စာဖတ်ခြင်း ဋီကာ
“စာဖတ်ပါ”
“စာဘယ်လိုဖတ်တာလဲ၊ စာဘယ်လိုဖတ်ရမှာလဲ”
အပြင်လောကမှာပြောနေကြသလို ပညာရေးလောကထဲမှာလည်း ပြောနေကြတဲ့ စကားတွေပင် ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ၊ စာဖတ်ရမည်မှာ လေ့လာလိုသူတိုင်း အသုံးပြုနေကြသည့် နည်းလမ်းတစ်ခုပင် ဖြစ်ပါသည်။ “ဘယ်စာအုပ်ကိုဖတ်ပါလား၊ ဟိုစာအုပ်ကကောင်းတယ်” စသည်ဖြင့် အကြံပေးလမ်းညွန်ကြတာရှိသလို “စာအုပ်ဘယ်နှစ်အုပ်ဖတ်ပြီးပြီလဲ၊ သေသေချာချာဖတ်ရဲ့လား” လို့ မေးနေကြတာတွေလည်း ရှိပါသည်။ စာဖတ်သည့်သူမှာတော့ ညွန်ပြတဲ့စာအုပ်တိုင်း မဖတ်ဖြစ်တာရှိသလို၊ ဖတ်တဲ့စာအုပ်တိုင်းမှာလည်း စိတ်မဝင်စားတာလည်း ရှိပါသည်။ ဤသို့နှင့်ပင် ဖတ်တဲ့စာအုပ်တိုင်း ပြန်မေးလို့မရတာ၊ ပြန်မဖြေတတ်တာ ဖြစ်လာပါသည်။
စာဖတ်သည့်နေရာမှာလည်း လေ့လာမှုကဏ္ဍအပေါ်၊ အသက်အရွက်အပေါ်၊ စာဖတ်အားအဆင့်တွေအပေါ်၊ ရည်ရွယ်ချက်အပေါ် စသည့်စသည့် မတူညီတဲ့အခြေအနေတွေအပေါ်မှာမူတည်ပြီး ကွဲပြားသွားလိမ့်မည် ထင်ပါသည်။ တက္ကသိုလ်မတက်ခင်ကာလက ဖတ်ခဲ့သည့်စာနှင့် တက္ကသိုလ်တက်နေချိန်ဖတ်နေသည့်စာများကို နှိုင်းယှဉ်ကြည့်လိုက်လျှင် ဖတ်ပုံဖတ်နည်းတွေရော၊ ရှာဖွေပုံတွေရော၊ ရည်ရွယ်ချက်တွေရော မတူတော့တာတွေတွေ့ရပါသည်။ တက္ကသိုလ်ကျောင်းသားတွေအတွက် ကြံနေရသည့်အခက်အခဲတွေထဲမှာ စာဖတ်နေရသည့်တာဝန်တစ်ခုလည်း ပါလာပါသည်။ “စာကိုဘယ်လိုဖတ်ရမှာလဲ၊ ဘယ်လိုရှာရမှာလဲ၊ ဘယ်သူ့ကိုမေးရမှာလဲ” ဆိုသည့်မေးခွန်းသည် တက္ကသိုလ်ကျောင်းသားတွေကြားမှာ အမြဲကြားနေရသည့် စကားလည်း ဖြစ်ပါသည်။
ညောင်ကန်တိုက်မှာနေတုန်းက ဘုံကျော်မှာစာလိုက်ရင်း ဘုန်းကြီးဦးအဂ္ဂဓမ္မကို စာဘယ်လိုဖတ်ရမှာလည်း မေးဖူးသည်။ အဲဒီအချိန်တုန်းက အင်္ဂလိပ်စာ စသင်နေသည့်အချိန်ဖြစ်သည့်အတွက် ဘုန်းကြီးက “ဖတ်တတ်သလိုဖတ်ပါ၊ နားမလည်ရင်ကျော်ပစ်လိုက်၊ နားလည်သည့်အပိုက်တွေကိုဖတ်လိုက်၊ နားမလည်လည်း စိတ်မပျက်နဲ့၊ ဖတ်ဖြစ်ဖို့ဘဲလိုတာပါ၊ ဖတ်ဖန်များရင် နားလည်လာလိမ့်မယ်” လို့ မိန့်ပါသည်။ နောက်ထပ်မေးတော့ “ကိုယ်နားလည်တဲ့စာအုပ်တွေ ရွေးဖတ်၊ ခက်တာကိုဖတ်တတ်ဖို့ထက် ကိုယ်နားလည်ဖို့ အရေးကြီးတယ်” လို့မိန့်ပါသည်။ စာစဖတ်သည့်သူတွေအတွက် အရေးကြီးသည့်စာဖတ်နည်းတစ်ခုပင်ဖြစ်ပါသည်။
တက္ကသိုလ်နယ်ပယ်ထဲရောက်တော့ တက္ကသိုလ်ကျောင်းသားတွေရဲ့ စာဖတ်နည်းတွေကိုလေ့လာကြည့်တော့ လွန်ခဲ့သည့်လက ကေတုမတီသီတဂူ ဦးဝိစိတ္တ နဲ့စကားပြောရင်း စာဖတ်တဲ့အကြောင်းရောက်သွားတော့ “ပထမတစ်ကြိမ်ကို အကြမ်းဖျင်းဖတ်ပါ၊ ဘာဆိုလိုသလဲဆိုတာကို သိရုံနဲ့ လုံလောက်ပြီ၊ ပထမဆုံးအကြိမ်အသေးစိတ်လိုက်ဖတ်နေရင် ရှေ့ကို တော်တော်နဲ့ မရောက်ဘူး။ ပြီးအောင်အရင်ဖတ်။ နောက်မှတစ်ခေါက်ပြန်ဖတ်၊ ပြန်ဖတ်သည့်အခါမှာ ဆိုလိုချက်ကိုသိပြီးသားဖြစ်လို့ အပေါ်ယံမဟုတ်တော့ဘဲ၊ စာကိုဘယ်လိုရေးတယ်၊ စကားလုံးဘယ်လိုသုံးတယ်၊ ဝါကျအထားအသိုတွေကအစ အသေးစိတ်လိုက်ကြည့်။ အဲလိုဖတ်ရင် ပိုလည်းမှတ်မိတယ်။ စာရေးဖို့အတွက်လည်း အထောက်အကူပြုတယ်၊ စကားပြောတဲ့အခါလည်း အကြောင်းအရာတွေကို ပိုင်ပိုင်နိုင်ပြောနိုင်တယ်၊ စကားလုံးတွေကိုလည်း လှလှပပ အသုံးပြုနိုင်တယ်” လို့မိန့်ပါသည်။ အထူးသဖြင့် ဘာသာရပ်တစ်ခုခုကို လေ့လာတဲ့အခါမှာ အသုံးပြုသင့်တဲ့စာဖတ်နည်းပါဘဲ။ ဝတ္ထုစာအုပ်ဖတ်သလို၊ အပြင်က သတင်းစာဖတ်သလို အရသာခံရုံသက်သက်၊ သတင်းလေးယူရုံသက်သက်မဟုတ်တော့ဘဲ ပညာရပ်တစ်ခုအနေနဲ့လေ့လာတဲ့အခါ တိကျသေချာဖို့လည်း လိုသည့်အတွက် အရေးကြီးသည့်စာဖတ်နည်းတစ်ခုပင် ဖြစ်ပါသည်။
