ကေလနိယ ဘွဲ့လွန်တက္ကသိုလ်ကို လာတက်ရင်
Postgraduate institution of Pali and Buddhist studies က University of Kelaniya ရဲ့ Department တစ်ခုဖြစ်ပါသည်။ အခုလက်ရှိမှာတော့ Kohuwala မှာ ဖြစ်ပါသည်။ ဒီမတိုင်ခင်က Pepiliyana မှာရှိပါသည်။ နောင် မကြာခင်ကာလမှာဘဲ Nawala, Nugegoda မှာ ပြောင်းမယ်လို့ သိရပါသည်။ Buddhist study ဖြစ်သည့်အတွက် ဗုဒ္ဓဘာသာအကြောင်းကိုဘဲ လေ့လာရမည်ဖြစ်ပါသည်။
စာရေးသူတို့တက်ခဲ့သည့် 2018 academic year မှာတော့ မြန်မာကျောင်းသားတွေ အများဆုံးဖြစ်နေပါသည်။ အရင်ကမရှိဘဲ နောက်ပိုင်းမှပြဌာန်းထားသည့် Buddhist education and communication နဲ့ Buddhist economic philosophy ဘာသာရပ်ကိုလည်း လေ့လာခွင့် ရခဲ့ပါသည်။ Origin of Mahayana, Mahayana philosophy, Chinese philosophy နဲ့ Nagarjuna philosophy စတဲ့ မဟာယာနနဲ့စပ်တဲ့ ဘာသာရပ်တွေကိုတော့ မဟာယာနကျောင်းသားတွေဘဲအများဆုံးယူကြပြီး ထေရဝါဒနိုင်ငံကျောင်းသားတစ်ချို့နဲ့ မြန်မာကျောင်းသား တစ်ချို့ အနည်းငယ်ဘဲ ယူကြပါတယ်။
ဘာသာရပ် နှစ်ဆယ်ကျော်လောက်မှာ စိတ်ကြိုက်ရွေးချယ်ခွင့် လေးခုယူရမည်ဖြစ်ပြီး ကျန်သည့်နှစ်ခု Pali literature နဲ့ Research methodology ဘာသာရပ်က မယူမနေရ ဘာသာရပ်တွေဖြစ်ပါသည်။ မြန်မာကျောင်းသားအများဆုံးရွေးသည့် ဘာသာရပ်ထဲမှာ Vinaya, Abhiddhamma, Buddhist psychotherapy, Buddhist education နဲ့ architecture in Srilanka တို့ဘဲ ဖြစ်ပါသည်။ ဒုတိယအများဆုံးက Buddhist economic philosophy နဲ့ Social dimension of Buddhism ဘဲဖြစ်ပြီး Buddhist ethic, Buddhist aesthetic နဲ့ Theraveda tradition စတဲ့ဘာသာရပ်တွေကိုတော့ မြန်မာကျောင်းသားတွေအနည်းဆုံးသူကြသည့် ဘာသာရပ်ဖြစ်နေပါ သည်။ ကိုယ်ရွေးချယ်မထားသည့်ဘာသာရပ်တွေကိုလည်း စ်ိတ်ဝင်စားရင် လေ့လာခွင့်ရှိပါသည်။
စိတ်ကြိုက်ဘာသာရပ်ကို ရွေးချယ်သည့်အခါမှာ ကိုယ်တိုင်အမှန်တကယ်စိတ်ဝင်စားသည့် ဘာသာရပ်ကို ရွေးချယ်ဖို့ပိုပြီးသင့်လျှောက်ပါသည်။ Assignment တွေ classroom text တွေ thesis တွေရှိပါသည်။ ကိုယ်တိုင် အချက်အလက်တွေရှာဖွေတဲ့အခါ အတန်းထဲစာလိုက်သည့်အခါ အတန်းဖော်တွေနဲ့ဆွေးနွေးတဲ့အခါတွေမှာ စိတ်မဝင်စားဘဲ ယူလိုက်သည့်ဘာသာတွေမှာ နှစ်ဆမက ပိုပြီးပင်ပန်းနေတာ ပိုသိသာပါသည်။ စိတ်ဝင်စားသည့်ဘာသာရပ်တွေဆိုရင် အချိန်ကုန်လို့ ကုန်မှန်းမသိ စိတ်နစ်နိုင်သည့်အတွက် ပင်ပန်းမှန်းမသိတော့ဘဲ လေ့လာလေ ပိုသိရလေ ပိုပျော်လေဖြစ်သည်ကို ကိုယ်တိုင်ကြုံခဲ့ရပါသည်။ လူနည်းသည့်ဘာသာတွေကို ရွေးချယ်ရင် မေးစရာလူမရှိဘူး၊ နောက်ကျရင် ကိုယ်ဘဲဒုက္ခရောက်မယ် စတဲ့ စိုးရိမ်တဲ့ စေတနာတွေ၊ သတိပေးစကားတွေကို တကယ်လက်တွေ့မှာ သိပ်အရေးမပါတာ တွေ့ရပါသည်။ အဘယ့်ကြောင့်ဆိုသော်- ဆရာတွေက မသိတာ၊ မရှင်းတာရှိရင် လာမေးဖို့ အမြဲဖတ်ခေါ်နေ ပါသည်။ ကျောင်းသားအချင်းချင်းကို ဆွေးနွေးတာထက် ဆရာနဲ့ဆွေးနွေးတာက ပိုပြီးသိကျတဲ့ အဖြေတွေရပါသည်။ လက်ကမ်းမမှီတဲ့စာအုပ်တွေက၊ မရှင်းတဲ့တစ်ချို့အယူအဆတွေကအစ assignment, thesis ရေးပုံ၊ Data စုဆောင်းပုံတွေကအဆုံး စိတ်ကြိုက်မေးခွင့်၊ ဆွေးနွေးခွင့်ရှိပါသည်။ ( အင်္ဂလိပ်စကားအတော်အသင့်ပြောနိုင်ယုံနဲ့အဆင်ပြေပါသည်၊ အများကြီး မလိုပါ၊ အတော်အသင့် ပြောဆိုဆက်ဆံနိုင်သည့်ကျောင်းသားများအတွက် မိမိစိတ်ကြိုက် ရွေးချယ်ဖို့ သင့်လျှော်ပါသည်)။
Medium သုံးခုရှိတဲ့အနက် စင်ဟလာနဲ့ ပါဠိ ကိုမယူကြဘဲ မြန်မာကျောင်းသားများက English Medium ကိုယူကြပါသည်။ ပိဋကတ်သုံးပုံကိုလည်း နိုင်ငံတကာ သုံးတဲ့နည်းအတိုင်း ထပ်မံလေ့လာရပါသည်။ မြန်မာသုံး ဆဋ္ဌမူနဲ့ နိုင်ငံတကာသုံးတဲ့ PTS မူနဲ့ကလည်း မတူတာလေးတွေလည်းအနည်းငယ်ရှိပါသည်။ Reference တွေရှာတဲ့အချိန်ကျရင် မတူတာတွေကို ပိုပြီးသိရပါသည်။
သီရိလင်္ကာမှာ ဗုဒ္ဓဘာသာစာပေများကို လေ့လာတဲ့အခါမှာ (အထူးသဖြင့် တက္ကသိုလ်မှာ) မြန်မာနိုင်ငံက လေ့လာပုံမျိုးနဲ့မတူတာကတော့ မြန်မာနိုင်ငံမှာ ပြဌာန်းထားသည့်စာအုပ်အတိုင်း လေ့လာပါသည်။ ဝိနည်းပြီးရင် ဒီဃနိကာယ်၊ ပြီးရင် မဇ္စျိမနိကာယ်စသည်ဖြင့် အစဉ်တကျလေ့လာပါသည်။ ဒီမှာက သုတ်တစ်သုတ်ကို အသေးစိတ် အစဉ်တကျလေ့လာတာမျိုး မဟုတ်ဘဲ ဘာသာရပ်တစ်ခုကို ကိုင်ပြီး ပိုနီးစပ်သည့် သုတ်တစ်သုတ်ကို ချဉ်းကပ်ကြပါသည်။ ဖတ်တာကတော့ အစအဆုံး ဖတ်နေရ၊ မှတ်နေရတာကတော့ အတူတူပါဘဲ၊ ရှုထောင့်ကကွဲပါသည်။ ဥပမာ - စာရေးသူကိုယ်တိုင်အတွေ့အကြုံဘဲ ပြောပါမည်။ မြန်မာနိုင်ငံမှာနေတုန်းက သုတ်တစ်သုတ်ကို ဖတ်သည်၊ ပြီးတော့ သုတ်ရဲ့ဆိုလိုချက်ကို ပုံဖော်သည်။ မရှင်းသေးလျှင် နောက်တစ်ခေါက်ထပ်ဖတ်ပြီး ကြံဆသည်။ ဒီမှာရောက်တော့ သုတ်တစ်သုတ်ကို ဖတ်သည်၊ ဒီသုတ် သို့မဟုတ် ဆိုလိုချက်တစ်ခုက စိတ်ပညာနဲ့ယှက်နွှယ်သည်၊ ပညာရေးနယ်ပယ်နဲ့အန်ဝင်ခွင်ကျဖြစ်မည်၊ လူမှုရေးပိုဆန်သည် စသည်ဖြင့် နှိုင်းယှဉ်မှုတွေ အခြားသော အကြောင်းအရာတစ်ခုခုနဲ့ ချည်းကပ်ရပါသည်။ ဘယ်ဟာကပိုကောင်းသည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ကွဲပြားပုံကို ပြောခြင်းသာဖြစ်သည်။
