ကိုယ်လိုအပ်မယ်ထင်လို့ အလိုက်တသိ ရွာချပေးတဲ့ မိုးစက်လေးတွေရှိတယ်
ချွေးအရမ်းထွက်နေချိန် အလိုက်တသိ တိုက်ခတ်ပေးတဲ့ လေညှင်းလေးတွေရှိတယ်
အပူချိန်တွေမြင့်နေချိန်မှာ အလိုက်တသိ ကာထားပေးတဲ့ တိမ်တိုက်လေးတွေ ရှိတယ်
ကိုယ်ချမ်းနေချိန် ပူနေချိန် အလိုက်တသိထွက်လာပေးတဲ့ နေမင်းကြီး နဲ့ လမင်းလေးလည်း ရှိတယ်။
ကိုယ့်ဘက်မှာ အမြဲရပ်တည်ပေးတဲ့ လောကကြီးလည်းရှိတယ်။
ငါ့မှာ ဘာမှထပ်တောင်းဆိုစရာ မရှိတော့ပြီ။
Nandiya Bhikkhu
19.02.2019

No comments:
Post a Comment