ရှမ်းပြန်၊ ဆီဆိုင်က ဦးပဏ္ဍိတနဲ့စကားပြောရင်း လမ်းသင့်တော့ “ဖတ်စရာတွေများလာတဲ့အခါ ပြန်ဖတ်နေရတာ တစ်ခါတစ်လေမှာ အချိန်မရှိဘူး၊ ပြန်လည်းမဖတ်ဖြစ်ဘူး၊ ဖုန်းတို့ ကွန်ပျူတာတို့ အီးဘုတ်တို့နဲ့ဖတ်ရင် တစ်ချို့ အဘိဓာတ်ဆော့ဝဲလ်လေးတွေ တင်ထားလို့ရတယ်၊ နားမလည်တဲ့အရေးကြီးတဲ့ စကားလုံးလေးတစ်ချို့ကို တစ်ခါတည်းစစ်လို့ရတယ်၊ အဲလိုဖတ်လို့ရရင် တစ်ခါတည်းနဲ့ လိုချင်တာလေး သိချင်တာလေးတွေ အချိန်မီသိရတယ်” လို့မိန့်ပါသည်။ အသုံးဝင်သည့်စာဖတ်နည်းတစ်မျိုးပင်ဖြစ်ပါသည်။ တက္ကသိုလ်က သင်တန်းချိန်တစ်ချိန်ပြီးတိုင်း ဆရာတွေပေးတဲ့အချက်တွေ၊ ညွန်ပြတဲ့စာအုပ်တွေ၊ ဝေတဲ့လက်ကမ်းစာရွက်တွေ၊ ရှာဖွေရမည့်အရာတွေက သိပ်များပါသည်။ ပြီးတော့ စာသင်ချိန်တစ်ချိန်မကသည့် အတန်းတွေရှိပါသည်။ ကျောင်းသားတစ်ဦးအနေဖြင့် အားလပ်ချိန်နည်းပြီး ဖတ်စရာစာတွေများသောအခါမျိုး နှစ်ကြော့ပြန်မဖတ်ချင်သောအခါမျိုးမှာ အသုံးဝင်ပါသည်။
ဒေါက်တာလုပ်နေတဲ့ ရခိုင်ဆရာတော် ဦးဝရဗုဒ္ဓိကိုမေးကြည့်တော့ “ဒီရောက်လာတာ စာအုပ်ဘယ်နှစ်လုပ်ကုန်အောင် ဖတ်ပြီးပြီလဲ” ဟု ပြန်မေးသည်။ “တစ်အုပ်မှ မကုန်သေးဘူး” လို့ ပြန်ဖြေလိုက်သည်။ “တက္ကသိုလ်ဆိုတာ အဲဒါဘဲ” ဟု မိန့်သည်။ “မြန်မာနိုင်ငံမှာနေတုန်းက စာအုပ်ကိုကုန်အောင်ဖတ်ကြတယ်၊ အချိန်တွေကြာတယ်။ အခြားစာအုပ်ကို မကြည့်ဖြစ်တော့ဘူး။ ဒီမှာက စာအုပ်တစ်အုပ်ကို ကုန်အောင်ဖတ်ဖို့မလိုဘူး။ ကိုယ်လိုချင်တဲ့အချက်အလက်တွေက ဘယ်အခန်းမှာပါသလဲဆိုတာကို လိုက်ရှာတာ၊ ကိုယ်လိုအပ်ချက်တွေပါတဲ့စာအုပ်မှန်သမျှကို ရှာပြီးဖတ်၊ ပြီးတော့နှိုင်းယှဉ်၊ အဲလိုစုဆောင်းရတာ။ Paragraph တစ်ခုရဲ့ အစဆုံး Sentence နဲ့ နောက်ဆုံး Sentence ကိုဖတ်ဆိုရင် ဆိုလိုချက်ကို ရိပ်မိတယ်” ဟု ဆက်မိန့်ပါသည်။
ပြီးခဲ့သည့်တစ်ပတ်ကျော်ကျော်က စနေနေ့ဆွေးနွေးဝိုင်းမှာ တရုတ်က မဟာယာနဘုန်းကြီး လီယောင် ကို မေးကြည့်တော့ “ကိုယ်ဖတ်ချင်တဲ့စာကို ဖတ်၊ ကိုယ်ဝါသနာပါတဲ့အရာကို သိအောင်လုပ်၊ ကိုယ်သိချင် ရှာဖွေချင်တဲ့ အပိုင်းကိုရွေး၊ (ကိုယ်ဝါသနာပါသည့်အရာတစ်ခုမှာ သူ့ကဏ္ဍနဲ့သူ အစိတ်အပိုင်းတွေများစွာရှိပါသည်)၊ တွေ့ပြီးဆိုရင် မေးခွန်းထုတ်၊ သိချင်တာဘာလဲ၊ ဘယ်လိုလဲ၊ မေးခွန်းမရှိဘဲ အဖြေရှာနေရင် ကိုယ်ဘာလိုချင်လို့လိုချင်မှန်း မသိဖြစ်ပြီး အချိန်ပိုကြာမယ်၊ အဲဒါကြောင့် စာမဖတ်ခင် မေးခွန်းအရင်ထုတ်“ လို့ဆိုပါတယ်။ “စာဖတ်ရင်း ပျင်းသွားရင်ကော၊ ဖတ်ရင်းစိတ်လေသွားတာတို့၊ အတွေးဝင်သွားတာတို့ဆိုရင် ဘယ်လိုလုပ်မလဲ” လို့ ကမည်းကြောတက်ကြည့်တော့ “စိတ်ကတော့ လေမှာပေါ့၊ ငါတို့က သာမာန်လူတွေလေ၊ စိတ်လေရင် စိတ်ဝင်စားတဲ့အရာတစ်ခုခုကို ထလုပ်လိုက်ပေါ့၊ ပြီးမှ ပြန်ဖတ်ပေါ့၊ စိတ်မလေဘဲ ထိန်းလို့ရအောင် ငါတို့က ရဟန္တာတွေမှ မဟုတ်တာ” လို့ပြန်ပြောသည်။ ဘေးက ဘင်္ဂလားဒေခ်ျက ဘုန်းကြီးက သူ့ကို စသည် “ရဟန္တာအကြောင်း ပြောနေပြီ” တဲ့။ “မဟုတ်ဘူးလား၊ ရဟန္တာကို ငါတို့ပယ်လို့မှ မရတာ၊ မဟုတ်ဘူးလား” လို့ ပြန်မေးသည်။ “ကိုယ်တော် ရဟန္တာဖြစ်ချင်စိတ်ပေါက်နေပြီလား” လို့ ထပ်စသည်။ “ဘယ်ကဖြစ်ချင်ရမှာလဲ၊ ငါကဘုရားလောင်းလေ” တဲ့၊ မဟာယာနက ပြန်ပြောသည်။ ဒီလိုနဲ့ ရယ်ကြရသည်။ (မှတ်ချက်။ ။ မဟာယာနက ဘုရားလောင်းကျင့်စဉ်၊ ထေရဝါဒက ရဟန္တာကျင့်စဉ် လို့ အယူရှိကြသည့် မဟာယာနတစ်ချို့အယူအဆကို အစွဲပြု၍ ပြောခြင်းဖြစ်ပါသည်။)။ အကြောင်းသိသည့် တက္ကသိုလ်ကျောင်းသားအချင်းချင်းမို့ ဟာသဖြစ်နေသည်။ ဘေးကလူတွေကြားရင်တော့ ဘယ်လိုနေမလဲ မသိ။ ဆိုလိုချင်သည်မှာ စာဖတ်နည်းဖြစ်ပါသည်။ ကိုယ့်လေ့လာနေတဲ့ ဘာသာရပ်ကို မေးခွန်းထုတ်ပြီး ရှာဖွေနိုင်ဖို့အရေးကြီးသည်။ မေးခွန်းရှိရင် ကိုယ်ရှာဖွေရမည့်အချက်အလက်တွေကိုလည်း တိတိကျကျရှိသည်။ ပစ်မှတ်ရှိသည့်အတွက် ရှာဖွေသည့်အခါလည်းလွယ်ကူသည်။ အချိန်ပိုမကုန်ဘဲ လျင်လျင်မြန်မြန်ပြီးသည်။ မတွေ့လို့ သူတစ်ပါးကိုမေးရင်ပင် တိတိကျကျမေးနိုင်သည်၊ ကူညီသည့်သူလည်း မဝေဝါးဘဲ ကူညီပေးနိုင်သည်။
ပြီးခဲ့သည့်အပတ်က စာကြည့်တိုက်ထဲ စကားလက်ဆုံရင်း ရှရှားကျောင်းသား အလက်စန္ဒားက သုံးခေါက်ဖတ်သည်ဟုဆိုပါသည်။ “ပထမတစ်ခေါက်မှာ အဓိကအကြောင်းအရာကိုရှဖတ်၊ မင်နဲလိုက်မှတ်၊ ဒုတိယတစ်ခေါက်မှာ အကုန်လုံးအစအဆုံးဖတ်၊ မသိတဲ့စကားလုံးတွေကို အဘိဓာန်ထဲကြည့်သင့်ရင်ကြည့်၊ စကားလုံးအသစ်တွေကိုမှတ်၊ တတိယအခေါက်မှာတော့ စာလုံးကိုရော၊ အကြောင်းအရာရော၊ အဓိပ္ပါယ်တွေရော နှိုင်းယှဉ်ကြည့်၊ ဆက်စပ်ကြည့်၊ သုံးသပ်ကြည့်တယ်” ဟူ၏။ “အဲလိုတွေဖတ်တော့ အချိန်ရှိပါ့မလား” မေးတော့ “မရှိဘူး၊ စာအုပ်တိုင်း သုံးဆင့်လုံးတော့ ဘယ်ဖတ်မလဲ၊ အချိန်ရသလိုပေါ့၊ တစ်ချို့စာတွေမှာ ပထမတစ်ဆင့်ဘဲ၊ တစ်ချို့စာတွေက နှစ်ဆင့်ပေါ့၊ စာတိုင်းသုံးဆင့်လုံးဖတ်စရာမလိုဘူးလေ၊ လိုအပ်တဲ့တချို့စာလေးတွေဘဲ သုံးခေါက်ဖတ်တာ၊ သုံးဆင့်ပေါ။ တစ်ခုလောက် သုံးဆင့်ဖတ်ပြီးရင်၊ တချို့စာတွေသုံးဆင့်ဖတ်စရာမလိုဘဲ လုံလောက်တာလဲရှိတယ်” လို့ ဆိုလေသည်။
တစ်နေ့တုန်းက ဒေါက်တာလုပ်နေတဲ့ ဦးအရိယကို “စာဘယ်လိုဖတ်သလဲ” မေးလျှောက်ကြည့်တော့ “စာကိုသေသေချာချာဖတ်တယ်၊ ဘယ်လိုရေးတယ်၊ စကားလုံးတွေဘယ်လိုသုံးသွားတယ်ဆိုတာကအစ ကြည့်တယ်၊ ဒါမှ ဘာဆိုလိုလဲဆိုတာကို ကောင်းကောင်းသိမှာပေါ့၊ ဒီလိုဖတ်မှ ဖတ်ပြီးသူများကိုပြောပြရင်လည်း သေသေချာချာ ရှင်းရှင်းလင်းလင်း ပြန်ပြောပြနိုင်မှာပေါ့” ဟုမိန့်ပါသည်။ “အချိန်မရရင်ကော” မေးတော့ “အချိန်မရရင် ပထမစာပိုဒ်နဲ့ နောက်ဆုံးစာပိုဒ်ဘဲ ဖတ်လိုက်တယ်၊ နားလည်ရင်လည်၊ မလည်ရင် အဲလို မလိမ့်တပတ်ရေးတဲ့စာ မဖတ်တော့ဘူး” ဟု မိန့်ပါသည်။