English Medium ကို ယူဖို့လာကြမယ်ဆိုလျှင် အင်္ဂလိပ်တော့ ပါလာရပါမည်။ သင်ခဲ့ရပါမည်။ သင်တန်းတက်ရုံ၊ အတန်းတစ်ခုခုမှာ လက်မှတ်ရုံမျိုးမဟုတ်ဘဲ Self study ရှိဖို့လည်း လိုပါသည်။ ပြောရဲဆိုရဲရှိပြီး ဆက်ဆံတတ်ဖို့လည်းလိုပါသည်။ Buddhist study ဖြစ်သည့်အတွက် သာမာန် Englisg language class မှာတက်တာမျိုးထက် Subject နဲ့ တွဲတဲ့ English language class တွေမှာ သို့မဟုတ် မြန်မာနိုင်ငံမှာရှိတဲ့ What the Buddha taught စတဲ့ စာအုပ်ကို ဖတ်သည့်စာဖတ်ဝိုင်းလိုမျိုးတွေမှာ ပါဝင်နိုင်လေ ပိုကောင်းလေ ဖြစ်ပါသည်။ တစ်ချို့က language ရရင် Subject လည်း ရပြီလို့ ထင်နေကြတာလည်းရှိသည်။ မရသေးပါ။ Subject ရဲ့ technical term တွေက သီးသန့်ရှိပါသေးသည်။ Buddhist studies မှာလည်း တစ်ချို့အသုံးအနှုံးတွေကို အင်္ဂလိပ်စာတတ်သူတိုင်းမသိပါ။
သီရိလင်္ကာမှာ ကံကောင်းတာတစ်ခုက တစ်ချို့ဘာသာရပ်တွေမှာ တစ်ချို့မြန်မာကျောင်းသား တွေက ဆရာသင်ပြီးသား Topic တွေကို အကျဉ်းချုပ်ပြီး ပြန်ရေးပေးတာရှိပါသည်။ မရှင်းတာ၊ ပိုပြီးသိချင်တာရှိရင်လည်း သူတို့ရဲ့ စာတွေကို ဖတ်လို့ရပါသည်။ စာရေးသူလည်း ၂၀၁၈ မှာ Buddhist psychotherapy ဘာသာက တစ်ချို့ topic လေးရေးခဲ့ဖူးပါသည်။ အတန်းထဲမှာ နားလည်တယ် အဆင်ပြေတယ်ဆိုရင်တော့ ကြည့်စရာမလိုပါ။ Topic လေးတွေ အကျဉ်းချုပ်ပေး တာကလည်း လိုနေတဲ့သူတွေအတွက် ကောင်းတာပေါ့။ နောက်ထပ်ကောင်းတာတစ်ခုက စာဖတ်ဝိုင်းလေးတွေရှိပါသေးသည်။ တစ်ချို့ဝိုင်းတွေက senior ကျောင်းသားတွေ ဖတ်ပေးကြသည်။ တစ်ချို့ဝိုင်းတွေမှာ စာတော်တဲ့ကျောင်းသားတွေက ဖတ်ပေးကြသည်။ မရှင်းမလင်းတာတွေ မေးကြဖြေကြ ဆွေးနွေးကြတာပေါ့။ အပြင်ဘက်လေ့လာပုံတွေကလည်း အမျိုးမျိုးရှိကြတယ်ဆိုတာလည်း တွေ့ရပါသည်။
တစ်ချို့က နိုင်ငံတကာက နိုင်ငံပေါင်းစုံကျောင်းသားတွေနဲ့ ဆွေးနွေးကြတဲ့ဆွေးနွေးဝိုင်းတွေ လုပ်ပေးတာရှိပါသည်။ နေ့အလိုက် ခေါင်းစဉ်တွေပြောင်းပြီး ခေါင်းစဉ်အမျိုးမျိုးနဲ့ဆွေးနွေးကြ၊ သင်ယူကြတာပါသည်။ စာရေးသူလည်း စနေနေ့တိုင်း အဲဒီစကားဝိုင်းထဲပါဝင်ပါသည်။ Language နဲ့ Subject တစ်ခါတည်း သင်ယူလိုက်သလို ဖြစ်ပါသည်။ တစ်ချို့ကျောင်းသားတွေဆိုရင် အပြင်က အချိန်ပိုင်း workshop တို့ conference တို့ကိုလည်း သွားရောက်လေ့လာကြပါသည်။
ဘာတွေပြင်ဆင်ရမလဲလို့မေးရင်တော့ ပိဋကတ်စာပေဘဲများများဖတ်လာခဲ့ပါလို့ဘဲ ပြောချင်တယ်။ အဂ္ဂညသုတ်၊ စက္ကဝတိသုတ်၊ သာမညဖလသုတ်၊ သောဏဒန္တသုတ်၊ ကာလာမသုတ်၊ မဟာပရိနိဗ္ဗာနသုတ်၊ မဟာကမ္မဝိဘင်္ဂသုတ်၊ သိင်္ဂါလောဝါဒသုတ် စတဲ့ သုတ်တွေကိုတော့ ထုံးလိုမွှေ ရေလိုနှောက်လာခဲ့လို့ဘဲ ပြောချင်ပါသည်။ ဖြစ်နိုင်ရင် အင်္ဂလိပ်လိုဖတ်လာစေချင်ပါသည်။ အဲဒီသုတ်တွေကို သင်ကြသလားလို့ မေးရင်တော့ အဲဒီသုတ်တွေကို သင်နေတာတော့ မဟုတ်ဘူး၊ အဲဒီသုတ်တွေနဲ့ဆက်စပ်ပြီး လေ့လာကြတယ်၊ အဲဒီသုတ်တင်ဘဲလား ဆိုတော့လည်း မဟုတ်ဘူး အခြားသုတ်တွေလည်း အများကြီးပါမယ်။ Social issues တစ်ခုခုကို တည်ပြီးဆွေးနွေးကြလိမ့်မည်။ Subject အပေါ်မူတည်ပြီး ကွဲတာပေါ့၊ economic subject မှာဆိုရင် economic နဲ့ဆက်စပ်တာ ပြောကြမည်။ education subject မှာဆိုရင် education နဲ့ဆက်စပ်တာပြောကြမည်။
