္အရာတစ္ခု ဟု ယူဆမိပါသည္။

အရည္အေသြးျပည့္ဝသည့္ ဆရာ၊ဆရာမမ်ား ပညာရွင္မ်ားလည္း ဘကေက်ာင္းပညာေရး အစီအစဥ္ေတြမွာ ပါဝင္ေနၾကသည္ကို ဝမ္းသာစြာျမင္ေတြ႔ရပါသည္။ ဘကေက်ာင္း၏ ဂုဏ္ယူစရာစံမ်ား၊ ခ်စ္စရာ ဓေလ့၊ အျပဳအမႈမ်ား၊ အတုယူစရာ ေလးစားစရာ စိတ္ေနစိတ္ထားမ်ား၊ သေဘာထားမ်ားကိုလည္း ခ်ျပသင့္ပါသည္။ ၂၁-ရာစု ဘကေက်ာင္းမ်ား၏ ပညာေရးအစီအစဥ္မ်ားသည္လည္း စိန္ေခၚမႈမ်ားစြာရွိပါသည္။ ျမန္မာျပည္သူမ်ားအတြက္ အစဥ္အလာႀကီးမားေသာ ဘကေက်ာင္းပညာေရးသည္ ရဟန္းႏွင့္ျပည္သူ ကြာဟမႈေတြကို ေပါင္းစပ္ေပးႏိုင္သည့္ေက်ာင္း၊ လူမႈအက်ိဳးျပဳပညာေရး ေပးႏိုင္သည့္ေက်ာင္း ဟုမွတ္ယူပါသည္။ ဘကေက်ာင္းမ်ား ဒီထက္မက ေအာင္ျမင္ပါေစဟု ဆုမြန္ေကာင္း ေတာင္းလိုက္ပါသည္။


အရွင္နႏၵိယ (ဖယ္ခုံ)
02:08:2019  01:00:00 AM
https://www.facebook.com/nandiya.bhikkhu/posts/2470510676510298?comment_tracking=%7B"tn"%3A"O"%7D