အမ်ဖီးလ် လုပ်နေတဲ့ အောင်လံက ဦးကေလာသ ကိုမေးကြည့်တော့ “ကိုယ်စိတ်ဝင်စားတဲ့အကြောင်းကိုဘဲ ဖတ်ပါတယ်၊ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာဖြစ်တဲ့အတွက် ကြာသည်ဖြစ်စေ၊ မြန်သည်ဖြစ်စေ ပျော်တယ်” မိန့်၏။ “စာဖတ်ရင်း နားမလည်ရင်ကော” မေးတော့ “အဲလိုဆိုရင် စာအုပ်တစ်အုပ်ထဲနဲ့ မလုံလောက်တော့ဘူး၊ အခြားစာအုပ်တွေရှာရတော့မယ်၊ အကြောင်းအရာတွေတူပြီးရေးထားတဲ့ စာအုပ်တွေအများကြီးရှိတယ်၊ တစ်အုပ်မှာကိုယ်နားမလည်ရင် ကိုယ်နားလည်နိုင်လောက်တဲ့ စကားလုံးတွေနဲ့ ရေးထားတဲ့စာအုပ်တွေအများကြီးရှိတယ်၊ ရေးတာကတော့ ကိုယ့်အတွက်ရေးတာ ဟုတ်ချင်မှဟုတ်မှာပေါ့၊ ဒါပေမယ့် သူအရေးအသားနဲ့ဖတ်မှ ကိုယ်နားလည်တာမျိုး” ဟုမိန့်တော်မူပါပေ၏။ “စာအုပ်တစ်အုပ်လုံးကို ဖတ်တာလား” မေးတော့ “ဝတ္ထုစာအုပ်ဖတ်တာဆိုရင်တော့ တစ်အုပ်လုံးဖတ်မှ ရတာပေါ့၊ သူဇာတ်ကောင်တွေ သူ့ဇာတ်ကွက်တွေကိုကျော်ဖတ်ရင်တော့ မသိလောက်ဘူး။ ပညာရေးနယ်ပယ်မှာတော့ တစ်အုပ်လုံးဖတ်ဖို့ထက် သူဘာတွေရေးသလဲဆိုတာကိုနားလည်ဖို့ အရေးကြီးတယ်” ဟု မိန့်ပါသည်။
ကျမ်းပြုနေတဲ့ စာလုပ်နေတဲ့ ဆရာတော်တွေ အတန်းဖော်တွေနဲ့ တွေ့တုန်းဆုံတုန်း မေးမြန်းရ ဆွေးနွေးခဲ့ရသည့် ခဏတာများဟာ တကယ်တော့ တန်ဖိုးမဖြတ်နိုင်တဲ့အမှတ်တရများဖြစ်ပါသည်။ ဘဝအတွက်အရေးပါတဲ့ အမှတ်တရတွေဖြစ်ပါသည်။ တွေ့ကြဆုံကြ ငြင်းကြခုံကြတဲ့အရာတွေဟာ တဒင်္ဂလေးတွေပါ၊ ဒီတဒင်္ဂတွေအပေါ်မှာ အဆင်မပြေတာ၊ ဂတိဂအောက်ဖြစ်သွားတာ၊ ပြောမှားဆိုမှား နားလည်မှုလွဲမှားတဲ့အရာတွေရှိမှာပါ၊ ဒီအမှားတွေအပေါ်မှာ အငြိုးတေးတွေ မကျေနပ်မှုတွေလည်း ရှိချင်ရှိမှာပါ၊ ဒီတဒင်္ဂတွေကို ခါချရမှာပါ၊ မခါချနိုင်ရင် အနာတရတွေဖြစ်တတ်ပါသည်။ တဒင်္ဂအမှားတွေ ခါချပြီး မေးမကြ၊ ကူညီကြ၊ အားပေးကြ၊ ဖြေဆိုမေးမြန်း ဆွေးနွေးခဲ့ကြတဲ့ ဖြူစင်တဲ့ပေးဆပ်မှုပါတဲ့ကာလတွေကမှ ဘဝအတွက်အမှတ်တရတွေပါ။ ဒီနှစ်စာသင်နှစ်ထဲမှာ အမှတ်တရတွေများစွာ ရရှိခဲ့ပါသည်။
စာဖတ်ရတာ မျက်စိသာညောင်းသွားတာ ဘာမှနားမလည်လိုက်တာမျိုး၊ မျက်နှာက စာအုပ်နဲ့ကပ်ပြီးတော့ စိတ်ကဟိုအဝေးရောက်နေတာမျိုး၊ စာဖတ်ဖို့ စာအုပ်ကိုင်ပြီး စာမဖတ်ဖြစ်တာမျိုးလည်း ကြုံခဲ့တာပေါ့။ လိုချင်တဲ့စာအုပ်တွေကို စာအုပ်ဆိုင်ထဲသွားဝယ်ရတာရှိသလို၊ စာကြည့်တိုက်ထဲသွားဖတ်ရတာတွေလည်း ရှိတယ်။ ကိုယ်လိုချင်တဲ့စာအုပ်ကမရှိ၊ စာအုပ်ရှိပေမယ့် လိုချင်တဲ့အချက်တွေကမပါလို့ အွန်လိုင်းဖွင့်ပြီး ရှာနေရတာလည်း ခဏခဏပါဘဲ။ "ဦးဇင်းအကောင့်က မီးစိမ်းတွေအမြဲလင်းတာပဲနော်" လို့ပြောတဲ့သူကပြော၊ "ဦးဇင်းကို မေ့က်စေ့ပို့ရင် စကားမပြန်ဘူးနော်" လို့ မေးနေတဲ့သူကလည်းမေး။ ဘာပြန်ပြောရမှန်း မသိတာနဲ့ ဘာမှမပြောလိုက်ဘူး။ အွန်လိုင်းက တက္ကသိုလ်ကျောင်းသားတွေအတွက် အရေးပါသည့်အခန်းကဏ္ဍတစ်ခုဖြစ်လာတယ်။
ဘယ်လိုဘဲဖြစ်ဖြစ်လေ ကိုယ့်ရဲ့အမှတ်တရတွေထဲက တစ်ပိုင်းတစ်စဝေငှတာလေးတွေ ဖတ်ပြီး တစ်စုံတစ်ဦးသောသူအတွက် အကျိုးရှိမယ်ဆိုရင် ဒီစာရေးရကျိုးနပ်ပါပြီ။ ဒီလိုနဲ့ စာဖတ်ပုံတွေကို လိုက်ရှာရင်းနဲ့ စာဖတ်ခြင်းဋီကာ လည်း ရှည်သွားပြီ။
ကျေးဇူး တင်ပါသည်။