တစ်ချို့က ပြင်ဆင်တာအချိန်လည်းရှိ၊ ပြင်ဆင်ချင်တယ်ဆိုလျှင် အချိန်ရရင် research အကြောင်းကြိုလေ့လာစေချင်ပါသည်။ ပညာရေးနယ်ပယ်မှာ သုတေသနကို အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုပါ။ စာဖတ်ပုံဖတ်နည်းတွေကအစ လေ့လာထားပါ။ ပညာရှင်တွေရဲ့ပို့ချချက်တွေ ဟောပြောချက်တွေရှိပါသည်။ မြန်မာနိုင်ငံမှာဆိုရင် အောက်စဖို့ဒ်ဆရာတော်ရဲ့ ပို့ချချက်တွေရှိပါသည်။ နောက်နိုင်ငံတကာမှာဆိုရင်တော့ ပိုများမည်။ အင်တာနက်ပေါ်မှာလည်း အလွယ်တကူရှာဖွေလို့ရပါသည်။ စာပေးပွဲအောင်ဖို့အတွက်ဆိုလျှင် မခက်ခဲပါ။ အချိန်အား ငွေအား များစွာစတေးပြီး လာခဲ့သည်ဖြစ်သည့်အတွက် တက္ကသိုလ်ကပေးသည့် ပညာများရသလောက်ယူ မည်ဆိုလျှင် ပြင်ဆင်မှုအားကောင်းလေ ပိုရလေဖြစ်ပါမည်။ assignment ရေးနည်း၊ စာဖတ်နည်း၊ အချက်အလက်ရှာဖွေနည်းတွေ စောစောသိလေ လေ့လာရေးခရီးက ပိုတွက်လေဖြစ်ပါသည်။
စာကြည့်တိုက်ဝင်တတ်တဲ့အကျင့်တွေရှိလျှင် ပိုပြီးအဆင်ပြေမည်ဟုဆိုချင်ပါသည်။ စာကြည့်တိုက်ထဲစာကြည့်တယ်ဆိုတာ စာအုပ်ဆိုင်မှာ စာအုပ်သွားငှားဖတ်တာမျိုး မဟုတ်ဘူးဆိုတာ လည်း သိစေချင်ပါသည်။ စာအုပ်ဆိုင်မှာစာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ငှား ဖတ်သလိုလုပ်နေမျိုးထက် အယူအဆအသစ်တွေရှာဖွေဖို့ မတူညီတဲ့အယူအဆတွေ ညှိယူဖို့ နှိုင်းယှဉ်ဖို့ အကိုးအကားတွေရယူဖို့ စာအုပ်တစ်အုပ်မကဘဲ များစွာတိုက်ကြည့်ရမည့် နေရာဖြစ်ပါသည်။
တစ်ချို့အကြောင်းအရာတွေက လေ့လာထားတဲ့အခံလေးတွေရှိရင် ပိုကောင်းပါသည်။ ဥပမာ- မြန်မာနိုင်ငံမှာတုန်းက trauma healing သင်တန်းတွေတက်ခဲ့ဖူးတော့ psychotherapy နဲ့ ဆက်နွှယ်မှုရှိသည်။ sustainable development, environmental, gender စတဲ့ သင်တန်းတွေမှာ လေ့လာခဲ့ဖူးတော့ Social dimension ဘာသာရပ်တို့ economic philosophy ဘာသာရပ်တို့မှာ ဆက်စပ်မှုတွေရှိလို့ ပိုပြီးနားလည်လွယ်သလို စိတ်ဝင်စားစရာလည်း ပိုကောင်းပါသည်။ ဆိုလိုချင်တာက မြန်မာန်ိုင်ငံမှာလည်း လေ့လာချင်ရင်တစ်ချို့ သင်တန်းတွေရှိတယ်လို့ ဆိုချင်ပါသည်။
မြန်မာနိုင်ငံမှာလေ့လာလို့ရတဲ့ တစ်ချို့ဘာသာရပ်တွေကို လေ့လာထားရင် တစ်ပန်းသာလိမ့်မည်။ မဟုတ်ရင် ဘာသာရပ်တိုင်းက အသစ်ကြီးတွေဖြစ်နေရင် ပိုပြီးပင်ပန်းရပြီး အချိန်မလုံလောက်တာ တွေဖြစ်နိုင်ပါသည်။
