Friday, December 28, 2018

ဖြတ်လျှောက်ရုံလေးပါ





နားလည်လိုက်မိတာက ဖြတ်လျှောက်ရုံလေးပါပဲ။
တိုက်ခတ်လာတဲ့ လေပြေလေးကိုလည်း မတွယ်တာချင်တော့ဘူး
သူပြန်မလာမှာကိုလည်း မစိုးရိမ်ချင်တော့ပါ၊ သူခဏလေးဖြတ်လျှောက်ရုံလေးဘဲလို့ နားလည်လိုက်လို့။

အရှိုင်နဲ့စီးဆင်းနေတဲ့ စမ်းချောင်းထဲကရေလေးတွေလိုဘ
ခဏလေးဖြတ်လျှောက်ခွင့်သာရလိုက်ပြီး ချန်ထားခဲ့ရမယ့် ကမ်းပါးတွေကိုလည်း မတွယ်တာချင်တော့ဘူး။ ပြုံးပြုံးလေးဘဲ နှုတ်ဆက်လိုက်ချင်တယ်။
အတူတူစီးဆင်းခွင့်ခဏလေးရလိုက်တဲ့ ရေတွေကိုလည်း မတွက်တာချင်တော့ပြီ၊ ပင်လယ်ထဲရောက်လို့ လှိုင်းတွေရှိုက်ခတ်ရင် ကွဲသွားကြမှာ ကြိုသိနေလို့။
နှစ်တစ်ရာကြာမှဘဲဖြစ်ဖြစ်၊ ဗြဟ္မပြည်ကအပ်တစ်စင်းနဲ့ လူ့ပြည်ကအပ်တစ်စင်း ဆုံတာထက်ပိုခက်တဲ့ ပြန်တွေ့မှုမျိုးနဲ့ဘဲဖြစ်ဖြစ် ပင်လယ်ထဲ သမုဒ္ဒရာထဲ ပြန်တွေ့တဲ့အခါမှာ ပျော်ပျော်ရွှင်ရွှင်ပြန်ဆုံချင်ရုံကလွဲလို့ တွယ်တာနေရတာမျိုး မဖြစ်ချင်တော့ပါ။ ခဏလေးဖြတ်လျှောက်ရုံလေးပဲလို့ နားလည်ခွင့်လေးရချင်တယ်။

အားလုံးကဖြတ်လျှောက်သွားခဲ့ကြတဲ့ ဒီမျက်နှာကိုလည်း မတွက်တာစေချင်ပါ၊ တစ်ချို့က လှည့်ကြည့်ကြတယ်၊ တစ်ချို့က မေ့သွားကြတယ်၊ တစ်ချို့က ပြုံးပြခဲ့တယ်၊ တစ်ချို့က တစ်ခုခု ချန်ထားပေးတယ်။ ခဏလေးပေမယ့် အားလုံးကို ပြုံးပြချင်တယ်၊ ခဏလေးဖြတ်လျှောက်ရခိုက်မှာ ဒဏ်ရာတွေမထားခဲ့ချင်ပါ။
နာကျင်စွာခံစားနေတာတာမျိုး မဖြစ်ချင်ရင် လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားကြပါ။ ခဏလေးဖြတ်လျှောက်ရုံလေးမို့ မခံစားချင်တော့လို့ မတွယ်တာချင်တော့ပါ။

No comments:

Post a Comment