အရှင်နန္ဒိယ (ဖယ်ခုံ) 14.7.2018 Saturday 7:20:00 PM
“စာဖတ္ပါ”
“စာဘယ္လိုဖတ္တာလဲ၊ စာဘယ္လိုဖတ္ရမွာလဲ”
အျပင္ေလာကမွာေျပာေနၾကသလို ပညာေရးေလာကထဲမွာလည္း ေျပာေနၾကတဲ့ စကားေတြပင္ ျဖစ္ပါသည္။ မည္သို႔ပင္ဆိုေစ၊ စာဖတ္ရမည္မွာ ေလ့လာလိုသူတိုင္း အသုံးျပဳေနၾကသည့္ နည္းလမ္းတစ္ခုပင္ ျဖစ္ပါသည္။ “ဘယ္စာအုပ္ကိုဖတ္ပါလား၊ ဟိုစာအုပ္ကေကာင္းတယ္” စသည္ျဖင့္ အႀကံေပးလမ္းညြန္ၾကတာရွိသလို “စာအုပ္ဘယ္ႏွစ္အုပ္ဖတ္ၿပီးၿပီလဲ၊ ေသေသခ်ာခ်ာဖတ္ရဲ႕လား” လို႔ ေမးေနၾကတာေတြလည္း ရွိပါသည္။ စာဖတ္သည့္သူမွာေတာ့ ညြန္ျပတဲ့စာအုပ္တိုင္း မဖတ္ျဖစ္တာရွိသလို၊ ဖတ္တဲ့စာအုပ္တိုင္းမွာလည္း စိတ္မဝင္စားတာလည္း ရွိပါသည္။ ဤသို႔ႏွင့္ပင္ ဖတ္တဲ့စာအုပ္တို္င္း ျပန္ေမးလို႔မရတာ၊ ျပန္မေျဖတတ္တာ ျဖစ္လာပါသည္။
စာဖတ္သည့္ေနရာမွာလည္း ေလ့လာမႈက႑အေပၚ၊ အသက္အရြက္အေပၚ၊ စာဖတ္အားအဆင့္ေတြအေပၚ၊ ရည္ရြယ္ခ်က္အေပၚ စသည့္စသည့္ မတူညီတဲ့အေျခအေနေတြအေပၚမွာမူတည္ၿပီး ကြဲျပားသြားလိမ့္မည္ ထင္ပါသည္။ တကၠသိုလ္မတက္ခင္ကာလက ဖတ္ခဲ့သည့္စာႏွင့္ တကၠသိုလ္တက္ေနခ်ိန္ဖတ္ေနသည့္စာမ်ားကို ႏိႈင္းယွဥ္ၾကည့္လိုက္လွ်င္ ဖတ္ပုံဖတ္နည္းေတြေရာ၊ ရွာေဖြပုံေတြေရာ၊ ရည္ရြယ္ခ်က္ေတြေရာ မတူေတာ့တာေတြေတြ႔ရပါသည္။ တကၠသိုလ္ေက်ာင္းသားေတြအတြက္ ႀကံေနရသည့္အခက္အခဲေတြထဲမွာ စာဖတ္ေနရသည့္တာဝန္တစ္ခုလည္း ပါလာပါသည္။ “စာကိုဘယ္လိုဖတ္ရမွာလဲ၊ ဘယ္လိုရွာရမွာလဲ၊ ဘယ္သူ႔ကိုေမးရမွာလဲ” ဆိုသည့္ေမးခြန္းသည္ တကၠသိုလ္ေက်ာင္းသားေတြၾကားမွာ အၿမဲၾကားေနရသည့္ စကားလည္း ျဖစ္ပါသည္။
ေညာင္ကန္တိုက္မွာေနတုန္းက ဘုံေက်ာ္မွာစာလိုက္ရင္း ဘုန္းႀကီးဦးအဂၢဓမၼကို စာဘယ္လိုဖတ္ရမွာလည္း ေမးဖူးသည္။ အဲဒီအခ်ိန္တုန္းက အဂၤလိပ္စာ စသင္ေနသည့္အခ်ိန္ျဖစ္သည့္အတြက္ ဘုန္းႀကီးက “ဖတ္တတ္သလိုဖတ္ပါ၊ နားမလည္ရင္ေက်ာ္ပစ္လိုက္၊ နားလည္သည့္အပိုက္ေတြကိုဖတ္လိုက္၊ နားမလည္လည္း စိတ္မပ်က္နဲ႔၊ ဖတ္ျဖစ္ဖို႔ဘဲလိုတာပါ၊ ဖတ္ဖန္မ်ားရင္ နားလည္လာလိမ့္မယ္” လို႔ မိန္႔ပါသည္။ ေနာက္ထပ္ေမးေတာ့ “ကိုယ္နားလည္တဲ့စာအုပ္ေတြ ေရြးဖတ္၊ ခက္တာကိုဖတ္တတ္ဖို႔ထက္ ကိုယ္နားလည္ဖို႔ အေရးႀကီးတယ္” လို႔မိန္႔ပါသည္။ စာစဖတ္သည့္သူေတြအတြက္ အေရးႀကီးသည့္စာဖတ္နည္းတစ္ခုပင္ျဖစ္ပါသည္။
တကၠသိုလ္နယ္ပယ္ထဲေရာက္ေတာ့ တကၠသိုလ္ေက်ာင္းသားေတြရဲ႕ စာဖတ္နည္းေတြကိုေလ့လာၾကည့္ေတာ့ လြန္ခဲ့သည့္လက ေကတုမတီသီတဂူ ဦးဝိစိတၱ နဲ႔စကားေျပာရင္း စာဖတ္တဲ့အေၾကာင္းေရာက္သြားေတာ့ “ပထမတစ္ႀကိမ္ကို အၾကမ္းဖ်င္းဖတ္ပါ၊ ဘာဆိုလိုသလဲဆိုတာကို သိရုံနဲ႔ လုံေလာက္ၿပီ၊ ပထမဆုံးအႀကိမ္အေသးစိတ္လိုက္ဖတ္ေနရင္ ေရွ႕ကို ေတာ္ေတာ္နဲ႔ မေရာက္ဘူး။ ၿပီးေအာင္အရင္ဖတ္။ ေနာက္မွတစ္ေခါက္ျပန္္ဖတ္၊ ျပန္ဖတ္သည့္အခါမွာ ဆိုလိုခ်က္ကိုုသိၿပီးသားျဖစ္လို႔ အေပၚယံမဟုတ္ေတာ့ဘဲ၊ စာကိုဘယ္လိုေရးတယ္၊ စကားလုံးဘယ္လိုသုံးတယ္၊ ဝါက်အထားအသိုေတြကအစ အေသးစိတ္လိုက္ၾကည့္။ အဲလိုဖတ္ရင္ ပိုလည္းမွတ္မိတယ္။ စာေရးဖို႔အတြက္လည္း အေထာက္အကူျပဳတယ္၊ စကားေျပာတဲ့အခါလည္း အေၾကာင္းအရာေတြကို ပိုင္ပိုင္ႏိုင္ေျပာႏိုင္တယ္၊ စကားလုံးေတြကိုလည္း လွလွပပ အသုံးျပဳႏိုင္တယ္” လုိ႔မိန္႔ပါသည္။ အထူးသျဖင့္ ဘာသာရပ္တစ္ခုခုကို ေလ့လာတဲ့အခါမွာ အသုံးျပဳသင့္တဲ့စာဖတ္နည္းပါဘဲ။ ဝတၳဳစာအုပ္ဖတ္သလို၊ အျပင္က သတင္းစာဖတ္သလို အရသာခံ႐ုံသက္သက္၊ သတင္းေလးယူ႐ုံသက္သက္မဟုတ္ေတာ့ဘဲ ပညာရပ္တစ္ခုအေနနဲ႔ေလ့လာတဲ့အခါ တိက်ေသခ်ာဖို႔လည္း လိုသည့္အတြက္ အေရးႀကီးသည့္စာဖတ္နည္းတစ္ခုပင္ ျဖစ္ပါသည္။