ဖတ်ပေးသည့်အတွက် ကျေးဇူးတင်ပါသည်။ စာရှည်သွားလို့ တောင်းပန်ပါသည်။ အမှားရှိလျှင် ပြင်ပေးနိုင်ပါသည်ဟု ဖိတ်ကြားချင်ပါသည်။
အရှင်နန္ဒိယ (ဖယ်ခုံ)
5.1.2019 11:36:00 AM
ေကလနိယ ဘြဲ႔လြန္တကၠသိုလ္ကုိ လာတက္ရင္
စာေရးသူတို႔တက္ခဲ့သည့္ 2018 academic year မွာေတာ့ ျမန္မာေက်ာင္းသားေတြ အမ်ားဆုံးျဖစ္ေနပါသည္။ အရင္ကမရွိဘဲ ေနာက္ပိုင္းမွျပဌာန္းထားသည့္ Buddhist education and communication နဲ႔ Buddhist economic philosophy ဘာသာရပ္ကိုလည္း ေလ့လာခြင့္ ရခဲ့ပါသည္။ Origin of Mahayana, Mahayana philosophy, Chinese philosophy နဲ႔ Nagarjuna philosophy စတဲ့ မဟာယာနနဲ႔စပ္တဲ့ ဘာသာရပ္ေတြကိုေတာ့ မဟာယာနေက်ာင္းသားေတြဘဲအမ်ားဆုံးယူၾကၿပီး ေထရဝါဒႏိုင္ငံေက်ာင္းသားတစ္ခ်ိဳ႕နဲ႔ ျမန္မာေက်ာင္းသား တစ္ခ်ိဳ႕ အနည္းငယ္ဘဲ ယူၾကပါတယ္။
ဘာသာရပ္ ႏွစ္ဆယ္ေက်ာ္ေလာက္မွာ စိတ္ၾကိဳက္ေရြးခ်ယ္ခြင့္ ေလးခုယူရမည္ျဖစ္ၿပီး က်န္သည့္ႏွစ္ခု Pali literature နဲ႔ Research methodology ဘာသာရပ္က မယူမေနရ ဘာသာရပ္ေတြျဖစ္ပါသည္။ ျမန္မာေက်ာင္းသားအမ်ားဆုံးေရြးသည့္ ဘာသာရပ္ထဲမွာ Vinaya, Abhiddhamma, Buddhist psychotherapy, Buddhist education နဲ႔ architecture in Srilanka တို႔ဘဲ ျဖစ္ပါသည္။ ဒုတိယအမ်ားဆုံးက Buddhist economic philosophy နဲ႔ Social dimension of Buddhism ဘဲျဖစ္ၿပီး Buddhist ethic, Buddhist aesthetic နဲ႔ Theraveda tradition စတဲ့ဘာသာရပ္ေတြကိုေတာ့ ျမန္မာေက်ာင္းသားေတြအနည္းဆုံးသူၾကသည့္ ဘာသာရပ္ျဖစ္ေနပါ သည္။ ကိုယ္ေရြးခ်ယ္မထားသည့္ဘာသာရပ္ေတြကိုလည္း စိ္တ္ဝင္စားရင္ ေလ့လာခြင့္ရွိပါသည္။
စိတ္ႀကိဳက္ဘာသာရပ္ကို ေရြးခ်ယ္သည့္အခါမွာ ကိုယ္တိုင္အမွန္တကယ္စိတ္ဝင္စားသည့္ ဘာသာရပ္ကို ေရြးခ်ယ္ဖို႔ပိုၿပီးသင့္ေလွ်ာက္ပါသည္။ Assignment ေတြ classroom text ေတြ thesis ေတြရွိပါသည္။ ကိုယ္တိုင္ အခ်က္အလက္ေတြရွာေဖြတဲ့အခါ အတန္းထဲစာလိုက္သည့္အခါ အတန္းေဖာ္ေတြနဲ႔ေဆြးေႏြးတဲ့အခါေတြမွာ စိတ္မဝင္စားဘဲ ယူလိုက္သည့္ဘာသာေတြမွာ ႏွစ္ဆမက ပိုၿပီးပင္ပန္းေနတာ ပိုသိသာပါသည္။ စိတ္ဝင္စားသည့္ဘာသာရပ္ေတြဆိုရင္ အခ်ိန္ကုန္လို႔ ကုန္မွန္းမသိ စိတ္နစ္ႏိုင္သည့္အတြက္ ပင္ပန္းမွန္းမသိေတာ့ဘဲ ေလ့လာေလ ပိုသိရေလ ပိုေပ်ာ္ေလျဖစ္သည္ကို ကိုယ္တိုင္ႀကဳံခဲ့ရပါသည္။ လူနည္းသည့္ဘာသာေတြကို ေရြးခ်ယ္ရင္ ေမးစရာလူမရွိဘူး၊ ေနာက္က်ရင္ ကိုယ္ဘဲဒုကၡေရာက္မယ္ စတဲ့ စိုးရိမ္တဲ့ ေစတနာေတြ၊ သတိေပးစကားေတြကို တကယ္လက္ေတြ႔မွာ သိပ္အေရးမပါတာ ေတြ႕ရပါသည္။ အဘယ့္ေၾကာင့္ဆိုေသာ္- ဆရာေတြက မသိတာ၊ မရွင္းတာရွိရင္ လာေမးဖို႔ အၿမဲဖတ္ေခၚေန ပါသည္။ ေက်ာင္းသားအခ်င္းခ်င္းကို ေဆြးေႏြးတာထက္ ဆရာနဲ႔ေဆြးေႏြးတာက ပိုၿပီးသိက်တဲ့ အေျဖေတြရပါသည္။ လက္ကမ္းမမွီတဲ့စာအုပ္ေတြက၊ မရွင္းတဲ့တစ္ခ်ိဳ႕အယူအဆေတြကအစ assignment, thesis ေရးပုံ၊ Data စုေဆာင္းပုံေတြကအဆုံး စိတ္ႀကိဳက္ေမးခြင့္၊ ေဆြးေႏြးခြင့္ရွိပါသည္။ ( အဂၤလိပ္စကားအေတာ္အသင့္ေျပာႏိုင္ယုံနဲ႔အဆင္ေျပပါသည္၊ အမ်ားႀကီး မလိုုပါ၊ အေတာ္အသင့္ ေျပာဆိုဆက္ဆံနုိင္သည့္ေက်ာင္းသားမ်ားအတြက္ မိမိစိတ္ႀကိဳက္ ေရြးခ်ယ္ဖို႔ သင့္ေလွ်ာ္ပါသည္)။
Medium သုံးခုရွိတဲ့အနက္ စင္ဟလာနဲ႔ ပါဠိ ကိုမယူၾကဘဲ ျမန္မာေက်ာင္းသားမ်ားက English Medium ကိုယူၾကပါသည္။ ပိဋကတ္သုံးပုံကိုလည္း ႏိုင္ငံတကာ သုံးတဲ့နည္းအတိုင္း ထပ္မံေလ့လာရပါသည္။ ျမန္မာသုံး ဆ႒မူနဲ႔ ႏုိင္ငံတကာသုံးတဲ့ PTS မူနဲ႔ကလည္း မတူတာေလးေတြလည္းအနည္းငယ္ရွိပါသည္။ Reference ေတြရွာတဲ့အခ်ိန္က်ရင္ မတူတာေတြကို ပိုုၿပီးသိရပါသည္။
သီရိလကၤာမွာ ဗုဒၶဘာသာစာေပမ်ားကို ေလ့လာတဲ့အခါမွာ (အထူးသျဖင့္ တကၠသိုလ္မွာ) ျမန္မာႏိုင္ငံက ေလ့လာပုံမ်ိဳးနဲ႔မတူတာကေတာ့ ျမန္မာႏိုင္ငံမွာ ျပဌာန္းထားသည့္စာအုပ္အတိုင္း ေလ့လာပါသည္။ ဝိနည္းၿပီးရင္ ဒီဃနိကာယ္၊ ၿပီးရင္ မဇၥ်ိမနိကာယ္စသည္ျဖင့္ အစဥ္တက်ေလ့လာပါသည္။ ဒီမွာက သုတ္တစ္သုတ္ကို အေသးစိတ္ အစဥ္တက်ေလ့လာတာမ်ိဳး မဟုတ္ဘဲ ဘာသာရပ္တစ္ခုကို ကိုင္ၿပီး ပိုနီးစပ္သည့္ သုတ္တစ္သုတ္ကို ခ်ဥ္းကပ္ၾကပါသည္။ ဖတ္တာကေတာ့ အစအဆုံး ဖတ္ေနရ၊ မွတ္ေနရတာကေတာ့ အတူတူပါဘဲ၊ ရႈေထာင့္ကကြဲပါသည္။ ဥပမာ - စာေရးသူကိုယ္တိုင္အေတြ႔အႀကံဳဘဲ ေျပာပါမည္။ ျမန္မာႏိုင္ငံမွာေနတုန္းက သုတ္တစ္သုတ္ကို ဖတ္သည္၊ ၿပီးေတာ့ သုတ္ရဲ႕ဆုိလိုခ်က္ကို ပုံေဖာ္သည္။ မရွင္းေသးလွ်င္ ေနာက္တစ္ေခါက္ထပ္ဖတ္ၿပီး ႀကံဆသည္။ ဒီမွာေရာက္ေတာ့ သုတ္တစ္သုတ္ကို ဖတ္သည္၊ ဒီသုတ္ သို႔မဟုတ္ ဆိုလိုခ်က္တစ္ခုက စိတ္ပညာနဲ႔ယွက္ႏႊယ္သည္၊ ပညာေရးနယ္ပယ္နဲ႔အန္ဝင္ခြင္က်ျဖစ္မည္၊ လူမႈေရးပိုဆန္သည္ စသည္ျဖင့္ ႏိႈင္းယွဥ္မႈေတြ အျခားေသာ အေၾကာင္းအရာတစ္ခုခုနဲ႔ ခ်ည္းကပ္ရပါသည္။ ဘယ္ဟာကပိုေကာင္းသည္ဟု ဆိုလိုျခင္း မဟုတ္ပါ။ ကြဲျပားပုံကို ေျပာျခင္းသာျဖစ္သည္။
English Medium ကို ယူဖို႔လာၾကမယ္ဆိုလွ်င္ အဂၤလိပ္ေတာ့ ပါလာရပါမည္။ သင္ခဲ့ရပါမည္။ သင္တန္းတက္ရုံ၊ အတန္းတစ္ခုခုမွာ လက္မွတ္ရုံမ်ိဳးမဟုတ္ဘဲ Self study ရွိဖို႔လည္း လိုပါသည္။ ေျပာရဲဆိုရဲရွိၿပီး ဆက္ဆံတတ္ဖို႔လည္းလိုပါသည္။ Buddhist study ျဖစ္သည့္အတြက္ သာမာန္ Englisg language class မွာတက္တာမ်ိဳးထက္ Subject နဲ႔ တြဲတဲ့ English