Friday, December 28, 2018

လက္ခဏာတွေကဘာလဲ



နားလည်မှုလွဲနေတဲ့ ပတ်သက်ဆက်နွှယ်ခြင်း၊ အခွင့်ထပ်မသာတော့တဲ့ နောက်ထပ်တွေဆုံခြင်းတွေကြောင့် ပြန်ဆုံခွင့်လေးကိုစောင့်နေရင်း တစ်ဖြေးဖြေးဝေးနေရပေမယ့် တသသဖြစ်နေရတဲ့ ရင်ထဲက ဖော်မပြချင်တဲ့ ခံစားမှုမျိုးတွေက ဘဝမှာ ဒဏ်ရာလို့ဖွင့်မပြောချင်တာ အကြောင်းပြချက် မပေးလည်းဘဲ နားလည်ပေးလို့ရပါတယ်။

ဒဏ်ရာမဟုတ်ပေမယ့် ဝေဒနာတစ်ခုအဖြစ်တော့ လက်ခံရမယ်။ တစ်ချို့ဝေဒနာတွေက မမျှော်လင့်ဘဲ နာကျင်စွာခံစားနေရတာမျိုးတွေရှိသလို တစ်ချို့ဝေဒနာတွေကျတော့ အလုပ်ဖြစ်ဖို့သက်သက် မပျောက်ပျက်အောင် တမင်မွေးမြူထားတာမျိုးလည်းရှိတယ်။

တစ်ချို့တစ်စုံတစ်ရာအကြောင်းတိုက်ဆိုင်မှုတွေကြောင့် ပြန်ဖြစ်ပေါ်လာတဲ့ဝေဒနာတွေကို မပြောဘဲ ထိန်ချန်ထားခဲ့ရတဲ့ တသသဝေဒနာမျိုးကျတော့ အလုပ်ဖြစ်ဖို့မွေးမြူထားတဲ့ဝေဒနာမဟုတ်မှန်း ပေါ်လွင်လို့နေပါတယ်။

ဒီဝေဒနာတွေကို ကုစားဖို့အတွက် ပစ္စုပ္ပန်ရဲ့ခံစားချက်တွေကို ငါလေ့လာရဦးမယ်။

(တစ်မျိုးမထင်နဲ့ Thesis ထဲက symptoms of mental illness အခန်းအတွက် စဉ်းစားနေတာပါ)

No comments:

Post a Comment