ရွမ္းျပန္၊ ဆီဆိုင္က ဦးပ႑ိတနဲ႔စကားေျပာရင္း လမ္းသင့္ေတာ့ “ဖတ္စရာေတြမ်ားလာတဲ့အခါ ျပန္ဖတ္ေနရတာ တစ္ခါတစ္ေလမွာ အခ်ိန္မရွိဘူး၊ ျပန္လည္းမဖတ္ျဖစ္ဘူး၊ ဖုန္းတို႔ ကြန္ပ်ဴတာတို႔ အီးဘုတ္တို႔နဲ႔ဖတ္ရင္ တစ္ခ်ိဳ႕ အဘိဓာတ္ေဆာ့ဝဲလ္ေလးေတြ တင္ထားလို႔ရတယ္၊ နားမလည္တဲ့အေရးႀကီးတဲ့ စကားလုံးေလးတစ္ခ်ိဳ႕ကို တစ္ခါတည္းစစ္လို႔ရတယ္၊ အဲလိုဖတ္လို႔ရရင္ တစ္ခါတည္းနဲ႔ လိုခ်င္တာေလး သိခ်င္တာေလးေတြ အခ်ိန္မီသိရတယ္” လို႔မိန္႔ပါသည္။ အသုံးဝင္သည့္စာဖတ္နည္းတစ္မ်ိဳးပင္ျဖစ္ပါသည္။ တကၠသိုလ္က သင္တန္းခ်ိန္တစ္ခ်ိန္ၿပီးတိုင္း ဆရာေတြေပးတဲ့အခ်က္ေတြ၊ ညြန္ျပတဲ့စာအုပ္ေတြ၊ ေဝတဲ့လက္ကမ္းစာရြက္ေတြ၊ ရွာေဖြရမည့္အရာေတြက သိပ္မ်ားပါသည္။ ၿပီးေတာ့ စာသင္ခ်ိ္န္တစ္ခ်ိန္မကသည့္ အတန္းေတြရွိပါသည္။ ေက်ာင္းသားတစ္ဦးအေနျဖင့္ အားလပ္ခ်ိန္နည္းၿပီး ဖတ္စရာစာေတြမ်ားေသာအခါမ်ိဳး ႏွစ္ေၾကာ့ျပန္မဖတ္ခ်င္ေသာအခါမ်ိဳးမွာ အသုံးဝင္ပါသည္။
ေဒါက္တာလုပ္ေနတဲ့ ရခိုင္ဆရာေတာ္ ဦးဝရဗုဒၶိကိုေမးၾကည့္ေတာ့ “ဒီေရာက္လာတာ စာအုပ္ဘယ္ႏွစ္လုပ္ကုန္ေအာင္ ဖတ္ၿပီးၿပီလဲ” ဟု ျပန္ေမးသည္။ “တစ္အုပ္မွ မကုန္ေသးဘူး” လို႔ ျပန္ေျဖလိုက္္သည္။ “တကၠသိုလ္ဆိုတာ အဲဒါဘဲ” ဟု မိန္႔သည္။ “ျမန္မာႏိုင္ငံမွာေနတုန္းက စာအုပ္ကိုကုန္ေအာင္ဖတ္ၾကတယ္၊ အခ်ိန္ေတြၾကာတယ္။ အျခားစာအုပ္ကို မၾကည့္ျဖစ္ေတာ့ဘူး။ ဒီမွာက စာအုပ္တစ္အုပ္ကို ကုန္ေအာင္ဖတ္ဖို႔မလိုဘူး။ ကိုယ္လိုခ်င္တဲ့အခ်က္အလက္ေတြက ဘယ္အခန္းမွာပါသလဲဆိုတာကို လိုက္ရွာတာ၊ ကိုယ္လိုအပ္ခ်က္ေတြပါတဲ့စာအုပ္မွန္သမွ်ကို ရွာၿပီးဖတ္၊ ၿပီးေတာ့ႏႈိင္းယွဥ္၊ အဲလိုစုေဆာင္းရတာ။ Paragraph တစ္ခုရဲ႕ အစဆုံး Sentence နဲ႔ ေနာက္ဆုံး Sentence ကိုဖတ္ဆိုရင္ ဆိုလိုခ်က္ကို ရိပ္မိတယ္” ဟု ဆက္မိန္႔ပါသည္။
ၿပီးခဲ့သည့္တစ္ပတ္ေက်ာ္ေက်ာ္က စေနေန႔ေဆြးေႏြးဝိုင္းမွာ တ႐ုတ္က မဟာယာနဘုန္းႀကီး လီေယာင္ ကို ေမးၾကည့္ေတာ့ “ကိုယ္ဖတ္ခ်င္တဲ့စာကို ဖတ္၊ ကိုယ္ဝါသနာပါတဲ့အရာကို သိေအာင္လုပ္၊ ကို္ယ္သိခ်င္ ရွာေဖြခ်င္တဲ့ အပိုင္းကိုေရြး၊ (ကိုယ္ဝါသနာပါသည့္အရာတစ္ခုမွာ သူ႕က႑နဲ႕သူ အစိတ္အပိုင္းေတြမ်ားစြာရွိပါသည္)၊ ေတြ႔ၿပီးဆိုရင္ ေမးခြန္းထုတ္၊ သိခ်င္တာဘာလဲ၊ ဘယ္လိုလဲ၊ ေမးခြန္းမရွိဘဲ အေျဖရွာေနရင္ ကိုယ္ဘာလိုခ်င္လို႔လိုခ်င္မွန္း မသိျဖစ္ၿပီး အခ်ိန္ပိုၾကာမယ္၊ အဲဒါေၾကာင့္ စာမဖတ္ခင္ ေမးခြန္းအရင္ထုတ္“ လို႔ဆိုပါတယ္။ “စာဖတ္ရင္း ပ်င္းသြားရင္ေကာ၊ ဖတ္ရင္းစိတ္ေလသြားတာတို႔၊ အေတြးဝင္သြားတာတို႔ဆိုရင္ ဘယ္လိုလုပ္မလဲ” လို႔ ကမည္းေၾကာတက္ၾကည့္ေတာ့ “စိတ္ကေတာ့ ေလမွာေပါ့၊ ငါတို႔က သာမာန္လူေတြေလ၊ စိတ္ေလရင္ စိတ္ဝင္စားတဲ့အရာတစ္ခုခုကုိ ထလုပ္လိုက္ေပါ့၊ ၿပီးမွ ျပန္ဖတ္ေပါ့၊ စိတ္မေလဘဲ ထိန္းလို႔ရေအာင္ ငါတို႔က ရဟႏၱာေတြမွ မဟုတ္တာ” လို႔ျပန္ေျပာသည္။ ေဘးက ဘဂၤလားေဒခ်္က ဘုန္းႀကီးက သူ႔ကို စသည္ “ရဟႏၱာအေၾကာင္း ေျပာေနၿပီ” တဲ့။ “မဟုတ္ဘူးလား၊ ရဟႏၱာကို ငါတို႔ပယ္လို႔မွ မရတာ၊ မဟုတ္ဘူးလား” လို႔ ျပန္ေမးသည္။ “ကိုယ္ေတာ္ ရဟႏၱာျဖစ္ခ်င္စိတ္ေပါက္ေနၿပီလား” လို႔ ထပ္စသည္။ “ဘယ္ကျဖစ္ခ်င္ရမွာလဲ၊ ငါကဘုရားေလာင္းေလ” တဲ့၊ မဟာယာနက ျပန္ေျပာသည္။ ဒီလိုနဲ႔ ရယ္ၾကရသည္။ (မွတ္ခ်က္။ ။ မဟာယာနက ဘုရားေလာင္းက်င့္စဥ္၊ ေထရဝါဒက ရဟႏၱာက်င့္စဥ္ လို႔ အယူရွိၾကသည့္ မဟာယာနတစ္ခ်ိဳ႕အယူအဆကို အစြဲျပဳ၍ ေျပာျခင္းျဖစ္ပါသည္။)။ အေၾကာင္းသိသည့္ တကၠသိုလ္ေက်ာင္းသားအခ်င္းခ်င္းမို႔ ဟာသျဖစ္ေနသည္။ ေဘးကလူေတြၾကားရင္ေတာ့ ဘယ္လိုေနမလဲ မသိ။ ဆိုလိုခ်င္သည္မွာ စာဖတ္နည္းျဖစ္ပါသည္။ ကို္ယ့္ေလ့လာေနတဲ့ ဘာသာရပ္ကို ေမးခြန္းထုတ္ၿပီး ရွာေဖြႏိုင္ဖို႔အေရးႀကီးသည္။ ေမးခြန္းရွိရင္ ကိုယ္ရွာေဖြရမည့္အခ်က္အလက္ေတြကိုလည္း တိတိက်က်ရွိသည္။ ပစ္မွတ္ရွိသည့္အတြက္ ရွာေဖြသည့္အခါလည္းလြယ္ကူသည္။ အခ်ိန္ပိုမကုန္ဘဲ လ်င္လ်င္ျမန္ျမန္ၿပီးသည္။ မေတြ႔လို႔ သူတစ္ပါးကိုေမးရင္ပင္ တိတိက်က်ေမးႏိုင္သည္၊ ကူညီသည့္သူလည္း မေဝဝါးဘဲ ကူညီေပးႏိုင္သည္။
ၿပီးခဲ့သည့္အပတ္က စာၾကည့္တိုက္ထဲ စကားလက္ဆုံရင္း ရွရွားေက်ာင္းသား အလက္စႏၵားက သုံးေခါက္ဖတ္သည္ဟုဆိုပါသည္။ “ပထမတစ္ေခါက္မွာ အဓိကအေၾကာင္းအရာကိုရွဖတ္၊ မင္နဲလိုက္မွတ္၊ ဒုတိယတစ္ေခါက္မွာ အကုန္လုံးအစအဆုံးဖတ္၊ မသိတဲ့စကားလုံးေတြကို အဘိဓာန္ထဲၾကည့္သင့္ရင္ၾကည့္၊ စကားလုံးအသစ္ေတြကိုမွတ္၊ တတိယအေခါက္မွာေတာ့ စာလုံးကိုေရာ၊ အေၾကာင္းအရာေရာ၊ အဓိပၸါယ္ေတြေရာ ႏိႈင္းယွဥ္ၾကည့္၊ ဆက္စပ္ၾကည့္၊ သုံးသပ္ၾကည့္တယ္” ဟူ၏။ “အဲလိုေတြဖတ္ေတာ့ အခ်ိန္ရွိပါ့မလား” ေမးေတာ့ “မရွိဘူး၊ စာအုပ္တိုင္း သုံးဆင့္လုံးေတာ့ ဘယ္ဖတ္မလဲ၊ အခ်ိန္ရသလိုေပါ့၊ တစ္ခ်ိဳ႕စာေတြမွာ ပထမတစ္ဆင့္ဘဲ၊ တစ္ခ်ိဳ႕စာေတြက ႏွစ္ဆင့္ေပါ့၊ စာတိုင္းသုံးဆင့္လုံးဖတ္စရာမလိုဘူးေလ၊ လိုအပ္တဲ့တခ်ိဳ႕စာေလးေတြဘဲ သုံးေခါက္ဖတ္တာ၊ သုံးဆင့္ေပါ။ တစ္ခုေလာက္ သုံးဆင့္ဖတ္ၿပီးရင္၊ တခ်ိဳ႕စာေတြသုံးဆင့္ဖတ္စရာမလိုဘဲ လုံေလာက္တာလဲရွိတယ္” လို႔ ဆိုေလသည္။
တစ္ေန႔တုန္းက ေဒါက္တာလုပ္ေနတဲ့ ဦးအရိယကို “စာဘယ္လိုဖတ္သလဲ” ေမးေလွ်ာက္ၾကည့္ေတာ့ “စာကုိေသေသခ်ာခ်ာဖတ္တယ္၊ ဘယ္လိုေရးတယ္၊ စကားလုံးေတြဘယ္လိုသုံးသြားတယ္ဆိုတာကအစ ၾကည့္တယ္၊ ဒါမွ ဘာဆိုလိုလဲဆိုတာကို ေကာင္းေကာင္းသိမွာေပါ့၊ ဒီလိုဖတ္မွ ဖတ္ၿပီးသူမ်ားကိုေျပာျပရင္လည္း ေသေသခ်ာခ်ာ ရွင္းရွင္းလင္းလင္း ျပန္ေျပာျပႏိုင္မွာေပါ့” ဟုမိန္႔ပါသည္။ “အခ်ိန္မရရင္ေကာ” ေမးေတာ့ “အခ်ိန္မရရင္ ပထမစာပိုဒ္နဲ႔ ေနာက္ဆုံးစာပိုဒ္ဘဲ ဖတ္လိုက္တယ္၊ နားလည္ရင္လည္၊ မလည္ရင္ အဲလို မလိမ့္တပတ္ေရးတဲ့စာ မဖတ္ေတာ့ဘူး” ဟု မိန္႔ပါသည္။