language class ေတြမွာ သို႔မဟုတ္ ျမန္မာႏိုင္ငံမွာရွိတဲ့ What the Buddha taught စတဲ့ စာအုပ္ကို ဖတ္သည့္စာဖတ္ဝိုင္းလိုမ်ိဳးေတြမွာ ပါဝင္ႏိုင္ေလ ပိုေကာင္းေလ ျဖစ္ပါသည္။ တစ္ခ်ိဳ႕က language ရရင္ Subject လည္း ရၿပီလို႔ ထင္ေနၾကတာလည္းရွိသည္။ မရေသးပါ။ Subject ရဲ႕ technical term ေတြက သီးသန္႔ရွိပါေသးသည္။ Buddhist studies မွာလည္း တစ္ခ်ိဳ႕အသုံးအႏႈံးေတြကို အဂၤလိပ္စာတတ္သူတိုင္းမသိပါ။
သီရိလကၤာမွာ ကံေကာင္းတာတစ္ခုက တစ္ခ်ိဳ႕ဘာသာရပ္ေတြမွာ တစ္ခ်ိဳ႕ျမန္မာေက်ာင္းသား ေတြက ဆရာသင္ၿပီးသား Topic ေတြကို အက်ဥ္းခ်ဳပ္ၿပီး ျပန္ေရးေပးတာရွိပါသည္။ မရွင္းတာ၊ ပိုၿပီးသိခ်င္တာရွိရင္လည္း သူတို႔ရဲ႕ စာေတြကို ဖတ္လို႔ရပါသည္။ စာေရးသူလည္း ၂၀၁၈ မွာ Buddhist psychotherapy ဘာသာက တစ္ခ်ိဳ႕ topic ေလးေရးခဲ့ဖူးပါသည္။ အတန္းထဲမွာ နားလည္တယ္ အဆင္ေျပတယ္ဆိုရင္ေတာ့ ၾကည့္စရာမလိုပါ။ Topic ေလးေတြ အက်ဥ္းခ်ဳပ္ေပး တာကလည္း လုိေနတဲ့သူေတြအတြက္ ေကာင္းတာေပါ့။ ေနာက္ထပ္ေကာင္းတာတစ္ခုက စာဖတ္ဝိုင္းေလးေတြရွိပါေသးသည္။ တစ္ခ်ိဳ႕ဝို္င္းေတြက senior ေက်ာင္းသားေတြ ဖတ္ေပးၾကသည္။ တစ္ခ်ိဳ႕ဝိုင္းေတြမွာ စာေတာ္တဲ့ေက်ာင္းသားေတြက ဖတ္ေပးၾကသည္။ မရွင္းမလင္းတာေတြ ေမးၾကေျဖၾက ေဆြးေႏြးၾကတာေပါ့။ အျပင္ဘက္ေလ့လာပုံေတြကလည္း အမ်ိဳးမ်ိဳးရွိၾကတယ္ဆိုတာလည္း ေတြ႔ရပါသည္။
တစ္ခ်ိိဳ႕က ႏိုင္ငံတကာက ႏိုင္ငံေပါင္းစုံေက်ာင္းသားေတြနဲ႔ ေဆြးေႏြးၾကတဲ့ေဆြးေႏြးဝိုင္းေတြ လုပ္ေပးတာရွိပါသည္။ ေန႔အလိုက္ ေခါင္းစဥ္ေတြေျပာင္းၿပီး ေခါင္းစဥ္အမ်ိဳးမ်ိဳးနဲ႔ေဆြးေႏြးၾက၊ သင္ယူၾကတာပါသည္။ စာေရးသူလည္း စေနေန႔တိုင္း အဲဒီစကားဝိုင္းထဲပါဝင္ပါသည္။ Language နဲ႔ Subject တစ္ခါတည္း သင္ယူလိုက္သလို ျဖစ္ပါသည္။ တစ္ခ်ိဳ႕ေက်ာင္းသားေတြဆိုရင္ အျပင္က အခ်ိန္ပိုင္း workshop တို႔ conference တို႔ကိုလည္း သြားေရာက္ေလ့လာၾကပါသည္။
ဘာေတြျပင္ဆင္ရမလဲလို႔ေမးရင္ေတာ့ ပိဋကတ္စာေပဘဲမ်ားမ်ားဖတ္လာခဲ့ပါလို႔ဘဲ ေျပာခ်င္တယ္။ အဂၢညသုတ္၊ စကၠဝတိသုတ္၊ သာမညဖလသုတ္၊ ေသာဏဒႏၱသုတ္၊ ကာလာမသုတ္၊ မဟာပရိနိဗၺာနသုတ္၊ မဟာကမၼဝိဘဂၤသုတ္၊ သိဂၤါေလာဝါဒသုတ္ စတဲ့ သုတ္ေတြကိုေတာ့ ထုံးလိုေမႊ ေရလိုေနွာက္လာခဲ့လို႔ဘဲ ေျပာခ်င္ပါသည္။ ျဖစ္ႏိုင္ရင္ အဂၤလိပ္လိုဖတ္လာေစခ်င္ပါသည္။ အဲဒီသုတ္ေတြကို သင္ၾကသလားလို႔ ေမးရင္ေတာ့ အဲဒီသုတ္ေတြကို သင္ေနတာေတာ့ မဟုတ္ဘူး၊ အဲဒီသုတ္ေတြနဲ႔ဆက္စပ္ၿပီး ေလ့လာၾကတယ္၊ အဲဒီသုတ္တင္ဘဲလား ဆိုေတာ့လည္း မဟုတ္ဘူး အျခားသုတ္ေတြလည္း အမ်ားႀကီးပါမယ္။ Social issues တစ္ခုခုကို တည္ၿပီးေဆြးေႏြးၾကလိမ့္မည္။ Subject အေပၚမူတည္ၿပီး ကြဲတာေပါ့၊ economic subject မွာဆိုရင္ economic နဲ႔ဆက္စပ္တာ ေျပာၾကမည္။ education subject မွာဆိုရင္ education နဲ႔ဆက္စပ္တာေျပာၾကမည္။
