အခုတလော သီရိလင်္ကာမှာ ဗုံးပေါက်ကွဲတဲ့အခြေအနေတစ်ခုကြောင့်
ဖေ့စ်ဘုတ်ခ်နဲ့ လူမှုကွန်ယပ် မီဒီယာတော်တော်များများ ဖြတ်တောက်ထားတဲ့အတွက် လူစီတဲ့လိုင်းပေါ်တွေမှာ
မရောက်တော့ဘူး။ တဘက်မှာလည်း ဓာတ်ပုံပြပွဲကလည်း နီးသထက်နီးလာတဲ့အတွက် ပြင်ဆင်ရမည့်အရာတွေကို
အားထည့်ပြီးလုပ်နေပေမယ့် ဓာတ်ပုံအတွက် ဓာတ်ပုံဆရာတွေနဲ့ရော အခြားအကူအညီးပေးနေတဲ့သူတွေတစ်ချိုနဲ့ရော
အပေးအယူ အပြန်အလှန် အဆက်အသွယ်တွေ ပျက်တောက်နေတော့ အားမလို့အားမရဖြစ်ရပါတယ်။ အခုလောလောဆယ်မှာတော့
ဓာတ်ပုံတွေကို ဒီဘလော့မှာဘဲ တင်ပြီး ပုံတွေ သိမ်းမယ်။
ပအိုဝ်းဒေသရဲ့လက်မှုအနုပညာဆိုတဲ့ အခန်းလေးတစ်ခုကိုလည်း ဓာတ်ပုံပြပွဲမှာ
ပြသဖို့ စီစဉ်ထားပါတယ်။

No comments:
Post a Comment