အမ္ဖီးလ္ လုပ္ေနတဲ့ ေအာင္လံက ဦးေကလာသ ကိုေမးၾကည့္ေတာ့ “ကိုယ္စိတ္ဝင္စားတဲ့အေၾကာင္းကိုဘဲ ဖတ္ပါတယ္၊ ကိုယ္စိတ္ဝင္စားတ့ဲအေၾကာင္းအရာျဖစ္တဲ့အတြက္ ၾကာသည္ျဖစ္ေစ၊ ျမန္သည္ျဖစ္ေစ ေပ်ာ္တယ္” မိန္႔၏။ “စာဖတ္ရင္း နားမလည္ရင္ေကာ” ေမးေတာ့ “အဲလိုဆိုရင္ စာအုပ္တစ္အုပ္ထဲနဲ႔ မလုံေလာက္ေတာ့ဘူး၊ အျခားစာအုပ္ေတြရွာရေတာ့မယ္၊ အေၾကာင္းအရာေတြတူၿပီးေရးထားတဲ့ စာအုပ္ေတြအမ်ားႀကီးရွိတယ္၊ တစ္အုပ္မွာကိုယ္နားမလည္ရင္ ကိုယ္နားလည္ႏိုင္ေလာက္တဲ့ စကားလုံးေတြနဲ႔ ေရးထားတဲ့စာအုပ္ေတြအမ်ားႀကီးရွိတယ္၊ ေရးတာကေတာ့ ကိုယ့္အတြက္ေရးတာ ဟုတ္ခ်င္မွဟုတ္မွာေပါ့၊ ဒါေပမယ့္ သူအေရးအသားနဲ႔ဖတ္မွ ကိုယ္နားလည္တာမ်ိဳး” ဟုမိန္္႔ေတာ္မူပါေပ၏။ “စာအုပ္တစ္အုပ္လုံးကို ဖတ္တာလား” ေမးေတာ့ “ဝတၳဳစာအုပ္ဖတ္တာဆိုရင္ေတာ့ တစ္အုပ္လုံးဖတ္မွ ရတာေပါ့၊ သူဇာတ္ေကာင္ေတြ သူ႔ဇာတ္ကြက္ေတြကိုေက်ာ္ဖတ္ရင္ေတာ့ မသိေလာက္ဘူး။ ပညာေရးနယ္ပယ္မွာေတာ့ တစ္အုပ္လုံးဖတ္ဖို႔ထက္ သူဘာေတြေရးသလဲဆိုတာကိုနားလည္ဖို႔ အေရးႀကီးတယ္” ဟု မိန္႔ပါသည္။
က်မ္းျပဳေနတဲ့ စာလုပ္ေနတဲ့ ဆရာေတာ္ေတြ အတန္းေဖာ္ေတြနဲ႔ ေတြ႔တုန္းဆုံတုန္း ေမးျမန္းရ ေဆြးေႏြးခဲ့ရသည့္ ခဏတာမ်ားဟာ တကယ္ေတာ့ တန္ဖိုးမျဖတ္နိုင္တဲ့အမွတ္တရမ်ားျဖစ္ပါသည္။ ဘဝအတြက္အေရးပါတဲ့ အမွတ္တရေတြျဖစ္ပါသည္။ ေတြ႔ၾကဆုံၾက ျငင္းၾကခုံၾကတဲ့အရာေတြဟာ တဒဂၤေလးေတြပါ၊ ဒီတဒဂၤေတြအေပၚမွာ အဆင္မေျပတာ၊ ဂတိဂေအာက္ျဖစ္သြားတာ၊ ေျပာမွားဆိုမွား နားလည္မႈလြဲမွားတဲ့အရာေတြရွိမွာပါ၊ ဒီအမွားေတြအေပၚမွာ အၿငိဳးေတးေတြ မေက်နပ္မႈေတြလည္း ရွိခ်င္ရွိမွာပါ၊ ဒီတဒဂၤေတြကို ခါခ်ရမွာပါ၊ မခါခ်ႏိုင္ရင္ အနာတရေတြျဖစ္တတ္ပါသည္။ တဒဂၤအမွားေတြ ခါခ်ၿပီး ေမးမၾက၊ ကူညီၾက၊ အားေပးၾက၊ ေျဖဆိုေမးျမန္း ေဆြးေႏြးခဲ့ၾကတဲ့ ျဖဴစင္တဲ့ေပးဆပ္မႈပါတဲ့ကာလေတြကမွ ဘဝအတြက္အမွတ္တရေတြပါ။ ဒီႏွစ္စာသင္ႏွစ္ထဲမွာ အမွတ္တရေတြမ်ားစြာ ရရွိခဲ့ပါသည္။
စာဖတ္ရတာ မ်က္စိသာေညာင္းသြားတာ ဘာမွနားမလည္လိုက္တာမ်ိဳး၊ မ်က္ႏွာက စာအုပ္နဲ႔ကပ္ၿပီးေတာ့ စိတ္ကဟိုအေဝးေရာက္ေနတာမ်ိဳး၊ စာဖတ္ဖို႔ စာအုပ္ကိုင္ၿပီး စာမဖတ္ျဖစ္တာမ်ိဳးလည္း ႀကံဳခဲ့တာေပါ့။ လိုခ်င္တဲ့စာအုပ္ေတြကို စာအုပ္ဆိုင္ထဲသြားဝယ္ရတာရွိသလို၊ စာၾကည့္တိုက္ထဲသြားဖတ္ရတာေတြလည္း ရွိတယ္။ ကိုယ္လိုခ်င္တဲ့စာအုပ္ကမရွိ၊ စာအုပ္ရွိေပမယ့္ လိုခ်င္တဲ့အခ်က္ေတြကမပါလို႔ အြန္လိုင္းဖြင့္ၿပီး ရွာေနရတာလည္း ခဏခဏပါဘဲ။ "ဦးဇင္းအေကာင့္က မီးစိမ္းေတြအၿမဲလင္းတာပဲေနာ္" လို႔ေျပာတဲ့သူကေျပာ၊ "ဦးဇင္းကို ေမ့က္ေစ့ပို႔ရင္ စကားမျပန္ဘူးေနာ္" လို႔ ေမးေနတဲ့သူကလည္းေမး။ ဘာျပန္ေျပာရမွန္း မသိတာနဲ႔ ဘာမွမေျပာလိုက္ဘူး။ အြန္လိုင္းက တကၠသိုလ္ေက်ာင္းသားေတြအတြက္ အေရးပါသည့္အခန္းက႑တစ္ခုျဖစ္လာတယ္။
ဘယ္လိုဘဲျဖစ္ျဖစ္ေလ ကိုယ့္ရဲ႕အမွတ္တရေတြထဲက တစ္ပိုင္းတစ္စေဝငွတာေလးေတြ ဖတ္ၿပီး တစ္စုံတစ္ဦးေသာသူအတြက္ အက်ိဳးရွိမယ္ဆိုရင္ ဒီစာေရးရက်ိဳးနပ္ပါၿပီ။ ဒီလိုနဲ႔ စာဖတ္ပုံေတြကို လိုက္ရွာရင္းနဲ႔ စာဖတ္ျခင္းဋီကာ လည္း ရွည္သြားၿပီ။
ေက်းဇူး တင္ပါသည္။
အရွင္နႏၵိယ (ဖယ္ခုံ) 14.7.2018 Saturday 7:20:00 PM
No comments:
Post a Comment