တစ္ခ်ိဳ႕က ျပင္ဆင္တာအခ်ိန္လည္းရွိ၊ ျပင္ဆင္ခ်င္တယ္ဆိုလွ်င္ အခ်ိန္ရရင္ research အေၾကာင္းႀကိဳေလ့လာေစခ်င္ပါသည္။ ပညာေရးနယ္ပယ္မွာ သုေတသနကို အေရးႀကီးတဲ့ အခန္းက႑တစ္ခုပါ။ စာဖတ္ပုံဖတ္နည္းေတြကအစ ေလ့လာထားပါ။ ပညာရွင္ေတြရဲ႕ပို႔ခ်ခ်က္ေတြ ေဟာေျပာခ်က္ေတြရွိပါသည္။ ျမန္မာႏိုင္ငံမွာဆိုရင္ ေအာက္စဖို႔ဒ္ဆရာေတာ္ရဲ႕ ပို႔ခ်ခ်က္ေတြရွိပါသည္။ ေနာက္ႏိုင္ငံတကာမွာဆိုရင္ေတာ့ ပိုမ်ားမည္။ အင္တာနက္ေပၚမွာလည္း အလြယ္တကူရွာေဖြလို႔ရပါသည္။ စာေပးပြဲေအာင္ဖို႔အတြက္ဆိုလွ်င္ မခက္ခဲပါ။ အခ်ိန္အား ေငြအား မ်ားစြာစေတးၿပီး လာခဲ့သည္ျဖစ္သည့္အတြက္ တကၠသိုလ္ကေပးသည့္ ပညာမ်ားရသေလာက္ယူ မည္ဆိုလွ်င္ ျပင္ဆင္မႈအားေကာင္းေလ ပိုရေလျဖစ္ပါမည္။ assignment ေရးနည္း၊ စာဖတ္နည္း၊ အခ်က္အလက္ရွာေဖြနည္းေတြ ေစာေစာသိေလ ေလ့လာေရးခရီးက ပိုတြက္ေလျဖစ္ပါသည္။
စာၾကည့္တိိုက္ဝင္တတ္တဲ့အက်င့္ေတြရွိလွ်င္ ပိုၿပီးအဆင္ေျပမည္ဟုဆိုခ်င္ပါသည္။ စာၾကည့္တိုက္ထဲစာၾကည့္တယ္ဆိုတာ စာအုပ္ဆိုင္မွာ စာအုပ္သြားငွားဖတ္တာမ်ိဳး မဟုတ္ဘူးဆိုတာ လည္း သိေစခ်င္ပါသည္။ စာအုပ္ဆိုင္မွာစာအုပ္ေတြ တစ္အုပ္ၿပီးတစ္အုပ္ငွား ဖတ္သလိုုလုပ္ေနမ်ိဳးထက္ အယူအဆအသစ္ေတြရွာေဖြဖို႔ မတူညီတဲ့အယူအဆေတြ ညွိယူဖို႔ ႏႈိင္းယွဥ္ဖို႔ အကိုးအကားေတြရယူဖို႔ စာအုပ္တစ္အုပ္မကဘဲ မ်ားစြာတိုက္ၾကည့္ရမည့္ ေနရာျဖစ္ပါသည္။
တစ္ခ်ိဳ႕အေၾကာင္းအရာေတြက ေလ့လာထားတဲ့အခံေလးေတြရွိရင္ ပိုေကာင္းပါသည္။ ဥပမာ- ျမန္မာႏိုင္ငံမွာတုန္းက trauma healing သင္တန္းေတြတက္ခဲ့ဖူးေတာ့ psychotherapy နဲ႔ ဆက္ႏႊယ္မႈရွိသည္။ sustainable development, environmental, gender စတဲ့ သင္တန္းေတြမွာ ေလ့လာခဲ့ဖူူးေတာ့ Social dimension ဘာသာရပ္တို႔ economic philosophy ဘာသာရပ္တို႔မွာ ဆက္စပ္မႈေတြရွိလို႔ ပိုၿပီးနားလည္လြယ္သလို စိတ္ဝင္စားစရာလည္း ပိုေကာင္းပါသည္။ ဆိုလိုခ်င္တာက ျမန္မာႏ္ိုင္ငံမွာလည္း ေလ့လာခ်င္ရင္တစ္ခ်ိဳ႕ သင္တန္းေတြရွိတယ္လို႔ ဆိုခ်င္ပါသည္။
ျမန္မာႏိုင္ငံမွာေလ့လာလို႔ရတဲ့ တစ္ခ်ိဳ႕ဘာသာရပ္ေတြကို ေလ့လာထားရင္ တစ္ပန္းသာလိမ့္မည္။ မဟုတ္ရင္ ဘာသာရပ္တိုင္းက အသစ္ႀကီးေတြျဖစ္ေနရင္ ပိုၿပီးပင္ပန္းရၿပီး အခ်ိန္မလုံေလာက္တာ ေတြျဖစ္ႏိုင္ပါသည္။
ဖတ္ေပးသည့္အတြက္ ေက်းဇူးတင္ပါသည္။ စာရွည္သြားလို႔ ေတာင္းပန္ပါသည္။ အမွားရွိလွ်င္ ျပင္ေပးႏုိင္ပါသည္ဟု ဖိတ္ၾကားခ်င္ပါသည္။
အရွင္နႏၵိယ (ဖယ္ခုံ)
5.1.2019 11:36:00 AM
No comments:
Post a Comment